Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w23 October laim. 18-23
  • Lai Siangtho Pen Dinmun Khempeuh Panin Tel Sawm In

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Lai Siangtho Pen Dinmun Khempeuh Panin Tel Sawm In
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
  • Thuluneute
  • A Thu Kibang
  • LAI SIANGTHO THUTHUK THUMANTE ZONG IN
  • PASIAN’ NGIMNA LIMTAKIN NGAIHSUN IN
  • NA MAILAM HUN LIMTAKIN NGAIHSUN IN
  • A SANNA MUN EN IN
  • LAI SIANGTHO THUMANTE ZONNA-AH NUAMSA IN
  • Mihingte Adinga Pasian’ Ngimna In Bang A Hiam?
    Nuntak Nuam Nei Den In!—Lai Siangtho Sinkhopna
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
w23 October laim. 18-23

SIN DING THU 44

Lai Siangtho Pen Dinmun Khempeuh Panin Tel Sawm In

‘Thuman a sauna, a zaina, a sanna le a thuknate theihtel un.’—EFE. 3:18, NWT.

LA 95 လင်း​သည်ထက် လင်းလာ

အကြို​သုံးသပ်ချက်a

1-2. Lai Siangtho sunga kihel a thu khempeuh i theihtel nadingin koi banga i sep ding kisam hiam? Gentehna pia in.

အိမ်​ဝယ်ဖို့ စဉ်းစား​နေတယ် ဆိုပါစို့။ ဝယ်ဖို့ မဆုံးဖြတ်ခင် ဘာတွေ ကြည့်ချင်​သလဲ။ အိမ်ရှေ့ မျက်နှာစာကို ရိုက်ထားတဲ့ ပုံ​လောက်​ပဲ​လား။ အဲဒီလောက်​နဲ့ ကျေနပ်​မှာ မဟုတ်ဘူး။ ကိုယ်တိုင် သွားပြီး တစ်အိမ်​လုံး အပြင်ကနေ ပတ်​ကြည့်​မှာ၊ တစ်ခန်း​ဝင် တစ်ခန်း​ထွက် ထောင့်စေ့အောင် လိုက်​ကြည့်​မှာ​ပဲ။ ကိုယ့်ရဲ့ အနာဂတ် အိမ်​လေး​ကို အသေးစိတ်​က​အစ ကြည့်ချင်​မှာ သေချာတယ်။

၂ ကျမ်းစာ ဖတ်ရှု၊ လေ့လာတဲ့အခါလည်း အဲဒီလို လုပ်နိုင်တယ်။ ကျမ်းစာဟာ “အုတ်မြစ် နက်နက် ချပြီး ဆောက်ထားတဲ့ အထပ်မြင့် တိုက်ကြီး​နဲ့ တူတယ်” လို့ ကျမ်းပညာရှင် တစ်ယောက် ပြောတယ်။ ဒါဆိုရင် ကျမ်းစာမှာ ပါသမျှ ဂဃနဏ သိအောင် ဘယ်လို လုပ်ရမလဲ။ အပေါ်ယံ လျှပ်ဖတ်သွားရင် “ဘုရားသခင်ရဲ့ ဗျာဒိတ်တော်​နဲ့ ဆိုင်တဲ့ အခြေခံ အကြောင်းတွေ” လောက်​ပဲ သိမယ်။ (ဟီ. ၅:၁၂) ဝယ်မယ့် အိမ်ထဲ ဝင်လေ့လာသလို ကျမ်းစာကို အပြည့်အဝ နားလည်အောင် ထဲထဲဝင်ဝင် လေ့လာရမယ်။ လေ့လာ​နိုင်​တဲ့ နည်းလမ်းကောင်း​တစ်ခုကတော့ ကျမ်းစာ​အပိုင်း တစ်ပိုင်း​နဲ့ တစ်ပိုင်း ဘယ်လို ဆက်စပ်သလဲ သိအောင် လုပ်တာ​ပဲ။ ကိုယ် ဘာ​ယုံသလဲ​ဆိုတာ​လောက် မဟုတ်ဘဲ ဘာကြောင့် ယုံသလဲ​ဆိုတာ နားလည်အောင် လုပ်ပါ။

