SIN DING THU 26
LA 8 တို့ခိုလှုံရာ ယေဟောဝါ
Jehovah Pen Na Suangpi Hisak In
“Eite Pasian tawh a kibang suangpi khat zong om lo hi.”—1 SAM. 2:2, Zokam Standard Version.
အာရုံစိုက်ရာ
ယေဟောဝါဟာ ဘာကြောင့် ကျောက်ဆောင် ဖြစ်သလဲ။ ကျောက်ဆောင်နဲ့ တူတဲ့ ဘုရားအရည်အသွေးတွေကို ဘယ်လို အတုယူနိုင်သလဲ။
1. Late 18:46 ah David in Jehovah pen bang tawh genteh a hiam?
ဘဝကို ကမောက်ကမ ဖြစ်သွားစေနိုင်တဲ့ ဒါမှမဟုတ် ကပြောင်းကပြန်တောင် ဖြစ်သွားစေနိုင်တဲ့ အခက်အခဲတွေ ဒီနေ့အချိန်မှာ ရုတ်တရက် ကြုံရနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါဘုရားကို အားကိုးနိုင်လို့ ကျေးဇူးတင်စရာပါပဲ။ ရှေ့ဆောင်းပါးမှာ သိခဲ့ရတဲ့အတိုင်း ယေဟောဝါဟာ အသက်ရှင်နေတဲ့ ဘုရား ဖြစ်တယ်၊ ကျွန်တော်တို့ကို ကူညီဖို့ အမြဲ အသင့်ရှိတယ်။ ဘုရား ကူညီထောက်မပေးတာ ခံစားရတဲ့အခါ “ယေဟောဝါဟာ အသက်ရှင်နေတဲ့ ဘုရားပဲ” ဆိုတာ ပိုယုံကြည်စိတ်ချလာတယ်။ (ဆာလံ ၁၈:၄၆ ကို ဖတ်ပါ။) ယေဟောဝါကို “အသက်ရှင်နေတဲ့ ဘုရား” လို့ ခေါ်ပြီးနောက် “ငါ့ကျောက်ဆောင်” လို့ ဒါဝိဒ် ခေါ်ပြန်တယ်။ အသက်ရှင်နေတဲ့ ဘုရားကို သက်မဲ့ ကျောက်ဆောင်နဲ့ ဘာကြောင့် ခိုင်းနှိုင်းထားသလဲ။
2. Jehovah pen “keima Suangpi” cih David’ kammal bulphuhin bangteng sin ding i hiam?
၂ ယေဟောဝါကို ဘာကြောင့် ကျောက်ဆောင်နဲ့ ခိုင်းနှိုင်းထားသလဲ။ ဒီခိုင်းနှိုင်းချက်က ယေဟောဝါအကြောင်း ဘာသင်ပေးသလဲ။ ယေဟောဝါကို ဘယ်လိုနည်းနဲ့ ကိုယ့်ကျောက်ဆောင် ဖြစ်စေနိုင်မလဲ။ ကျောက်ဆောင်နဲ့ တူတဲ့ ဘုရားအရည်အသွေးတွေကို ဘယ်လို အတုယူနိုင်မလဲ။ ဒီဆောင်းပါးမှာ လေ့လာသွားပါမယ်။
ယေဟောဝါဟာ ဘာကြောင့် ကျောက်ဆောင် ဖြစ်သလဲ
3. “Suangpi” cih kammal pen Lai Siangtho-ah koi bangin kizang theizel a hiam? (Lim en in.)
