Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w24 July laim. 20-25
  • Israel Kumpite Tung Pan Sin Ding Thut

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Israel Kumpite Tung Pan Sin Ding Thut
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Thuluneute
  • A Thu Kibang
  • LUNGSIM KHEMPEUH TAWH JEHOVAH IT IN
  • KISIK IN
  • LAMPI MAN TAWH JEHOVAH BIA TAWNTUNG IN
  • A Citak Pasalte’ Kam Vaikhak
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Jehovah Pen A “Nungta” Pasian Ahihlam Phawk In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • I Theih Loh Thute Om Ahih Lam Kinuaikoihna Lungsim Tawh Sang In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Kua’ Na Sem Ding Cih Tu Ni-in Teel Un
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
w24 July laim. 20-25

SIN DING THU 30

LA 36 နှလုံးကို စောင့်ကြပ်စို့

Israel Kumpite Tung Pan Sin Ding Thut

“Midikte le migilote le keima na hong semte le hong semlote a kilamdanna na mukik ding uh hi.”—MAL. 3:18.

အာရုံစိုက်ရာ

အစ္စရေးမင်းတွေကို ယေဟောဝါ ဘယ်လို အကဲဖြတ်ကြောင်း လေ့လာခြင်းက ဒီနေ့အချိန်မှာ ကျွန်တော်တို့ဆီကနေ ယေဟောဝါ ဘာမျှော်လင့်ကြောင်း သိလာစေတယ်။

1-2. Israel kumpi pawlkhat’ thu Lai Siangtho-ah bang hangin kigen a hiam?

အစ္စရေးမင်း ၄၀ ကျော်အကြောင်း ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။a သူတို့ထဲက တချို့ရဲ့ လုပ်ရပ်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ပြထားတယ်။ ဥပမာ၊ မင်းကောင်းတွေတောင် မကောင်းမှုတချို့ လုပ်ခဲ့တယ်ဆိုတာမျိုးပေါ့။ မင်းကောင်း ဒါဝိဒ်အကြောင်း စဉ်းစားကြည့်ပါ။ ‘ငါ့ကျွန်ဒါဝိဒ်ဟာ ငါ့အမြင်မှာ မှန်ရာကိုပဲ လုပ်တယ်။ ငါ့နောက်ကို စိတ်နှလုံးအကြွင်းမဲ့ လိုက်တယ်’ လို့ ယေဟောဝါဘုရား ပြောတယ်။ (၁ ဘု. ၁၄:၈) ဒါပေမဲ့ အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်နဲ့ ဒါဝိဒ် ဖောက်ပြန်ပြီး အဲဒီအမျိုးသမီးရဲ့ ခင်ပွန်းကို တိုက်ပွဲမှာ ကျဆုံးစေဖို့ အကွက်ကျကျ စီစဉ်တယ်။—၂ ရှ. ၁၁:၄၊ ၁၄၊ ၁၅။

၂ မင်းဆိုးတွေ ကောင်းမှုတချို့ လုပ်ခဲ့တဲ့အကြောင်းလည်း ကျမ်းစာမှာ ဖော်ပြထားတယ်။ ရောဗောင်မင်းအကြောင်း စဉ်းစားကြည့်ပါ။ ယေဟောဝါအမြင်မှာ “မကောင်းမှုတွေ လုပ်” ခဲ့တယ်။ (၂ ရာ. ၁၂:၁၄) ဒါပေမဲ့ ကောင်းမှုတချို့လည်း လုပ်ခဲ့ပါတယ်။ ယေဟောဝါရဲ့ အမိန့်ကို နာခံပြီး အစ္စရေးဆယ်နွယ်ကို မိမိနိုင်ငံကနေ ခွဲထွက်ခွင့်ပြုတယ်။ ပြည်သူပြည်သားတွေကို ကာကွယ်ဖို့ ခံတပ်မြို့တွေ ခိုင်ခံ့အောင် လုပ်တယ်။—၁ ဘု. ၁၂:၂၁-၂၄။ ၂ ရာ. ၁၁:၅-၁၂။

3. Bang a thupi dotna hong om a hiam? Hih thulu-ah bang thu kikum ding i hiam?

၃ အရေးကြီး မေးခွန်းတစ်ခု ပေါ်လာတယ်။ အစ္စရေးမင်းတစ်ပါးဟာ ကောင်းတာတွေကော ဆိုးတာတွေပါ လုပ်တယ်ဆိုရင် မင်းကောင်းလား၊ မင်းဆိုးလားဆိုတာ ဘာကို အခြေခံပြီး ယေဟောဝါ အကဲဖြတ်သလဲ။ အဲဒီမေးခွန်းရဲ့ အဖြေက ကျွန်တော်တို့ဆီကနေ ယေဟောဝါ ဘာမျှော်လင့်သလဲဆိုတာ သိလာစေမယ်။ အစ္စရေးမင်းတွေကို အကဲဖြတ်ရာမှာ ယေဟောဝါ ထည့်သွင်းစဉ်းစားတဲ့ အချက်သုံးချက်ကို ဆွေးနွေးကြရအောင်။ ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ချစ်မချစ်၊ နောင်တစစ် ရမရ၊ ယေဟောဝါကို နည်းမှန်လမ်းကျ ဝတ်ပြုမြဲ ဝတ်မပြု ဆိုတဲ့ အချက်သုံးချက် ဖြစ်တယ်။