3. Sawltak Paul in bang sep ding hanthawn a hiam? Bang hang hiam? (Efesa 3:14-19)

၃ အမှန်တရားရဲ့ ‘အလျား၊ အနံ၊ အမြင့်၊ အနက်​တွေ​ကို အပြည့်အဝ နားလည်’ နိုင်အောင် ကျမ်းစာကို ဝီရိယရှိရှိ လေ့လာ​ကြ​ဖို့ ခရစ်ယာန် ညီအစ်ကို/မတွေကို တမန်တော် ပေါလု တိုက်တွန်းတယ်။ ဒါမှ ယုံကြည်ခြင်း​မှာ “အမြစ်စွဲ​ပြီး အခြေခိုင်” လာကြ​မှာ။ (ဧဖက် ၃:၁၄-၁၉ ကို ဖတ်ပါ။) ကျွန်တော်တို့လည်း ကျမ်းစာကို ထောင့်​ပေါင်းစုံ​ကနေ အပြည့်အဝ နားလည်ဖို့​ဆိုရင် နက်နဲတဲ့ ကျမ်းစာ အမှန်တရားတွေ လေ့လာရမယ်။ ဘယ်လို လေ့လာ​ရမလဲ သုံးသပ်​ကြည့်ကြစို့။

LAI SIANGTHO THUTHUK THUMANTE ZONG IN

4. Jehovah tawh kinai nadingin bang sem thei i hiam? Gentehna pia in.

၄ ကျွန်တော်တို့ ခရစ်ယာန်တွေဟာ ကျမ်းစာကို အပေါ်ယံ နားလည်ရုံ​လောက်​နဲ့ မကျေနပ်​ကြ​ဘူး။ သန့်ရှင်းသော စွမ်းအားတော် အကူအညီ​အားဖြင့် “ဘုရားသခင်ရဲ့ နက်နဲတဲ့ အကြံအစည်​တွေ​ကို​တောင်” လေ့လာချင်​ကြတယ်။ (၁ ကော. ၂:၉၊ ၁၀) ယေဟောဝါ​ဘုရားနဲ့ ပိုရင်းနှီး​ချင်ကြလို့ပါ။ ဒါဆိုရင် ဘယ်​အကြောင်းအရာတွေ​ကနေ စ​လေ့လာ​လို့ ရသလဲ။ ရှေးခေတ် ကျေးကျွန်တွေကို ဘုရား မေတ္တာ ဘယ်လို ပြသလဲ၊ အဲဒီအချက်က သင့်ကို ဘုရား ချစ်တယ်ဆိုတာ ဘယ်လို သက်သေထူသလဲ လေ့လာ​ပါ။ ရှေးခေတ် အစ္စရေးတွေ​ရဲ့ ဝတ်ပြုမှု အစီအစဉ်နဲ့ ဒီနေ့ခေတ် ခရစ်ယာန် ဝတ်ပြုမှု အစီအစဉ်ကို နှိုင်းယှဉ်​ကြည့်ပါ။ ယေရှုရဲ့ မြေကြီး​အသက်တာနဲ့ အမှုဆောင်လုပ်ငန်းမှာ ပြည့်စုံခဲ့တဲ့ ကြိုဟောချက်​တွေ အသေးစိတ် ဆန်းစစ်ပါ။

5. A tuam vilvel a na kan nop Lai Siangtho thuthuk a om hiam?

၅ ကျမ်းစာမှာ သတ်သတ်မှတ်မှတ် လေ့လာ​ကြည့်ချင်​တဲ့ နက်နဲတဲ့ အကြောင်းအရာတွေ ရှိသလား​လို့ ကျမ်းစာ​ကျောင်းသား​တချို့ကို မေးကြည့်တယ်။ သူတို့ လေ့လာချင်​တယ်လို့ ပြောတဲ့ အကြောင်းအရာ​တချို့ကို “ကိုယ်ပိုင် လေ့လာမှု​အတွက် အကြောင်းအရာများ” လေးထောင့်ကွက်​မှာ ဖော်ပြထားတယ်။ ယေဟောဝါ​သက်သေတွေ​အတွက် ကျမ်းစာ​လေ့လာမှု လမ်းညွှန် စာအုပ် သုံးပြီး အဲဒီ​အကြောင်းအရာတွေ လေ့လာတဲ့အခါ ပျော်စရာ​ကောင်းတယ်။ ယုံကြည်ခြင်း ခိုင်မြဲလာမယ်။ “ဘုရားနဲ့​ပတ်သက်တဲ့ အသိပညာကို ရလာမယ်။” (ပညာ. ၂:၄၊ ၅) တူးဖော်​နိုင်​တဲ့ နက်နဲတဲ့ ကျမ်းစာ အမှန်တရား​တချို့ ဆွေးနွေး​ကြရအောင်။

ကိုယ်ပိုင် လေ့လာမှု​အတွက် အကြောင်းအရာများ

  1. ၁။ ကျမ်းစာရဲ့ အဓိက အကြောင်းအရာကို ကမ္ဘာဦး​ကျမ်းကနေ ဗျာဒိတ်​ကျမ်း​အထိ အဆင့်ဆင့် ဖော်ပြထား​ပုံ

