Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w23 November laim. 2-7
  • Jehovah In Paradais Kamciam Kipsak

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Jehovah In Paradais Kamciam Kipsak
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
  • Thuluneute
  • A Thu Kibang
  • JEHOVAH IN KAMCIAM HONG PIA
  • JEHOVAH IN A KAMCIAM KIPSAK
  • “TU-IN NA KHEMPEUH A THAKIN KA BAWL HI”
  • ‘HIH THUTE THUMANIN MUANTAAK HI. TU-IN MAN KHINTA!’
  • “ALFA LE OMEGA KA HI HI”
  • PARADAIS KAMCIAM I MUAN SEMSEM THEIH DAN
  • Mihingte Ading Pasian Ngimna In Bang A Hiam?
    Lai Siangtho In Bang Hong Sinsak A Hiam?
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
w23 November laim. 2-7

SIN DING THU 46

Jehovah In Paradais Kamciam Kipsak

“Leitungah thupha a ngente in thuman Pasian kiang pan thupha ngah ding hi.”—ISA. 65:16, New World Translation.

LA 3 တို့​မျှော်လင့်​ကိုးစားရာ

အကြို​သုံးသပ်ချက်a

1. Kamsang Isaiah in Israel-te bang theisak nuam a hiam?

ယေဟောဝါ​ကို “အမှန်တရားရဲ့ ဘုရားသခင်” လို့ ပရောဖက် ဟေရှာယ ခေါ်ထားတယ်။ “အမှန်တရား” လို့ ပြန်ဆိုတဲ့ စကားလုံးဟာ “အာမင်” လို့ အဓိပ္ပာယ် ရတယ်။ (ဟေရှာ. ၆၅:၁၆) “အာမင်” ဆိုတာ “ပြောတဲ့​အတိုင်း ဖြစ်ပါစေ၊” “ဧကန်​မုချ ဖြစ်ပါစေ” ဆိုတဲ့ အဓိပ္ပာယ် ဖြစ်တယ်။ ယေဟောဝါ၊ ယေရှု​တို့​ရဲ့ အဆို​တစ်ခုခု မှန်တယ်ဆိုတာ ဖော်ပြဖို့ ကျမ်းစာမှာ “အာမင်” ဆိုတဲ့ စကားလုံး သုံးလေ့​ရှိတယ်။ ဒီတော့ အစ္စရေးတွေ​ကို ဟေရှာယ သိစေချင်​တာက ယေဟောဝါ ကြိုပြောတာ​တွေ အမြဲ စိတ်ချ​လို့ ရတယ်​ဆိုတာပဲ။ ကတိ တစ်ခု​မကျန် ပြည့်စုံစေ​ခြင်း​အားဖြင့် စိတ်ချ​လို့ ရ​ကြောင်း ယေဟောဝါ သက်သေပြတယ်။

2. Mailam hun tawh kisai-a Pasian’ kamciamte bang hangin muang thei i hiam? Bang dotnate kikum ding i hiam?

၂ အနာဂတ် ဘုရား​ကတိတွေကို ကျွန်တော်တို့​ကော စိတ်ချ​လို့ ရ​သ​လား။ စိတ်ချ​လို့ ရတဲ့ အကြောင်းရင်းကို ဟေရှာယ​ခေတ်​ပြီးနောက် အနှစ် ၈၀၀ နီးပါး​မှာ တမန်တော် ပေါလု ရှင်းပြတယ်။ “ဘုရားသခင်​ဘက်​က မုသား ပြောဖို့​ဆိုတာ မဖြစ်နိုင်ဘူး” တဲ့။ (ဟီ. ၆:၁၈) စမ်းရေ တစ်​ပေါက်​တည်း​ကနေ ရေချို​ရော ရေငန်ပါ မ​ထွက်​နိုင်​သ​လို အမှန်တရားရဲ့ ဘုရားသခင် ယေဟောဝါဆီက မုသား မ​ထွက်​နိုင်​ဘူး။ အနာဂတ် ကတိ​အားလုံး အပါအဝင် ယေဟောဝါ ပြောသမျှ အကြွင်းမဲ့ ယုံလို့ ရတယ်။ ဒါဆိုရင် အနာဂတ်နဲ့​ပတ်သက်ပြီး ယေဟောဝါ ဘာကတိ​ပေးသလဲ။ ကတိ ပြည့်စုံလာမယ်ဆိုတာ ဘယ်လို အာမခံသလဲ။ ဒီ​မေးခွန်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေး​ကြ​မယ်။

JEHOVAH IN KAMCIAM HONG PIA

3. (a) Pasian’ silate in bang kamciam deih mahmah uh a hiam? (Mangmuhna 21:3, 4) (b) Hih kamciam i gen ciangin mi pawlkhat in koi bangin hong dawngkik uh a hiam?