၃ ယေဟောဝါရဲ့ အရည်အသွေးတချို့ကို သဘောပေါက်ဖို့ “ကျောက်ဆောင်” ဆိုတဲ့ စကားလုံးကို ကျမ်းစာမှာ သုံးလေ့ရှိတယ်။ အံ့ဖွယ်အရည်အသွေးတွေအတွက် ဘုရားကို ကျေးကျွန်တွေ ချီးမွမ်းချိန် တော်တော်များများမှာ ကျောက်ဆောင်ဆိုတဲ့ စကားလုံးကို သုံးကြတယ်။ တရားဟောရာ ၃၂:၄ မှာ ယေဟောဝါကို “ကျောက်ဆောင်” အဖြစ် ဦးဆုံးအကြိမ် ဖော်ပြထားတယ်။ “ဒို့ရဲ့ ဘုရားသခင်လို ခိုင်မြဲတဲ့ ကျောက်ဆောင်မျိုး မရှိပါဘူး” ဆိုပြီး ဟန္န ဆုတောင်းတယ်။ (၁ ရှ. ၂:၂) “ကျွန်တော့်ရဲ့ ကျောက်ဆောင်” ဆိုပြီး ဟဗက္ကုတ် ပြောတယ်။ (ဟဗ. ၁:၁၂) “ကျွန်တော့်ကျောက်ဆောင်” ဆိုပြီး ဆာလံ ၇၃ ကျမ်းရေးသူ ဖော်ပြတယ်။ (ဆာ. ၇၃:၂၆) ယေဟောဝါကိုယ်တိုင်တောင် မိမိကိုယ်ကိုယ် ကျောက်ဆောင်အဖြစ် ဖော်ပြတယ်။ (ဟေရှာ. ၄၄:၈) ကျောက်ဆောင်နဲ့ တူတဲ့ ဘုရားအရည်အသွေး သုံးမျိုးက ဘာလဲ။ ယေဟောဝါကို ကိုယ့် “ကျောက်ဆောင်ကြီး” ဘယ်လို ဖြစ်စေနိုင်သလဲ။—တရား. ၃၂:၃၁။
ယေဟောဝါဟာ လုံခြုံမှု ပေးနိုင်တဲ့ ကျောက်ဆောင်နဲ့ တူတယ်လို့ ဘုရားလူမျိုး ခံစားရတယ် (စာပိုဒ် ၃ ကို ကြည့်ပါ)
4. Jehovah pen koi bang danin bukna hi a hiam? (Late 94:22)
၄ ယေဟောဝါဟာ ခိုလှုံရာ ဖြစ်တယ်။ မိုးသက်မုန်တိုင်း ကျနေချိန် ကျောက်ဆောင်ကြီးအောက် ဝင်ပြီး အကာအကွယ် ယူနိုင်သလို ဘဝရဲ့ ခက်ခဲချိန်တွေမှာ ယေဟောဝါဆီ ပြေးဝင်ပြီး အကာအကွယ် ယူနိုင်တယ်။ ကျွန်တော်တို့ကို ယေဟောဝါ ဘေးကင်းလုံခြုံစေတယ်။ (ဆာလံ ၉၄:၂၂ ကို ဖတ်ပါ။) ထာဝစဉ် ထိခိုက်သွားစေလောက်တဲ့ အန္တရာယ်တွေကနေ ကာကွယ်ပေးတယ်။ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်စေတဲ့ အရာမှန်သမျှကို အနာဂတ်မှာ ဖယ်ရှားပေးမယ်လို့တောင် ကတိပေးထားတယ်။—ယေဇ. ၃၄:၂၅၊ ၂၆။