  2. ၂။ ယေဟောဝါ နာမည်​ရဲ့ အဓိပ္ပာယ်ကို ပို​ရှင်းရှင်းလင်းလင်း နားလည်ခြင်း

  3. ၃။ ဘုရား​ရည်ရွယ်ချက်နဲ့ ကျမ်းစာမှာ ပါတဲ့ ပဋိညာဉ်တွေ ဆက်စပ်နေ​ပုံ

  4. ၄။ မောရှေ​ပညတ်မှာ တောင်းဆိုထားတဲ့ ပူဇော်သက္ကာတွေ​ရဲ့ အဓိပ္ပာယ်

  5. ၅။ အစ္စရေးလူမျိုး ပြည်တော်ပြန်​ခြင်း​အကြောင်း အားရှိစရာ ဟေရှာယ ကြိုဟောချက်​တွေ

  6. ၆။ အလိုတော် ပြီးမြောက်စေဖို့ သန့်ရှင်းသော စွမ်းအားတော်ကို ယေဟောဝါ အသုံးပြုပုံ

  7. ၇။ ဒံယေလ​ကျမ်းနဲ့ ဗျာဒိတ်ကျမ်းထဲက ကြိုဟောချက်​တွေ​ရဲ့ ဆင်တူချက်

PASIAN’ NGIMNA LIMTAKIN NGAIHSUN IN

6. (a) Geelna le ngimna a kibat lohna bang a hiam? (b) Mihingte le leitung tawh kisai-a Jehovah’ ngimna pen bang hangin ‘a tawntunga ngimna’ hi a hiam? (Efesa 3:11)

၆ အစီအစဉ် ရှိတာနဲ့ ရည်ရွယ်ချက် ရှိတာ တော်တော် ကွာတယ်။ အစီအစဉ်​ဆိုတာ သွားချင်တဲ့ နေရာ ရောက်အောင် ဘယ်​လမ်း​ကနေ သွားမယ်​ဆိုပြီး ရွေးချယ်​သတ်မှတ်တာ​နဲ့ တူတယ်။ လမ်းမှာ အတားအဆီး​တစ်ခုခု ရှိရင် အစီအစဉ် ပျက်​ပြီ။ ရည်ရွယ်ချက်​ကျတော့ သွား​မယ့် နေရာ ကိုယ်နှိုက်နဲ့ တူတယ်။ သွား​မယ့် နေရာ အတိအကျ သတ်မှတ်ထားတယ်။ ဘယ်​လမ်း​ကနေ​ပဲ သွားမယ်လို့​တော့ သတ်မှတ်​မထားဘူး။ လိုအပ်သလို လမ်းကြောင်း ပြောင်းလို့ ရတယ်။ အဲဒီလိုပဲ၊ ဘုရား တစ်ခုခု ရည်ရွယ်​ပြီ​ဆိုရင် “ပြည့်စုံ​လာဖို့ အရာရာကို စီစဉ်ထား” တဲ့အတွက်၊ ပြည့်စုံစေမယ့် နည်းလမ်း အမျိုးမျိုး ရှိတဲ့အတွက် အမြဲ အထမြောက်​တယ်။ (ပညာ. ၁၆:၄) ဘုရား​ရည်ရွယ်ချက်ကို ကျမ်းစာမှာ “ထာဝရ ရည်ရွယ်ချက်” လို့ ခေါ်ထားတယ်။ (ဧ. ၃:၁၁) အချိန် တော်တော်​ကြာပြီးမှ ရည်ရွယ်ချက် အထမြောက်​လာမှာ ဖြစ်လို့၊ အထမြောက်​လာတဲ့အခါ ရလာမယ့် ရလဒ်​တွေ ထာဝစဉ် တည်​မှာ ဖြစ်လို့ “ထာဝရ ရည်ရွယ်ချက်” လို့ ခေါ်တာ။ ဒါဆိုရင် အဲဒီ​ရည်ရွယ်ချက်က ဘာလဲ။ ရည်ရွယ်ချက် အထမြောက်​ဖို့ ဘာ​အပြောင်းအလဲတွေ လုပ်သလဲ။ ကျမ်းစာမှာ အဆင့်ဆင့် ဖော်ပြထားတာ ကျေးဇူးတင်စရာပါပဲ။

7. Nupa masa te’n a langpan uh hang, Jehovah in ama ngimna a tangtun nadingin, a sep dan koi bangin khel a hiam? (Matthai 25:34)

