SIN DING THU 38
LA 25 Pasian’ Teeltuamte
Kidop Ding Thupiaknate Limtakin Ngai In
“Khat kila-in khat kinusia ding hi.”—MAT. 24:40.
အာရုံစိုက်ရာ
ယေရှုရဲ့ ပုံဥပမာသုံးခုအကြောင်း၊ ဒီလောကစနစ်အဆုံးမှာ ရောက်လာမယ့် တရားစီရင်ချိန်နဲ့ အဲဒီပုံဥပမာတွေ သက်ဆိုင်ပုံအကြောင်း လေ့လာသွားပါမယ်။
1. Jesuh in a sawt lo-in bang sem ding a hiam?
အပြောင်းအလဲကြီးတွေ ဖြစ်မယ့်ကာလမှာ ကျွန်တော်တို့ အသက်ရှင်နေကြတယ်။ ကမ္ဘာပေါ်မှာ ရှိသူတိုင်းကို ယေရှု မကြာခင် တရားစီရင်တော့မယ်။ တရားစီရင်ချိန် မရောက်ခင် ဘာတွေ ဖြစ်မယ်ဆိုတာ တပည့်တွေ သိစေမယ့် “နိမိတ်” ကို ယေရှု ပေးတယ်။ မိမိ ရောက်ရှိနေပြီ၊ “လောကစနစ် နိဂုံးပိုင်းကို ရောက်နေပြီဆိုတဲ့ နိမိတ်” ပါ။ (မ. ၂၄:၃) ဒါကို မဿဲ အခန်းကြီး ၂၄ နဲ့ ၂၅၊ မာကု အခန်းကြီး ၁၃ နဲ့ လုကာ အခန်းကြီး ၂၁ မှာ မှတ်တမ်းတင်ထားတယ်။
2. Hih thulu-ah bang thu kikum ding i hiam? Thugentehnate in bang pen hong theitelsak a hiam?
၂ ပုံဥပမာသုံးခုကို သုံးပြီး ယေရှု သတိပေးတယ်။ သိုးနဲ့ ဆိတ် ပုံဥပမာ၊ အပျိုစင် ပုံဥပမာ၊ တဲလင့် ပုံဥပမာတို့ ဖြစ်တယ်။ လူတစ်ယောက်စီရဲ့ လုပ်ရပ်ကို အခြေခံပြီး ယေရှု တရားစီရင်မယ်ဆိုတာ ပုံဥပမာတစ်ခုစီက နားလည်စေတယ်။ ပုံဥပမာတွေနဲ့ သင်ခန်းစာတွေအကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။ သိုးနဲ့ ဆိတ် ပုံဥပမာကို အရင်ဆုံး ဆွေးနွေးကြရအောင်။
TUU LE KEEL
3. Jesuh in bang hun ciangin thu khen ding a hiam?
၃ သတင်းကောင်း ကြားခွင့်ရသူတွေ သတင်းကောင်းကို ဘယ်လို တုံ့ပြန်သလဲ၊ ဘိသိက်ခံ ညီတွေကို ထောက်မခွင့်ရသူတွေ ထောက်မသလား၊ မထောက်မသလားဆိုတာကို အခြေခံပြီး တရားစီရင်မယ်လို့ သိုးနဲ့ ဆိတ် ပုံဥပမာမှာ ယေရှု ပြောတယ်။ (မ. ၂၅:၃၁-၄၆) “ကြီးစွာသောဒုက္ခ” အတွင်း၊ အာမဂေဒုန် မရောက်ခင်လေးမှာ တရားစီရင်မှာ ဖြစ်တယ်။ (မ. ၂၄:၂၁) သိုးထိန်းက သိုးနဲ့ ဆိတ်ကို ခွဲသလို ဘိသိက်ခံတွေကို သစ္စာရှိရှိ ထောက်မသူတွေနဲ့ မထောက်မသူတွေကို ယေရှု ခွဲမယ်။
4. Jesuh in mihingte tungah thumanna tawh thu khen ding cih bang hangin muang thei i hiam? (Isaiah 11:3, 4) (Lim zong en in.)