5. Jehovah pen koi bang danin i suangpi hisak thei i hiam?
၅ ယေဟောဝါကို ကိုယ့်ကျောက်ဆောင် ဖြစ်စေနိုင်တဲ့ တစ်နည်းကတော့ ဆုတောင်းခြင်းပါ။ ဆုတောင်းတဲ့အခါ စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေးမယ့် “ဘုရားသခင့်ငြိမ်သက်ခြင်း” ရလာတယ်။ (ဖိ. ၄:၆၊ ၇) ယုံကြည်ခြင်းကြောင့် အချုပ်ကျနေတဲ့ ညီအစ်ကို အာသမ်အကြောင်း သုံးသပ်ကြည့်ပါ။ ညီအစ်ကို အာသမ်ကို စစ်ကြောရေးမှူး ခဏခဏ ခေါ်စစ်တယ်။ ခြိမ်းခြောက်တယ်။ အရှက်ခွဲတယ်။ “စစ်ကြောရေးမှူး ခေါ်ပြီဆိုတာနဲ့ ကျွန်တော် စိတ်ဖိစီးနေပြီ။ . . . စိတ်ငြိမ်သက်ဖို့၊ ဉာဏ်ပညာ ရဖို့ ယေဟောဝါဆီ အမြဲ ဆုတောင်းတယ်။ စစ်ကြောရေးမှူး ဘာအကွက်ပဲ သုံးသုံး ကျွန်တော် တည်ကြည်နိုင်လို့ ပျော်တယ်။ . . . ယေဟောဝါရဲ့ အကူအညီကြောင့် ကျွန်တော်ဟာ ကျောက်တံတိုင်း နောက်ကွယ်မှာ ရပ်နေသလိုပဲ” လို့ ပြောတယ်။
6. Jehovah pen hun khempeuhah bang hangin muang thei i hiam? (Isaiah 26:3, 4)
၆ ယေဟောဝါကို အချိန်အခါမရွေး ယုံကြည်အားကိုးနိုင်တယ်။ ဘယ်အချိန်ဖြစ်ဖြစ် ကျောက်ဆောင်ဟာ သူ့နေရာနဲ့သူ ရှိနေသလို ကျွန်တော်တို့ အကူအညီ လိုတဲ့အချိန်တိုင်း ယေဟောဝါ ရှိတယ်။ “ထာဝရ ကျောက်ဆောင်” ဖြစ်လို့ ယုံကြည်အားကိုးနိုင်တယ်။ (ဟေရှာယ ၂၆:၃၊ ၄ ကို ဖတ်ပါ။) အမြဲ အသက်ရှင်နေတဲ့ ဘုရား ဖြစ်လို့ ကတိတွေ တည်နိုင်တယ်၊ ကျွန်တော်တို့ ဆုတောင်းသံတွေကို ကြားနိုင်တယ်၊ လိုတဲ့ အကူအညီ ပေးနိုင်တယ်။ ကျေးကျွန်တွေအပေါ် သစ္စာစောင့်သိတဲ့ ဘုရား ဖြစ်လို့ ကျွန်တော်တို့ ပေးဆက်ခဲ့တာတွေကို ဘယ်တော့မှ မမေ့ဘူး။ ဆုချမယ်။—၂ ရှ. ၂၂:၂၆။ ဟီ. ၆:၁၀။ ၁၁:၆။
7. Jehovah i muan ciangin bang hamphatna ngah i hiam? (Lim zong en in.)
၇ ယေဟောဝါကို အပြည့်အဝ ယုံကြည်အားကိုးခြင်းအားဖြင့် ကိုယ့်ကျောက်ဆောင် ဖြစ်စေနိုင်တယ်။ ခက်ခဲချိန်မှာတောင် ယေဟောဝါကို နာခံရင် အကျိုးရမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချကြတယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) ယေဟောဝါ ကူညီပေးတာ ကြုံရတိုင်း ယုံကြည်စိတ်ချမှု တိုးများလာတယ်။ စမ်းသပ်မှုတွေ ဘယ်လောက်ခက်ခက် ခံရပ်နိုင်အောင် ကူညီပေးနိုင်တာဆိုလို့ ယေဟောဝါပဲ ရှိတယ်ဆိုတာ ပိုယုံလာတယ်။ ယေဟောဝါကို အချိန်အခါမရွေး ယုံကြည်အားကိုးနိုင်တယ်ဆိုတာ ကူညီပေးမယ့်သူ တစ်ယောက်မှ မရှိတဲ့အချိန်မျိုးမှာ သိလာရတတ်တယ်။ “အချုပ်ကျနေချိန်ဟာ ဘုရားနဲ့ ဆက်ဆံရေး အခိုင်ခံ့ဆုံး အချိန်ပဲလို့ တပ်အပ် ပြောနိုင်တယ်။ အဲဒီအချိန်မှာ ကျွန်တော်တစ်ယောက်တည်း ဖြစ်နေတယ်။ အခြေအနေ ပြောင်းလဲအောင် ဘာမှ မလုပ်နိုင်ဘူး။ ဒါကြောင့် ယေဟောဝါကို ပိုအားကိုးတတ်လာတယ်” လို့ ညီအစ်ကို ဗလာဒီမာ ပြောတယ်။
