SIN DING THU 21
LA 21 နိုင်ငံတော်ကို အမြဲ ဦးစားထားပါ
A Om Den Ding Khuapi Zong In
“A hong piang lai ding khuapi a zong ihi hi.”—HEB. 13:14.
အာရုံစိုက်ရာ
ဟီဘရူး အခန်းကြီး ၁၃ က လက်ရှိနဲ့ အနာဂတ်မှာ ကျွန်တော်တို့ကို ဘယ်လို ကူညီပေးနိုင်သလဲ။
1. Jerusalem khuapi tawh kisai Jesuh in bang na gen khol a hiam?
တစ်နေ့ကျရင် “ဂျေရုဆလင်မြို့ကို စစ်တပ်ဝိုင်းရံထား” မယ်ဆိုပြီး ယေရှုခရစ် မသေဆုံးခင် ရက်ပိုင်းအလိုမှာ ကြိုဟောတယ်။ (လု. ၂၁:၂၀) စစ်တပ်ဝိုင်းရံထားတာ မြင်တာနဲ့ ယုဒနယ်ကနေ ချက်ချင်း ထွက်ပြေးဖို့ နောက်လိုက်တွေကို မှာတယ်။ ဂျေရုဆလင်မြို့ကို ရောမစစ်တပ် ဝိုင်းရံထားပြီး မြို့နဲ့ ဗိမာန်တော်ကို ဖျက်ဆီးလိုက်ချိန်မှာ အဲဒီကြိုဟောချက် ဦးဆုံးအကြိမ် ပြည့်စုံခဲ့တယ်။—လု. ၂၁:၂၁၊ ၂၂။
2. Sawltak paul in Judea gam le Jerusalem khua a Khristiante bang thuhilhna na pia a hiam?
၂ ဂျေရုဆလင်မြို့ကို ရောမစစ်တပ် လာမဝိုင်းရံခင် နှစ်အနည်းငယ်အလိုမှာပဲ ယုဒနယ်နဲ့ ဂျေရုဆလင်မြို့က ခရစ်ယာန်တွေဆီ တမန်တော် ပေါလု စာရေးတယ်။ အဲဒီစာကို ဟီဘရူးကျမ်းလို့ အခု သိထားကြတယ်။ ရှေ့မှာ ဖြစ်လာမယ့်အရာတွေအတွက် ဟီဘရူးခရစ်ယာန်တွေကို အသင့်ဖြစ်နေစေမယ့် အကြံပြုချက်တွေ အဲဒီစာမှာ ပါတယ်။ ရှေ့မှာ ဘာတွေ ဖြစ်လာမလဲ။ ဂျေရုဆလင်မြို့ ဖျက်ဆီးခံရမယ်။ အိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ စွန့်လွှတ်နိုင်မှ သူတို့ အသက်ရှင်လွတ်မြောက်မယ်။ ဒါကြောင့် ဂျေရုဆလင်မြို့နဲ့ပတ်သက်ပြီး “ဒီနေရာမှာတော့ ကျွန်တော်တို့အတွက် တည်မြဲတဲ့မြို့ မရှိဘူး” လို့ ပေါလု ပြောတယ်။ “နောင်တည်မယ့်မြို့ကိုပဲ စိတ်ထက်သန်စွာ ကျွန်တော်တို့ စောင့်မျှော်နေတယ်” လို့လည်း ဆက်ပြောတယ်။—ဟီ. ၁၃:၁၄။
