SIN DING THU 18
LA 65 တိုးတက်နေပါ
Khangno Unaupate Aw—Marka le Timoti Etteh Un
“Marka in nasepna ah nakpi takin hong huh thei ahih manin na hong pai ciangin amah hong tonpih in.”—2 TIM. 4:11.
အာရုံစိုက်ရာ
အမှုတော်မှာ ပိုပါဝင်နိုင်ဖို့၊ သူတစ်ပါးအကျိုး ပိုသယ်ပိုးနိုင်ဖို့ မာကုနဲ့ တိမောသေကို လူငယ် ညီအစ်ကိုတွေ ဘယ်လို အတုယူနိုင်သလဲ။
1-2. Pasian’ nasepna ah tampi a kihel zawh nadingin Marka le Timoti in bang haksatnate nei thei a hiam?
လူငယ် ညီအစ်ကိုတို့၊ အမှုတော်မှာ ပိုပါဝင်ဖို့၊ ညီအစ်ကို/မတွေအကျိုး ပိုသယ်ပိုးဖို့ ဆန္ဒရှိပါသလား။ ဆန္ဒရှိမှာ သေချာပါတယ်။ စေတနာစိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပေးဆက်နေတဲ့ လူငယ်အမြောက်အမြားကို တွေ့ရတာ ဝမ်းသာစရာပါပဲ။ (ဆာ. ၁၁၀:၃) ဒါပေမဲ့ အမှုတော်မှာ ပိုပါဝင်ဖို့ သင့်အတွက် ခက်နေနိုင်တယ်။ ဘယ်နေရာမှာ ဘယ်လိုအခြေအနေနဲ့ အမှုဆောင်ရမယ်ဆိုတာ မသိလို့ တွန့်ဆုတ်နေတာ ဖြစ်နိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု မရှိလို့ တာဝန် လက်မခံခဲ့တာ ဖြစ်နိုင်တယ်။ ဒီလိုဖြစ်တာ သင် တစ်ယောက်တည်း မဟုတ်ပါဘူး။
၂ မာကုနဲ့ တိမောသေအကြောင်း စဉ်းစားကြည့်ပါ။ ဘယ်နေရာမှာ ဘယ်လိုအခြေအနေနဲ့ အမှုဆောင်ရမယ်ဆိုတာ မသိလို့၊ အတွေ့အကြုံ မရှိလို့ဆိုပြီး တိုးချဲ့အမှုမဆောင်ဘဲ မနေကြဘူး။ ပထမ သာသနာပြုခရီးစဉ်မှာ လိုက်ခဲ့ဖို့ တမန်တော် ပေါလုနဲ့ ဗာနဗ ခေါ်တုန်းက မာကုဟာ မိခင်နဲ့အတူ အိမ်ကြီးအိမ်ကောင်းမှာ နေတာ ဖြစ်နိုင်တယ်။ (တ. ၁၂:၁၂၊ ၁၃၊ ၂၅) ဒါပေမဲ့ တိုးချဲ့အမှုဆောင်ဖို့ အထိုင်ကျနေတဲ့ နေရပ်ကနေ ထွက်လာပြီး အန္တိအုတ်မြို့ကို သွားတယ်။ နောက်ပိုင်းမှာ ပေါလု၊ ဗာနဗတို့နဲ့အတူ ရပ်ဝေးဒေသတွေ သွားတယ်။ (တ. ၁၃:၁-၅) တိမောသေလည်း ပေါလုနဲ့ တွဲအမှုဆောင်ဖို့ ဖိတ်ခေါ်ခံရချိန်မှာ မိဘနဲ့အတူ နေတာ ဖြစ်နိုင်တယ်။ ငယ်လည်းငယ်၊ အတွေ့အကြုံလည်း မရှိတဲ့အတွက် အရည်အချင်း မပြည့်မီဘူးလို့ ခံစားရနိုင်တယ်။ (၁ ကောရိန္သု ၁၆:၁၀၊ ၁၁ နဲ့ ၁ တိမောသေ ၄:၁၂ ကို နှိုင်းယှဉ်ပါ။) ဒါပေမဲ့ ပေါလုနဲ့ တွဲအမှုဆောင်လို့ ကောင်းချီးအများကြီး ရလာတယ်။—တ. ၁၆:၃-၅။
3. (a) Paul in Marka le Timoti tungah bangzah taka it a hiam? (2 Timoti 4:6, 9, 11) (Lim zong en in.) (b) Hih sin ding thu ah bang dotnate kikum ding i hiam?