LUNGSIM KHEMPEUH TAWH JEHOVAH IT IN

4. Kumpi hoihte le kumpi hoih lote’ kilamdanna khat in bang a hiam?

၄ ယေဟောဝါရဲ့ နှစ်သက်မှု ရတဲ့ မင်းတွေဟာ ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုသူတွေ ဖြစ်တယ်။b ဥပမာ၊ မင်းကောင်း ယောရှဖတ်ဟာ “ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ ရှာဖွေခဲ့” တယ်။ (၂ ရာ. ၂၂:၉) ‘ယေဟောဝါဆီ စိတ်စွမ်းရှိသမျှနဲ့ ပြန်လာတဲ့ [ယောရှိ] လို ဘုရင်မျိုး အရင်က မရှိခဲ့ဖူးဘူး။’ (၂ ဘု. ၂၃:၂၅) နောက်ပိုင်းမှာ အမှားတွေ ကျူးလွန်ခဲ့တဲ့ ရှောလမုန်ကော။ “ယေဟောဝါဘုရားကို . . . စိတ်နှလုံးအကြွင်းမဲ့ ဝတ်မပြုတော့ဘူး။” (၁ ဘု. ၁၁:၄) မင်းဆိုး အဘိယံလည်း “ယေဟောဝါဘုရားကို . . . စိတ်နှလုံးအကြွင်းမဲ့ ဝတ်မပြုဘူး” လို့ ကျမ်းစာမှာ ဖော်ပြတယ်။—၁ ဘု. ၁၅:၃။

5. Lungsim khempeuh tawh Jehovah bia, cih in bang a cihnopna hiam?

၅ ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုတယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ ဝတ်ကျေတမ်းကျေ ဝတ်ပြုတာ မဟုတ်ဘဲ ဘုရားကို ချစ်လို့၊ ကြည်ညိုလေးစားလို့ ဝတ်ပြုတာကို ဆိုလိုတယ်။ စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုသူဟာ ဘုရားကို တစ်သက်လုံး ချစ်မြတ်နိုးတယ်၊ ကြည်ညိုလေးစားတယ်။

6. Koi bang danin lungsim khempeuh tawh Jehovah it tawntung thei ding i hiam? (Paunak 4:23; Matthai 5:29, 30)

၆ မင်းကောင်းတွေကို အတုယူပြီး ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ဘယ်လို ချစ်မြဲ ချစ်နိုင်မလဲ။ ယေဟောဝါအပေါ် အချစ်လျော့သွားစေနိုင်တဲ့အရာမှန်သမျှကို ရှောင်ခြင်းအားဖြင့်ပါ။ ဥပမာ၊ အားလပ်ချိန်မှာ ဘာတွေ ကြည့်သလဲ၊ ဘာတွေ လုပ်သလဲဆိုတာ သတိထားရမယ်။ မကောင်းတဲ့ အပေါင်းအသင်းတွေနဲ့ မပေါင်းမိဖို့၊ ငွေမမက်ဖို့ သတိထားရမယ်။ တစ်ခုခုကြောင့် ယေဟောဝါအပေါ် အချစ်လျော့လာပြီဆိုတာ သတိထားမိတာနဲ့ အဲဒီအရာကို ချက်ချင်း ဖယ်ရှားပစ်ရမယ်။—ပညာအလိမ္မာ ၄:၂၃။ မဿဲ ၅:၂၉၊ ၃၀ တို့ကို ဖတ်ပါ။

7. Jehovah i itna a kiamsak thei thu khempeuh i pelh ding bang hang thupi a hiam?

၇ ယေဟောဝါအပေါ် အချစ်မလျော့ပါစေနဲ့။ သတိမထားရင် ဘယ်လို တွေးမိလာနိုင်သလဲ။ ဘုရားရေးရာ လုပ်ဆောင်မှုတွေမှာ အလုပ်များနေတဲ့အတွက် ဘုရားအပေါ် အချစ်လျော့သွားစေမယ့်အရာတွေကို ဖယ်ရှားနေဖို့ မလိုပါဘူးလို့ တွေးမိလာနိုင်တယ်။ ဒါပေမဲ့ ဥပမာတစ်ခု စဉ်းစားကြည့်ပါ။ နေပူထဲကနေ အိမ်ပြန်လာတယ်ဆိုပါစို့။ အိမ်ရောက်တော့ လေအေးပေးစက် ဖွင့်လိုက်တယ်။ ဒါပေမဲ့ တံခါးဖွင့်ထားမယ်ဆိုရင် ဘာထူးမလဲ။ အပြင်က လေပူတွေ အိမ်ထဲ ဝင်လာမှာ။ အဲဒီလိုပဲ ဘုရားနဲ့ ပိုရင်းနှီးစေတဲ့အရာတွေ လုပ်နေရုံနဲ့ မလုံလောက်ဘူး။ လေပူနဲ့ တူတဲ့အရာတွေ၊ တစ်နည်းအားဖြင့် ဘုရားအပေါ် အချစ်လျော့သွားစေနိုင်တဲ့အရာတွေ စိတ်နှလုံးထဲ အဝင်မခံရဘူး။—ဧ. ၂:၂။