၇ “သားသမီးတွေ အများကြီး မွေးကြ။ ကမ္ဘာမြေကို ပြည့်​စေ​ပြီး အုပ်ထိန်း​ကြ။ . . . သတ္တဝါတွေ​ကို အုပ်စိုး​ကြ” ဆိုပြီး မိမိ​ရည်ရွယ်ချက်​အကြောင်း ပထမ​လူသား မောင်နှံ​ကို ဘုရား ပြောတယ်။ (က. ၁:၂၈) သူတို့ ပုန်ကန်​လို့ လူ့​မိသားစု​ထဲ အပြစ်​တရား ဝင်လာပေမဲ့ ယေဟောဝါ ရည်ရွယ်ချက် အပျက်မခံဘူး။ ရည်ရွယ်ချက် ပြည့်စုံစေမယ့် နည်းလမ်းကို ပြောင်း​တယ်။ လူတွေနဲ့ ကမ္ဘာမြေ​အတွက် မူလ​ရည်ရွယ်ချက် အထမြောက်​စေ​မယ့် နိုင်ငံ​တစ်ခု ကောင်းကင်မှာ တည်ထောင်​ဖို့ ချက်ချင်း ဆုံးဖြတ်​လိုက်တယ်။ (မဿဲ ၂၅:၃၄ ကို ဖတ်ပါ။) နိုင်ငံတော်​အကြောင်း လူတွေကို ပြောပြဖို့၊ အပြစ်နဲ့ သေခြင်းကနေ ရွေးနုတ်​ဖို့ သတ်မှတ်ထားချိန်​မှာ သား​ဦးကို မြေကြီးပေါ် မေတ္တာပါပါ စေလွှတ်တယ်။ အဲဒီနောက် အသက်​ပြန်ရှင်စေပြီး ကောင်းကင်မှာ ဘုရားနိုင်ငံတော် ဘုရင်အဖြစ် အုပ်စိုး​စေ​တယ်။ ဒါပေမဲ့ ဘုရား ရည်ရွယ်​ထားတာ ဒီလောက်ပဲ မဟုတ်ဘူး။

ကောင်းကင်က ကောင်းကင်တမန်တွေ၊ မြေကြီး ပရဒိသုက လူတွေ ယေဟောဝါကို ဝမ်းသာအားရ ချီးမွမ်းနေ။

ကောင်းကင်နဲ့ မြေကြီးပေါ်က အသိဉာဏ်ရှိ သတ္တဝါ​အားလုံး ယေဟောဝါကို တစ်စည်း​တစ်လုံး သစ္စာခံ​ကြ​မယ့်​အချိန်ကို မြင်ယောင်​ကြည့်ပါ (စာပိုဒ် ၈ ကို ကြည့်ပါ)

8. (a) Lai Siangtho thupaipi in bang a hiam? (b) Efesa 1:8-11-a hilhcianna mah bangin, Jehovah’ ngimna lianpen in bang a hiam? (Laibu mai-a lim en in.)

၈ ခရစ်တော် အုပ်ချုပ်မှုအောက် နိုင်ငံတော်​အားဖြင့် ကမ္ဘာမြေ​အတွက် ရည်ရွယ်ချက်ကို ပြည့်စုံစေ​ချိန်​မှာ နာမတော်ကို ဘုရား သန့်ရှင်း​မြင့်မြတ်​စေမယ်။ ဒါ ကျမ်းစာရဲ့ အဓိက အကြောင်းအရာ​ပဲ။ ယေဟောဝါရဲ့ ရည်ရွယ်ချက်​ဟာ မပြောင်းလဲ​နိုင်​ဘူး။ ကျိန်းသေ အကောင်အထည် ဖော်မယ်​လို့ အာမခံထားတယ်။ (ဟေရှာ. ၄၆:၁၀၊ ၁၁။ ဟီ. ၆:၁၇၊ ၁၈) အချိန်တန်တဲ့အခါ ကမ္ဘာမြေဟာ လှပတဲ့ ပရဒိသု ဖြစ်လာမယ်။ အာဒံ၊ ဧဝ​ရဲ့ သားစဉ်မြေးဆက်​တွေ စုံလင်​ဖြောင့်မတ်​လာကြ​မယ်။ “ဘဝကို ထာဝစဉ် ပျော်မွေ့” နိုင်​ကြ​မယ်။ (ဆာ. ၂၂:၂၆) ဒါပေမဲ့ ယေဟောဝါ​မှာ ရည်ရွယ်ချက် အကြီးကြီး ရှိသေးတယ်။ ကောင်းကင်၊ မြေကြီးပေါ်က အသိဉာဏ်ရှိ သတ္တဝါ​အားလုံး တစ်ပေါင်းတစ်စည်းတည်း ဖြစ်လာဖို့​ပဲ။ အဲဒီအချိန် အသက်ရှင်နေ​သူ​အားလုံး ယေဟောဝါကို အချုပ်အခြာအာဏာရှင်​အဖြစ် သစ္စာခံ​ကြ​မယ်။ (ဧဖက် ၁:၈-၁၁ ကို ဖတ်ပါ။) ရည်ရွယ်ချက် ပြည့်စုံဖို့ ယေဟောဝါ သုံးတဲ့ နည်းကို သင် မ​အံ့ဩ​မိ​ဘူး​လား။