၃ အခု ဆွေးနွေးမယ့် ကတိကို ကမ္ဘာတစ်ဝန်းက ဘုရား​ကျေးကျွန်တွေ သိပ်​မြတ်နိုးကြတယ်။ (ဗျာဒိတ် ၂၁:၃၊ ၄ ကို ဖတ်ပါ။) အနာဂတ်မှာ ‘သေခြင်း၊ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်း မရှိတော့ဘူး’ လို့ ယေဟောဝါ ကတိပေးတယ်။ တခြားသူတွေကို သတင်းကောင်း ပြောတဲ့အခါ ပရဒိသု အသက်တာ​အကြောင်း စိတ်​ချမ်းသာ​စ​ရာ ဒီကျမ်းပိုဒ်ကို ကျွန်တော်တို့ ဖတ်ပြတတ်​ကြတယ်။ တချို့ ဘယ်လို တုံ့ပြန်​ကြ​သလဲ။ “ကောင်းလွန်း​နေတယ်။ ဟုတ်​ကော ဟုတ်ပါ့မလား” လို့ ပြောကြတယ်။

4. (a) Ei hun tawh kisai-in Jehovah in bang theikhol a hiam? (b) Kamciam hong piak banah bang sem lai a hiam?

၄ ပရဒိသု အသက်တာ​အကြောင်း တမန်တော် ယောဟန်ကို မှတ်တမ်းတင်​ခိုင်း​တုန်းက ကျွန်တော်တို့​ခေတ်​နဲ့ပတ်သက်ပြီး ယေဟောဝါ ဘာကြိုသိ​နေသလဲ။ တခြားသူတွေကို သတင်းကောင်း ဟောတဲ့အခါ ဒီ​မျှော်လင့်ချက် ကျွန်တော်တို့ ပြောပြမယ်​ဆိုတာ သိနေတယ်။ “အသစ်​သော​အရာတွေအကြောင်း” ဒီ​ကတိကို လူများစွာ ယုံဖို့ ခက်မယ်ဆိုတာ​လည်း သိနေတယ်။ (ဟေရှာ. ၄၂:၉။ ၆၀:၂။ ၂ ကော. ၄:၃၊ ၄) ဗျာဒိတ် ၂၁:၃၊ ၄ မှာ ပါတဲ့ ကောင်းချီးတွေ တကယ် ခံစားရမယ်ဆိုတာ ကိုယ်တိုင်နဲ့ တခြားသူတွေ စိတ်ချလာဖို့ ဘာလုပ်နိုင်သလဲ။ ယေဟောဝါက စိတ်​ချမ်းသာ​စ​ရာ ဒီ​ကတိကို ပေးရုံ ပေးတာ မဟုတ်ဘူး။ ယုံလို့ ရတဲ့ အကြောင်းရင်းတွေ​လည်း ပြောတယ်။ ဘာအကြောင်းရင်းတွေလဲ။

JEHOVAH IN A KAMCIAM KIPSAK

5. Paradais kamciam i muan theihna a hangte Lai Siangtho-ah koi bangin gen a hiam?

၅ နောက်​အခန်းငယ်​တွေ​မှာ ပရဒိသု ကတိကို ယုံလို့ ရတဲ့ အကြောင်းရင်းတွေ တွေ့ရတယ်။ “ရာဇပလ္လင်ပေါ် ထိုင်နေတဲ့ ဘုရားသခင်က ‘အရာခပ်သိမ်း​ကို ငါ အသစ်​ဖန်ဆင်း​နေတယ်’ လို့ ပြောတယ်။ ပြီးတော့ ‘ဒါဟာ သစ္စာ​စကား၊ ဟုတ်မှန်တဲ့​စကား ဖြစ်တဲ့အတွက် ရေးမှတ်​ထားပါ’ လို့လည်း ပြောတယ်။ အဲဒီနောက် ဘုရားသခင်က ကျွန်တော့်ကို ပြောတယ်– ‘အဲဒီစကား​အတိုင်း ဖြစ်နေပြီ။ ငါဟာ အာလဖ​နဲ့ သြမေဃ ဖြစ်တယ်၊ အစနဲ့ အဆုံး ဖြစ်တယ်’” လို့ ဖတ်ရတယ်။—ဗျာ. ၂၁:၅၊ ၆။