KISIK IN

8-9. Thukihilhna a thuak ciangun Kumpi David le Kumpi Hezekiah in koici thukkik uh a hiam? (Lim en in.)

၈ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့အတိုင်း ဒါဝိဒ်မင်းဟာ ကြီးလေးတဲ့အမှား ကျူးလွန်ခဲ့တယ်။ ဒါပေမဲ့ ပရောဖက် နာသန် လာဆုံးမတဲ့အခါ နှိမ့်ချမှုရှိရှိ နောင်တယူတယ်။ (၂ ရှ. ၁၂:၁၃) နောင်တရတယ်လို့ နာသန်ကို ထင်စေချင်လို့ ဒါမှမဟုတ် အပြစ်ပေးခံရမှာ ကြောက်လို့ နောင်တရချင်ဟန်ဆောင်တာ မဟုတ်ဘူး။ တကယ် နောင်တရတယ်ဆိုတာ သူ ရေးသားစပ်ဆိုတဲ့ ဆာလံ ၅၁ ကို ဖတ်ရင် သိနိုင်တယ်။—ဆာ. ၅၁:၃၊ ၄၊ ၁၇၊ ထိပ်စီးစာသား။

၉ ဟေဇကိမင်းလည်း အပြစ်တွေ လုပ်ခဲ့တယ်။ “စိတ်မောက်မာလာတယ်။ ဒါကြောင့် သူ့ကိုရော၊ ယုဒပြည်သားတွေနဲ့ ဂျေရုဆလင်မြို့သားတွေကိုပါ ဘုရားသခင် အမျက်ထွက်တယ်” လို့ ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။ (၂ ရာ. ၃၂:၂၅) ဟေဇကိ ဘာကြောင့် စိတ်မောက်မာလာသလဲ။ ယေဟောဝါ စည်းစိမ်ကြွယ်ဝစေလို့၊ အဆီးရီးယားတွေကို အောင်နိုင်စေလို့၊ အံ့ဖွယ်နည်းနဲ့ ရောဂါ ပျောက်ကင်းစေလို့ ဖြစ်မယ်။ စိတ်မောက်မာလို့လည်း ဗာဗုလုန်ပြည်က လာတဲ့ လူတွေကို ပိုင်ဆိုင်သမျှ တစ်ခုမကျန် ထုတ်ကြွားတာ ဖြစ်နိုင်တယ်။ ဒါကြောင့် ဟေဇကိကို ပရောဖက် ဟေရှာယ ဆုံးမခဲ့ရတယ်။ (၂ ဘု. ၂၀:၁၂-၁၈) ဒါပေမဲ့ ဒါဝိဒ်လိုပဲ ဟေဇကိ နှိမ့်ချမှုရှိရှိ နောင်တယူတယ်။ (၂ ရာ. ၃၂:၂၆) ရလဒ်အနေနဲ့ “မှန်ရာကို ဆက်လုပ်” တဲ့ မင်းကောင်းအဖြစ် ယေဟောဝါ သတ်မှတ်တယ်။—၂ ဘု. ၁၈:၃။

ရုပ်ပုံ– ၁။ နာသန် တည့်မတ်ပေးချိန်မှာ ဒါဝိဒ်မင်း နောင်တရပြီး ကောင်းကင်ကို မော့ကြည့်နေ။ ၂။ ဟေရှာယ တည့်မတ်ပေးချိန်မှာ ဟေဇကိမင်း ခေါင်းကို ကိုင်ပြီး ပူဆွေးသောကရောက်နေ။

အပြစ်တွေအတွက် ဆုံးမခံရချိန်မှာ ဒါဝိဒ်မင်းနဲ့ ဟေဇကိမင်းဟာ ဆုံးမမှုကို နှိမ့်ချမှုရှိရှိ လက်ခံတယ် (စာပိုဒ် ၈-၉ ကို ကြည့်ပါ)


