Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w24 September laim. 2-7
  • ‘Pasian Thu Na Zak Bangun Zui-in Sem Un’

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • ‘Pasian Thu Na Zak Bangun Zui-in Sem Un’
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Thuluneute
  • A Thu Kibang
  • LAI SIANGTHO SIM NADING HUN TUAM KOIH IN
  • NA SIM THUTE NGAIHSUN IN
  • NA BAT ZAWH DING NGIMNATE KOIH IN
  • ‘PASIAN’ THU TAKTAK MAHIN SANG UN’
  • I Theih Loh Thute Om Ahih Lam Kinuaikoihna Lungsim Tawh Sang In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Pasian’ Nasepna-ah Nuam I Sak Theih Dan
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Lai Siangtho Na Sim Ciang, Phattuamna Tampi Na Ngah Theih Dan
    Nuntak Nuam Nei Den In!—Lai Siangtho Sinkhopna
  • Jehovah In “Lungsim Kitamte Damsak”
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
w24 September laim. 2-7

SIN DING THU ၃၆

LA 89 နားထောင်၊ နာခံ၊ ကောင်းချီးစံ

‘Pasian Thu Na Zak Bangun Zui-in Sem Un’

“Nomau kikhem taawmin thu zak bek tawh maisak kei unla, na zak bangun zui-in sem zaw un.”—JAS. 1:22.

အာရုံစိုက်​ရာ

တရားစကားတော်ကို နေ့စဉ် ဖတ်ချင်​စိတ်​သာမက ဖတ်တာကို တွေးတော​ဆင်ခြင်​ချင်စိတ်၊ လက်တွေ့​ကျင့်သုံး​ချင်စိတ် ပြင်းပြ​လာဖို့ ဒီဆောင်းပါး​က ကူညီပေးပါမယ်။

1-2. Pasian’ nasemte bang hangin lungdam uh a hiam? (James 1:22-25)

ကျွန်တော်တို့ကို ယေဟောဝါ​ဘုရားနဲ့ ချစ်သားတော် ပျော်ရွှင်စေချင်တယ်။ “ဘုရားရဲ့ သတိပေးချက်တွေကို လိုက်နာပြီး ဘုရားကို စိတ်နှလုံး​အကြွင်းမဲ့ ရှာဖွေသူ​တွေ​ဟာ ပျော်ရွှင်​ချမ်းမြေ့​တယ်” လို့ ဆာလံ​ကျမ်း​ရေးသူ ပြောတယ်။ (ဆာ. ၁၁၉:၂) “ဘုရားသခင်ရဲ့ တရားစကားကို ကြားနာပြီး လိုက်လျှောက်တဲ့​သူဟာ ပိုပြီး ပျော်ရွှင်​ချမ်းမြေ့​တယ်” လို့ ယေရှုလည်း ပြောတယ်။—လု. ၁၁:၂၈။

၂ ဘုရား​ကျေးကျွန်တွေဟာ ပျော်ရွှင်ကြတယ်။ ပျော်ရွှင်​ရတဲ့ အကြောင်းရင်း​များစွာ ရှိပါတယ်။ အကြောင်းရင်းတစ်ခုက​တော့ တရားစကားတော်ကို နေ့စဉ် ဖတ်လို့၊ သိလာတာကို လက်တွေ့​ကျင့်သုံးလို့​ပါပဲ။—ယာကုပ် ၁:၂၂-၂၅ ကို ဖတ်ပါ။