ယေဟောဝါကို အပြည့်အဝ အားကိုးတာဟာ ကိုယ့်ကျောက်ဆောင် ဖြစ်စေတာပါပဲ (စာပိုဒ် ၇ ကို ကြည့်ပါ)
8. (a) Jehovah kip tawntung cih bang hangin gen thei i hiam? (b) Suangpi tawh a kibang Pasian i biak manin bang hamphatna ngah i hiam? (Late 62:6, 7)
၈ ယေဟောဝါဟာ မယိမ်းယိုင်ဘူး။ ကျောက်ဆောင်ကြီးလိုပဲ ယေဟောဝါဟာ ခိုင်ခံ့မြဲမြံတယ်။ မယိမ်းယိုင်ဘူး။ အရည်အသွေးတွေ၊ ရည်ရွယ်ချက်တွေ ဘယ်တော့မှ မပြောင်းလဲဘူး။ (မာလ. ၃:၆) မိမိကို အာဒံနဲ့ ဧဝ ပုန်ကန်ကြပေမဲ့ လူတွေအတွက် ရည်ရွယ်ချက်ကို ပြောင်းမပစ်ဘူး။ တမန်တော် ပေါလု ပြောသလိုပဲ ယေဟောဝါဟာ “မိမိစံနှုန်းကို ဆန့်ကျင်ပြီး မလုပ်ဘူး။” (၂ တိ. ၂:၁၃) ဘာတွေပဲဖြစ်ဖြစ်၊ ဘယ်သူတွေ ဘာပဲလုပ်လုပ် မိမိအရည်အသွေး၊ ရည်ရွယ်ချက်၊ စံနှုန်းတွေကနေ သွေဖည်ပြီး ဘယ်တော့မှ မလုပ်ဘူးလို့ ဆိုလိုနေတာပါ။ မယိမ်းယိုင်တဲ့ ဘုရား ဖြစ်လို့ ကျွန်တော်တို့ ခက်ခဲနေချိန်မှာ ကူညီပေးမယ်။ အနာဂတ်ကတိတွေကို ပြည့်စုံစေမယ်။—ဆာလံ ၆၂:၆၊ ၇ ကို ဖတ်ပါ။
9. Unaunu Tatyana’ tuahkhakna pan bang sin thei i hiam?
၉ ဘုရားအရည်အသွေးတွေအကြောင်း၊ ကမ္ဘာမြေနဲ့ လူတွေအတွက် ဘုရားရည်ရွယ်ချက်အကြောင်း တွေးတောခြင်းအားဖြင့်လည်း ဘုရားကို ကိုယ့်ကျောက်ဆောင် ဖြစ်စေနိုင်တယ်။ ဒီလိုတွေးတောတာက ခက်ခဲချိန်တွေမှာ မတုန်လှုပ်ဖို့၊ သစ္စာရှိဖို့ ကူညီပေးတယ်။ (ဆာ. ၁၆:၈) ယုံကြည်ခြင်းကြောင့် နေအိမ်အကျယ်ချုပ် ကျခဲ့တဲ့ ညီအစ်မ တာတယာနာအကြောင်း သုံးသပ်ကြည့်ပါ။ “နေအိမ်အကျယ်ချုပ် ချခံရချိန်မှာ ကျွန်မ တစ်ယောက်ဆိုမှ တစ်ယောက်တည်းပဲ။ . . . အစပိုင်းမှာ သိပ်ခက်တယ်။ ခဏခဏ စိတ်ဓာတ်ကျတယ်” လို့ ပြောတယ်။ ဒါပေမဲ့ ဘုရားအကြောင်း၊ ဘုရားရည်ရွယ်ချက်အကြောင်း တွေးလိုက်တဲ့အခါ ခံနိုင်ရည် ရှိဖို့ ဘာကြောင့် အရေးကြီးမှန်း သဘောပေါက်လာတယ်။ စိတ်တည်ငြိမ်လာတယ်။ ဆက်သစ္စာရှိဖို့ ခွန်အား ရလာတယ်။ “ဘာကြောင့် ဒါတွေ ဖြစ်နေတာလဲဆိုတာကို ပြန်စဉ်းစားလိုက်တော့ ယေဟောဝါဘုရားအတွက်ပဲဆိုတာ ပြန်အမှတ်ရလာတယ်။ အဲဒါက ကိုယ့်အကြောင်းချည်း ဆက်မတွေးမိဖို့ ကူညီပေးတယ်” လို့ ပြောတယ်။