10. Thukihilhna a thuak ciangin Kumpi Amaziah in koici thukkik a hiam?

၁၀ ယုဒမင်း အာမဇိကတော့ မှန်ရာ လုပ်ပေမဲ့ “စိတ်နှလုံးအကြွင်းမဲ့ မလုပ်ဆောင်ဘူး” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (၂ ရာ. ၂၅:၂) ဘာကြောင့်များလဲ။ ယေဟောဝါရဲ့ အကူအညီနဲ့ ဧဒုံလူတွေကို ချေမှုန်းပြီးနောက် သူတို့ရဲ့ ဘုရားတွေကို အာမဇိ ကိုးကွယ်တယ်။c ယေဟောဝါရဲ့ ပရောဖက် လာတည့်မတ်ပေးတဲ့အခါ နားမထောင်တဲ့အပြင် မောင်းထုတ်တယ်။—၂ ရာ. ၂၅:၁၄-၁၆။

11. Korin Nihna 7:9, 11-a a gen bangin, Pasian’ maisakna i ngah nop leh bang sep ding kisam a hiam? (Lim zong en in.)

၁၁ ဘာသင်ခန်းစာ ရသလဲ။ အမှားတွေအတွက် ကျွန်တော်တို့ နောင်တယူရမယ်။ အမှား ထပ်မလုပ်မိဖို့ အတတ်နိုင်ဆုံး သတိထားရမယ်။ ကိုယ် လုပ်တဲ့ အမှား မကြီးပါဘူးလို့ ထင်ပေမဲ့ အကြီးအကဲတွေ ဆုံးမလာရင်ကော။ ယေဟောဝါ ဒါမှမဟုတ် အကြီးအကဲတွေ ကိုယ့်ကို မချစ်ဘူးလို့ မခံစားသင့်ဘူး။ အစ္စရေးမင်းကောင်းတွေတောင် ဆုံးမပဲ့ပြင်မှုနဲ့ မလွတ်ဘူး။ (ဟီ. ၁၂:၆) ဆုံးမပဲ့ပြင်ခံရတဲ့အခါ (၁) နှိမ့်ချမှုရှိရှိ လက်ခံပါ၊ (၂) ပြုပြင်စရာ ရှိတာ ပြုပြင်ပါ၊ (၃) ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ဆက်ဝတ်ပြုပါ။ အမှားတွေအတွက် နောင်တရမယ်ဆိုရင် ယေဟောဝါ ခွင့်လွှတ်ပေးမယ်။—၂ ကောရိန္သု ၇:၉၊ ၁၁ ကို ဖတ်ပါ။

ရုပ်ပုံ– ၁။ ညီအစ်ကိုတစ်ယောက်နဲ့ လူငယ်အကြီးအကဲ စကားပြောနေ။ အရက်ပုလင်းနဲ့ အရက်ခွက်ကို အဲဒီညီအစ်ကို ကြည့်နေ။ ၂။ ကျမ်းစာနဲ့ “ပျော်စရာဘဝ ထာဝရ စံစားကြ” စာအုပ် သင်ခန်းစာ ၄၃ ကို ဖတ်ပြီး အဲဒီညီအစ်ကို ကိုယ်ပိုင်လေ့လာမှု လုပ်နေ။ ၃။ အဲဒီညီအစ်ကိုနဲ့ လူငယ်အကြီးအကဲ တစ်အိမ်တက်ဆင်းအမှုဆောင်မှာ အတူတူ ပါဝင်နေကြ။

ဆုံးမပဲ့ပြင်ခံရတဲ့အခါ (၁) နှိမ့်ချမှုရှိရှိ လက်ခံပါ၊ (၂) ပြုပြင်စရာ ရှိတာ ပြုပြင်ပါ၊ (၃) ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ဆက်ဝတ်ပြုပါ (စာပိုဒ် ၁၁ ကို ကြည့်ပါ)f


LAMPI MAN TAWH JEHOVAH BIA TAWNTUNG IN

12. Kumpi hoihte le kumpi gilote a thupi diakin bang in kilamdangsak a hiam?

၁၂ မင်းကောင်းလို့ ယေဟောဝါဘုရား သတ်မှတ်သူတွေဟာ ဘုရားကို ကိုယ်တိုင် နည်းမှန်လမ်းကျ ဝတ်ပြုမြဲ ဝတ်ပြုတယ်။ နည်းမှန်လမ်းကျ ဝတ်ပြုဖို့ ပြည်သူပြည်သားတွေကိုလည်း အားပေးတယ်။ သူတို့ အမှားမကင်းကြတာ မှန်ပါတယ်။ ဒါပေမဲ့ ယေဟောဝါတစ်ပါးတည်းကိုပဲ ဝတ်ပြုတယ်။ တိုင်းပြည်ကနေ ရုပ်တုကိုးကွယ်မှုကို ဖယ်ရှားခဲ့တယ်။d