NA MAILAM HUN LIMTAKIN NGAIHSUN IN

9. Lai Siangtho i kanna tawh kizui-in mailam thu bangzah ciangdong kitheithei a hiam?

၉ နှစ်ပေါင်း​ထောင်ချီ အကြာမှာ ဖြစ်လာမယ့် ဖြစ်ရပ်တွေအကြောင်း ဧဒင်ဥယျာဉ်မှာ ယေဟောဝါ ကြိုဟောတယ်။ (က. ၃:၁၅)b ဘုရား​ရည်ရွယ်ချက် ပြည့်စုံ​လာ​စေ​မယ့် ဖြစ်ရပ်တွေ ဖြစ်တယ်။ ဥပမာ၊ အာဗြဟံရဲ့ မျိုးနွယ်ကနေ ခရစ်တော် ပေါ်ထွန်း​လာမယ်။ (က. ၂၂:၁၅-၁၈) မျိုးနွယ်ရဲ့ ဖနောင့်ကို မြွေ​ပေါက်မယ်။ အေဒီ ၃၃ မှာ ကြိုဟောချက်​ရဲ့ အဲဒီအပိုင်း ပြည့်စုံခဲ့တယ်။ (တ. ၃:၁၃-၁၅) စာတန့်​ခေါင်းကို “မျိုးနွယ်” ကြိတ်မယ်ဆိုတဲ့ ပရောဖက်ပြုချက်​ရဲ့ နောက်ဆုံး​အပိုင်းကတော့ နောက်နှစ် ၁,၀၀၀ ကျော် ကြာမှ ပြည့်စုံ​လာမယ်။ (ဗျာ. ၂၀:၇-၁၀) စာတန့်​စနစ်​နဲ့ ယေဟောဝါရဲ့ အဖွဲ့အစည်း​ကြားမှာ ရှိတဲ့ ရန်ငြိုး အထွတ်အထိပ် ရောက်လာချိန်​မှာ ဘာဖြစ်မယ်ဆိုတာ​လည်း ကျမ်းစာမှာ ဖော်ပြထားတယ်။

10. (a) Mailamah bangteng hong piang ding a hiam? (b) Koi bang danin kigingkhol thei i hiam? (A nuai-a ciaptehna en in.)

၁၀ ကျမ်းစာမှာ ကြိုဟောထားတဲ့ တုန်လှုပ်ဖွယ် ဖြစ်ရပ်တွေ စဉ်းစားကြည့်ပါ။ ပထမ၊ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ တိုင်းနိုင်ငံ​တွေ ကြေညာ​ကြ​မယ်။ (၁ သက်. ၅:၂၊ ၃) မှားယွင်းတဲ့ ဘာသာရေး​ကို တိုင်းနိုင်ငံ​တွေ တိုက်ခိုက်တဲ့အခါ ကြီးစွာသောဒုက္ခ “ရုတ်တရက်” စ​မယ်။ (ဗျာ. ၁၇:၁၆) ‘လူသား မိုးတိမ် ခြံရံ​ပြီး မ​ဟာ​ဘုန်းတန်ခိုး​နဲ့ လာတာကို’ ဖော်ပြတဲ့ သဘာဝလွန် ဖြစ်ရပ်တွေ တွေ့ရ​နိုင်တယ်။ (မ. ၂၄:၃၀) လူတွေကို ယေရှု သိုးနဲ့ ဆိတ် ခွဲမယ်။ (မ. ၂၅:၃၁-၃၃၊ ၄၆) စာတန် အသာတကြည် အညံ့ခံ​မှာ မဟုတ်ဘူး။ ယေဟောဝါရဲ့ လူမျိုးကို မုန်းလွန်းလို့ နိုင်ငံပေါင်းစုံ မဟာမိတ်​ကို သွေးထိုး​ပြီး တိုက်​ခိုင်း​မယ်။ အဲဒီ​မဟာမိတ်​ကို မာဂေါဂပြည်က ဂေါဂ​မင်း​လို့ ကျမ်းစာမှာ ခေါ်ထားတယ်။ (ယေဇ. ၃၈:၂၊ ၁၀၊ ၁၁) အဲဒီ​အတောအတွင်း တစ်ချိန်ချိန်မှာ မြေကြီးပေါ်က ဘိသိက်ခံ အကြွင်းအကျန်​တွေ​ဟာ ကောင်းကင်ကို စုသိမ်း​ခံကြရမယ်။ ကြီးစွာသောဒုက္ခရဲ့ အထွတ်အထိပ် ဖြစ်တဲ့ အာမဂေဒုန် စစ်ပွဲ​မှာ ခရစ်တော်၊ ကောင်းကင်တမန်တွေနဲ့​အတူ ပါဝင်​တိုက်ခိုက်​ကြ​မယ်။c (မ. ၂၄:၃၁။ ဗျာ. ၁၆:၁၄၊ ၁၆) အဲဒီနောက် မြေကြီးပေါ် ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှု စ​မယ်။—ဗျာ. ၂၀:၆။