3. Paul ii a gen “a hong piang lai ding khuapi” cih in bang a hiam? Bang hang in ngak i hiam?
၃ ဂျေရုဆလင်မြို့နဲ့ ယုဒနယ်ကနေ ထွက်ပြေးဖို့ ဆုံးဖြတ်ချိန်မှာ ခရစ်ယာန်တွေ လှောင်ပြောင်ခံကြရပုံပဲ။ ဒါပေမဲ့ ထွက်ပြေးဖို့ ဆုံးဖြတ်လို့သာ သူတို့ အသက်ဘေးကနေ လွတ်မြောက်သွားတာ။ ဒီနေ့ခေတ်မှာလည်း ကမ္ဘာ့ပြဿနာတွေ ပြေလည်ဖို့ လူကိုကော ငွေကိုပါ အားမကိုးလို့ ကျွန်တော်တို့ လှောင်ပြောင်ခံကြရတယ်။ လူနဲ့ ငွေကို ကျွန်တော်တို့ ဘာကြောင့် အားမကိုးသလဲ။ ဒီလောကစနစ် မတည်မြဲဘူးဆိုတာ သိထားလို့ပါပဲ။ ဒါကြောင့် “နောင်တည်မယ့်မြို့” ဖြစ်တဲ့ ဘုရားသခင့်နိုင်ငံတော်ကိုပဲ စောင့်မျှော်နေကြတယ်။ ဘုရားသခင့်နိုင်ငံတော်ကသာ “စစ်မှန်တဲ့ အုတ်မြစ်တွေ ရှိတဲ့မြို့” ဖြစ်တယ်။a (ဟီ. ၁၁:၁၀။ မ. ၆:၃၃) (၁) “နောင်တည်မယ့်မြို့” ကို ပထမရာစု ခရစ်ယာန်တွေ ဆက်စောင့်မျှော်ဖို့ ပေါလုရဲ့ အကြံပြုချက်က ဘယ်လို ကူညီပေးသလဲ၊ (၂) ရှေ့မှာ ဖြစ်လာမယ့်အရာတွေအတွက် သူတို့ကို ပေါလု ဘယ်လို ပြင်ဆင်ပေးသလဲ၊ (၃) ကျွန်တော်တို့ကိုကော ပေါလုရဲ့ အကြံပြုချက်က ဘယ်လို ကူညီပေးသလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။
CIKMAH HUN IN HONG NUSIA NGEI LODING PA PEN MUANG IN
4. Jerusalem khua pen kum zalom masa lai-a khristiante adingin bang hang thupi a hiam?
၄ ဂျေရုဆလင်မြို့ဟာ ပထမရာစု ခရစ်ယာန်တွေအတွက် အရေးပါတယ်။ ဘာကြောင့်လဲ။ ဦးဆုံး ခရစ်ယာန်အသင်းတော်ကို အေဒီ ၃၃၊ ဂျေရုဆလင်မြို့မှာ တည်ထောင်တယ်။ အုပ်ချုပ်ရေးအဖွဲ့ ရှိတာလည်း အဲဒီမြို့မှာပဲ။ ဒါ့အပြင် ခရစ်ယာန်များစွာဟာ ဂျေရုဆလင်မြို့မှာ အိမ်နဲ့ ပိုင်ဆိုင်ရာတွေ ရှိကြတယ်။ ဒါပေမဲ့ ဂျေရုဆလင်မြို့ကနေသာမက ယုဒနယ်ကနေပါ ထွက်သွားဖို့ နောက်လိုက်တွေကို ယေရှု သတိပေးတယ်။—မ. ၂၄:၁၆။