13. Kumpi Ahab pen kumpi gilo ci-in Jehovah in bang hangin na gen hiam?

၁၃ မင်းဆိုးလို့ ယေဟောဝါ သတ်မှတ်သူတွေကော။ လုပ်သမျှ မှားလို့တော့ မဟုတ်ပါဘူး။ မင်းဆိုး အာဟပ်တောင် မိမိကြောင့် နာဗုတ် အသတ်ခံရတယ်ဆိုတာ ကြားတဲ့အခါ အတိုင်းအတာတစ်ခုအထိ နှိမ့်ချသွားတယ်။ နောင်တရသွားတယ်။ (၁ ဘု. ၂၁:၂၇-၂၉) ဒါ့အပြင် အာဟပ်ဟာ မြို့တွေ တည်တယ်။ အစ္စရေးတွေအတွက် တိုက်ပွဲတွေ ဆင်နွှဲတယ်။ (၁ ဘု. ၂၀:၂၁၊ ၂၉။ ၂၂:၃၉) ဒါပေမဲ့ လုပ်ရပ်တစ်ခုကတော့ တော်တော် ဆိုးတယ်။ မိဖုရားရဲ့ သွေးထိုးမှုကြောင့် မှားယွင်းတဲ့ ဝတ်ပြုရေးကို အားပေးအားမြှောက်လုပ်တာပါ။ အဲဒီလုပ်ရပ်အတွက် အာဟပ် ဘယ်တုန်းကမှ နောင်တမရခဲ့ဘူး။—၁ ဘု. ၂၁:၂၅၊ ၂၆။

14. (a) Kumpi Rehoboam pen kumpi gilo ci-in Jehovah in bang hang na gen a hiam? (b) Kumpi gilo a tamzaw ii mawhna in bang a hiam?

၁၄ မင်းဆိုး ရောဗောင်အကြောင်းလည်း စဉ်းစားကြည့်ပါ။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့အတိုင်း နန်းသက်တစ်လျှောက် ကောင်းမှုအများကြီး လုပ်တယ်။ ဒါပေမဲ့ အာဏာတည်မြဲလာတဲ့အခါ ယေဟောဝါရဲ့ ပညတ်ကို ပစ်ပယ်ပြီး မှားယွင်းတဲ့ ဘုရားတွေကို ကိုးကွယ်လာတယ်။ (၂ ရာ. ၁၂:၁) ယေဟောဝါကို ကိုးကွယ်လိုက် မှားယွင်းတဲ့ ဘုရားတွေကို ကိုးကွယ်လိုက် လုပ်လာတယ်။ (၁ ဘု. ၁၄:၂၁-၂၄) ယေဟောဝါကို နည်းမှန်လမ်းကျ ဝတ်မပြုတာ ရောဗောင်နဲ့ အာဟပ်လောက်ပဲ မဟုတ်ဘူး။ မင်းဆိုး အများစုဟာ မှားယွင်းတဲ့ ဝတ်ပြုရေးကို တစ်နည်းမဟုတ် တစ်နည်းနဲ့ အားပေးအားမြှောက်လုပ်ခဲ့ကြတယ်။ မိမိကို နည်းမှန်လမ်းကျ ဝတ်ပြုနေမနေဆိုတာကို အဓိက ကြည့်ပြီး မင်းကောင်းလား၊ မင်းဆိုးလားဆိုတာ ယေဟောဝါ အကဲဖြတ်မှန်း ရှင်းနေပါတယ်။

15. Lampi man tawh bia maw, bia lo cih pen Jehovah in bang hangin thupi ngaihsut a hiam?

၁၅ မိမိကို နည်းမှန်လမ်းကျ ဝတ်ပြုမပြုဆိုတာကို ယေဟောဝါ ဘာကြောင့် အဲဒီလောက် အလေးထားသလဲ။ ယေဟောဝါကို လူတွေ နည်းမှန်လမ်းကျ အမြဲဝတ်ပြုနိုင်အောင် ကူညီပေးဖို့ဟာ အစ္စရေးမင်းတွေရဲ့ တာဝန် ဖြစ်လို့ပါ။ ဒါ့အပြင် မှားယွင်းတဲ့ ဘုရားတွေကို ဝတ်ပြုတဲ့အခါ တခြားအပြစ်တွေ မလွဲမသွေ ကျူးလွန်လာနိုင်တယ်။ တခြားသူတွေကို မတရားဆက်ဆံလာနိုင်တယ်။ (ဟော. ၄:၁၊ ၂) အစ္စရေးမင်းတွေကော အစ္စရေးတစ်မျိုးလုံးပါ ယေဟောဝါဆီ ဆက်ကပ်ထားသူတွေ။ ဒါကြောင့် ယေဟောဝါအပေါ် သစ္စာမဲ့ပြီး မှားယွင်းတဲ့ ဘုရားတွေကို ကိုးကွယ်တာဟာ အိမ်ထောင်ရေး ဖောက်ပြန်တာနဲ့ တူတယ်။ (ယေ. ၃:၈၊ ၉) အိမ်ထောင်ရေး ဖောက်ပြန်သူဟာ အိမ်ထောင်ဖက်ကို အကြီးအကျယ် စိတ်ထိခိုက်အောင် လုပ်လိုက်တာပဲ။ အဲဒီလိုပဲ ယေဟောဝါဆီ ဆက်ကပ်ထားသူတစ်ယောက် မှားယွင်းတဲ့ ဝတ်ပြုရေးမှာ ပါတာဟာ ယေဟောဝါကို အကြီးအကျယ် စိတ်ထိခိုက်အောင် လုပ်လိုက်တာပဲ။e—တရား. ၄:၂၃၊ ၂၄။