10. Tu hunah Jehovah pen koi bang danin i Suangpi hisak thei i hiam?
၁၀ ခါတိုင်းထက် ယေဟောဝါကို ပိုကိုးစားမှ ရမယ့် သိပ်ခက်တဲ့ အခြေအနေတွေ မကြာခင် ကြုံရတော့မယ်။ ဒါကြောင့် အခုအချိန်ဟာ သစ္စာရှိရှိ ခံရပ်နိုင်ဖို့ လိုအပ်သမျှ ဘုရား ပြင်ဆင်ပေးမယ်ဆိုတဲ့ ယုံကြည်စိတ်ချမှု တိုးများအောင် လုပ်ရမယ့် အချိန်ပဲ။ ဘယ်လို တိုးများစေနိုင်မလဲ။ ကျမ်းမှတ်တမ်းတွေ၊ ဒီနေ့ခေတ် ဘုရားကျေးကျွန်တွေရဲ့ တွေ့ကြုံမှုတွေ ဖတ်ပါ။ ကျေးကျွန်တွေကို ထောက်မတဲ့အနေနဲ့ ကျောက်ဆောင်နဲ့ တူတဲ့ အရည်အသွေးတွေကို ဘုရား ဘယ်လို ပြခဲ့ကြောင်း သတိပြုပါ။ မှတ်တမ်းတွေကို လေးလေးနက်နက် တွေးတောပါ။ ဒါဆိုရင် ယေဟောဝါဟာ သင့်ကျောက်ဆောင် ဖြစ်လာမယ်။
ကျောက်ဆောင်နဲ့ တူတဲ့ ဘုရားအရည်အသွေးတွေကို အတုယူပါ
11. Suangpi tawh a kibang Pasian’ pianziate bang hangin etteh nuam i hiam? (“Khangno Unaupate Ading Ngimna” cih kiu li bawm en in.)
၁၁ ကျောက်ဆောင်နဲ့ တူတဲ့ ဘုရားအရည်အသွေးတွေအကြောင်း လေ့လာခဲ့ကြပြီ။ အဲဒီအရည်အသွေးတွေကို ဘယ်လို အတုယူနိုင်မလဲ။ ဘုရားအရည်အသွေးတွေကို ကြိုးစားအတုယူလေ ညီအစ်ကို/မတွေကို ခိုင်ခံ့မြဲမြံစေနိုင်လေ ဖြစ်လာမယ်။ ဥပမာ၊ ရှိမုန်ကို ကေဖ (ဂရိလို “ပေတရု”) လို့ ယေရှု နာမည် ပေးတယ်။ “ကျောက်ဆောင်” လို့ အဓိပ္ပာယ် ရတယ်။ (ယော. ၁:၄၂) ပေတရုဟာ ညီအစ်ကို/မတွေကို နှစ်သိမ့်ပေးသူ၊ ယုံကြည်ခြင်း ခိုင်ခံ့စေသူ ဖြစ်လာမယ်လို့ ယေရှု ဆိုလိုနေတာ။ အကြီးအကဲတွေဟာ “ကျောက်ဆောင်ကြီးအရိပ်လို ဖြစ်မယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ညီအစ်ကို/မတွေကို အကြီးအကဲတွေ ကာကွယ်ပေးမယ်လို့ ဆိုလိုနေတာ။ (ဟေရှာ. ၃၂:၂) ဒါပေမဲ့ ကျောက်ဆောင်နဲ့ တူတဲ့ ဘုရားအရည်အသွေးတွေကို ကျွန်တော်တို့အားလုံး အတုယူနိုင်တယ်။ အတုယူမယ်ဆိုရင် အချင်းချင်း အပြန်အလှန် အားပေးနိုင်မယ်။—ဧ. ၅:၁။