6. Mangmuhna 21:5, 6-a thute in Pasian’ kamciam bang hangin hong muangsak semsem a hiam?

၆ ဒီကျမ်းပိုဒ်က ဘုရား​ကတိကို ဘာကြောင့် ပိုယုံကြည်​စိတ်ချစေသလဲ။ “ယေဟောဝါ​ကိုယ်တော်တိုင်​က သစ္စာရှိ လူသားများ​အတွက် ထို​အနာဂတ် ကောင်းချီးများ ရပိုင်သော အာမခံချက် သို့မဟုတ် ပိုင်ဆိုင်ခွင့် စာချုပ်​စာတမ်း​ကို လက်မှတ်​ရေးထိုးတော်မူသည့်​အ​လား ဖြစ်၏” လို့ ဒီကျမ်းပိုဒ်နဲ့​ပတ်သက်ပြီး ဗျာဒိတ်​ကျမ်း အထွတ်အထိပ် စာအုပ်မှာ ဖော်ပြတယ်။b ဒါကြောင့် ဗျာဒိတ် ၂၁:၃၊ ၄ မှာ ပါတာက ဘုရား​ကတိ ဖြစ်ပြီး အခန်းငယ် ၅ နဲ့ ၆ မှာ ပါတာက ဘုရားရဲ့ အာမခံချက် ဖြစ်တယ်။ ကတိ တကယ် ပြည့်စုံလာမယ်ဆိုတာ အာမခံ​တဲ့​အနေနဲ့ လက်မှတ်ထိုး​ထား​သ​လို​ပါပဲ။ ဘယ်လို အာမခံသလဲ ကြည့်ရအောင်။

7. Pasian’ kamciam tawh kisai-a a thupat dan bang hangin lamdang a hiam?

၇ “ရာဇပလ္လင်ပေါ် ထိုင်နေတဲ့ ဘုရားသခင်” ဆိုပြီး ဗျာဒိတ် ၂၁:၅ ကို နိဒါန်းပျိုး​ထားတယ်။ အဲဒီနောက် ပြောတဲ့ စကားဟာ ဗျာဒိတ်​ကျမ်းမှာ ယေဟောဝါ​ကိုယ်တိုင် ပြောတဲ့ စကား သုံးခွန်း​ထဲက တစ်ခွန်း ဖြစ်တယ်။ ဒီတော့ တန်ခိုးကြီး ကောင်းကင်တမန်ကတစ်ဆင့်၊ ရှင်ပြန်​ထမြောက်ပြီး​သား ယေရှုကတစ်ဆင့် အာမခံ​နေတာ မဟုတ်ဘူး။ ယေဟောဝါ​ကိုယ်တိုင် အာမခံ​နေတာ။ ဆက်​ပြော​မယ့် စကားကို အကြွင်းမဲ့ ယုံလို့ ရတယ်ဆိုတာ ဒီအချက်က ပေါ်လွင်​စေ​တယ်။ ယေဟောဝါ “မုသာ မ​သုံး” လို့​ပဲ။ (တိ. ၁:၂) ဗျာဒိတ် ၂၁:၅၊ ၆ မှာ ပါတဲ့ စကားတွေကို တကယ် ယုံလို့ ရတယ်။

“TU-IN NA KHEMPEUH A THAKIN KA BAWL HI”

8. Jehovah in a kamciam hong tangtun ding thu a thupisak na-in bang gen a hiam? (Isaiah 46:10)

၈ အဲဒီနောက် “အရာခပ်သိမ်း​ကို ငါ အသစ်​ဖန်ဆင်း​နေတယ်” လို့ ယေဟောဝါ ပြောတယ်။ တကယ်တော့ အနာဂတ်မှာ လုပ်ပေးမယ့်​အရာတွေအကြောင်း ပြောနေတာ။ ဒါပေမဲ့ သေချာ​လွန်းလို့ ဖန်ဆင်း​နေတယ်လို့​ကို ပြောထားတယ်။—ဟေရှာယ ၄၆:၁၀ ကို ဖတ်ပါ။

9. (a) “Tu-in na khempeuh a thakin ka bawl hi,” cih in bang a cihnopna hiam? (b) Tu-a “vantung” le “leitung” bang piang ding a hiam?