16. Jehovah’ muhna-ah midik le migilo ii kilamdanna in bang a hiam?

၁၆ ဘာသင်ခန်းစာ ရသလဲ။ မှားယွင်းတဲ့ ဝတ်ပြုရေးနဲ့ ကင်းကင်းရှင်းရှင်း နေရမယ်။ ယေဟောဝါကို နည်းမှန်လမ်းကျ အမြဲ ဝတ်ပြုရမယ်။ စစ်မှန်တဲ့ ဝတ်ပြုရေးမှာ တက်တက်ကြွကြွ ပါဝင်ရမယ်။ လူတစ်ယောက်ကို ဖြောင့်မတ်တယ်၊ မဖြောင့်မတ်ဘူးဆိုတာ ဘာကို ကြည့်ပြီး ယေဟောဝါ အကဲဖြတ်ကြောင်း ပရောဖက် မာလခိ ဒီလိုဖော်ပြတယ်– “ဖြောင့်မတ်သူနဲ့ ဆိုးညစ်သူ၊ ဘုရားအမှုဆောင်သူနဲ့ ဘုရားအမှု မဆောင်သူရဲ့ ကွာခြားချက်ကို မင်းတို့ မြင်ရဦးမယ်။” (မာလ. ၃:၁၈) ဖြောင့်မတ်သူလို့ ကျွန်တော်တို့ သတ်မှတ်ခံချင်ကြတယ်။ သတ်မှတ်ခံချင်ရင် ကိုယ့်မစုံလင်မှု၊ အားနည်းချက် အပါအဝင် ဘယ်အရာကြောင့်မှ ယေဟောဝါကို ဝတ်မပြုဘဲ၊ အမှုမဆောင်ဘဲ မနေရဘူး။ ယေဟောဝါကို ဝတ်မပြုတာ၊ အမှုမဆောင်တာဟာ ကြီးလေးတဲ့အမှား ဖြစ်တယ်။

17. Bang hangin zi ding, pasal ding limtaka teel ding kisam a hiam?

၁၇ သင်ဟာ တစ်ကိုယ်ရေ ဖြစ်တယ်၊ အိမ်ထောင်ပြုဖို့ စဉ်းစားနေတယ်ဆိုရင် အိမ်ထောင်ဖက် ရွေးချယ်ရာမှာ ပရောဖက် မာလခိရဲ့ စကားတွေက ဘယ်လို အထောက်အကူပြုနိုင်တယ်ဆိုတာ သတိထားမိသလား။ လူတစ်ယောက်မှာ အရည်အသွေးကောင်းတချို့ ရှိနိုင်ပါတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ ဘုရား ယေဟောဝါကို ဝတ်မပြုရင်၊ အမှုမဆောင်ရင် ဖြောင့်မတ်သူလို့ ယေဟောဝါ မြင်ပါ့မလား။ (၂ ကော. ၆:၁၄) သူနဲ့ အိမ်ထောင်ပြုလိုက်ရင် ယေဟောဝါနဲ့ သင် ပိုရင်းနှီးဖို့ ကူညီပေးနိုင်ပါ့မလား။ စဉ်းစားကြည့်ပါ– ရှောလမုန်မင်းရဲ့ မိဖုရားတွေမှာ အရည်အသွေးကောင်းတချို့ ရှိနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါကို ဝတ်ပြုသူတွေ မဟုတ်လို့ မှားယွင်းတဲ့ ဘုရားတွေကို ရှောလမုန် ဝတ်ပြုလာအောင် တဖြည်းဖြည်း စိတ်ယိုင်သွားစေကြတယ်။—၁ ဘု. ၁၁:၁၊ ၄။

18. Nu le pa te’n tate bang a hilh ding uh kisam a hiam?

၁၈ မိဘတို့၊ ယေဟောဝါကို သားသမီးတွေ ဝတ်ပြုချင်လာအောင်၊ အမှုဆောင်ချင်လာအောင် ကျမ်းစာမှာ ပါတဲ့ ဘုရင်တွေရဲ့ စံနမူနာကို သုံးပြီး ကူညီပေးပါ။ မိမိကို နည်းမှန်လမ်းကျ ဝတ်ပြုမပြုဆိုတာအပေါ် မူတည်ပြီး မင်းကောင်းလား၊ မင်းဆိုးလားဆိုတာ ယေဟောဝါ အကဲဖြတ်ကြောင်း သူတို့ နားလည်လာအောင် ကူညီပေးပါ။ ကျမ်းစာလေ့လာတာ၊ အစည်းအဝေး တက်တာ၊ ဟောပြောတာဟာ တခြားဘယ်ကိစ္စထက်မဆို အရေးကြီးကြောင်း အပြောနဲ့ကော အလုပ်နဲ့ပါ သင်ပေးပါ။ (မ. ၆:၃၃) အဲဒီလိုသင်မပေးဘူးဆိုရင် သားသမီးတွေ “မိရိုးဖလာ” သက်သေခံ ဖြစ်သွားမယ်။ စစ်မှန်တဲ့ ဝတ်ပြုရေးကို ဒုတိယနေရာ ထားလိုက်တာ၊ လုံးလုံး ကျောခိုင်းလိုက်တာတောင် ဖြစ်သွားနိုင်တယ်။