၃ မာကုနဲ့ တိမောသေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ တာဝန်ကြီးတွေ ထမ်းဆောင်ရင်း အဖိုးတန် အတွေ့အကြုံတွေ ရလာတယ်။ ပေါလု သေဆုံးခါနီးမှာ မာကုနဲ့ တိမောသေကို မိမိဆီ လာဖို့ ခေါ်တာ ကြည့်ရင် သူတို့နှစ်ယောက်ကို ဘယ်လောက် ချစ်ခင်တန်ဖိုးထားသလဲ သိနိုင်တယ်။ (၂ တိမောသေ ၄:၆၊ ၉၊ ၁၁ ကို ဖတ်ပါ။) ဘာကြောင့် အဲဒီလောက်ချစ်ခင်တန်ဖိုးထားသလဲ။ မာကုနဲ့ တိမောသေကို ညီအစ်ကိုငယ်တွေ ဘယ်လို အတုယူနိုင်သလဲ။ ဖခင်သဖွယ် ပေါလု ပေးတဲ့ အကြံပြုချက်တွေကနေ ဘယ်လို အကျိုးရနိုင်သလဲ။
ငယ်ငယ်ရွယ်ရွယ်နဲ့ တာဝန်ကြီးတွေ ထမ်းဆောင်တဲ့ မာကုနဲ့ တိမောသေကို ပေါလု သိပ်ချစ်ခင်တန်ဖိုးထား (စာပိုဒ် ၃ ကို ကြည့်ပါ)b
MARKA BANGIN MIDANGTE HUH DINGIN A KIGINGSA-IN OM IN
4-5. Midangte huh dingin Marka a kigingsa-in om ahih lam koici theih i hiam?
၄ အဘိဓာန်တစ်အုပ်အရ သူတစ်ပါးအကျိုးဆောင်တယ်ဆိုတာ အခက်အခဲ ရှိရင်တောင် တခြားသူတွေကို ကူညီဖို့ “မဆုတ်မနစ် ကြိုးစားတာ” ကို ဆိုလိုတယ်။ ဒီကဏ္ဍမှာ မာကု စံနမူနာ သိပ်ကောင်းတယ်။ ဒုတိယ သာသနာပြုခရီးစဉ်မှာ မိမိကို ပေါလု ခေါ်မသွားချင်မှန်း သိတဲ့အခါ မာကု စိတ်ထိခိုက်သွားမှာပဲ။ (တ. ၁၅:၃၇၊ ၃၈) ဒါပေမဲ့ ညီအစ်ကို/မတွေအကျိုး မဆောင်ဘဲ မနေဘူး။
၅ အစ်ကိုဝမ်းကွဲ ဗာနဗနဲ့အတူ တခြားဒေသမှာ မာကု သွားအမှုဆောင်တယ်။ ၁၁ နှစ်လောက် ကြာပြီးနောက် ရောမမြို့မှာ ပေါလု ဦးဆုံးအကြိမ် အကျဉ်းကျနေချိန် ဝိုင်းထောက်မပေးသူတွေထဲမှာ မာကု ပါတယ်။ (ဖိလေ. ၂၃၊ ၂၄) မာကုဟာ “တကယ် အားပေးထောက်မခဲ့သူ” ဖြစ်တယ်ဆိုပြီး ပေါလု ကျေးဇူးတင်စိတ်အပြည့်နဲ့ ပြောတယ်။—ကော. ၄:၁၀၊ ၁၁။