၄ ယေဟောဝါဘုရား ခန့်အပ်ထားတဲ့ တရားသူကြီး ယေရှု မျှမျှတတ တရားစီရင်မယ့်အကြောင်း ကျမ်းစာမှာ ကြိုဟောထားတယ်။ (ဟေရှာယ ၁၁:၃၊ ၄ ကို ဖတ်ပါ။) လူတွေရဲ့ လုပ်ရပ်၊ သဘောထား၊ အပြောအဆိုကို ယေရှု စောင့်ကြည့်နေတယ်။ ဘိသိက်ခံ ညီတွေကို ဘယ်လို ဆက်ဆံနေသလဲ စောင့်ကြည့်နေတယ်။ (မ. ၁၂:၃၆၊ ၃၇။ ၂၅:၄၀) ဒါကြောင့် ဘိသိက်ခံ ညီတွေနဲ့ သူတို့ရဲ့ လုပ်ငန်းကို ဘယ်သူတွေ ထောက်မသလဲ ယေရှု သိနေမယ်။a ဟောပြောခြင်းလုပ်ငန်းမှာ ထောက်မပေးတာဟာ ဘိသိက်ခံ ညီတွေကို ထောက်မနိုင်တဲ့ အရေးကြီးဆုံး နည်းတစ်နည်းပါပဲ။ ဘိသိက်ခံ ညီတွေကို ထောက်မသူတွေဟာ “ဖြောင့်မတ်သူတွေ” အဖြစ် တရားစီရင်ခံရမယ်။ မြေကြီးပေါ်မှာ “ထာဝရအသက်” ရဖို့ အခွင့်အလမ်း ရှိမယ်။ (မ. ၂၅:၄၆။ ဗျာ. ၇:၁၆၊ ၁၇) သိပ်ကောင်းတဲ့ ဆုကျေးဇူးပါပဲ။ ကြီးစွာသောဒုက္ခအတွင်းမှာကော ပြီးနောက်မှာပါ သစ္စာရှိနေရင် “အသက်စာစောင်မှာ” နာမည် ဆက်ရှိနေမယ်။—ဗျာ. ၂၀:၁၅။
ယေရှု မကြာခင် သိုးနဲ့ ဆိတ် ခွဲမယ် (စာပိုဒ် ၄ ကို ကြည့်ပါ)
5. Tuu le keel thugentehna pan bang sin thei i hiam? Kuate tawh kisai a hiam?
၅ သစ္စာရှိကြောင်း သက်သေပြပါ။ သိုးနဲ့ ဆိတ် ပုံဥပမာဟာ မြေကြီးပေါ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသူတွေနဲ့ အဓိက သက်ဆိုင်တယ်။ ယုံကြည်ခြင်း ရှိကြောင်း သူတို့ ဘယ်လို ပြကြသလဲ။ ဟောပြောခြင်းလုပ်ငန်းမှာ ခရစ်တော်ရဲ့ ညီတွေကို ထောက်မခြင်း၊ ယေရှု ရွေးချယ်ထားတဲ့ ဘိသိက်ခံ ညီအစ်ကိုအုပ်စုလေးရဲ့ ဦးဆောင်မှုကို သစ္စာရှိရှိ လက်အောက်ခံခြင်းအားဖြင့်ပါ။ (မ. ၂၄:၄၅) ကောင်းကင်သွားဖို့ မျှော်လင့်ချက် ရှိသူတွေလည်း သိုးနဲ့ ဆိတ် ပုံဥပမာမှာ ပါတဲ့ သတိပေးချက်ကို အာရုံစိုက်ဖို့ လိုတယ်။ ဘာကြောင့်လဲ။ သူတို့ရဲ့ လုပ်ရပ်၊ သဘောထား၊ အပြောအဆိုကိုလည်း ယေရှု သတိပြုနေလို့ပါပဲ။ သစ္စာရှိကြောင်း သူတို့လည်း သက်သေပြရမယ်။ မဿဲ အခန်းကြီး ၂၅ မှာပဲ နောက်ထပ် ပုံဥပမာနှစ်ခုကို ယေရှု ပြောထားတယ်။ အဲဒီပုံဥပမာတွေမှာတော့ ဘိသိက်ခံတွေအတွက် သတ်သတ်မှတ်မှတ် သတိပေးချက်တွေ ပါတယ်။ အခု၊ အပျိုစင် ပုံဥပမာကို သုံးသပ်ကြည့်ရအောင်။
NUNGAK PILTE LE NUNGAK HAITE
6. Nungak mi nga pen bang hangin pil kici thei a hiam? (Matthai 25:6-10)
၆ အပျိုစင် ပုံဥပမာမှာ သတို့သားကို ထွက်ကြိုတဲ့ အပျိုစင်ဆယ်ယောက်အကြောင်း ယေရှု ပြောတယ်။ (မ. ၂၅:၁-၄) သတို့သားနဲ့အတူ ဧည့်ခံကျွေးမွေးတဲ့ နေရာကို ဝင်ဖို့ သူတို့အားလုံး မျှော်လင့်ထားကြတာ။ အပျိုစင်ငါးယောက်က “သတိပညာရှိတယ်။” ငါးယောက်က “ဉာဏ်မရှိဘူး။” သတိပညာရှိတဲ့ အပျိုစင်တွေက ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ထားတယ်၊ နိုးကြားတယ်။ သတို့သား ညနက်မှ ရောက်လာရင်တောင် ဘယ်လောက် စောင့်ရ စောင့်ရ စောင့်ဖို့ အသင့်ပဲ။ ဒါကြောင့် မှောင်ရင် ထွန်းဖို့ မီးခွက် ယူသွားတယ်။ သတို့သား နောက်ကျမှ ရောက်လာခဲ့ရင်လို့ တွေးပြီး ဆီအပိုတောင် ယူသွားတယ်။ မီးငြိမ်းမသွားဖို့ ကြိုတင်ပြင်ဆင်ထားကြတာပဲ။ (မဿဲ ၂၅:၆-၁၀ ကို ဖတ်ပါ။) သတို့သား ရောက်လာတော့ သတိပညာရှိတဲ့ အပျိုစင်တွေက သတို့သားနဲ့အတူ ဧည့်ခံကျွေးမွေးတဲ့ နေရာကို ဝင်သွားတယ်။ အဲဒီလိုပဲ ဘိသိက်ခံ ခရစ်ယာန်တွေဟာ ယေရှု ရောက်လာချိန်အထိ နိုးကြားနေခြင်း၊ သစ္စာရှိနေခြင်းအားဖြင့် အသင့်ရှိနေရင် သတို့သား ယေရှုနဲ့အတူ ကောင်းကင်နိုင်ငံတော် ဝင်ထိုက်သူတွေအဖြစ် တရားစီရင်ခံကြရမယ်။b (ဗျာ. ၇:၁-၃) ဉာဏ်မရှိတဲ့ အပျိုစင်ငါးယောက်ကော။