3. Pasian thu za-in zui lehang bang hamphatna kingah a hiam?

၃ “တရားစကားတော်ကို လက်တွေ့​ကျင့်သုံး” တဲ့အခါ အကျိုးများစွာ ရတယ်။ အကျိုးကျေးဇူး​တစ်ခုကတော့ ယေဟောဝါရဲ့ နှစ်သက်မှု ရတာပဲ။ ယေဟောဝါ နှစ်သက်တယ်​ဆိုတဲ့ အသိ​က ကျွန်တော်တို့ကို ပျော်ရွှင်စေတယ်။ (ဒေ. ၁၂:၁၃) သိလာတာကို လက်တွေ့ကျင့်သုံးတဲ့အခါ မိသားစုဝင်တွေ၊ ယုံကြည်သူချင်းတွေနဲ့​လည်း ဆက်ဆံရေး ပိုကောင်းလာတယ်။ ဒါကို ညီအစ်ကို/မ​တို့ ကိုယ်တွေ့ သိ​ကြ​မှာ​ပါ။ ဒါ့အပြင် ယေဟောဝါရဲ့ နည်းလမ်းတွေ​အတိုင်း လိုက်လျှောက်တဲ့အခါ မလိုက်လျှောက်​သူ​တွေ ကြုံရတဲ့ ပြဿနာများ​စွာ​ကို ရှောင်နိုင်တယ်။ ပညတ်တွေ၊ မိန့်မှာချက်​တွေ၊ တရားစီရင်ချက်​တွေ​အကြောင်း သီချင်း​စပ်ဆို​ပြီးနောက် “အဲဒါတွေကို စောင့်ထိန်းတဲ့အတွက် အကျိုး​ကြီး​လှပါတယ်” လို့ ဘုရင်​ဒါဝိဒ် ပြောတယ်။—ဆာ. ၁၉:၇-၁၁။

4. Pasian thu za-a a zui mi i hih ding bang hangin baih den lo a hiam?

၄ တရားစကားတော်ကို လက်တွေ့​ကျင့်သုံး​သူ ဖြစ်ဖို့ ယေဟောဝါ လုပ်စေချင်တာတွေကို သိရမယ်။ အဲဒီလို​သိဖို့ အချိန်ပေးပြီး ကျမ်းစာ​ဖတ်ရှု​လေ့လာရမယ်။ ဒါပေမဲ့ အလုပ်များ​လို့ အမြဲတော့ မလွယ်ဘူး။ ဒါကြောင့် နေ့တိုင်း ကျမ်းစာ​ဖတ်​နိုင်ဖို့ ကူညီပေးမယ့် အကြံပြုချက်တွေ၊ ဖတ်တာကို တွေးတော​ဆင်ခြင်​ဖို့ ကူညီပေးမယ့်​အရာတွေ၊ သိလာတာကို လက်တွေ့​ကျင့်သုံးနိုင်မယ့် နည်းလမ်းတွေ သုံးသပ်ကြည့်​ရအောင်။

LAI SIANGTHO SIM NADING HUN TUAM KOIH IN

5. Bang tavuante hangin nasep tam thei a hiam?

၅ ဘုရား​ကျေးကျွန်​အများစုဟာ သိပ်​အလုပ်များ​တယ်။ ကျမ်းပေး​တာဝန်​အမျိုးမျိုး ကျေပွန်​ဖို့ အချိန်​အများကြီး ပေးကြရတယ်။ ဥပမာ၊ အများစုက ကိုယ်တိုင်နဲ့ မိသားစု စားဝတ်နေရေးအတွက် အလုပ်လုပ်ရတယ်။ (၁ တိ. ၅:၈) မကျန်းမာတဲ့၊ အသက်ကြီးတဲ့ မိသားစုဝင်တွေကို စောင့်ရှောက်​နေ​ရသူများ​စွာ ရှိတယ်။ ကျွန်တော်တို့အားလုံး ကိုယ့်​ကျန်းမာရေးကို ဂရုစိုက်​ရတယ်။ အချိန်ပေး​ရတဲ့ တာဝန်တွေ​ပါပဲ။ ဒီ​တာဝန်တွေ​အပြင် အသင်းတော်တာဝန်တွေလည်း ရှိတယ်။ အရေးကြီးတဲ့ တာဝန်​တစ်ခုကတော့ ဟောပြောခြင်း​လုပ်ငန်းမှာ ထက်ထက်သန်သန် ပါဝင်ဖို့​ပါ။ ဒီလို​တာဝန်တွေ အများကြီး ရှိတဲ့​ကြား​က နေ့တိုင်း ကျမ်း​စာဖတ်ဖို့၊ ဖတ်တာကို တွေးတော​ဆင်ခြင်​ဖို့၊ လက်တွေ့​ကျင့်သုံးဖို့ အချိန် ဘယ်လို ရှာ​နိုင်​သလဲ။