6. Marka in a picing unaute tawh kikhawl ahih manin bang hamphatna ngah a hiam? (A nuai-a ciaptehna zong en in.)
၆ ရင့်ကျက်တဲ့ ညီအစ်ကိုတွေနဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းလို့ မာကု အကျိုးအများကြီး ရတယ်။ ရောမမြို့မှာ ပေါလုကို အချိန်အတော်ကြာ ထောက်မပေးပြီးနောက် ဗာဗုလုန်မြို့မှာ တမန်တော် ပေတရုနဲ့ သွားအမှုဆောင်တယ်။ “ကျွန်တော့်သား မာကု” လို့ ပေတရု ခေါ်တာ ကြည့်ရင် သူတို့နှစ်ယောက် ဘယ်လောက် ရင်းနှီးသွားသလဲ သိနိုင်တယ်။ (၁ ပေ. ၅:၁၃) အတူတူ အမှုဆောင်ရင်း လူငယ်လေး မာကုကို ယေရှုရဲ့ အသက်တာနဲ့ အမှုဆောင်လုပ်ငန်းအကြောင်း စိတ်ဝင်စားစရာအချက် တော်တော်များများ ပေတရု ပြောပြမှာပဲ။ ပေတရု ပြောပြတာတွေကို နောက်ပိုင်းမှာ ခရစ်ဝင်ကျမ်းထဲ မာကု ထည့်မှတ်တမ်းတင်တယ်။a
7. Unau Seung-Woo in Marka koi bangin na etteh a hiam? (Lim zong en in.)
၇ မာကုဟာ အမြဲ တက်တက်ကြွကြွ အမှုဆောင်တယ်။ ရင့်ကျက်တဲ့ ညီအစ်ကိုတွေနဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းတယ်။ မာကုကို ဘယ်လို အတုယူနိုင်သလဲ။ ဘုရားရေးရာမှာ တက်လှမ်းချင်ပေမဲ့ အခွင့်ထူးတွေ မရသေးဘူးဆိုရင် စိတ်ဓာတ်မကျပါနဲ့။ ယေဟောဝါဘုရားနဲ့ ညီအစ်ကို/မတွေအတွက် လုပ်နိုင်တာမှန်သမျှ လုပ်ဖို့ အခွင့်အရေး ရှာပါ။ အကြီးအကဲ ဖြစ်နေပြီ ဖြစ်တဲ့ ညီအစ်ကို ဆွန်းဝူကို နမူနာယူပါ။ ဆွန်းဝူ ခပ်ငယ်ငယ်တုန်းက ကိုယ့်ကိုယ်ကိုယ် တခြားညီအစ်ကိုတွေနဲ့ နှိုင်းယှဉ်တယ်။ ညီအစ်ကိုတချို့က ဆွန်းဝူထက် တာဝန်တွေ အရင် ရသွားကြတယ်။ တစ်ယောက်တည်း နောက်ကောက်ကျန်နေတယ်လို့ ခံစားရလို့ အကြီးအကဲတွေဆီ ရင်ဖွင့်ပြောပြလိုက်တယ်။ ကိုယ့်လုပ်ရပ်ကောင်းတွေကို တခြားသူတွေ သတိမထားမိရင်တောင် လုပ်နိုင်တာ အကောင်းဆုံး ဆက်လုပ်ဖို့ အကြီးအကဲတစ်ယောက် အကြံပေးတယ်။ ဒါနဲ့ အကူအညီ လိုအပ်တဲ့ အသက်ကြီးသူတွေ၊ တခြားသူတွေကို ဆွန်းဝူ အစည်းအဝေး အကြိုအပို့ လုပ်ပေးတယ်။ “သူတစ်ပါးအကျိုးဆောင်တယ်ဆိုတာ ဘာကို ဆိုလိုမှန်း ပိုသဘောပေါက်လာတယ်။ တခြားသူတွေကို ကူညီပေးလို့ ပိုပျော်လာတယ်” ဆိုပြီး အဲဒီအချိန်အကြောင်း ပြန်တွေးရင်း ဆွန်းဝူ ပြောတယ်။
ရင့်ကျက်တဲ့ ညီအစ်ကိုတွေနဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းတာ ညီအစ်ကိုငယ်တွေအတွက် ဘာအကျိုးရှိသလဲ (စာပိုဒ် ၇ ကို ကြည့်ပါ)
TIMOTI BANGIN MIDANGTE DON IN
8. Paul in khual a zinpih lawm dingin ba’hang Timoti na teel a hiam? (Filippi 2:19-22)
၈ ဆန့်ကျင်မှု အပြင်းအထန် ကြုံခဲ့တဲ့ မြို့တွေဆီ ပေါလု ပြန်သွားလည်ပတ်ချိန်မှာ သတ္တိရှိတဲ့ ခရီးသွားဖော်တွေ လိုအပ်လာတယ်။ ဒါနဲ့ အတွေ့အကြုံ ရှိတဲ့ သိလကို ခရီးသွားဖော်အဖြစ် အရင်ဆုံး ရွေးလိုက်တယ်။ (တ. ၁၅:၂၂၊ ၄၀) နောက်တော့ တိမောသေကို ရွေးတယ်။ တိမောသေကို ဘာကြောင့် ရွေးသလဲ။ အကြောင်းရင်းတစ်ခုကတော့ တိမောသေ နာမည်ကောင်း ရှိလို့ပါပဲ။ (တ. ၁၆:၁၊ ၂) ဒါ့အပြင် တိမောသေဟာ တခြားသူတွေကို တကယ် ဂရုစိုက်တယ်။—ဖိလိပ္ပိ ၂:၁၉-၂၂ ကို ဖတ်ပါ။