၉ “အရာခပ်သိမ်း​ကို ငါ အသစ်​ဖန်ဆင်း​နေတယ်” ဆိုတာ ဘာကို ဆိုလိုသလဲ။ အစားထိုးခြင်း၊ နဂို​အတိုင်း ပြန်ကောင်း​စေ​ခြင်း​ဆိုတဲ့ ယေဟောဝါ လုပ်မယ့်​အရာ နှစ်ခုကို ဆိုလိုတယ်။ ပထမ၊ ယေဟောဝါ ဘာကို အစားထိုး​မလဲ။ ‘အရင်​ကောင်းကင်နဲ့ အရင်​မြေကြီး ကွယ်ပျောက်​ပြီ’ လို့ ဗျာဒိတ် ၂၁:၁ မှာ ဖတ်ရတယ်။ “အရင်​ကောင်းကင်” ဆိုတာ စာတန်နဲ့ နတ်ဆိုးတွေရဲ့ ဩဇာ​အောက်မှာ ရှိတဲ့ အစိုးရတွေ ဖြစ်တယ်။ (မ. ၄:၈၊ ၉။ ၁ ယော. ၅:၁၉) ကျမ်းစာမှာ “မြေကြီး” လို့ သုံးတဲ့အခါ မြေကြီးသား၊ လူသားတွေကို ရည်ညွှန်းလေ့​ရှိတယ်။ (ဆာ. ၉၆:၁) ဒါကြောင့် “အရင်​မြေကြီး” ဆိုတာ လက်ရှိ ဆိုးညစ်တဲ့ လူ့ဘောင် အဖွဲ့အစည်း ဖြစ်တယ်။ လက်ရှိ “ကောင်းကင်” နဲ့ “မြေကြီး” ကို ယေဟောဝါ ပြုပြင်​မွမ်းမံရုံ မွမ်းမံ​မှာ မဟုတ်ဘူး။ လုံးဝ ဖျက်​လိုက်​မှာ။ ပြီးရင် “ကောင်းကင်​သစ်၊” “မြေကြီး​သစ်” နဲ့ အစားထိုး​မယ်။ “ကောင်းကင်​သစ်၊” “မြေကြီး​သစ်” ဆိုတာ အစိုးရသစ်၊ လူ့ဘောင် အဖွဲ့အစည်း​သစ်​ကို ဆိုလိုတယ်။

10. Jehovah in bangteng a thak bangin bawl ding a hiam?

၁၀ ဒုတိယ၊ ဘာတွေကို ယေဟောဝါ နဂို​အတိုင်း ပြန်ကောင်း​စေ​မလဲ။ ကမ္ဘာမြေနဲ့ လူတွေကို ပြန်​ကုစား​ပေးခြင်းအားဖြင့် အသစ်​လို ဖြစ်သွား​စေမယ်။ ဟေရှာယ ကြို​ဟောသလို ကမ္ဘာ​တစ်ခုလုံးကို ဧဒင်ဥယျာဉ်​လို နေချင်စဖွယ် ဖြစ်စေမယ်။ ခြေဆွံ့သူ၊ မျက်မမြင်၊ နားမကြား​သူတွေကို ကုပေးမယ်။ သေဆုံးသွားသူတွေကို အသက်ပြန်ရှင်​စေမယ်။ ဒီနည်းနဲ့ လူ​တစ်ယောက်ချင်းစီ​ကို အသစ်​လို ဖြစ်စေမယ်။ နဂို​အတိုင်း ပြန်ကောင်း​စေမယ်။—ဟေရှာ. ၂၅:၈။ ၃၅:၁-၇။

‘HIH THUTE THUMANIN MUANTAAK HI. TU-IN MAN KHINTA!’

11. Jehovah in Johan bang thupia a hiam? Bang hang hiam?

၁၁ ယေဟောဝါ အာမခံ​တဲ့​အနေနဲ့ ဘာဆက်​ပြောသလဲ။ “ဒါဟာ သစ္စာ​စကား၊ ဟုတ်မှန်တဲ့​စကား ဖြစ်တဲ့အတွက် ရေးမှတ်​ထားပါ” လို့ ပြောတယ်။ (ဗျာ. ၂၁:၅) “ရေးမှတ်​ထားပါ” လို့​ပဲ မပြောဘူး။ အကြောင်းရင်း ထည့်ပြောတယ်။ “ဒါဟာ သစ္စာ​စကား၊ ဟုတ်မှန်တဲ့​စကား ဖြစ်တဲ့အတွက်” တဲ့။ ယေဟောဝါ ခိုင်းတဲ့​အတိုင်း ယောဟန် “ရေးမှတ်ထား” တာ ကျေးဇူးတင်စရာပါပဲ။ ဒီလို ရေးမှတ်ထား​လို့သာ ပရဒိသု ကတိ​အကြောင်း ကျွန်တော်တို့ ဖတ်​နိုင်​တာ။ အနာဂတ် ကောင်းချီးတွေ တွေးတော​ဆင်ခြင်​နိုင်​တာ။

12. “Tu-in man khinta!” ci-in Jehovah in bang hangin gen a hiam?