6. Koi bangin Lai Siangtho sim ding a masa penin koih thei i hiam? (Lim zong en in.)

၆ ခရစ်ယာန်တွေ​အတွက် “ပိုအရေးကြီးတဲ့အရာတွေ” ထဲက တစ်ခုကတော့ ကျမ်း​စာဖတ်တာ​ပါပဲ။ ဒါကြောင့် ကျမ်း​စာဖတ်တာ​ကို ဦး​စား​ပေးရမယ်။ (ဖိ. ၁:၁၀) “ယေဟောဝါရဲ့ ပညတ်မှာ ပျော်မွေ့ပြီး ပညတ်တော်​ကို နေ့​ည​မပြတ် ဖတ်ရွတ်​ဆင်ခြင်” သူဟာ ပျော်ရွှင်​ချမ်းမြေ့​တယ်လို့ ဆာလံ ၁:၁၊ ၂ မှာ ဆိုထားတယ်။ အချိန်ပေးပြီး ကျမ်းစာ​ဖတ်​ရမယ်ဆိုတဲ့ အဓိပ္ပာယ်​ပါပဲ။ ကျမ်း​စာဖတ်ဖို့ ဘယ်အချိန် အကောင်းဆုံးလဲ။ တစ်ယောက်နဲ့​တစ်ယောက် အဖြေ​တူ​မှာ မဟုတ်ဘူး။ အရေးကြီးတာက မှန်မှန် ဖတ်​နိုင်​မယ့်​အချိန် ဖြစ်ဖို့​ပဲ။ “မနက်ပိုင်း ကျမ်းစာ​ဖတ်ရတာ ကြိုက်တယ်။ ကျွန်တော်က အိပ်ရာ စောစော ထ​တတ်တဲ့​သူ​တော့ မဟုတ်ဘူး။ ဒါပေမဲ့ မနက်ပိုင်း​ဆိုရင် အာရုံပျံ့​စ​ရာ သိပ်မရှိ​လို့၊ စိတ်​ကြည်လင်​လန်းဆန်း​နေ​လို့ ကောင်းကောင်း အာရုံစိုက်နိုင်တယ်” လို့ ညီအစ်ကို ဗစ်တာ ပြောတယ်။ သင်​ကော အဲဒီလို​ခံစားရသလား။ ‘ကျမ်းစာဖတ်ဖို့ ငါ့အတွက် ဘယ်အချိန် အကောင်းဆုံးလဲ’ လို့ စဉ်းစားကြည့်ပါ။

သမီး​ငယ် အိပ်​နေတုန်း ညီအစ်မ ကျမ်းစာ​ဖတ်။

ကျမ်း​စာဖတ်ဖို့ ဘယ်အချိန် အကောင်းဆုံးလဲ။ ဘယ်အချိန်​ဆိုရင် မှန်မှန် ဖတ်​နိုင်​မလဲ (စာပိုဒ် ၆ ကို ကြည့်ပါ)


NA SIM THUTE NGAIHSUN IN

7-8. Lai Siangtho i sim ciang hamphatna tampi i ngah lohna a hang bang hi thei a hiam? Gentehna pia in.

၇ စာ​ဖတ်တဲ့အခါ သူ့​အချိန်နဲ့​သူ အများကြီး ဖတ်​လိုက်​ပေမဲ့ ခေါင်းထဲ မ​ရောက်တာ​မျိုး၊ အခု​ဖတ် အခု​မေ့တာမျိုး ကြုံဖူးသလား။ ကျွန်တော်တို့​အားလုံး ကြုံ​ဖူးတယ်။ ကျမ်းစာ​ဖတ်တဲ့အခါလည်း အဲဒီလို​ဖြစ်နိုင်တယ်။ တစ်ရက်ကို ကျမ်းစာ ဘယ်နှခန်း ဖတ်မယ်​ဆိုပြီး ကျွန်တော်တို့ ပန်းတိုင်​ထားတာ ဖြစ်နိုင်တယ်။ ဒါ ချီးမွမ်းစရာပါပဲ။ ပန်းတိုင်​ထားတာ၊ ပန်းတိုင်​ပြည့်မီဖို့ ကြိုးစားတာ လုပ်​သင့်​လုပ်ထိုက်​ရာ​ပါ။ (၁ ကော. ၉:၂၆) ကျမ်းစာ​ဖတ်တယ်​ဆိုတာ သိပ်ကောင်းတဲ့ ခြေလှမ်း ဆိုပေမဲ့ ခြေလှမ်း​အစပဲ ရှိသေးတယ်။ အကျိုးအပြည့်အဝ ရဖို့​ဆိုရင် ဖတ်ရုံ​နဲ့ မလုံလောက်ဘူး။