9. Timoti in unaute don takpi ahih lam koici theih i hiam?
၉ ကိုယ့်ကိုယ်ကိုယ်ထက် တခြားသူတွေကို တိမောသေ ဂရုစိုက်တတ်မှန်း အတူတူ စပြီး အမှုဆောင်ချိန်ကတည်းက ပေါလု သတိထားမိတယ်။ ဒါကြောင့်လည်း ဗေရိမြို့က ယုံကြည်သူ ဖြစ်ခါစ ညီအစ်ကို/မတွေကို အားပေးဖို့ တိမောသေကို စိတ်ချလက်ချ ထားခဲ့ရဲတာ။ (တ. ၁၇:၁၃၊ ၁၄) အဲဒီအချိန်မှာ မိမိနဲ့အတူ ဗေရိမြို့မှာ နေရစ်ခဲ့တဲ့ သိလဆီကနေ တိမောသေ အများကြီး သင်ယူရမှာပဲ။ နောက်ပိုင်းမှာတော့ သက်သာလောနိတ်မြို့က ညီအစ်ကို/မတွေကို အားပေးဖို့ တိမောသေကို တစ်ယောက်တည်း ပေါလု လွှတ်လိုက်တယ်။ (၁ သက်. ၃:၂) နောက်ထပ် အမှုဆောင်ချိန် ၁၅ နှစ်အတွင်း ညီအစ်ကို/မတွေကို တိမောသေ ပိုဂရုစိုက်တတ်လာတယ်။ “ငိုကြွေးသူတွေနဲ့အတူ ငိုကြွေး” တတ်လာတယ်။ (ရော. ၁၂:၁၅။ ၂ တိ. ၁:၄) တိမောသေကို ညီအစ်ကိုငယ်တွေ ဘယ်လို အတုယူနိုင်သလဲ။
10. Unau Woo Jae in midangte koi bang danin na don thei semsem a hiam?
၁၀ တခြားသူတွေကို ညီအစ်ကို ဝူဂျေး ဘယ်လိုနည်းနဲ့ ပိုဂရုစိုက်တတ်လာကြောင်း သုံးသပ်ကြည့်ပါ။ ဝူဂျေး ခပ်ငယ်ငယ်တုန်းက သက်ကြီး ညီအစ်ကို/မတွေနဲ့ တွေ့ရင် ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်ခဲ့တယ်။ ဒါကြောင့် အသက်ကြီးသူတွေနဲ့ ခန်းမမှာ တွေ့ရင် နှုတ်ဆက်ရုံ နှုတ်ဆက်ပြီး ထွက်သွားတတ်တယ်။ ဒါနဲ့ တစ်ဖက်သားဆီမှာ ရှိတဲ့ ကိုယ်သဘောကျမိတဲ့ အချက်တွေ ပြောရင်း စကားစကြည့်ဖို့ အကြီးအကဲတစ်ယောက် အကြံပေးတယ်။ တစ်ဖက်သား ဘာစိတ်ဝင်စားလောက်သလဲဆိုတာ စဉ်းစားဖို့လည်း အားပေးတယ်။ အကြီးအကဲ ပြောတဲ့အတိုင်း ဝူဂျေး ကြိုးစားတယ်။ “အခုဆိုရင် အသက်ကြီးငယ်မရွေး ဘယ်သူနဲ့မဆို စကားဖောင်ဖွဲ့တတ်နေပြီ။ တခြားသူတွေရဲ့ အခြေအနေကို ပိုနားလည်လာတော့ ဘာအကူအညီ လိုအပ်သလဲ၊ ဘယ်လို ကူညီပေးနိုင်သလဲ သိလာတယ်။ ဒါကြောင့် ကျွန်တော် သိပ်ပျော်တယ်” ဆိုပြီး အကြီးအကဲ ဖြစ်နေပြီ ဖြစ်တဲ့ ဝူဂျေး ပြောတယ်။