ညီအစ်ကိုတစ်ယောက် ကျမ်းစာ ဖတ်ရှုမှုမှာ “ကမ္ဘာသစ် ဘာသာပြန်ကျမ်း” နောက်ဆက်တွဲ ခ၁ မှာ ပါတဲ့ “ကျမ်းစာသတင်းစကား” ဇယားကွက်ကို သုံးနေ။ ရုပ်ပုံ– ၁။ ကမ္ဘာသစ်မှာ ဝက်ဝံပေါက်လေးကို ညီအစ်ကို ပွတ်သပ်နေ။ ဘေးမှာ ဝက်ဝံမကြီးနဲ့ နောက်ထပ် ဝက်ဝံပေါက်လေး ရှိနေ။ ၂။ ညကောင်းကင်ယံက မရေတွက်နိုင်တဲ့ ကြယ်တွေကို အဝေးကြည့် မှန်ပြောင်းနဲ့ ကြည့်နေ။

ယေဟောဝါ​ဘုရားအကြောင်း နှစ်​သန်းပေါင်း​များစွာ လေ့လာပြီးနောက် ဘုရားနဲ့ ဘယ်လောက်တောင် ရင်းနှီး​လာမလဲ (စာပိုဒ် ၁၁ ကို ကြည့်ပါ)

11. Tawntung nuntakna pen nang adingin bang a khiatna om a hiam? (Lim zong en in.)

၁၁ နောက်​အနှစ် ၁,၀၀၀ လောက်​အထိ အနာဂတ်ကို ကြိုတွေး​ကြည့်ပါ။ ဖန်ဆင်းရှင်​က “[ကျွန်တော်တို့] ရဲ့ စိတ်ထဲမှာ ထာဝရ​ကာလကို ထည့်​ပေးထားတယ်။” (ဒေ. ၃:၁၁) ဒါ သင်နဲ့ ယေဟောဝါရဲ့ ဆက်ဆံရေး​အတွက် ဘာအဓိပ္ပာယ် ရှိသလဲ။ ယေဟောဝါထံ ချဉ်းကပ်လော့ စာအုပ် စာမျက်နှာ ၃၁၉ မှာ ဒီလို ဖော်ပြထားတယ်– “နှစ်ပေါင်း ရာချီ၊ ထောင်ချီ၊ သန်းနှင့်ချီ​မ​က ရာ​ကုဋေချီ၍ အသက်ရှင်​ပြီးနောက် ယေဟောဝါ​ဘုရားသခင်​အကြောင်း ယခု ကျွန်ုပ်တို့ သိရှိ​ထား​သည်ထက် သာ​၍ များစွာ သိရှိ​လာကြဦးမည်။ သို့တိုင် မရေမတွက်​နိုင်အောင်​ပင် သင်ယူစရာ အံ့ဖွယ်ရာ​များစွာ ကျန်​ရှိသေး​သည်​ဟု ကျွန်ုပ်တို့ ခံစားနေရဆဲ​ပင် ဖြစ်ပေလိမ့်မည်။ . . . ထာဝရ​အသက်သည် စဉ်းစား၍ မကုန်နိုင်အောင် အဓိပ္ပာယ် ပြည့်ဝ​၍ အတွေ့အကြုံ အမျိုးမျိုး​အဖုံဖုံ ရှိပေလိမ့်မည်။ ယေဟောဝါထံ ချဉ်းကပ်​ခြင်း​သည်လည်း အမြဲတစေ​ပင် ဆုကျေးဇူး အပြည့်ဝဆုံး ဖြစ်ပေလိမ့်မည်။” ဝမ်းသာစရာ​ပါပဲ။ ယေဟောဝါအကြောင်း ဒီထက် ပိုသိလာရ​ဦးမယ်။ လောလောဆယ်​ကော ဘာတွေ သိနိုင်​သေးသလဲ။

A SANNA MUN EN IN

12. A sanna mun thu Lai Siangtho-ah bangteng kigelh a hiam? Gentehna pia in.

၁၂ ယေဟောဝါ စံမြန်းရာ “အထက်​အရပ်” အကြောင်း ကျမ်းစာမှာ အရိပ်အမြွက် ဖော်ပြထားတယ်။ (ဟေရှာ. ၃၃:၅) ယေဟောဝါအကြောင်း၊ ဘုရား​အဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာ အပိုင်း​အကြောင်း အံ့ဩစရာ​အချက်တွေ​လည်း ပါတယ်။ (ဟေရှာ. ၆:၁-၄။ ဒံ. ၇:၉၊ ၁၀။ ဗျာ. ၄:၁-၆) ဥပမာ၊ “ကောင်းကင် ပွင့်ပြီး ဘုရားသခင်ဆီ​က စိတ်အာရုံတွေကို မြင်ရ” ချိန်​မှာ ယေဇကျေလ တွေ့ရတဲ့ အံ့ဩ​မှင်သက်​စ​ရာ​တွေ​အကြောင်း ကျမ်းစာမှာ ဖတ်နိုင်တယ်။—ယေဇ. ၁:၁။