၈ ဥပမာ​တစ်ခု စဉ်းစားကြည့်ပါ။ အပင်တွေ ရှင်သန်​ကြီးထွား​ဖို့ မိုး​ရေ မရှိမဖြစ် လိုအပ်တယ်။ ဒါပေမဲ့ အချိန်တို​အတွင်း မိုး​အများကြီး ရွာ​ချ​လိုက်ရင် ရေဝပ်​သွား​တတ်တယ်။ မိုး​ထပ်​ရွာ​လည်း မြေသား​ထဲ ရေ​စိမ့်မဝင်​တော့​လို့ အပင်တွေ​အတွက် အကျိုးမရှိဘူး။ မြေသား​ထဲ ရေ​စိမ့်ဝင်​ဖို့ အချိန် လိုအပ်တယ်။ အဲဒီလိုပဲ ဖတ်တာကို တွေးတော​ဆင်ခြင်​ဖို့၊ မှတ်သားဖို့၊ လက်တွေ့​ကျင့်သုံးဖို့ အချိန်​မရလိုက်တဲ့​အထိ ကျမ်းစာကို အလောတကြီး ဖတ်တာ​မျိုး ရှောင်ရမယ်။—ယာ. ၁:၂၄။

ညီအစ်ကို​တစ်ယောက် ကျမ်းစာ​ဖတ်နေ။ ရုပ်ပုံ– ၁။ မိုးများ​လို့ ရေဝပ်​ပြီး ပျိုးပင်​တွေ မသန်။ ၂။ မိုး အသင့်အတင့် ရွာ​လို့ မြေသား​ထဲ ရေ​စိမ့်ဝင်​ပြီး ပျိုးပင်​တွေ သန်​လာ။

မြေသား​ထဲ ရေ​စိမ့်ဝင်​ပြီး အပင်တွေ​အတွက် အကျိုး​ရှိဖို့ အချိန် လိုအပ်သလို ကျမ်းစာကနေ သိလာတာတွေကို တွေးတော​ဆင်ခြင်​ဖို့၊ လက်တွေ့​ကျင့်​ဖို့ အချိန် လိုအပ် (စာပိုဒ် ၈ ကို ကြည့်ပါ)


9. Lai Siangtho nawhsa-in sim den ihih leh bang sep ding kisam a hiam?

၉ ကျမ်းစာကို အလောတကြီး ဖတ်တဲ့​အကျင့် ရှိရင် ဘာလုပ်သင့်သလဲ။ ဖတ်နေတာကို၊ ဖတ်ပြီး​သွားတာကို တွေးတော​ဆင်ခြင်​ချိန် ရအောင် အရှိန်​လျှော့​ဖတ်ပါ။ တွေးတော​ဆင်ခြင်​တယ်​ဆိုတာ မ​ခက်​ပါ​ဘူး။ ဖတ်တာကို စဉ်းစားရုံ​ပါပဲ။ စဉ်းစား​ချိန် ရအောင် လေ့လာမှု လုပ်တဲ့​အချိန်ကို တိုး​နိုင်တယ်။ ဒါမှမဟုတ် ကျမ်းပိုဒ်တွေ လျှော့​ဖတ်ပြီး ကျန်တဲ့​အချိန်ကို စဉ်းစားဖို့ သုံးနိုင်တယ်။ “ကျမ်းစာကို အများကြီး မဖတ်​ဘူး။ တစ်ခန်း​လောက်​ပဲ ဖတ်တယ်။ မနက်ပိုင်း ဖတ်တော့ တစ်နေ့လုံး တစိမ့်စိမ့် တွေး​လို့​ရတယ်” လို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဗစ်တာ ပြောတယ်။ ဘယ်လောက် ဖတ်​သလဲ​ဆိုတာ​ထက် စဉ်းစား​ချိန် ရမယ့်​နှုန်း​နဲ့ ဖတ်ဖို့ ပိုအရေးကြီးတယ်။—ဆာ. ၁၁၉:၉၇။ “စဉ်းစားစရာ မေးခွန်းများ” လေးထောင့်ကွက်ကို ကြည့်ပါ။