12. Midangte adingin koi bang danin bukna hithei i hiam?
၁၂ ခိုနားရာ ဖြစ်ပါ။ သဘာဝဘေးကြောင့်၊ စစ်ကြောင့် ညီအစ်ကို/မတွေ နေစရာ လိုလာတဲ့အခါ နေစရာ ပေးနိုင်တယ်။ “နောက်ဆုံးကာလ” ဟာ ခက်သည်ထက် ခက်လာလို့ အချင်းချင်း ကူညီပေးဖို့ အခွင့်အရေးတွေ ပိုများလာဦးမယ်။ (၂ တိ. ၃:၁) စိတ်ပိုင်း၊ ဝတ်ပြုရေးပိုင်းနဲ့ပတ်သက်လာရင်လည်း ညီအစ်ကို/မတွေအတွက် ခိုနားရာ ဖြစ်နိုင်ကြတယ်။ တစ်နည်းကတော့ အစည်းအဝေးခန်းမကို လာတဲ့အခါ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနှုတ်ဆက်ခြင်း၊ အသင်းတော်ကို နွေးထွေးတဲ့ ရိပ်မြုံ ဖြစ်စေခြင်းပါ။ ကျွန်တော်တို့ အသက်ရှင်နေရတဲ့ လောကဟာ ကြမ်းတမ်းခက်ထန်တယ်၊ မေတ္တာခေါင်းပါးတယ်၊ ဖိစီးမှုများတယ်။ ဒါကြောင့် အစည်းအဝေး လာတဲ့အခါ ညီအစ်ကို/မတွေကို မေတ္တာ၊ လုံခြုံမှု၊ လန်းဆန်းမှု ခံစားရစေချင်တယ်။
13. Midangte adingin pawlpi upate koi bang danin bukna hithei uh a hiam? (Lim zong en in.)
၁၃ သဘာဝမုန်တိုင်းဖြစ်ဖြစ်၊ ဘဝမုန်တိုင်းဖြစ်ဖြစ် ကြုံနေရတဲ့ ညီအစ်ကို/မတွေအတွက် အကြီးအကဲတွေဟာ ခိုနားရာ ဖြစ်နိုင်ကြတယ်။ ညီအစ်ကို/မတွေ သဘာဝဘေး ဒါမှမဟုတ် အရေးပေါ် ကျန်းမာရေးအခြေအနေ ကြုံရတဲ့အခါ ကူညီပေးနိုင်ဖို့ အကြီးအကဲတွေ ချက်ချင်း အရေးတယူ စီစဉ်ပေးကြတယ်။ ကျမ်းစာကို အခြေခံပြီး အားပေးကြတယ်။ ကြင်နာတတ်တဲ့၊ ကိုယ်ချင်းစာတတ်တဲ့၊ နားထောင်ပေးတတ်တဲ့ အကြီးအကဲ ဖြစ်မယ်ဆိုရင် ညီအစ်ကို/မတွေ အကူအညီ တောင်းဖို့ ပိုလွယ်မယ်။ အချစ်ခံရတယ်လို့ ခံစားရမယ်။ ကျမ်းစာအခြေပြု လမ်းညွှန်ချက်တွေကို လိုက်နာရတာ ပိုလွယ်မယ်။—၁ သက်. ၂:၇၊ ၈၊ ၁၁။
သဘာဝမုန်တိုင်းဖြစ်ဖြစ်၊ ဘဝမုန်တိုင်းဖြစ်ဖြစ် ကြုံရတဲ့ ညီအစ်ကို/မတွေအတွက် အကြီးအကဲတွေဟာ ခိုနားရာ ဖြစ် (စာပိုဒ် ၁၃ ကို ကြည့်ပါ)a