၁၂ “အဲဒီစကား​အတိုင်း ဖြစ်နေပြီ” လို့ ဘုရား ဆက်ပြောတယ်။ (ဗျာ. ၂၁:၆) “ဖြစ်နေပြီ” လို့ ဘာကြောင့် ပြောသလဲ။ ဖြစ်​မလာအောင် ဘာကမှ မတားဆီး​နိုင်လို့ပဲ။ ကတိ တကယ် ပြည့်စုံလာမယ်ဆိုတာ အာမခံ​တဲ့​အနေနဲ့ ယေဟောဝါ ဆက်ပြောတာ ရှိသေးတယ်။ ဘာများလဲ။

“ALFA LE OMEGA KA HI HI”

13. “Alfa le Omega ka hi hi,” ci-in Jehovah in bang hangin gen a hiam?

၁၃ အစောပိုင်းမှာ ဖော်ပြတဲ့​အတိုင်း စိတ်အာရုံမှာ ယေဟောဝါ​ကိုယ်တိုင် ယောဟန်ကို သုံးကြိမ် စကားပြောတယ်။ (ဗျာ. ၁:၈။ ၂၁:၅၊ ၆။ ၂၂:၁၃) သုံးကြိမ်​စလုံး​မှာ “ငါဟာ အာလဖ​နဲ့ သြမေဃ ဖြစ်တယ်” လို့ ပြောတယ်။ ဂရိ အက္ခရာ​မှာ အာလဖ​ဟာ ဦးဆုံး ဖြစ်ပြီး ဩမေဃ​ဟာ နောက်ဆုံး ဖြစ်တယ်။ ဒါကြောင့် “အာလဖ​နဲ့ သြမေဃ” လို့ ယေဟောဝါ ပြောတာ​ဟာ တစ်ခုခုကို စပြီးရင် အောင်အောင်မြင်မြင် အဆုံး​သတ်မယ်လို့ ပြောလိုက်တာပဲ။

ရုပ်ပုံ။ ယေဟောဝါရဲ့ ရည်ရွယ်ချက် ပြည့်စုံလာ။ ၁။ “အာလဖ။” ဧဒင်ဥယျာဉ်မှာ အာဒံနဲ့ ဧဝ။ ၂။ ပုန်ကန်မှုရဲ့ အကျိုးဆက်ကို ဖော်ပြထား။ ကောင်းကင်တမန်ဆိုး စာတန်၊ သက်ကြီး အာဒံနဲ့ ဧဝ၊ ဘေဘယ်ရဲတိုက်၊ သင်္ချိုင်း၊ စစ်သား၊ တင့်ကား၊ စစ်လေယာဉ်၊ စက်ရုံက ထွက်တဲ့ မီးခိုး၊ ဆန္ဒပြသူတွေ။ ရည်ရွယ်ချက်ကို ယေဟောဝါ ဆက်အကောင်အထည် ဖော်ပုံကို နောက်ရုပ်ပုံ နှစ်ပုံမှာ ဖော်ပြထား။ ရွေးဖိုး အစီအစဉ်ကို ယေရှု သစ်တိုင်တင်ခံရပုံနဲ့ ပုံဖော်ထား။ အာဒံ၊ ဧဝရဲ့ ဖြောင့်မတ်တဲ့ သားစဉ်မြေးဆက်ကို ရှေးခေတ်နဲ့ အခုခေတ် ဘုရားကျေးကျွန်တွေနဲ့ ပုံဖော်ထား။ ၃။ “ဩမေဃ။” ပရဒိသုမှာ လူတွေ စည်းစည်းလုံးလုံး၊ ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်နေ။

ယေဟောဝါ တစ်ခုခု စပြီ​ဆိုရင် အောင်အောင်မြင်မြင် အဆုံးသတ် (စာပိုဒ် ၁၄၊ ၁၇ ကို ကြည့်ပါ)

14. (a) Jehovah pen bang hunah “Alfa” kici a, bang hunah “Omega” kici a hiam? Gentehna pia in. (b) Piancilna 2:1-3 in bang thu kipsak a hiam?