11. Khangno unaupate in pawlpi sunga unaute koi bang danin don thei a hiam? (Lim zong en in.)
၁၁ လူငယ် ညီအစ်ကိုတို့၊ သင်တို့လည်း တခြားသူတွေကို ဂရုစိုက်တတ်လာနိုင်ပါတယ်။ အစည်းအဝေးမှာ အသက်အရွယ်၊ နောက်ခံမရွေး ညီအစ်ကို/မအားလုံးနဲ့ စကားပြောပါ။ သူတို့ရဲ့ အခြေအနေကို မေးမြန်းပါ။ သူတို့ ပြောတာ နားထောင်ပါ။ ဒါဆိုရင် သူတို့ ဘာအကူအညီ လိုအပ်သလဲ၊ ဘယ်လို ကူညီပေးရမလဲ သိလာနိုင်တယ်။ ဥပမာ၊ သက်ကြီးမောင်နှံတစ်စုံ JW Library® app ကောင်းကောင်း မသုံးတတ်မှန်း သိလာရနိုင်တယ်။ သုံးတတ်အောင် ကူညီပေးနိုင်မလား။ ဒါမှမဟုတ် သူတို့နဲ့ တွဲအမှုဆောင်ဖို့ အဖော်မရှိမှန်း သိလာရနိုင်တယ်။ တွဲအမှုဆောင်ဖို့ စီစဉ်နိုင်မလား။ တခြားသူတွေကို ဒီလိုအစပြုကူညီပေးတဲ့အခါ အသင်းတော်မှာ သင် စံနမူနာကောင်းသူ ဖြစ်လာမယ်။
ညီအစ်ကိုငယ်တွေဟာ အသင်းတော်ကို နည်းလမ်းများစွာနဲ့ ထောက်မနိုင် (စာပိုဒ် ၁၁ ကို ကြည့်ပါ)
PA BANGIN PAUL’ HONG THUHILHNATE MANG IN
12. Timoti tunga Paul’ thuhilhna pan khangno unaupate in koi bangin hamphatna kingah thei a hiam?
၁၂ တိမောသေ ပိုပျော်ရွှင်ဖို့၊ အမှုတော်မှာ ပိုပါဝင်နိုင်ဖို့ ဖခင်တစ်ယောက်လို ပေါလု အများကြီး အကြံပေးတယ်။ (၁ တိ. ၁:၁၈။ ၂ တိ. ၄:၅) လူငယ် ညီအစ်ကိုတို့၊ ပေါလုရဲ့ အကြံပြုချက်တွေကနေ သင်တို့လည်း အကျိုးရယူနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။ တိမောသေဆီ ပေါလု ရေးတဲ့ စာနှစ်စောင်ကို ကိုယ့်ဆီ ရေးတယ်လို့ သဘောထားပြီး ဖတ်ပါ။ ဘယ်အကြံပြုချက်တွေကို ကိုယ့်အသက်တာမှာ လက်တွေ့ကျင့်သုံးနိုင်မလဲ ဆန်းစစ်ပါ။ အကြံပြုချက်တချို့ သုံးသပ်ကြည့်ရအောင်။