စဉ်းစားစရာ မေးခွန်းများ

ကျမ်းစာ​ဖတ်တဲ့အခါ အကျိုးအပြည့်အဝ ရနိုင်ဖို့ ဒီ​မေးခွန်းတွေကို စဉ်းစားကြည့်ပါ–

  • ဒီအချက်က ယေဟောဝါအကြောင်း ဘာသင်ပေးသလဲ။

  • ကျမ်းစာ​သတင်းစကားကို သဘောပေါက်ဖို့ ဒီကျမ်းပိုဒ်က ဘယ်လို ကူညီပေးသလဲ။

  • ဒီအချက်ကို ငါ ဘယ်လို လက်တွေ့​ကျင့်သုံးနိုင်သလဲ။

  • ဒီ​ကျမ်းပိုဒ် သုံးပြီး တခြားသူတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။

10. Na theihkhiat thute na zuih theih dan lampite koi bangin lungngai thei na hiam? Gentehna pia in. (၁ သက်သာလောနိတ် ၅:၁၇၊ ၁၈)

၁၀ ကျမ်းစာကို ဘယ်အချိန် ဖတ်​ဖတ်၊ ဘယ်လောက် ဖတ်​ဖတ် လက်တွေ့​ကျင့်သုံးနိုင်မယ့် နည်းလမ်းတွေ စဉ်းစားဖို့ အရေးကြီးတယ်။ ကျမ်းစာ အပိုင်း​တစ်ပိုင်း ဖတ်​ပြီ​ဆိုရင် ‘ဒီအချက်ကို အခု ဒါမှမဟုတ် ရှေ့လျှောက် ငါ ဘယ်လို လက်တွေ့​ကျင့်သုံးနိုင်သလဲ’ လို့ စဉ်းစားပါ။ ဥပမာ၊ ၁ သက်သာလောနိတ် ၅:၁၇၊ ၁၈ ကို ဖတ်နေတယ်​ဆိုပါစို့။ (ဖတ်ပါ။) ဖတ်​ပြီးသွားတဲ့အခါ ကိုယ့်​ဆုတောင်းချက်တွေ​နဲ့ပတ်သက်ပြီး ဘာတွေ ခဏ​ရပ် စဉ်းစား​နိုင်​သလဲ။ ဆုတောင်းချက် အကြိမ်ရေ၊ ခံစားချက် အတိမ်အနက်​ကို စဉ်းစားနိုင်တယ်။ ကျေးဇူးတင် ချီးမွမ်းစရာတွေ​ကိုလည်း စဉ်းစားနိုင်တယ်။ အဲဒီလို​စဉ်းစားပြီးနောက်​မှာတော့ သတ်သတ်မှတ်မှတ် အရာ​သုံးခု​အတွက် ယေဟောဝါကို ကျေးဇူးတင် ချီးမွမ်း​မယ်​လို့ ဆုံးဖြတ်လိုက်​တာ ဖြစ်နိုင်တယ်။ မိနစ်​အနည်းငယ်​လောက် အဲဒီလို​အချိန်ပေးပြီး စဉ်းစားတာက​တောင် တရားစကားတော်ကို ကြားနာပြီး လက်တွေ့​ကျင့်သုံး​သူ ဖြစ်ဖို့ အတိုင်းအတာ​တစ်ခုအထိ ကူညီပေးနိုင်တယ်။ နေ့စဉ် တခြား​ကျမ်းပိုဒ်တွေ ဖတ်တဲ့အခါလည်း ဒီနည်းအတိုင်း​သာ လုပ်​သွား​ရင် ဘယ်လောက်တောင် အကျိုး​ရ​လိုက်မလဲ။ ဒါပေမဲ့ ကျမ်းစာ​ဖတ်တဲ့အခါ ပြု​ပြင်စရာ၊ တိုးတက်စရာ အများကြီး ရှိတာကို သတိထားမိ​လာ​ရင်​ကော။