5. Mai lamah a hong piang ding thute ading Paul in kumzalom masa lai-a khristiante koi bangin kithawi kholsak a hiam?
၅ ရှေ့မှာ ဖြစ်လာမယ့်အရာတွေအတွက် ပထမရာစု ခရစ်ယာန်တွေကို ပေါလု ဘယ်လို ပြင်ဆင်ပေးသလဲ။ ဂျေရုဆလင်မြို့ကို ယေဟောဝါ ဘယ်လို ရှုမြင်ကြောင်း သဘောပေါက်ဖို့ ကူညီပေးတယ်။ ဂျေရုဆလင်မြို့က ဗိမာန်တော်၊ ပုရောဟိတ်အစီအစဉ်၊ ပူဇော်သက္ကာတွေကို ယေဟောဝါ လက်မခံတော့ကြောင်း သတိပေးတယ်။ (ဟီ. ၈:၁၃) ဒါ့အပြင် မြို့သားအများစုက မေရှိယကို ငြင်းပယ်ခဲ့ကြတယ်။ ဒါကြောင့် ဂျေရုဆလင် ဗိမာန်တော်ဟာ စင်ကြယ်တဲ့ ဝတ်ပြုရေးရဲ့ အချက်အချာနေရာ မဟုတ်တော့တဲ့အပြင် ဖျက်ဆီးခံရမယ်။—လု. ၁၃:၃၄၊ ၃၅။
6. Hebru 13:5, 6 a Paul’ gen pen Khristiante ading ba’hang a hun tawh a kituak lian thuhilhna hi a hiam?
၆ ပေါလု စာရေးချိန်မှာ ဂျေရုဆလင်မြို့ဟာ သိပ်စည်ပင်ဖွံ့ဖြိုးနေတယ်။ “အရှေ့တိုင်းဒေသမှာ အကျော်ကြားဆုံးမြို့” လို့ အဲဒီခေတ်က ရောမစာရေးဆရာတစ်ယောက် ပြောတယ်။ ပွဲတော်တွေ တက်ဖို့ နေရာဒေသများစွာက ဂျူးတွေ တစ်နှစ်သုံးကြိမ် ရောက်လာတတ်လို့ ဂျေရုဆလင်မြို့ဟာ စီးပွားရှာလို့ သိပ်ကောင်းတယ်။ ခရစ်ယာန်တချို့လည်း စီးပွားဖြစ်နေကြပုံပဲ။ ဒါကြောင့် “ခင်ဗျားတို့ရဲ့ ဘဝမှာ ငွေတပ်မက်တာကို ရှောင်ပါ။ ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ပါ” လို့ ပေါလု ပြောတာ ဖြစ်မယ်။ အဲဒီနောက် “မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထားမှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး” ဆိုတဲ့ ယေဟောဝါရဲ့ အာမခံချက် ပါတဲ့ ကျမ်းစကားကို ပေါလု ကိုးကားတယ်။ (ဟီဘရူး ၁၃:၅၊ ၆ ကို ဖတ်ပါ။ တရား. ၃၁:၆။ ဆာ. ၁၁၈:၆) ဂျေရုဆလင်မြို့နဲ့ ယုဒနယ်က ခရစ်ယာန်တွေ ဒီအာမခံချက်ကို သတိရဖို့ လိုအပ်လာမယ်။ ဘာကြောင့်လဲ။ ဒီစာ ရပြီး သိပ်မကြာခင်မှာပဲ အိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ပိုင်ဆိုင်ရာအများစုကို သူတို့ စွန့်လွှတ်ရတော့မှာ ဖြစ်လို့၊ နေရာသစ်မှာ ဘဝသစ် စရတော့မှာ ဖြစ်လို့ပါပဲ။