14. A muanhuai mi ihihlam koici lakkhia thei i hiam?
၁၄ ယုံကြည်အားကိုးရသူ ဖြစ်ပါ။ အထူးသဖြင့် တခြားသူတွေ ဒုက္ခရောက်ချိန်မှာ ယုံကြည်အားကိုးရတဲ့ လူစားမျိုး ကျွန်တော်တို့ ဖြစ်ချင်ကြတယ်။ (ပညာ. ၁၇:၁၇) ဘယ်လို ဖြစ်နိုင်မလဲ။ ကတိတည်ခြင်း၊ အချိန်တိကျခြင်း စတဲ့ ယေဟောဝါမှာ ရှိတဲ့ အရည်အသွေးတွေ ရှိလာဖို့ ကြိုးစားနိုင်တယ်။ (မ. ၅:၃၇) တစ်ယောက်ယောက် အကူအညီ လိုနေမှန်း သိရင် ကူညီပေးနိုင်တယ်။ အသင်းတော်တာဝန်တွေ ရတဲ့အခါ ညွှန်ကြားချက်ကို လိုက်နာပါ။
15. Pawlpi upate a muanhuai uh ciangin unaute in bang hamphatna ngah uh a hiam?
၁၅ အကြီးအကဲတွေ ယုံကြည်အားကိုးရရင် ညီအစ်ကို/မတွေ ဘာအကျိုးရသလဲ။ အကူအညီ လိုချိန်တိုင်း အမှုဆောင်အုပ်စု ကြီးကြပ်မှူးတွေ၊ အကြီးအကဲတွေကို ဆက်သွယ်နိုင်မှန်း ညီအစ်ကို/မတွေ သိထားရင် အားရှိတယ်။ အကြီးအကဲတွေ လိုလိုလားလား ကူညီပေးချင်မှန်း သိထားရင် အချစ်ခံရတယ်လို့ ခံစားရတယ်။ ကိုယ့်အမြင်ကို မဟုတ်ဘဲ ကျမ်းစာနဲ့ အဖွဲ့အစည်းစာပေတွေကို အခြေခံပြီး အကြီးအကဲတွေ အကြံပေးရင်၊ ကိုယ်ရေးကိုယ်တာကိစ္စတွေကို လျှို့ဝှက်ထားပေးရင်၊ ကတိတည်ရင် ပိုယုံကြည်စိတ်ချလာတယ်။
16. Kip takin om tawntung leng, ei mahmah le midang te’n zong bang hamphatna kingah a hiam?
၁၆ မယိမ်းယိုင်ပါနဲ့။ မှန်ရာကို အခိုင်အမာ ကိုင်စွဲထားရင်၊ ကျမ်းစာမူတွေကို အခြေခံပြီး ဆုံးဖြတ်ချက်တွေ ချရင် တခြားသူတွေအတွက် ကျွန်တော်တို့ စံနမူနာကောင်း ဖြစ်လာမယ်။ ယုံကြည်ခြင်းနဲ့ တိကျမှန်ကန်တဲ့ အသိပညာ တိုးလာတဲ့အခါ အမှန်တရားမှာ မယိမ်းယိုင်တော့ဘူး။ မပြတ်သားသူ၊ စိတ်မခိုင်သူ မဖြစ်တော့ဘူး။ သွန်သင်ချက်အမှားတွေ၊ လောကအတွေးအခေါ်တွေကြောင့် လေယူရာယိမ်းသူ မဖြစ်တော့ဘူး။ (ဧ. ၄:၁၄။ ယာ. ၁:၆-၈) ယေဟောဝါနဲ့ ယေဟောဝါရဲ့ ကတိတွေကို ယုံလို့ သတင်းဆိုးတွေ ကြားတဲ့အခါ မတုန်လှုပ်တော့ဘူး။ (ဆာ. ၁၁၂:၇၊ ၈) အခက်အခဲ ကြုံရသူတွေကိုတောင် ကူညီပေးနိုင်ကြမယ်။—၁ သက်. ၃:၂၊ ၃။