NA BAT ZAWH DING NGIMNATE KOIH IN

11. Khat vei vei ciangin bang hang lungkia thei i hiam? Gentehna pia in.

၁၁ ကျမ်းစာ​ဖတ်ပြီးနောက် လက်တွေ့​ကျင့်သုံးနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားလိုက်တဲ့အခါ တစ်ခါတလေ စိတ်ဓာတ်ကျ​မိ​နိုင်တယ်။ ဥပမာ၊ ပထမ​နေ့ ကျမ်းစာ​ဖတ်တဲ့အခါ မျက်နှာမလိုက်​ခြင်း​အကြောင်း ပါလာတယ်။ (ယာ. ၂:၁-၈) တခြားသူတွေကို ဆက်ဆံပုံ​နဲ့ပတ်သက်ပြီး ကိုယ့်​မှာ ပြုပြင်စရာ​တွေ၊ တိုးတက်စရာ​တွေ ရှိနေတာ သတိထားမိ​လို့ အပြောင်းအလဲ​တချို့ လုပ်ဖို့ ပန်းတိုင်​ထားလိုက်တယ်။ သိပ်ကောင်းတဲ့ ပန်းတိုင်​ပဲ။ နောက်နေ့ ဖတ်တဲ့ အပိုင်းမှာ လျှာကို ထိန်းချုပ်ခြင်း​အကြောင်း ပါလာတယ်။ (ယာ. ၃:၁-၁၂) ကြင်နာမှု မရှိတဲ့၊ အားပေးမှု မဖြစ်စေတဲ့ စကားတွေ တစ်ခါတလေ ပြောတတ်​တာ သတိထားမိ​လို့ အားပေးမှု ဖြစ်စေတဲ့ စကားတွေ ပြောဖို့ ပန်းတိုင်​ထားလိုက်တယ်။ တတိယ​နေ့ ဖတ်တဲ့ အပိုင်းမှာ​ကျတော့ လောကနဲ့ မိတ်မဖွဲ့ဖို့ သတိပေးချက် ပါလာတယ်။ (ယာ. ၄:၄-၁၂) ကိုယ် ဖတ်တဲ့​အရာ၊ ကြည့်တဲ့​အရာ၊ နားထောင်တဲ့​အရာတွေကို ပို​ဂရုစိုက်ဖို့ ပန်းတိုင်​ထားလိုက်တယ်။ စတုတ္ထ​နေ့​လည်း ရောက်ရော ပြု​ပြင်စရာ​တွေ၊ တိုးတက်စရာ​တွေ များ​လိုက်တာ​ဆိုပြီး စိတ်ဓာတ်ကျလာနိုင်တယ်။

12. Lai Siangtho na sim ciangin na kipuahphat ding le na khantoh ding tampi a omlam na phawkkhak leh bang hang na lungkiat ding hilo a hiam? (A nuai-a ciaptehna zong en in.)

၁၂ ပြု​ပြင်စရာ၊ တိုးတက်စရာ အများကြီး ရှိတာ သတိထားမိရင် စိတ်ဓာတ်​မကျပါနဲ့။ အဲဒီလို​သတိထားမိ​တာကို​က သင် နှိမ့်ချမှု ရှိတယ်၊ သဘောထား​မှန်တယ်ဆိုတာ ဖော်ပြနေတယ်။ နှိမ့်ချ​သူ၊ သဘောထားမှန် ရှိသူဟာ ကိုယ် ဘာတွေ ပြု​ပြင်စရာ၊ တိုးတက်စရာ လိုသလဲ သိအောင် လုပ်မယ်​ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျမ်းစာ​ဖတ်တယ်။a ဒါ့အပြင် “စရိုက်သစ်” ဝတ်ဆင်ခြင်း​ဟာ အမြဲ လုပ်နေ​ရမယ့်​အရာ ဖြစ်တယ်ဆိုတာ သတိရပါ။ (ကော. ၃:၁၀) တရားစကားတော်ကို လက်တွေ့​ကျင့်သုံး​သူ ဖြစ်မြဲ ဖြစ်ဖို့ ဘာက ကူညီပေးမလဲ။