7. Tu-a kipanin Jehovah i muan ding bang hang kisam a hiam?
၇ သင်ခန်းစာ။ မကြာခင် ဘာတွေ ဖြစ်လာမလဲ။ “ကြီးစွာသောဒုက္ခ” စတင်မယ်။ ဒီလောကစနစ် ဖျက်ဆီးခံရမယ်။ (မ. ၂၄:၂၁) ပထမရာစု ခရစ်ယာန်တွေလိုပဲ ကျွန်တော်တို့ နိုးကြားနေရမယ်၊ အသင့်ဖြစ်နေရမယ်။ (လု. ၂၁:၃၄-၃၆) ကြီးစွာသောဒုက္ခအတွင်း ပိုင်ဆိုင်ရာတချို့ ဒါမှမဟုတ် အားလုံးကို စွန့်ရနိုင်တယ်။ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်တော့မှ မစွန့်ပစ်ဘူးဆိုတာ အဲဒီအချိန်မှာ အပြည့်အဝ ယုံကြည်နေဖို့ လိုတယ်။ ကြီးစွာသောဒုက္ခ မစတင်ခင် အခုအချိန်မှာတောင် ယေဟောဝါကို အားကိုးကြောင်း ပြဖို့ အခွင့်အရေး ရှိပါတယ်။ ‘စည်းစိမ်ကို မဟုတ်ဘဲ ယေဟောဝါကို အားကိုးကြောင်း ငါ့လုပ်ရပ်တွေ၊ ပန်းတိုင်တွေမှာ ပေါ်လွင်နေရဲ့လား’ လို့ ဆန်းစစ်ကြည့်ပါ။ (၁ တိ. ၆:၁၇) ပထမရာစု ခရစ်ယာန်တွေဆီက သင်ခန်းစာ ယူနိုင်တာ မှန်ပေမဲ့ “ကြီးစွာသောဒုက္ခ” ဟာ သူတို့ ကြုံခဲ့သမျှထက် အများကြီး ပိုခက်ခဲမယ်။ ကြီးစွာသောဒုက္ခ စတင်တဲ့အခါ ဘာလုပ်ရမယ်ဆိုတာ ဘယ်လို သိမလဲ။
HONG MAKAITE THU MANG IN
8. Jesuh in a nungzuite kiangah bang lamlahna pia a hiam?
၈ ပေါလုဆီကနေ စာရပြီး နှစ်အနည်းငယ်အကြာမှာပဲ ဂျေရုဆလင်မြို့ကို ရောမစစ်တပ် ဝိုင်းရံတာ ဟီဘရူးခရစ်ယာန်တွေ မြင်ရတယ်။ ထွက်ပြေးရမယ့်အချိန် ရောက်ပြီ၊ ဂျေရုဆလင်မြို့ ဖျက်ဆီးခံရတော့မယ်ဆိုတဲ့ နိမိတ် ဖြစ်မှန်း သူတို့ သိလိုက်တယ်။ (မ. ၂၄:၃။ လု. ၂၁:၂၀၊ ၂၄) ဒါပေမဲ့ “ယုဒနယ်မှာ နေတဲ့သူတွေ တောင်ပေါ်ကို ပြေးကြ” လို့ပဲ ယေရှု ပြောခဲ့တာ။ (လု. ၂၁:၂၁) အဲဒီဒေသမှာ တောင်အများကြီးပဲ။ ဘယ်တောင်ပေါ် ပြေးမလဲ။
9. Khristiante in a tai nading uh mual thu ba’hang ngaihsun kha thei a hiam? (Gam lim zong en in.)
၉ ခရစ်ယာန်တွေ ပြေးနိုင်တဲ့ တောင်တချို့ စဉ်းစားကြည့်ပါ။ ရှမာရိတောင်တန်း၊ ဂါလိလဲတောင်တန်း၊ ဟေရမုန်တောင်၊ လက်ဘနွန်တောင်တန်း၊ ဂျော်ဒန်မြစ်တစ်ဖက်ကမ်းက တောင်တန်း စသဖြင့် ရှိတယ်။ (မြေပုံကို ကြည့်ပါ။) အဲဒီတောင်တန်းဒေသက မြို့တချို့ဟာ ဘေးကင်းတယ်လို့ ထင်စရာပဲ။ ဥပမာ၊ ဂမ်လာမြို့ဟာ မြင့်မားတဲ့ တောင်ရိုးပေါ်မှာ တည်ရှိလို့ သွားရေးလာရေး တော်တော်ခက်တယ်။ ဒါကြောင့် အဲဒီမြို့မှာ သွားခိုလှုံရင် ဘေးကင်းမယ်လို့ ဂျူးတချို့ ယူဆကြတယ်။ ဒါပေမဲ့ ဂမ်လာမြို့မှာ ဂျူးတွေနဲ့ ရောမတွေ တိုက်ပွဲ အပြင်းအထန် ဖြစ်သွားလို့ အဲဒီမြို့က လူအများကြီး သေဆုံးသွားတယ်။b
ပထမရာစု ခရစ်ယာန်တွေ ပြေးနိုင်တဲ့ တောင်အများကြီး ရှိ။ ဒါပေမဲ့ တောင်ပေါ်ဒေသ ဖြစ်တိုင်း ဘေးကင်းတာတော့ မဟုတ် (စာပိုဒ် ၉ ကို ကြည့်ပါ)
10-11. (a) Jehovah in Khristiante koi bangin lamlahna na pia a hiam? (Hebru 13:7, 17) (b) Hong makaite thu manna hangin Khristiante’n bang hamphatna na ngah uh a hiam?(Lim zong en in.)