7. Nungak hai minga tungah bang thu piang a hiam? Bang hang hiam?
၇ သတိပညာရှိတဲ့ အပျိုစင်တွေနဲ့ မတူဘဲ ဉာဏ်မရှိတဲ့ အပျိုစင်ငါးယောက်ဟာ သတို့သား ရောက်လာချိန်မှာ အသင့်ရှိမနေဘူး။ သူတို့မီးခွက် ငြိမ်းတော့မယ်။ ဆီအပို ပါမလာဘူး။ သတို့သား ရောက်တော့မယ်လို့ သိလိုက်ရချိန်မှ ဆီသွားဝယ်ရတယ်။ သတို့သား ရောက်လာချိန်မှာ သူတို့ ပြန်မရောက်သေးဘူး။ အဲဒီအချိန်မှာ “အသင့်ရှိနေတဲ့ အပျိုစင်တွေက သတို့သားနဲ့အတူ ဧည့်ခံကျွေးမွေးတဲ့ နေရာကို ဝင်သွားတယ်။ အဲဒီနောက် တံခါးပိတ်သွားတယ်။” (မ. ၂၅:၁၀) ဉာဏ်မရှိတဲ့ အပျိုစင်တွေ ပြန်ရောက်လာပြီး အထဲ ဝင်မယ် လုပ်တော့ “ခင်ဗျားတို့ကို ကျွန်တော် လုံးဝ မသိဘူး” လို့ သတို့သား ပြောတယ်။ (မ. ၂၅:၁၁၊ ၁၂) သတို့သားကို ဘယ်လောက် စောင့်ရ စောင့်ရ စောင့်ဖို့ ပြင်ဆင်မထားပဲကိုး။ ဘိသိက်ခံတွေ ဘာသင်ခန်းစာ ယူနိုင်သလဲ။
8-9. Nungak thugentehna pan sathau nilh te’n bang sin thei uh a hiam? (Lim zong en in.)
၈ အသင့်ရှိကြောင်း၊ နိုးကြားကြောင်း သက်သေပြပါ။ ဒီလောကစနစ်အဆုံးအထိ စောင့်ဖို့ အသင့်ရှိနေတဲ့ ဘိသိက်ခံ၊ အသင့်ရှိမနေတဲ့ ဘိသိက်ခံဆိုပြီး အုပ်စုနှစ်စု ရှိမယ်လို့ ယေရှု ပြောနေတာ မဟုတ်ပါဘူး။ ဘိသိက်ခံတွေ အဆုံးထိ သစ္စာရှိရှိ ခံရပ်မနေရင်၊ အသင့်ရှိမနေရင် ဘာဖြစ်မယ်ဆိုတာ ရှင်းပြနေတာပါ။ အသင့်ရှိမနေရင် သူတို့ ဆုကျေးဇူး ရမှာ မဟုတ်ဘူး။ (ယော. ၁၄:၃၊ ၄) သိပ်အရေးကြီးတဲ့ သင်ခန်းစာပါပဲ။ မြေကြီးပေါ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသည်ဖြစ်စေ၊ ကောင်းကင်သွားဖို့ မျှော်လင့်ချက် ရှိသည်ဖြစ်စေ အပျိုစင် ပုံဥပမာမှာ ပါတဲ့ သတိပေးချက်ကို ကျွန်တော်တို့အားလုံး အာရုံစိုက်သင့်တယ်။ ယောက်တိုင်း အဆုံးထိ နိုးကြားနေရမယ်၊ အသင့်ရှိနေရမယ်၊ ခံနိုင်ရည် ရှိရမယ်။—မ. ၂၄:၁၃။
၉ အသင့်ရှိနေဖို့၊ နိုးကြားနေဖို့ အရေးကြီးကြောင်း အပျိုစင် ပုံဥပမာမှာ ယေရှု ပြောပြီးနောက် တဲလင့် ပုံဥပမာကို ဆက်ပြောတယ်။ တဲလင့် ပုံဥပမာကတော့ အလုပ်ကြိုးစားဖို့ အရေးကြီးကြောင်း အလေးပေးထားတယ်။
အဆုံးထိ အသင့်ရှိနေခြင်း၊ နိုးကြားနေခြင်း၊ ခံနိုင်ရည် ရှိခြင်းအားဖြင့် အပျိုစင် ပုံဥပမာမှာ ပါတဲ့ သတိပေးချက်ကို ယောက်တိုင်း အာရုံစိုက်ဖို့ အရေးကြီး (စာပိုဒ် ၈-၉ ကို ကြည့်ပါ)
SUM
10. Nasem mi nih pen citak ahihlam bang hang kigen thei a hiam? (Matthai 25:19-23)
၁၀ တဲလင့် ပုံဥပမာမှာ သခင်အပေါ် သစ္စာရှိတဲ့ ကျွန်နှစ်ယောက်နဲ့ သစ္စာမရှိတဲ့ ကျွန်တစ်ယောက်အကြောင်း ယေရှု ပြောတယ်။ (မ. ၂၅:၁၄-၁၈) သခင်က တိုင်းတစ်ပါး မသွားခင် ကျွန်တွေကို ငွေအများကြီး အပ်ခဲ့တယ်။ ကျွန်နှစ်ယောက်က သခင် စီးပွားတက်ဖို့ အလုပ်ကြိုးစားခြင်း၊ အပ်ခဲ့တဲ့ ငွေတွေကို အကျိုးရှိရှိ သုံးခြင်းအားဖြင့် သစ္စာရှိကြောင်း ပြတယ်။ ဒါကြောင့် သခင် ပြန်လာချိန်မှာ ငွေနှစ်ဆ ဖြစ်နေပြီ။ သခင် ချီးမွမ်းတာ ခံရတယ်။ “သခင်နဲ့အတူ ဝမ်းမြောက်” ရတယ်။ (မဿဲ ၂၅:၁၉-၂၃ ကို ဖတ်ပါ။) တတိယကျွန်ကော သခင် အပ်ခဲ့တဲ့ ငွေတွေကို ဘာလုပ်သလဲ။
11. “A thadah nasem pa” thungah bang thu piang a hiam? Bang hang hiam?