13. Jehovah’ deihna tawh a kituakin i nuntak zawh nadingin bangin hong huh ding a hiam?
၁၃ “ဘုရားတရားကိုင်းရှိုင်းတတ်ဖို့ ပန်းတိုင်ထားပြီး ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ပါ။” (၁ တိ. ၄:၇ခ) ဘုရားတရားကိုင်းရှိုင်းတယ်ဆိုတာ ဘာလဲ။ ယေဟောဝါကို စိတ်ရွှင်လန်းစေချင်တဲ့ ဆန္ဒနဲ့ ဖက်တွယ်နေတာကို ဆိုလိုတယ်။ မွေးကတည်းက ကျွန်တော်တို့ ဘုရားတရားကိုင်းရှိုင်းတတ်တာ မဟုတ်ဘူး။ ဘုရားတရားကိုင်းရှိုင်းတတ်ဖို့ ကြိုးစားရမယ်။ “ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ပါ” လို့ ပြန်ဆိုထားတဲ့ ဂရိစကားလုံးကို ပြိုင်ပွဲအတွက် အသင့်ဖြစ်နေဖို့ အပြင်းအထန် လေ့ကျင့်တဲ့ အားကစားသမားအကြောင်း ဖော်ပြရာမှာ သုံးလေ့ရှိတယ်။ ပြိုင်ပွဲမှာ အနိုင်ရဖို့ အားကစားသမားဟာ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ရတယ်။ ကျွန်တော်တို့လည်း ယေဟောဝါနဲ့ ပိုရင်းနှီးစေမယ့်အကျင့်တွေ ရှိလာဖို့ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ရမယ်။
14. Bang ngimna tawh Lai Siangtho sim ding kisam i hiam? Gentehna pia in.
၁၄ နေ့တိုင်း ကျမ်းစာဖတ်တဲ့အကျင့် ရှိဖို့ အရေးကြီးသလို ဖတ်တဲ့ ရည်ရွယ်ချက်ကို သတိရဖို့လည်း အရေးကြီးတယ်။ ရည်ရွယ်ချက်က ဘာလဲ။ ယေဟောဝါနဲ့ ပိုရင်းနှီးလာဖို့ပါ။ ဥပမာ၊ သိပ်ချမ်းသာတဲ့ လူငယ် အရာရှိနဲ့ ယေရှု စကားပြောတဲ့ မှတ်တမ်းကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။ (မာ. ၁၀:၁၇-၂၂) ယေရှုဟာ မေရှိယ ဖြစ်မှန်း လူငယ် အရာရှိ ယုံတယ်။ ဒါပေမဲ့ ယေရှုနောက် လိုက်ရဲတဲ့အထိ မယုံဘူး။ ဒါတောင် ယေရှုက “သူ့ကို ချစ်” တယ်။ ကြင်ကြင်နာနာ စကားပြောတယ်။ ပျော်ရွှင်စရာ အသက်တာ ပိုင်ဆိုင်စေမယ့် ဆုံးဖြတ်ချက်မျိုး ချစေချင်တာ ထင်ရှားတယ်။ သူ့အပေါ် ထားတဲ့ ယေရှုရဲ့ သဘောထားကို စဉ်းစားလိုက်တဲ့အခါ ယေဟောဝါရဲ့ သဘောထားကိုလည်း သိနိုင်တယ်။ (ယော. ၁၄:၉) ဒီမှတ်တမ်းကို ဖတ်ပြီး ကိုယ့်အခြေအနေကို သုံးသပ်ပြီးနောက် ‘ယေဟောဝါနဲ့ ပိုရင်းနှီးလာဖို့ ငါ ဘာတွေ လုပ်နိုင်သလဲ’ လို့ စဉ်းစားကြည့်ပါ။
15. Khangno unaupate pen a etteh huai lim hoih ahih ding uh ba’hang thupi a hiam? (1 Timoti 4:12, 13)
၁၅ ‘သစ္စာရှိသူတွေအတွက် စံနမူနာကောင်း ဖြစ်ပါ။’ (၁ တိမောသေ ၄:၁၂၊ ၁၃ ကို ဖတ်ပါ။) စာဖတ်စွမ်းရည်၊ သွန်သင်ခြင်းစွမ်းရည်သာမက ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စင်ကြယ်ခြင်း စတဲ့ အရည်အသွေးတွေ ရှိအောင် လုပ်ဖို့ တိမောသေကို ပေါလု တိုက်တွန်းတယ်။ ဘာကြောင့်လဲ။ အပြောထက် လုပ်ရပ်က ပိုတာသွားလို့ပါ။ ဥပမာ၊ အမှုဆောင်လုပ်ငန်းမှာ ထက်ထက်သန်သန် ပါဝင်နိုင်ပုံအကြောင်း ဟောပြောချက် ပေးဖို့ တာဝန်ရတယ်ဆိုပါစို့။ အမှုဆောင်မှာ သင် အတတ်နိုင်ဆုံး ပါဝင်မနေရင် ပြောအားရှိပါ့မလား။ ကိုယ်တိုင် စံနမူနာ ပြပြီး အတတ်နိုင်ဆုံး ပါဝင်နေရင်တော့ သင် အားပေးတဲ့အတိုင်း ညီအစ်ကို/မတွေ လုပ်ချင်လာမယ်။—၁ တိ. ၃:၁၃။
16. (a) Khangno unaupate in bang dinmun nga-ah lim hoih lak thei a hiam? (b) “Kampauna” ah lim hoih koi bangin lak thei a hiam?