၁၄ အာဒံ၊ ဧဝ​ကို ဖန်ဆင်း​ပြီးနောက် လူတွေနဲ့ ကမ္ဘာမြေ​အတွက် မိမိ​ရည်ရွယ်ချက်​နဲ့ပတ်သက်ပြီး “သားသမီးတွေ အများကြီး မွေးကြ။ ကမ္ဘာမြေကို ပြည့်​စေ​ပြီး အုပ်ထိန်း​ကြ” လို့ ယေဟောဝါ ပြောတယ်။ အဲဒီနောက် သူတို့ကို ကောင်းချီးပေးတယ်။ (က. ၁:၂၈) “အာလဖ” လို့ ပြောလိုက်တဲ့ သဘောပါပဲ။ ရည်ရွယ်ချက်​အတိုင်း အာဒံ၊ ဧဝ​ရဲ့ စုံလင်​ပြီး နာခံမှု ရှိတဲ့ သားစဉ်မြေးဆက်​တွေ ကမ္ဘာမြေမှာ ပြည့်​သွားပြီး ပရဒိသုအဖြစ် ပြောင်းလဲ​မယ့်​အချိန်ဟာ “ဩ​မေ​ဃ” လို့ ပြော​မယ့်​အချိန်​ပဲ။ “ကောင်းကင်နဲ့ မြေကြီးကို၊ အဲဒါတွေ​ပေါ် ရှိသမျှကို ဖန်ဆင်းပြီး” နောက် ကမ္ဘာဦး ၂:၁-၃ မှာ ယေဟောဝါ ပြောတဲ့ စကားက ရည်ရွယ်ချက် ကျိန်းသေ ပြည့်စုံလာမယ်ဆိုတာ အာမခံ​နေတယ်။ (ဖတ်ပါ။) သတ္တမ​နေ့ကို မြင့်မြတ်တဲ့ နေ့​လို့ ယေဟောဝါ သတ်မှတ်တယ်။ အောက်ခြေမှတ်ချက်​အရ အထူး​ရည်ရွယ်ချက်​အတွက် သီးသန့်​ဖယ်ထားတယ်။ လူတွေနဲ့ ကမ္ဘာမြေ​အတွက် ရည်ရွယ်ချက် ပြည့်စုံ​လာဖို့ သီးသန့်​ဖယ်​ထားတာ။ ဒါကြောင့် သတ္တမနေ့​အကုန်မှာ ရည်ရွယ်ချက် ပြည့်စုံ​မယ်​ဆိုတဲ့ အဓိပ္ပာယ်​ပဲ။

15. Satan in mihingte adinga Pasian’ ngimna a susia zo tawh bang hangin kibang a hiam?

၁၅ အာဒံ၊ ဧဝ ပုန်ကန်​တော့ အပြစ်သားတွေ ဖြစ်သွား​ကြတယ်။ အပြစ်နဲ့ သေခြင်းကို သားစဉ်မြေးဆက်​တွေ အမွေ​ရသွားကြတယ်။ (ရော. ၅:၁၂) စုံလင်​ပြီး နာခံမှု ရှိတဲ့ လူတွေ ကမ္ဘာမြေမှာ ပြည့်​နေဖို့​ဆိုတဲ့ ဘုရား​ရည်ရွယ်ချက်ကို စာတန် ဖျက်​လိုက်​နိုင်​ပုံ​ပဲ။ “ဩ​မေ​ဃ” လို့ ယေဟောဝါ ဘယ်တော့မှ မပြော​နိုင်အောင် လုပ်လိုက်​နိုင်​ပုံ​ပဲ။ ယေဟောဝါ ရွေး​စ​ရာ လမ်း မရှိတော့ဘူးလို့ စာတန် ထင်​မိ​နိုင်တယ်။ လူတွေ​အတွက် ရည်ရွယ်ချက် ပြည့်စုံစေဖို့​ဆိုရင် အာဒံနဲ့ ဧဝ​ကို ဖျက်ဆီး၊ စုံလင်တဲ့ မောင်နှံတစ်စုံ ထပ်​ဖန်ဆင်း​မှ​ပဲ ရတော့မယ်​ပေါ့။ အဲဒီလိုသာ​ဆိုရင် ဘုရား မုသား သုံးတယ်လို့ စာတန် ပြောတော့​မှာ။ ဘာကြောင့်လဲ။ ကမ္ဘာဦး ၁:၂၈ အရ ယေဟောဝါ ကတိ​ပေးထားတာက အာဒံ၊ ဧဝ​ရဲ့ သားစဉ်မြေးဆက်​တွေ ကမ္ဘာမြေမှာ ပြည့်စေဖို့ ဖြစ်လို့ပဲ။

16. Jehovah guallel ta ci-in Satan in bang hangin ngaihsun khathei a hiam?

၁၆ ဘုရား ဘယ်​လမ်း ရွေး​မယ်​လို့ စာတန် ထင်​နိုင်​သေးသလဲ။ အာဒံနဲ့ ဧဝ သားသမီး မွေးပါလေ့စေ၊ ဘယ်တော့မှ စုံလင်​မ​လာကြ​ရင်​လည်း နေပါစေ​တော့​ဆိုပြီး ဘုရား ခွင့်ပြု​ရတော့မယ်​လို့ ထင်​နေနိုင်တယ်။ (ဒေ. ၇:၂၀။ ရော. ၃:၂၃) အဲဒီလိုသာ​ဆိုရင် ဘုရားကို အရှုံးသမားလို့ စာတန် ပြောတော့​မှာ။ ဘာကြောင့်လဲ။ အာဒံ၊ ဧဝ​ရဲ့ စုံလင်​ပြီး နာခံမှု ရှိတဲ့ သားစဉ်မြေးဆက်​တွေ ပရဒိသု ကမ္ဘာမြေမှာ ပြည့်နေဖို့​ဆိုတဲ့ ဘုရား​ရည်ရွယ်ချက် ပြည့်စုံ​တော့​မှာ မဟုတ်လို့​ပဲ။