၁၁ တစ်တဲလင့် ရတဲ့ တတိယကျွန်ကတော့ “ကျွန်ပျင်း” ပါ။ သခင်က အပ်ခဲ့တဲ့ ငွေတွေကို အကျိုးရှိရှိ သုံးစေချင်တယ်။ ဒါပေမဲ့ သူက ငွေတွေကို မြေကြီးထဲ မြှုပ်ထားလိုက်တယ်။ သခင် ပြန်လာချိန်မှာ တစ်တဲလင့်ပဲ ပြန်အပ်နိုင်တယ်။ အဲဒီကျွန်ဟာ စိတ်ဓာတ်လည်း မကောင်းဘူး။ သခင် စီးပွားတက်အောင် မလုပ်မိတာကို မတောင်းပန်တဲ့အပြင် “မညှာမတာ ခိုင်းတတ်” တဲ့ သခင်လို့ ပြောတယ်။ ဒါကြောင့် သခင့်မျက်နှာသာ မရဘူး။ အပ်ထားတဲ့ တစ်တဲလင့် အသိမ်းခံရတယ်။ သခင့်အိမ်ကနေ ဆွဲထုတ်ခံရတယ်။—မ. ၂၅:၂၄၊ ၂၆-၃၀။
12. A citak nasem mi nih in kuate etsakna hi a hiam?
၁၂ သစ္စာရှိတဲ့ ကျွန်နှစ်ယောက်ဟာ သစ္စာရှိတဲ့ ဘိသိက်ခံ ခရစ်ယာန်တွေကို ကိုယ်စားပြုတယ်။ “[မိမိ] နဲ့အတူ ဝမ်းမြောက်” ဖို့ သူတို့ကို သခင် ယေရှု ပြောတယ်။ ပထမ ရှင်ပြန်ထမြောက်ခြင်းဆိုတဲ့ ကောင်းကင်ဆုကျေးဇူးကို သူတို့ ရကြတယ်။ (မ. ၂၅:၂၁၊ ၂၃။ ဗျာ. ၂၀:၅က) ကျွန်ပျင်းရဲ့ မကောင်းတဲ့ နမူနာကလည်း ဘိသိက်ခံတွေအတွက် သတိပေးချက်ပါပဲ။ ဘယ်လိုနည်းနဲ့လဲ။
13-14. Sum thugentehna pan sathau nilh te’n bang sin thei uh a hiam? (Lim zong en in.)