19. Jehovah a taisan mite adingin lametna a om hiam? (“ယေဟောဝါဆီ သင် ပြန်လှည့်လာနိုင်”cih kiu li bawm en in.)

၁၉ ယေဟောဝါကို ကျောခိုင်းသွားသူတွေအတွက် မျှော်လင့်ချက် ရှိသလား။ ရှိပါတယ်။ နောင်တယူပြီး ယေဟောဝါဆီ ပြန်လှည့်လာနိုင်ပါတယ်။ အဲဒီလိုပြန်လှည့်လာဖို့ မာနကို ခဝါချပြီး အကြီးအကဲတွေရဲ့ အကူအညီကို လက်ခံရမယ်။ (ယာ. ၅:၁၄) ယေဟောဝါရဲ့ မျက်နှာသာ ပြန်ရဖို့ ကြိုးစားရကျိုး နပ်ပါတယ်။

ယေဟောဝါဆီ သင် ပြန်လှည့်လာနိုင်

“ယေဟောဝါရှေ့မှာ မကောင်းတာတွေ အကြီးအကျယ် လုပ်” တဲ့ မနာရှေမင်းအကြောင်း စဉ်းစားကြည့်ပါ။ “အပြစ်မဲ့သူတွေကို သတ်” တယ်။ မှော်အတတ်အမျိုးမျိုး လိုက်စားတယ်။ ကိုယ့်သားတွေကိုတောင် မှားယွင်းတဲ့ ဘုရားတွေဆီ မီးရှို့ပူဇော်တယ်။ (၂ ဘု. ၂၁:၆၊ ၁၆) တိုင်းတစ်ပါး လူမျိုးတွေထက် ယုဒလူမျိုး “ဆိုးဆိုးရွားရွား ပြုမူအောင် ဦးဆောင်လမ်းပြတယ်။” (၂ ဘု. ၂၁:၉။ ၂ ရာ. ၃၃:၁-၆) ဗာဗုလုန်ပြည်ကို သုံ့ပန်းအဖြစ် ဖမ်းသွားခံရချိန်မှာတော့ နောင်တရလာတယ်။ ဒါပေမဲ့ လုပ်ခဲ့တဲ့ အပြစ်တွေ မသေးသလို အပြစ်လုပ်ခဲ့တဲ့ နှစ်တွေလည်း မနည်းဘူး။ ဒါကြောင့် ခွင့်လွှတ်ပေးဖို့ ယေဟောဝါဆီ တစ်ကြိမ်ထက်မက အသနားခံခဲ့ရတယ်။ “စိတ်နှိမ့်ချလိုက်တယ်။” “အမြဲ ဆုတောင်းတယ်။” ဘာရလဒ် ရသလဲ။ သူ အသနားခံတာကို ယေဟောဝါ နားထောင်တဲ့အပြင် “ကရုဏာသက်သွားတယ်။” ခွင့်လွှတ်ပေးတယ်။ ဂျေရုဆလင်မြို့မှာ ပြန်နန်းထိုင်စေတယ်။—၂ ရာ. ၃၃:၁၂၊ ၁၃။

မိမိကို ကျောခိုင်းသွားပေမဲ့ နောက်ပိုင်းမှာ နောင်တစစ် ရသူတွေကို ယေဟောဝါ အဲဒီလိုပဲ ကရုဏာထား ခွင့်လွှတ်မလား။ ခွင့်လွှတ်ပါမယ်။ “လူဆိုးက မိမိလမ်းစဉ်ကို စွန့်ပါစေ။ လူယုတ်မာကလည်း မိမိအကြံအစည်တွေကို စွန့်ပါစေ။ ကရုဏာပြမယ့် ယေဟောဝါဆီ ပြန်လှည့်လာပါစေ။ ဘုရားသခင်က အကြွင်းမဲ့ ခွင့်လွှတ်လိမ့်မယ်” လို့ ဟေရှာယ ၅၅:၇ မှာ ဖော်ပြထားတယ်။ ဒါကြောင့် ယေဟောဝါဆီ ပြန်လှည့်လာနိုင်ဖို့ လုပ်စရာ ရှိတာတွေ မတုံ့မဆိုင်းသာ လုပ်ပါ။