13. Hebru 4:14-16-a a gen bangin, vantunga Jesuh’ nasepte tawh kisai-in na lungsim bangci om a hiam?

၁၃ နန်းစံ​ဘုရင်၊ သနား​ကြင်နာတတ်တဲ့ ပုရောဟိတ်မင်း​အဖြစ် ကောင်းကင်မှာ ယေရှု ဘာတွေ လုပ်​နေသလဲဆိုတာ​လည်း စဉ်းစားကြည့်ပါ။ “မဟာကရုဏာ ပြတဲ့ ဘုရားသခင်ရဲ့ ပလ္လင်” အနား သွားပြီး ယေရှုကတစ်ဆင့် ဆုတောင်းနိုင်တယ်။ “လိုအပ်ချိန်​မှာ” သနား​ကြင်နာမှုနဲ့ မဟာကရုဏာ တောင်းခံ​နိုင်တယ်။ (ဟီဘရူး ၄:၁၄-၁၆ ကို ဖတ်ပါ။) ယေဟောဝါနဲ့ ယေရှု ကောင်းကင်ကနေ ကျွန်တော်တို့အတွက် လုပ်ပေးခဲ့တာ​တွေ၊ လုပ်ပေး​နေတာ​တွေ မစဉ်းစားဘဲ တစ်ရက် ကုန်​မ​သွားပါစေ​နဲ့။ သူတို့ရဲ့ မေတ္တာ​အကြောင်း စဉ်းစားတဲ့အခါ သင် စိတ်ထိမိ​လာမယ်။ ထက်ထက်သန်သန် အမှုဆောင်ဖို့ တွန်းအား ရလာမယ်။—၂ ကော. ၅:၁၄၊ ၁၅။

ရုပ်ပုံ– ၁။ ရထားပေါ်မှာ အမျိုးသမီးတစ်ယောက်ကို ညီအစ်မတစ်ယောက် ဖုန်းသုံးပြီး သက်သေခံနေ။ ၂။ ညီအစ်မနဲ့ ခင်ပွန်း၊ အမျိုးသမီးနဲ့ ခင်ပွန်း ကမ္ဘာသစ်မှာ ကြည်ကြည်နူးနူး အတူတူ လမ်းလျှောက်နေကြ။

ဘုရားရဲ့ သက်သေ၊ ယေရှုရဲ့ တပည့် ဖြစ်လာအောင် တခြားသူတွေကို ကျွန်တော်တို့ ကူညီ​ပေးခဲ့​လို့ ကမ္ဘာသစ်​မှာ ပျော်​နေ​မယ့်​အကြောင်း မြင်ယောင်​ကြည့်ပါ (စာပိုဒ် ၁၄ ကို ကြည့်ပါ)

14. Jehovah le Jesuh tungah lungdamna i lah theih dan a hoihpen lampi khat in bang a hiam? (Lim zong en in.)

၁၄ ဘုရားနဲ့ သားတော်ကို ကျေးဇူးတင်ကြောင်း ပြနိုင်တဲ့ အကောင်းဆုံး တစ်နည်းကတော့ ဘုရားရဲ့ သက်သေ၊ ယေရှုရဲ့ တပည့် ဖြစ်လာအောင် တခြားသူတွေကို ကူညီပေးခြင်း​ပါပဲ။ (မ. ၂၈:၁၉၊ ၂၀) ဘုရားနဲ့ ခရစ်တော်ကို ကျေးဇူးတင်​လို့ အမှုဆောင်လုပ်ငန်းမှာ တမန်တော် ပေါလု ကြိုးစားပမ်းစား ပါဝင်တယ်။ “လူ​တချို့ကို အတတ်နိုင်ဆုံး ကယ်တင်​နိုင်ဖို့” ကြိုးစားတယ်။ (၁ ကော. ၉:၂၂၊ ၂၃) ယေဟောဝါရဲ့ အလိုတော်​ဟာ “လူအမျိုးမျိုးကို ကယ်တင်ခြင်း ရစေဖို့၊ အမှန်တရား​အကြောင်း တိကျမှန်ကန်စွာ သိရှိစေဖို့” ဖြစ်တယ်ဆိုတာ သိလို့ပဲ။—၁ တိ. ၂:၃၊ ၄။