၁၆ ညီအစ်ကိုငယ်တွေ စံနမူနာကောင်း ပြနိုင်တဲ့ ကဏ္ဍငါးရပ်ကို ၁ တိမောသေ ၄:၁၂ မှာ ပေါလု ဖော်ပြထားတယ်။ ကဏ္ဍတစ်ရပ်စီအကြောင်း ကိုယ်ပိုင်လေ့လာမှု လုပ်ကြည့်ပါ။ ဥပမာ၊ “အပြောအဆို” မှာ စံနမူနာ ပိုကောင်းချင်တယ်ဆိုပါစို့။ ကိုယ့်အပြောအဆိုအားဖြင့် တခြားသူတွေကို ဘယ်လို အားတက်စေနိုင်မလဲ စဉ်းစားကြည့်ပါ။ မိဘတွေကို ကျေးဇူးတင်စကား မကြာမကြာ ပြောနိုင်တယ်။ အစည်းအဝေးမှာ ကိုယ်ပိုင်စကားနဲ့ မှတ်ချက်ပေးနိုင်တယ်။ တာဝန်ကျတဲ့ ညီအစ်ကို/မတစ်ယောက်ယောက်ကို အစည်းအဝေးပြီးနောက် ချီးမွမ်းစကားပြောနိုင်တယ်။ အပြောအဆိုမှာ စံနမူနာကောင်းဖို့ ကြိုးစားတဲ့အခါ သင့်တိုးတက်မှု ထင်ရှားမြင်သာလာမယ်။—၁ တိ. ၄:၁၅။
17. Khangno unaupate Pasian thu lama ngimnate a tun zawh nadingun bang in huh ding a hiam? (2 Timoti 2:22)
၁၇ ‘လူငယ်တွေမှာ ဖြစ်တတ်တဲ့ အလိုဆန္ဒတွေကို ဝေးဝေးရှောင်ပါ။ ဖြောင့်မတ်ခြင်း ရှိနိုင်ဖို့ အမြဲ ကြိုးစားပါ။’ (၂ တိမောသေ ၂:၂၂ ကို ဖတ်ပါ။) ဘုရားရေးရာ ပန်းတိုင်တွေကနေ အာရုံလွဲသွားစေနိုင်တဲ့၊ ယေဟောဝါနဲ့ ဆက်ဆံရေးကို ထိခိုက်စေနိုင်တဲ့ အလိုဆန္ဒတွေကို တိုက်ထုတ်ဖို့ တိမောသေကို ပေါလု ပြောတယ်။ တချို့လုပ်ရပ်တွေဟာ မမှားပေမဲ့ ဘုရားရေးရာ လုပ်ဆောင်မှုတွေအတွက် အချိန်လျော့သွားစေနိုင်မှန်း သင်လည်း သတိထားမိမှာပါ။ အားကစားလုပ်ဖို့၊ အင်တာနက်သုံးဖို့၊ ဗီဒီယိုဂိမ်းဆော့ဖို့ သင် အချိန်ဘယ်လောက် ပေးနေသလဲ။ အဲဒီအချိန်တွေ နည်းနည်းလျှော့ပြီး ဘုရားရေးရာ လုပ်ဆောင်မှုတွေအတွက် အချိန်ပိုပေးနိုင်မလား။ ဥပမာ၊ ခန်းမ ပြုပြင်ထိန်းသိမ်းရေးမှာ ကူညီနိုင်တယ်။ အများရှေ့ သက်သေခံခြင်းမှာ ပါဝင်နိုင်တယ်။ ဒီလိုလုပ်ဆောင်မှုတွေမှာ ပါဝင်တယ်ဆိုရင် ဘုရားရေးရာ ပန်းတိုင်ထားဖို့၊ ပန်းတိုင်ပြည့်မီဖို့ ကူညီပေးမယ့် မိတ်ဆွေသစ်တွေ ရလာနိုင်တယ်။