၁၃ အလုပ်ကြိုးစားကြောင်း၊ ဝီရိယရှိကြောင်း သက်သေပြပါ။ ဘိသိက်ခံတွေ ပျင်းရိသွားမယ်လို့ အပျိုစင် ပုံဥပမာက မဆိုလိုသလို တဲလင့် ပုံဥပမာကလည်း မဆိုလိုပါဘူး။ ဇွဲလျော့သွားရင် ဘာဖြစ်မယ်ဆိုတာ ယေရှု ရှင်းပြနေတာပါ။ ဇွဲလျော့သွားရင် “ခေါ်တော်မူခြင်းခံရသူ၊ ရွေးချယ်ခံရသူတွေအဖြစ် သစ္စာရှိမြဲ” မရှိနိုင်တော့ဘူး။ ကောင်းကင်နိုင်ငံတော် ဝင်ခွင့်မရတော့ဘူး။—၂ ပေ. ၁:၁၀။
၁၄ ဘိသိက်ခံ ခရစ်ယာန်အားလုံး အသင့်ရှိနေရမယ်၊ နိုးကြားနေရမယ်၊ အလုပ်ကြိုးစားရမယ်၊ ဝီရိယရှိရမယ်ဆိုတာ အပျိုစင် ပုံဥပမာနဲ့ တဲလင့် ပုံဥပမာက ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ ဘိသိက်ခံတွေကို ယေရှု သတိပေးတာ ရှိသေးသလား။ ရှိပါတယ်။ ဘိသိက်ခံတွေကို နောက်ဆုံး တရားစီရင်ခြင်းနဲ့ပတ်သက်ပြီး မဿဲ ၂၄:၄၀၊ ၄၁ မှာ သတိပေးထားတယ်။
ဘိသိက်ခံတွေကို ယေရှု အဆုံးထိ အလုပ်ကြိုးစားစေချင်၊ ဝီရိယရှိစေချင် (စာပိုဒ် ၁၃-၁၄ ကို ကြည့်ပါ)d
KUATE “KILA” DING A HIAM?
15-16. Sathau nilh te’n pilvang taka a ngak ding uh a kisaplam Matthai 24:40, 41 in koi bangin kilangsak a hiam?
၁၅ ပုံဥပမာသုံးခု မပြောခင် ဘိသိက်ခံတွေကို နောက်ဆုံး တရားစီရင်ခြင်းနဲ့ပတ်သက်ပြီး ယေရှု ပြောတယ်။ လယ်မှာ အလုပ်လုပ်နေသူနှစ်ယောက်နဲ့ ကြိတ်ဆုံကြိတ်နေတဲ့ အမျိုးသမီးနှစ်ယောက်အကြောင်းပါ။ အလုပ်တစ်မျိုးတည်းကို နှစ်ယောက် အတူတူ လုပ်နေပုံရပေမဲ့ “တစ်ယောက်ကို ခေါ်သွားပြီး တစ်ယောက်ကိုတော့ ထားခဲ့လိမ့်မယ်” လို့ ပြောတယ်။ (မဿဲ ၂၄:၄၀၊ ၄၁ ကို ဖတ်ပါ။) အဲဒီနောက် “သခင် ဘယ်နေ့ လာမယ်ဆိုတာ ခင်ဗျားတို့ မသိတဲ့အတွက် သတိနဲ့ စောင့်နေကြပါ” လို့ နောက်လိုက်တွေကို အားပေးတယ်။ (မ. ၂၄:၄၂) အပျိုစင် ပုံဥပမာ ပြောပြီးနောက်မှာလည်း ခပ်ဆင်ဆင် စကားတွေနဲ့ ထပ်အားပေးတယ်။ (မ. ၂၅:၁၃) ယေရှုရဲ့ စကားတွေ ဆက်စပ်မှု ရှိသလား။ ရှိပုံပါပဲ။ တကယ် ဘိသိက်ပေးခံရသူတွေ၊ သစ္စာရှိသူတွေပဲ “ခေါ်သွား” ခံရမယ်။ ယေရှုနဲ့အတူ ကောင်းကင်နိုင်ငံတော် ဝင်ရမယ်။—ယော. ၁၄:၃။
၁၆ သတိနဲ့ စောင့်နေကြောင်း သက်သေပြပါ။ သတိနဲ့ စောင့်မနေတဲ့ ဘိသိက်ခံတွေဟာ “ရွေးချယ်ခံရသူတွေ” နဲ့အတူ စုသိမ်းခံရမှာ မဟုတ်ဘူး။ (မ. ၂၄:၃၁) ဘာမျှော်လင့်ချက်ပဲ ရှိရှိ ဘုရားကျေးကျွန်အားလုံး သတိနဲ့ စောင့်နေသင့်တယ်၊ သစ္စာရှိနေသင့်တယ်။