၁၀ အသင်းတော်ကို ဦးဆောင်နေသူတွေကတစ်ဆင့် ခရစ်ယာန်တွေကို ယေဟောဝါ လမ်းညွှန်ခဲ့ပုံပါပဲ။ “ဦးဆောင်နေသူတွေကတစ်ဆင့် ဂျေရုဆလင်မြို့မှာ ရှိတဲ့ ခရစ်ယာန်တွေကို ဘုရားသခင် လမ်းညွှန်တယ်။ စစ်မဖြစ်ခင် မြို့ထဲကနေ ထွက်ပြီး ပေရိယနယ်၊ ပဲလ္လမြို့မှာ သွားအခြေချဖို့ . . . သူတို့ လမ်းညွှန်ခံရတယ်” လို့ သမိုင်းပညာရှင် ယူစီးဘီးယပ်စ် ပြောတယ်။ ပဲလ္လမြို့ဟာ ခရစ်ယာန်တွေ သွားအခြေချဖို့ နေရာကောင်းပါပဲ။ ဂျေရုဆလင်မြို့နဲ့ သိပ်မဝေးလို့ သွားဖို့ လွယ်တယ်။ ပဲလ္လမြို့သားအများစုဟာ ဂျူးတွေ မဟုတ်ဘူး။ ဒါကြောင့် လွတ်လပ်ရေးအတွက် ရောမတွေကို ပြန်တိုက်ခိုက်တဲ့ တစ်ယူသန်ဂျူးတွေရဲ့ ဩဇာကနေ၊ တိုက်ပွဲကနေ လွတ်ကင်းတဲ့ နယ်မြေ ဖြစ်တယ်။—မြေပုံကို ကြည့်ပါ။
၁၁ “ဦးဆောင်နေသူတွေ” ကို နာခံတဲ့ ခရစ်ယာန်တွေဟာ ပဲလ္လမြို့ကို ထွက်ပြေးကြတယ်။ (ဟီဘရူး ၁၃:၇၊ ၁၇ ကို ဖတ်ပါ။) ဒါကြောင့် သူတို့ အသက်ရှင်လွတ်မြောက်သွားကြတယ်။ “စစ်မှန်တဲ့ အုတ်မြစ်တွေ ရှိတဲ့မြို့” ဖြစ်တဲ့ ဘုရားသခင့်နိုင်ငံတော်ကို စောင့်မျှော်သူတွေကို ယေဟောဝါ မစွန့်ပစ်ကြောင်း သမိုင်းက သက်သေပါပဲ။—ဟီ. ၁၁:၁၀။
ပဲလ္လမြို့ဟာ နီးလည်းနီး၊ ဘေးလည်း ကင်းတယ် (စာပိုဒ် ၁၀-၁၁ ကို ကြည့်ပါ)
12-13. Haksatna hun sungah Jehovah in a mite koi bangin na lamlak a hiam?