MIDANGTE HUHNA IN THUPHA TAMPI NGAHSAK
18. Marka le Timoti in a lungkim huai nuntakna nei cih ba’hang gen thei i hiam?
၁၈ မာကုနဲ့ တိမောသေ ကိုယ်ကျိုးစွန့်ပြီး သူတစ်ပါးအကျိုး သယ်ပိုးတဲ့အတွက် ကျေနပ်ပျော်ရွှင်စရာ အသက်တာ ပိုင်ဆိုင်ကြရတယ်။ (တ. ၂၀:၃၅) မာကုဟာ ညီအစ်ကို/မတွေကို ကူညီပေးဖို့ ရပ်ဝေးဒေသများစွာဆီ သွားတယ်။ ယေရှုရဲ့ အသက်တာနဲ့ အမှုဆောင်လုပ်ငန်းအကြောင်း စိတ်လှုပ်ရှားစရာ ခရစ်ဝင်ကျမ်းတစ်စောင် ရေးတယ်။ တိမောသေလည်း အသင်းတော်သစ်တွေ တည်ထောင်ရာမှာ၊ ညီအစ်ကို/မတွေကို အားပေးတည်ဆောက်ရာမှာ ပေါလုကို ကူညီပေးတယ်။ မာကုနဲ့ တိမောသေ ကိုယ်ကျိုးစွန့်စိတ်ဓာတ် ရှိတာကို မြင်ပြီး ယေဟောဝါ ပီတိဖြစ်မှာ သေချာတယ်။
19. Khangno unaupate in Timoti tunga Paul’ thuhilhnate ba’hang a man ding uh kisam a hiam? A man uh leh bang hamphatna ngah ding a hiam?
၁၉ လူငယ်လေး တိမောသေဆီ ရေးတဲ့ စာတွေကို ကြည့်ရင် တိမောသေကို ပေါလု သိပ်ချစ်တယ်ဆိုတာ ထင်ရှားတယ်။ ဒီနေ့ခေတ် လူငယ် ညီအစ်ကိုတွေကို ယေဟောဝါ သိပ်ချစ်တယ်၊ ပျော်ရွှင်စေချင်တယ်ဆိုတာလည်း ထင်ရှားတယ်။ အဲဒီစာတွေ ရေးဖို့ ပေါလုကို စွမ်းအားတော်နဲ့ လမ်းညွှန်တာ ယေဟောဝါ ဖြစ်လို့ပါပဲ။ ဒါကြောင့် ဖခင်သဖွယ် ပေါလု ပေးတဲ့ အကြံပြုချက်တွေကို အတတ်နိုင်ဆုံး လိုက်နာပြီး သူတစ်ပါးအကျိုး ပိုသယ်ပိုးနိုင်ဖို့ ကြိုးစားပါ။ ဒါဆိုရင် လောလောဆယ် ကျေနပ်ပျော်ရွှင်စရာ အသက်တာ ပိုင်ဆိုင်ရမယ်။ အနာဂတ်မှာ “စစ်မှန်တဲ့အသက် ရမယ်။”—၁ တိ. ၆:၁၈၊ ၁၉။
LA 80 ‘ယေဟောဝါ ကောင်းမြတ်ကြောင်း မြည်းစမ်းကြည့်ပါ’
a ပေတရုဟာ ခံစားချက်ကို အလေးထားသူ ဖြစ်တယ်။ ဒါကြောင့် ယေရှု ဘာပြောတယ်၊ လုပ်တယ်ဆိုတာသာမက ဘယ်လို ခံစားတယ်ဆိုတာ မာကုကို ထိထိမိမိ ရှင်းပြတတ်မှာပဲ။ ဒါကြောင့်လည်း ယေရှုရဲ့ ခံစားချက်တွေ၊ လုပ်ရပ်တွေအကြောင်း မာကုခရစ်ဝင်ကျမ်းမှာ မကြာခဏ တွေ့ရတာ ဖြစ်နိုင်တယ်။—မာ. ၃:၅။ ၇:၃၄။ ၈:၁၂။
b ပုံအညွှန်း– သာသနာပြုခရီးစဉ်မှာ ပေါလုနဲ့ ဗာနဗကို မာကု ဝေယျာဝစ္စလုပ်ပေးနေ။ ညီအစ်ကို/မတွေကို အားပေးဖို့ အသင်းတော်တစ်ခုဆီ တိမောသေ လည်ပတ်နေ။