13. Ngimnate na hih theihzahin koici koih thei na hiam? (Lim zong en in.)

၁၃ သိ​လာသမျှ တစ်ထိုင်တည်း လက်တွေ့​ကျင့်သုံးဖို့ မကြိုးစားပါနဲ့။ ပန်းတိုင်တွေကို ကိုယ်​နိုင်သလောက် တစ်ခု၊ နှစ်ခု​ပဲ ထားပါ။ (ပညာ. ၁၁:၂) ဒီနည်းအတိုင်း စမ်းကြည့်နိုင်တယ်– ပြု​ပြင်စရာ​တွေ၊ တိုးတက်စရာ​တွေ​ကို စာရင်း​လုပ်ပါ။ အရင်ဆုံး ကြိုးစားချင်​တဲ့ ပန်းတိုင် တစ်ခု၊ နှစ်ခု ရွေးပါ။ ကျန်တဲ့​ပန်းတိုင်တွေ ပြည့်မီဖို့ နောက်မှ တဖြည်းဖြည်း ကြိုးစား​သွားပါ။ ဘယ်လို​ပန်းတိုင်​မျိုး​ကနေ စ​သင့်သလဲ။

ရုပ်ပုံ–၁။ ညီအစ်မ​တစ်ယောက် ကိုယ်ပိုင်​လေ့လာမှု လုပ်ရင်း မှတ်စု​တို ရေး​နေ။ ၂။ မှတ်စု​တို​ကို ရှေ့​က ဘုတ်ပြားမှာ ကပ်ထား။ “ဒီ​အပတ်အတွက်၊ နူးညံ့သိမ်မွေ့ခြင်း၊ ယာကုပ် ၃:၁၃” လို့ မှတ်စု​မှာ ရေးထား။

သိ​လာသမျှ တစ်ထိုင်တည်း လက်တွေ့​ကျင့်သုံးဖို့ မကြိုးစားပါနဲ့။ ပန်းတိုင်တွေကို ကိုယ်​နိုင်သလောက် ထားပါ။ အရင်ဆုံး ပန်းတိုင် တစ်ခု၊ နှစ်ခု​လောက် ပြည့်မီဖို့ ကြိုးစား​ကြည့်ပါ (စာပိုဒ် ၁၃-၁၄ ကို ကြည့်ပါ)


14. Koi bang ngimna pan kipan thei na hiam?

၁၄ ပြည့်မီဖို့ ပို​လွယ်တဲ့ ပန်းတိုင်က​နေ စ​နိုင်တယ်။ ဒါမှမဟုတ် ပြည့်မီဖို့ အလိုအပ်ဆုံး​လို့ ထင်တဲ့ ပန်းတိုင်က​နေ စ​နိုင်တယ်။ ပန်းတိုင် ရွေးပြီးသွားရင် ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက် ဒါမှမဟုတ် ယေဟောဝါ​သက်သေတွေ​အတွက် ကျမ်းစာ​လေ့လာမှု လမ်းညွှန် စတာတွေ သုံးပြီး ရှာဖွေ​လေ့လာ​ပါ။ ပန်းတိုင်​အတိုင်း “လုပ်ဆောင်ချင်စိတ်​သာမက လုပ်ဆောင်​နိုင်စွမ်း​ကို​ပါ” ပေးဖို့ ဆုတောင်းပါ။ (ဖိ. ၂:၁၃) လက်တွေ့​ကျင့်သုံးဖို့ ကြိုးစားပါ။ ပထမ ပန်းတိုင် ပြည့်မီ​သွားပြီ​ဆိုရင် နောက်​ပန်းတိုင်တွေ ပြည့်မီအောင် ကြိုးစားဖို့ အားတက်​လာနိုင်တယ်။ ခရစ်ယာန် အသက်တာ ကဏ္ဍ​တစ်ခု ဒါမှမဟုတ် ခရစ်ယာန် အရည်အသွေး​တစ်ခု တိုးတက်လာပြီ​ဆိုရင် တခြား​ကဏ္ဍ​တွေ၊ တခြား​အရည်အသွေးတွေ တိုးတက်အောင် လုပ်ဖို့ ပို​လွယ်​လာနိုင်တယ်။