၁၂ သင်ခန်းစာ။ မိမိလူမျိုးကို သတ်သတ်မှတ်မှတ် လမ်းညွှန်ချက်တွေ ပေးဖို့ ဦးဆောင်နေသူတွေကို ယေဟောဝါ သုံးတယ်။ ဒုက္ခကာလအတွင်း လူမျိုးတော်ကို လမ်းပြဖို့ သိုးထိန်းတွေ ပေါ်ထွန်းစေကြောင်း ကျမ်းမှတ်တမ်းအများကြီး ရှိတယ်။ (တရား. ၃၁:၂၃။ ဆာ. ၇၇:၂၀) ဒီနေ့ခေတ်မှာလည်း ဦးဆောင်နေသူတွေကို သုံးပြီး လမ်းပြနေတဲ့ အထောက်အထား အများကြီးပါပဲ။
၁၃ ဥပမာ၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလ စတင်ချိန်မှာ “ဦးဆောင်နေသူတွေ” က လိုအပ်တဲ့ လမ်းညွှန်ချက်တွေ ပေးတယ်။ ဘယ်လို ဆက်စည်းဝေးဝတ်ပြုရမလဲဆိုတာနဲ့ပတ်သက်ပြီး အကြီးအကဲတွေကို ညွှန်ကြားတယ်။ ကပ်ရောဂါကာလ စတင်ပြီး လအနည်းငယ်အတွင်းမှာပဲ အင်တာနက်၊ တီဗီ၊ ရေဒီယိုကတစ်ဆင့် ဘာသာစကား ၅၀၀ ကျော်နဲ့ ကြည့်ရှုနားဆင်နိုင်တဲ့ ခရိုင်အစည်းအဝေးအစီအစဉ် ရှိခဲ့တယ်။ ဒီလိုခရိုင်အစည်းအဝေးမျိုး တစ်ခါမှ မရှိဖူးဘူး။ ကပ်ရောဂါကာလအတွင်းမှာတောင် အချိန်တန် အစားအစာနဲ့ လမ်းညွှန်ချက်တွေ ပြတ်တောက်မသွားလို့ ကျွန်တော်တို့ ဆက်စည်းလုံးနေကြတယ်။ အနာဂတ်မှာလည်း ဘာအခက်အခဲပဲ ကြုံလာပါစေ ဦးဆောင်နေသူတွေ ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ယေဟောဝါ ဆက်ကူညီပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။ ကြီးစွာသောဒုက္ခအတွက် အသင့်ဖြစ်နေဖို့၊ အဲဒီကာလအတွင်း သတိပညာရှိရှိ ပြုမူနိုင်ဖို့ ယေဟောဝါကို အားကိုးရမယ်၊ လမ်းညွှန်ချက်တွေ နာခံရမယ်ဆိုတာ ရှင်းနေပါတယ်။ ဒါ့အပြင် တခြားဘာအရည်အသွေးတွေ လိုအပ်သေးသလဲ။
UNAU KI-ITNA LAK INLA ZIN DO SIAM IN
14. Jerusalem khuapi a kisuksiat ma kumte-ah Khristiante’n bang pianziate a neih uh kul a hiam? (Hebru 13:1-3)
၁၄ ဂျေရုဆလင်မြို့နဲ့ ယုဒနယ်က ခရစ်ယာန်တွေဟာ အချင်းချင်း အမြဲ မေတ္တာပြကြတယ်။ (ဟီ. ၁၀:၃၂-၃၄) ဒါပေမဲ့ ဂျေရုဆလင်မြို့ ဖျက်ဆီးမခံရင်ခင် နှစ်တွေမှာတော့ တစ်ခါနဲ့မှ မတူတဲ့ အတိုင်းအတာနဲ့ “ညီရင်းအစ်ကိုမေတ္တာ” ပြဖို့၊ “ဧည့်ဝတ်ကျေပွန်” ဖို့ လိုခဲ့တယ်။c (ဟီဘရူး ၁၃:၁-၃ ကို ဖတ်ပါ။) ကျွန်တော်တို့လည်း ကြီးစွာသောဒုက္ခ စတင်တဲ့အခါ အချင်းချင်း အရင်ကထက် မေတ္တာပြဖို့၊ ဧည့်ဝတ်ကျေပွန်ဖို့ ပိုလိုလာမယ်။
15. Hebru khristiante mual tungah a tai khit uh ciang unau ki-itna lak ding, le zin do siam ding bang hangin kisam a hiam?