LAI SIANGTHO THUMANTE ZONNA-AH NUAMSA IN

15. Late 1:2-a a gen bangin, bang in lungnopna hong ngahsak a hiam?

၁၅ “ယေဟောဝါရဲ့ ပညတ်မှာ ပျော်မွေ့” သူ၊ “နေ့​ည​မပြတ် ဖတ်ရွတ်​ဆင်ခြင်” သူဟာ ပျော်ရွှင်အောင်​မြင်တယ်လို့ ဆာလံ ကျမ်း​ရေးသူ ပြောတယ်။ (ဆာ. ၁:၁-၃) လူတစ်ယောက်ဟာ “ရှာဖွေ​လိုက်၊ လေ့လာ​လိုက်၊ တစိမ့်စိမ့် စဉ်းစား​လိုက်​နဲ့ ဘုရား​လမ်းညွှန်ချက် ရဖို့ ခုံခုံမင်မင် ဖြစ်​နေ​သင့်​တယ်” လို့ ဒီကျမ်း​ပိုဒ်​နဲ့ပတ်သက်ပြီး စာအုပ်​တစ်အုပ် (Studies in the Psalms) မှာ ကျမ်းစာ ဘာသာပြန်သူ ဂျိုးဇက် ရော့သဟမ် ပြောတယ်။ “ကျမ်းစာ မဖတ်​ဘဲ တစ်ရက် ကုန်သွားရင် အဲဒီ​တစ်ရက် ပုပ်​သွားတာ​ပဲ” လို့လည်း ဆက်ပြောတယ်။ ကျမ်းစာမှာ ပါတဲ့ စိတ်ဝင်စားစရာ အသေးစိတ်​အချက်တွေကို လေ့လာ​နိုင်သမျှ လေ့လာတဲ့အခါ၊ တစ်ချက်​နဲ့ တစ်ချက် ဘယ်လို ဆက်စပ်နေသလဲ သဘောပေါက်လာတဲ့အခါ ထောင့်​ပေါင်းစုံ​ကနေ နားလည်လာလို့ ပျော်မွေ့​လာမယ်။

16. A zom thulu-ah bang thu kikum ding i hiam?

၁၆ ကျမ်းစာကတစ်ဆင့် ယေဟောဝါ သင်ပေးတဲ့ အမှန်တရားတွေဟာ နားမလည်​နိုင်​လောက်အောင် မ​ခက်​ပါ​ဘူး။ နောက်ဆောင်းပါးမှာ နက်နဲတဲ့ ကျမ်းစာ အမှန်တရား​တစ်ခု သုံးသပ်​သွားမယ်။ ဟီဘရူး ခရစ်ယာန်တွေ​ဆီ ရေးတဲ့ စာမှာ ပေါလု ဖော်ပြတဲ့ ယေဟောဝါရဲ့ ကြီးမြတ်တဲ့ ပုံဆောင် ဗိမာန်တော်​အကြောင်းပါ။ အဲဒီ​အကြောင်း လေ့လာရင်း ပျော်မွေ့နိုင်​ကြ​ပါ​စေ။

NANGH BANGCI DAWNG DING?

  • Jehovah’ ngimna lianpen in bang a hiam?

  • Lai Siangtho in mailam thu bang gen a hiam?

  • A sanna mun koi bangin en thei i hiam

LA 94 နှုတ်မြွက်တော် ကျမ်းစာ​အတွက် ကျေးဇူးတင်

a ကျမ်းစာ လေ့လာတာက ကျွန်တော်တို့ကို တစ်သက်လုံး ပျော်ရွှင်စေတယ်၊ အကျိုး​ရှိစေတယ်၊ ကောင်းကင်ဘုံစံ ဖခင်နဲ့ ရင်းနှီးစေတယ်။ ဘုရားသခင့် စကားတော်​ရဲ့ “အလျား၊ အနံ၊ အမြင့်၊ အနက်တွေကို” ဘယ်လို လေ့လာ​နိုင်တယ်​ဆိုတာ ဒီဆောင်းပါးမှာ သိရပါမယ်။

b ၂၀၂၂၊ ဇူလိုင် ကင်းမျှော်စင် “သင့်​အပေါ် သက်ရောက်မှု ရှိတဲ့ ရှေးပရောဖက်​ပြုချက်” ဆောင်းပါးကို ကြည့်ပါ။

c မဝေးတော့​တဲ့ အနာဂတ်မှာ ကြုံရမယ့် တုန်လှုပ်ဖွယ် ဖြစ်ရပ်တွေ​အတွက် ကြိုတင်​ပြင်ဆင်နိုင်ပုံ​အကြောင်း ဘုရားသခင့်​နိုင်ငံတော် စိုးစံပြီ စာအုပ် စာ. ၂၃၀ မှာ ကြည့်ပါ။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