20. Kumpi hoihte etteh leng Jehovah in hong koici muh ding a hiam?

၂၀ အစ္စရေးမင်းတွေဆီကနေ ဘာသင်ခန်းစာတွေ ရခဲ့ကြပြီလဲ။ မင်းကောင်းတွေကို အတုယူပြီး ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ချစ်မြဲ ချစ်ရမယ်။ ကိုယ့်အမှားတွေကနေ သင်ခန်းစာ ယူရမယ်။ နောင်တယူရမယ်။ ပြုပြင်စရာ ရှိတာ ပြုပြင်ရမယ်။ စစ်မှန်ပြီး တစ်ဆူတည်းဖြစ်တဲ့ ယေဟောဝါကို နည်းမှန်လမ်းကျ အမြဲ ဝတ်ပြုတာ ဘယ်လောက် အရေးကြီးကြောင်း သတိရ,ရမယ်။ ဆက်သစ္စာရှိနေရင် ဖြောင့်မတ်သူလို့ သင့်ကို ယေဟောဝါ အကဲဖြတ်ပါလိမ့်မယ်။

NANGH BANGCI DAWNG DING?

  • Lungsim khempeuh tawh Jehovah koici it tawntung thei i hiam?

  • Kisik ihihlam koici lakkhia thei i hiam?

  • Koi bang danin lampi man tawh Jehovah bia tawntung thei i hiam?

LA 45 ကျွန်တော့်နှလုံးအကြံအစည်

a ဒီဆောင်းပါးမှာ “အစ္စရေးမင်းတွေ” လို့ ပြောတဲ့အခါ ယုဒ နှစ်နွယ်နိုင်ငံကိုဖြစ်ဖြစ်၊ အစ္စရေး ဆယ်နွယ်နိုင်ငံကိုဖြစ်ဖြစ်၊ ၁၂ နွယ်စလုံးကိုဖြစ်ဖြစ် အုပ်ချုပ်ခဲ့တဲ့ မင်းအားလုံးကို ရည်ညွှန်းပါတယ်။

b စကားလုံး ရှင်းလင်းချက်။ လူတစ်ယောက်ရဲ့ ဆန္ဒ၊ အတွေး၊ သဘောထား၊ စွမ်းရည်၊ စိတ်ရင်း၊ ရည်မှန်းချက် အပါအဝင် အတွင်းစိတ်ကို ရည်ညွှန်းဖို့ ကျမ်းစာမှာ “စိတ်နှလုံး” ဆိုတဲ့ စကားလုံး သုံးလေ့ရှိတယ်။

c အဲဒီခေတ်တုန်းက တိတ္ထိဘုရင်တွေဟာ သူတို့ တိုက်ခိုက်အနိုင်ယူခဲ့တဲ့ လူမျိုးရဲ့ ဘုရားတွေကို ဝတ်ပြုတဲ့ ထုံးစံ ရှိတယ်။

d အာသမင်းဟာ အပြစ်ကြီးတွေ ကျူးလွန်ခဲ့တယ်။ (၂ ရာ. ၁၆:၇၊ ၁၀) ဒါပေမဲ့ ယေဟောဝါရှေ့မှာ မှန်ရာ လုပ်သူလို့ ကျမ်းစာမှာ ဖော်ပြခံရတယ်။ ပရောဖက် ဆုံးမတာကို အစမှာ လက်မခံပေမဲ့ နောက်ပိုင်းမှာ နောင်တရခဲ့ပုံပဲ။ သူ့ကောင်းကွက်တွေဟာ အမှားတွေထက် ပိုအလေးစီးခဲ့တယ်။ ယေဟောဝါတစ်ပါးတည်းကိုပဲ အာသ ဝတ်ပြုခဲ့တာ၊ တိုင်းပြည်ကနေ ရုပ်တုကိုးကွယ်မှုကို ဖယ်ရှားဖို့ ကြိုးစားခဲ့တာ ထင်ရှားတယ်။—၁ ဘု. ၁၅:၁၁-၁၃။ ၂ ရာ. ၁၄:၂-၅။

e မောရှေပညတ်မှာ ပါတဲ့ ပထမဆုံး ပညတ်နှစ်ခုမှာ ယေဟောဝါကလွဲလို့ ဘယ်သူ့ကိုမှ၊ ဘာကိုမှ ဝတ်မပြုဖို့ တားမြစ်ထားတာ ကြည့်ရင် ဝတ်ပြုရေးကို ယေဟောဝါ သိပ်အလေးထားမှန်း သိနိုင်တယ်။—ထွ. ၂၀:၁-၆။

f ပုံအညွှန်း– ညီအစ်ကိုတစ်ယောက်ရဲ့ အရက်သောက်တဲ့ အကျင့်နဲ့ပတ်သက်ပြီး လူငယ်အကြီးအကဲ စိုးရိမ်မကင်း ဖြစ်မိကြောင်း ပြော။ အကြံပေးတာကို ညီအစ်ကို နှိမ့်ချမှုရှိရှိ လက်ခံ၊ ပြုပြင်စရာ ရှိတာ ပြုပြင်၊ ယေဟောဝါကို သစ္စာရှိရှိ ဆက်ဝတ်ပြု။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