၁၅ ဂျေရုဆလင်မြို့ကို ရောမစစ်တပ် ဝိုင်းရံပြီးနောက် ရုတ်တရက် တပ်ဆုတ်သွားချိန်မှာ ခရစ်ယာန်တွေ ထွက်ပြေးဖို့ အခွင့်အရေး ရသွားတယ်။ ဒါပေမဲ့ ပစ္စည်းများများစားစား ယူမသွားနိုင်ကြဘူး။ (မ. ၂၄:၁၇၊ ၁၈) တောင်ပေါ် ထွက်ပြေးတဲ့ လမ်းမှာကော ပဲလ္လမြို့မှာ အခြေချတဲ့အချိန်မှာပါ အချင်းချင်း အားကိုးကြရတယ်။ စားစရာ၊ ဝတ်စရာ၊ နေစရာ “အရေးပေါ် လိုအပ်ချိန်” အများကြီး ရှိလို့ ညီရင်းအစ်ကိုမေတ္တာပြဖို့ အခွင့်အရေး ရကြမှာပဲ။ အချင်းချင်း ဖေးမရင်း၊ ရှိတာလေးတွေ ဝေမျှရင်း ဧည့်ဝတ်ကျေပွန်ကြောင်း ပြဖို့ အခွင့်အရေး ရကြမှာပဲ။—တိ. ၃:၁၄။
16. Huhna a kisam unaute koi bangin itna lak thei i hiam? (Lim zong en in.)
၁၆ သင်ခန်းစာ။ ညီအစ်ကို/မတွေကို ကျွန်တော်တို့ ချစ်တဲ့အတွက် လိုအပ်ချိန်မှာ ကူညီပေးကြတယ်။ စစ်ဘေး၊ သဘာဝဘေးကြောင့် နေရပ်စွန့်ခွာလာရတဲ့ ယုံကြည်သူချင်းတွေကို ညီအစ်ကို/မများစွာက လိုအပ်တာတွေ စေတနာအပြည့်နဲ့ ထောက်ပံ့ကြတယ်။ ယေဟောဝါကို ဆက်ဝတ်ပြုနိုင်ဖို့ အားပေးကြတယ်။ “ညီအစ်ကိုတွေကတစ်ဆင့် ယေဟောဝါ လမ်းပြတာ၊ ကူညီပေးတာ ကျွန်မတို့ ကိုယ်တွေ့ပါပဲ။ ယူကရိန်းနဲ့ ဟန်ဂေရီမှာတုန်းကကော အခု ဂျာမနီနိုင်ငံ ရောက်လာချိန်မှာပါ ညီအစ်ကို/မတွေက ကျွန်မတို့အပေါ် သိပ်နွေးထွေးကြတယ်၊ ဖေးမကူညီပေးကြတယ်” ဆိုပြီး စစ်ကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ ယူကရိန်းနိုင်ငံက ညီအစ်မ ပြောတယ်။ ညီအစ်ကို/မတွေကို ဧည့်ဝတ်ပြုတာ၊ လိုအပ်တဲ့အခါ ကူညီပေးတာဟာ ယေဟောဝါရဲ့အသုံးတော် ခံနေတာပါပဲ။—ပညာ. ၁၉:၁၇။ ၂ ကော. ၁:၃၊ ၄။
နေရပ်စွန့်ခွာလာရတဲ့ ညီအစ်ကို/မတွေဟာ ကျွန်တော်တို့ရဲ့ အကူအညီ လိုအပ် (စာပိုဒ် ၁၆ ကို ကြည့်ပါ)
17. Tu hun a kipan unau ki-itna lah ding le zin do siam ding ba’hang thipi a hiam?
၁၇ ကြီးစွာသောဒုက္ခအတွင်း အချင်းချင်း အခုထက် ကူညီပေးဖို့ ပိုလိုအပ်လာမယ်။ (ဟဗ. ၃:၁၆-၁၈) အဲဒီအချိန်မှာ သိပ်လိုအပ်လာမယ့် ညီရင်းအစ်ကိုမေတ္တာ၊ ဧည့်ဝတ်ကျေပွန်မှု စတဲ့ အရည်အသွေးတွေ ရှိဖို့ ကျွန်တော်တို့ကို ယေဟောဝါ အခုကတည်းက လေ့ကျင့်ပေးနေတယ်။
I MAILAM AH BANG TENG HONG PIANG DING A HIAM?