17. Satan le nupa masate’ langpanna pen Jehovah in koi bangin siangsak a hiam? Bangteng hong piang ding a hiam? (Lim zong en in.)

၁၇ စာတန်နဲ့ ပထမ လူသား မောင်နှံရဲ့ ပုန်ကန်မှု​ကို ယေဟောဝါ ဖြေရှင်းပုံ​ကြောင့် စာတန် ငုတ်တုတ်​မေ့သွား​မှာ​ပဲ။ (ဆာ. ၉၂:၅) အာဒံနဲ့ ဧဝ သားသမီး မွေးဖို့ ယေဟောဝါ ခွင့်ပြုလိုက်တယ်။ မုသား မသုံးဘူး၊ ကတိတည်တယ်​ဆိုတာ ပြလိုက်တာပဲ။ အာဒံ၊ ဧဝ​ရဲ့ နာခံမှု ရှိတဲ့ သားစဉ်မြေးဆက်​တွေ​ကို ကယ်ဖို့ “မျိုးနွယ်” ပေါ်လာ​စေ​ခြင်း​အားဖြင့် ရည်ရွယ်ချက် မ​ပြည့်​ပြည့်​အောင် စီစဉ်တယ်။ အရှုံးသမား မဟုတ်ဘူး၊ အောင်နိုင်သူ​ဆိုတာ ပြလိုက်တာပဲ။ (က. ၃:၁၅။ ၂၂:၁၈) ဒီလိုမျိုး ရွေးဖိုး အစီအစဉ် ရှိလာမယ်​လို့ စာတန် စဉ်းတောင် စဉ်းစားမိ​မှာ မဟုတ်ဘူး။ ရွေးဖိုး အစီအစဉ်ဟာ ကိုယ်ကျိုးမဖက်​တဲ့ မေတ္တာကို အခြေခံပြီး ဒီလို​မေတ္တာဟာ စာတန်​မှာ လုံးဝ မရှိတဲ့ အရည်အသွေး ဖြစ်လို့ပဲ။ (မ. ၂၀:၂၈။ ယော. ၃:၁၆) ရွေးဖိုး အစီအစဉ်​ကြောင့် ဘာတွေ ဖြစ်မြောက်​လာမလဲ။ ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှု​အကုန်မှာ အာဒံ၊ ဧဝ​ရဲ့ စုံလင်​ပြီး နာခံမှု ရှိတဲ့ သားစဉ်မြေးဆက်​တွေ ပရဒိသု ကမ္ဘာမြေမှာ နေ​ကြ​မယ်။ ယေဟောဝါ မူလ ရည်ရွယ်ထားသလို​ပေါ့။ အဲဒီအချိန်ဟာ “ဩ​မေ​ဃ” လို့ ပြော​မယ့်​အချိန်​ပဲ။

PARADAIS KAMCIAM I MUAN SEMSEM THEIH DAN

18. Pasian in bang a muanhuai thu thum hong pia a hiam? (“Jehovah Kamciam I Muan Theihna A Hang Thu Thum” cih kiu li bawm zong en in.)

၁၈ ကမ္ဘာမြေ ပရဒိသု ဖြစ်လာမယ်​ဆိုတာ မယုံ​သူတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးခဲ့တဲ့ ဘယ်​အာမခံချက်​တွေ ပြောပြလို့ ရသလဲ။ ပထမ၊ ယေဟောဝါ​ကိုယ်တိုင် ကတိပေးတယ်။ “ရာဇပလ္လင်ပေါ် ထိုင်နေတဲ့ ဘုရားသခင်က ‘အရာခပ်သိမ်း​ကို ငါ အသစ်​ဖန်ဆင်း​နေတယ်’ လို့ ပြောတယ်။” ကတိ ပြည့်စုံစေဖို့ ဉာဏ်ပညာ၊ တန်ခိုး၊ ဆန္ဒ ဘုရား​မှာ ရှိတယ်။ ဒုတိယ၊ သေချာ​လွန်းလို့ ယေဟောဝါ​အမြင်မှာ ပြည့်စုံ​ပြီး​သ​လို​တောင် ဖြစ်နေပြီ။ ဒါကြောင့်​လည်း “ဒါဟာ သစ္စာ​စကား၊ ဟုတ်မှန်တဲ့ စကား။ . . . အဲဒီစကား​အတိုင်း ဖြစ်နေပြီ” လို့ ပြောတာ။ တတိယ၊ ယေဟောဝါ တစ်ခုခု စပြီ​ဆိုရင် အောင်အောင်မြင်မြင် အဆုံးသတ်​မယ်။ ဒါကြောင့်​လည်း “ငါဟာ အာလဖ​နဲ့ သြမေဃ ဖြစ်တယ်” လို့ ပြောတာ။ စာတန်​သာ မုသာကောင်၊ အရှုံးသမား ဖြစ်ကြောင်း ယေဟောဝါ သက်သေပြ​လိမ့်မယ်။