‘PASIAN’ THU TAKTAK MAHIN SANG UN’

15. Mi tampi te’n Lai Siangtho a sim uh hang Pasian’ minam tawh koici kilamdang uh a hiam? (1 Thesalonika 2:13)

၁၅ ကျမ်းစာ အခေါက်ခေါက် အခါခါ ဖတ်ပြီး​ပြီ​လို့ တချို့ ပြောကြတယ်။ ဒါပေမဲ့ ကျမ်းစာကို သူတို့ တကယ် ယုံ​ရဲ့​လား၊ လက်တွေ့​ကျင့်သုံး​ရဲ့​လား၊ ဘဝ​လမ်းစဉ် ပြောင်းလဲ​ရဲ့​လား။ အများစုက မယုံဘူး၊ လက်တွေ့​မ​ကျင့်သုံး​ဘူး၊ မပြောင်းလဲဘူး။ ဘုရားလူမျိုးနဲ့ ကွာတယ် မဟုတ်လား။ ကျွန်တော်တို့ကတော့ ပထမရာစု ခရစ်ယာန်တွေ​လိုပဲ ကျမ်းစာကို “ဘုရားသခင်ရဲ့ တရားစကား​လို့ သဘောထားပြီး လက်ခံ” ကြတယ်။ လက်တွေ့​ကျင့်သုံးဖို့ ကြိုးစားကြတယ်။—၁ သက်သာလောနိတ် ၂:၁၃ ကို ဖတ်ပါ။

16. Lai Siangtho a zui mi hi dingin bang in hong huh thei a hiam?

၁၆ တရားစကားတော်ကို ဖတ်ဖို့၊ လက်တွေ့​ကျင့်သုံးဖို့ အမြဲတော့ မလွယ်ဘူး။ ဖတ်ဖို့ အချိန် ရှာ​ရနိုင်တယ်။ စဉ်းစား​ချိန် မရ​လောက်​တဲ့​အထိ အလောတကြီး ဖတ်​မိ​နိုင်တယ်။ ပြု​ပြင်စရာ​တွေ၊ တိုးတက်စရာ​တွေ များလွန်းလို့ စိတ်ဓာတ်ကျနိုင်တယ်။ သင့်​အခက်အခဲ​က ဘာပဲ ဖြစ်​နေပါစေ ယေဟောဝါရဲ့ အကူအညီနဲ့ ကျော်လွှားနိုင်ပါတယ်။ ဘုရား​အကူအညီ လက်ခံဖို့၊ တရားစကားတော်ကို ကြားပြီး မေ့တဲ့​သူ မဟုတ်ဘဲ လက်တွေ့​ကျင့်သုံး​သူ ဖြစ်ဖို့ ဆုံးဖြတ်ထားပါ။ တရားစကားတော်ကို ဖတ်ပြီး လက်တွေ့​ကျင့်သုံး​လေ ပို​ပျော်ရွှင်​ချမ်းမြေ့​လေ ဖြစ်မယ်​ဆိုတာ သံသယ မရှိပါ​နဲ့။—ယာ. ၁:၂၅။

NANGH BANGCI DAWNG DING?

  • Lai Siangtho sim nading hun a tuamin koici koih theih i hiam?

  • I sim thute koi bangin lungngai thei i hiam?

  • I theihkhiat thute koici zuih thei i hiam?

LA 94 နှုတ်မြွက်တော်​ကျမ်းစာ​အတွက် ကျေးဇူးတင်

a ရွယ်တူချင်း​တွေ ပြောဆို​ရာ—ကျမ်း​စာဖတ်ခြင်း ဗီဒီယိုကို jw.org မှာ ကြည့်ပါ။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