18. Kum zalom masa lai-a Khristiante koi bangin etteh thei i hiam?
၁၈ နာခံမှုရှိရှိ တောင်ပေါ် ပြေးတဲ့ ခရစ်ယာန်တွေဟာ ဂျေရုဆလင်မြို့ ဖျက်ဆီးခံရချိန်မှာ အသက်ရှင်လွတ်မြောက်သွားကြတယ်။ သူတို့ အရာရာ စွန့်ခဲ့ရပေမဲ့ သူတို့ကို ယေဟောဝါ မစွန့်ဘူး။ ဘာသင်ခန်းစာ ရသလဲ။ အနာဂတ်မှာ ဖြစ်လာမယ့်အရာအားလုံး ကျွန်တော်တို့ သိမထားဘူး။ ဒါပေမဲ့ ဘာတွေ သိထားသလဲ။ အသင့်ရှိနေပါဆိုတဲ့ ယေရှုရဲ့ သတိပေးချက်ကို သိထားတယ်။ (လု. ၁၂:၄၀) ပထမရာစု ခရစ်ယာန်တွေကို ပေါလု ပေးတဲ့ အကြံပြုချက်တွေ သိထားတယ်။ အဲဒီအကြံပြုချက်တွေက သူတို့ကို ကူညီပေးခဲ့သလို ကျွန်တော်တို့ကို ကူညီပေးနိုင်တယ်။ ဒါ့အပြင် ကျွန်တော်တို့ကို ဘယ်တော့မှ ပစ်ထားမှာ မဟုတ်ဘူး၊ စွန့်ခွာမှာ မဟုတ်ဘူးဆိုတဲ့ ယေဟောဝါရဲ့ အာမခံချက်ကို သိထားတယ်။ (ဟီ. ၁၃:၅၊ ၆) ဒါကြောင့် တည်မြဲမယ့်မြို့ ဖြစ်တဲ့ ဘုရားသခင့်နိုင်ငံတော်ကို စိတ်ထက်သန်စွာ စောင့်မျှော်ကြရအောင်။ ဒါဆိုရင် ထာဝရကောင်းချီးတွေ ခံစားရပါလိမ့်မယ်။—မ. ၂၅:၃၄။
LA 157 ငြိမ်းချမ်းပြီ
a ကျမ်းစာခေတ်မှာ တစ်မြို့ကို တစ်မင်း အုပ်ချုပ်လေ့ရှိတယ်။ အဲဒီလိုမြို့မျိုးကို နိုင်ငံလို့ သတ်မှတ်နိုင်တယ်။—က. ၁၄:၂။
b ယုဒနယ်နဲ့ ဂျေရုဆလင်မြို့ကနေ ခရစ်ယာန်တွေ ထွက်ပြေးပြီးနောက် သိပ်မကြာခင် အေဒီ ၆၇ မှာ ဖြစ်ခဲ့တာပါ။
c “ညီရင်းအစ်ကိုမေတ္တာ” လို့ ပြန်ဆိုထားတဲ့ စကားလုံးဟာ သွေးသားရင်းချာတွေအပေါ် ထားတဲ့ မေတ္တာကို ရည်ညွှန်းတယ်။ ဒါပေမဲ့ အသင်းတော်က ညီအစ်ကို/မတွေအပေါ် ထားတဲ့ မေတ္တာကို ဖော်ပြဖို့ ဒီစကားလုံးကို ပေါလု သုံးထားတယ်။