ယေဟောဝါရဲ့ ကတိကို ယုံကြည်​စိတ်ချနိုင်တဲ့ အကြောင်းရင်း သုံးခု

ရောင်ခြည် ဖြာထွက်နေတဲ့ ပလ္လင်က ယေဟောဝါကို ကိုယ်စားပြု။
  • “ရာဇပလ္လင်ပေါ် ထိုင်နေတဲ့ ဘုရားသခင်က ‘အရာခပ်သိမ်း​ကို ငါ အသစ်​ဖန်ဆင်း​နေတယ်’ လို့ ပြောတယ်။”—ဗျာ. ၂၁:၅

သားရေ ပုရပိုက်မှာ တမန်တော် ယောဟန် စာရေးနေ။
  • “ဒါဟာ သစ္စာ​စကား၊ ဟုတ်မှန်တဲ့​စကား ဖြစ်တဲ့အတွက် ရေးမှတ်​ထားပါ။ . . . အဲဒီစကား​အတိုင်း ဖြစ်နေပြီ။” —ဗျာ. ၂၁:၅၊ ၆

ဂရိ အက္ခရာ အာလဖနဲ့ ဩမေဃ။
  • “ငါဟာ အာလဖ​နဲ့ သြမေဃ ဖြစ်တယ်။”—ဗျာ. ၂၁:၆

19. Paradais kamciam a um lote tawh na kimuh leh bang hih thei na hiam?

၁၉ အမှုဆောင်မှာ တွေ့တဲ့​သူတွေကို ဘုရားရဲ့ အာမခံချက်​တွေ ပြောပြတာ​ဟာ ဘုရား​ကတိတွေကို ကိုယ်တိုင် ပိုယုံကြည်စိတ်ချလာအောင် လုပ်နေတာပဲ။ နောက်တစ်ခါ ဗျာဒိတ် ၂၁:၄ မှာ ပါတဲ့ စိတ်​ချမ်းသာ​စ​ရာ ပရဒိသု ကတိ ဖတ်ပြ​လို့ “ကောင်းလွန်း​နေတယ်။ ဟုတ်​ကော ဟုတ်ပါ့မလား” ဆိုပြီး တစ်ယောက်ယောက် ပြောလာရင် ဘာလုပ်မလဲ။ အခန်းငယ် ၅ နဲ့ ၆ ကို ဖတ်ပြီး ရှင်းပြ​လိုက်ပါ။ ယေဟောဝါ​ကိုယ်တိုင် ကျိန်ဆို​လက်မှတ်ထိုး​ထား​သ​လို အာမခံ​ထားတာကို ပြ​လိုက်ပါ။—ဟေရှာ. ၆၅:၁၆။

NANGH BANGCI DAWNG DING?

  • Paradais kamciam pen Jehovah’ hong piak ahih manin bang hangin thangah huai a hiam?

  • A kamciam hong tangtung ding cih a kipsakna-in Pasian in bangteng gen a hiam?

  • Pasian’ kamciam koi bang danin muang semsem thei ding i hiam?

LA 145 ဘုရား​ကတိတော် ပရဒိသု

a ပရဒိသု ကတိ ပြည့်စုံလာမယ်ဆိုတာ ယေဟောဝါ ဘယ်လို အာမခံ​ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ တခြားသူတွေကို ဒီ​အာမခံချက် ပြောပြတာ​ဟာ ဘုရား​ကတိတွေကို ကိုယ်တိုင် ပိုယုံကြည်စိတ်ချလာအောင် လုပ်နေတာပဲ။

b ဗျာဒိတ်​ကျမ်း—ယင်း၏ မ​ဟာ​အထွတ်အထိပ်​နီးပြီ! စာအုပ် စာ. ၃၀၃-၃၀၄၊ ပိုဒ်. ၈-၉ ကို ကြည့်ပါ။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