17. Pawlpi upa te’n unaute a kip nadingun koici huh thei uh a hiam?
၁၇ အကြီးအကဲတွေဟာ ပြုမူကျင့်ကြံပုံ အစွန်းမရောက်သူ၊ ချင့်ချိန်တတ်သူ၊ စည်းစနစ်ရှိသူ၊ အကျိုးသင့်အကြောင်းသင့်ရှိသူ ဖြစ်ရမယ်။ “စစ်မှန်တဲ့ တရားစကားကို လက်ကိုင်ပြုသူ ဖြစ်ရမယ်။” ဒါဆိုရင် အသင်းတော်ကို ခိုင်ခံ့မြဲမြံစေနိုင်မယ်။ (တိ. ၁:၉။ ၁ တိ. ၃:၁-၃) အကြီးအကဲတွေဟာ ကိုယ်တိုင် စံနမူနာကောင်း ပြခြင်း၊ သိုးထိန်းလည်ပတ်ခြင်းအားဖြင့် ညီအစ်ကို/မတွေ အမှုဆောင်လုပ်ငန်းမှာ မှန်မှန် ပါဝင်ဖို့၊ အစည်းအဝေး မှန်မှန် တက်ဖို့၊ ကိုယ်ပိုင်လေ့လာမှု မှန်မှန် လုပ်ဖို့ အားပေးကြတယ်။ တုန်လှုပ်စရာ ဖြစ်ရပ်တွေကို ညီအစ်ကို/မတွေ ကြုံတဲ့အခါ ဘုရားနဲ့ ဘုရားပေး ကတိတွေကို အာရုံစိုက်ဖို့ ကူညီပေးကြတယ်။
18. Bang hangin Jehovah phat nuam na hiam? Jehovah tawh bang hangin kinai semsem nuam na hiam? (“Jehovah Tawh Hong Kinai Semsemsak Ding Thute” cih kiu li bawm en in.)
၁၈ ယေဟောဝါရဲ့ အံ့ဖွယ်အရည်အသွေးတွေအကြောင်း သုံးသပ်ပြီးနောက် “ငါ့ရဲ့ ကျောက်ဆောင် ဖြစ်တဲ့ ယေဟောဝါကို ချီးမွမ်းကြပါစေ” လို့ ဘုရင် ဒါဝိဒ်လို ကျွန်တော်တို့ ကြွေးကြော်နိုင်ကြတယ်။ (ဆာ. ၁၄၄:၁) ဇရာအိုအရွယ် ရောက်သွားရင်တောင် “ငါ့ရဲ့ ကျောက်ဆောင်ပဲ” လို့ ဆက်ကြွေးကြော်နိုင်ပါလိမ့်မယ်။ (ဆာ. ၉၂:၁၄၊ ၁၅) ယေဟောဝါဟာ အမြဲ ယုံကြည်အားကိုးနိုင်လို့၊ မိမိနဲ့ ရင်းနှီးနေဖို့ ဆက်ကူညီပေးမှာ ဖြစ်လို့ပါပဲ။
LA 150 ကယ်တင်ခံရဖို့ ဘုရားသခင်ကို ရှာပါ
a ပုံအညွှန်း– အစည်းအဝေးခန်းမမှာ အကြီးအကဲနှစ်ယောက်ဆီ ညီအစ်မတစ်ယောက် ရှိန်မနေဘဲ စကားသွားပြော။