17. Jehovah in a citak mi pawlkhat bang hunin sathau nilh, cih thu bang hang lunghihmawh kul lo a hiam?
၁၇ ယေဟောဝါအကြောင်း ကျွန်တော်တို့ ကောင်းကောင်း သိလို့ စီရင်တော်မူချက်တွေကို ယုံကြတယ်။ သစ္စာရှိသူတချို့ကို ဒီနောက်ပိုင်းနှစ်တွေမှ ဘိသိက်ပေးရင် ဘယ်လိုလုပ်မလဲဆိုပြီး စိတ်မပူကြဘူး။c စပျစ်ခြံ ပုံဥပမာမှာ ညနေ ၅ နာရီမှ အလုပ်လာလုပ်သူတွေနဲ့ပတ်သက်ပြီး ယေရှု ပြောတာကို ကျွန်တော်တို့ သတိရကြတယ်။ (မ. ၂၀:၁-၁၆) နောက်ကျမှ အလုပ်လာလုပ်သူတွေကော စောစော အလုပ်လာလုပ်သူတွေပါ လုပ်ခ တန်းတူ ရကြတယ်။ အဲဒီလိုပဲ ဘိသိက်ခံအဖြစ် ဘယ်အချိန်မှာပဲ ရွေးချယ်ခံရပါစေ သစ္စာရှိနေရင် ကောင်းကင်ဆုကျေးဇူး ရကြမှာ ဖြစ်တယ်။
KIDOP DING THUPIAKNATE LIMTAKIN NGAI IN
18-19. Thugentehnate pan bang sin ding thute le bang kidop ding thute theikhia i hiam?
၁၈ ဘာတွေ သိခဲ့ရပြီလဲ။ မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသူတွေဟာ အခုကော လာမယ့် ကြီးစွာသောဒုက္ခအတွင်းမှာပါ ယေဟောဝါအပေါ် သစ္စာရှိနေဖို့ လိုကြောင်း သိုးနဲ့ ဆိတ် ပုံဥပမာက ဖော်ပြတယ်။ သစ္စာရှိသူတွေကို အဲဒီအချိန် ရောက်တဲ့အခါ “ထာဝရအသက်” ရထိုက်သူတွေအဖြစ် ယေရှု တရားစီရင်မယ်။—မ. ၂၅:၄၆။
၁၉ ဘိသိက်ခံတွေအတွက် သတိပေးချက်တွေ ပါတဲ့ ပုံဥပမာနှစ်ခုကိုလည်း ဆွေးနွေးခဲ့ကြတယ်။ အပျိုစင် ပုံဥပမာမှာ အပျိုစင်ငါးယောက်က သတိပညာရှိတယ်။ သတို့သားကို ဘယ်လောက် စောင့်ရ စောင့်ရ စောင့်ဖို့ အသင့်ရှိတယ်၊ နိုးကြားတယ်။ ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ထားတယ်။ ဉာဏ်မရှိတဲ့ အပျိုစင်ငါးယောက်ကတော့ အသင့်ရှိမနေဘူး။ ဒါကြောင့် သတို့သားနဲ့အတူ ဧည့်ခံကျွေးမွေးတဲ့ နေရာကို ဝင်ခွင့်မရဘူး။ ကျွန်တော်တို့လည်း ဒီလောကစနစ်အဆုံး ရောက်ဖို့ ဘယ်လောက် စောင့်ရ စောင့်ရ စောင့်ဖို့ အသင့်ရှိနေရမယ်။ တဲလင့် ပုံဥပမာမှာ အလုပ်ကြိုးစားတဲ့၊ ဝီရိယရှိတဲ့ သစ္စာရှိ ကျွန်နှစ်ယောက်အကြောင်း ဆွေးနွေးခဲ့ကြတယ်။ သခင် စီးပွားတက်ဖို့ သူတို့ အလုပ်ကြိုးစားတဲ့အတွက် သခင့်မျက်နှာသာ ရတယ်။ ကျွန်ပျင်းကတော့ သခင့်အိမ်ကနေ ဆွဲထုတ်ခံရတယ်။ ဘာသင်ခန်းစာ ရသလဲ။ အဆုံးထိ ဘုရားအမှုတော်မှာ ကျွန်တော်တို့ အလုပ်များနေရမယ်။ ကောင်းကင်ဆုကျေးဇူး ရဖို့ ယေရှု “ခေါ်သွား” တာ ခံရသူ ဖြစ်ချင်ရင် ဘိသိက်ခံတွေ သတိနဲ့ စောင့်နေရမယ်ဆိုတာလည်း ဆွေးနွေးခဲ့ကြတယ်။ ကောင်းကင်မှာ “သခင်နဲ့အတူ နေရ” ဖို့ ဘိသိက်ခံတွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ အာမဂေဒုန်စစ်ပြီးနောက် သိုးသငယ်ရဲ့ မင်္ဂလာပွဲမှာ သိုးသငယ် ယေရှုရဲ့ သတို့သမီး ဖြစ်ခွင့်ရကြမယ်။—၂ သက်. ၂:၁။ ဗျာ. ၁၉:၉။
20. Jehovah in kidop ding thupiakna limtaka a ngaite adingin bang sepsak ding a hiam?
၂၀ တရားစီရင်ချိန် နီးလာပေမဲ့ ကျွန်တော်တို့ ကြောက်ဖို့ မလိုပါဘူး။ သစ္စာရှိနေမယ်ဆိုရင် “လူသားရှေ့မှာ ရပ်နေနိုင်” ဖို့ “သာမန်ထက် ထူးကဲတဲ့ တန်ခိုး” ကို မေတ္တာရှင်အဖ ပေးမယ်။ (လု. ၂၁:၃၆။ ၂ ကော. ၄:၇) မြေကြီးပေါ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသည်ဖြစ်စေ၊ ကောင်းကင်တက်ဖို့ မျှော်လင့်ချက် ရှိသည်ဖြစ်စေ ယေရှုရဲ့ ပုံဥပမာတွေမှာ ပါတဲ့ သတိပေးချက်တွေကို အာရုံစိုက်ရင် အဖရဲ့ နှစ်သက်မှု ရမယ်။ အဖယေဟောဝါရဲ့ မဟာကရုဏာတော်ကြောင့် “အသက်စာစောင်ထဲ” ကျွန်တော်တို့နာမည် “ရေးမှတ်ခံရ” ပါလိမ့်မယ်။—ဒံ. ၁၂:၁။ ဗျာ. ၃:၅။
LA 26 ငါ့ကို သင်တို့ ကူညီပေးနေတာ
a ၂၀၂၄၊ မေ ကင်းမျှော်စင် မှာ ပါတဲ့ “အနာဂတ်မှာ လူတွေကို ယေဟောဝါ ဘယ်လို စီရင်ဆုံးဖြတ်မလဲ” ဆောင်းပါးကို ကြည့်ပါ။
b ထပ်သိချင်ရင် ၂၀၁၅၊ မတ် ၁၅ ကင်းမျှော်စင် မှာ ပါတဲ့ “သင် ‘စောင့်နေ’ မလား” ဆောင်းပါးကို ကြည့်ပါ။
c ၂၀၂၀၊ ဇန်နဝါရီ ကင်းမျှော်စင် စာ. ၂၉-၃၀၊ ပိုဒ်. ၁၁-၁၄ ကို ကြည့်ပါ။
[အောက်ခြေမှတ်ချက်]
d ပုံအညွှန်း– အမှုဆောင်မှာ တွေ့ခဲ့တဲ့ မိန်းကလေးကို ဘိသိက်ခံ ညီအစ်မ ကျမ်းစာ သင်ပေးနေ။