Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w24 December laim. 20-25
  • Jehovah In Na Khitui Khempeuh Hong Ciamtehsak Hi

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Jehovah In Na Khitui Khempeuh Hong Ciamtehsak Hi
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Thuluneute
  • A Thu Kibang
  • LUNGKHAMNA HANGIN A LUANG KHITUI
  • LEHHEKNA HANGIN A LUANG KHITUI
  • LAMET BEINA HANGIN A LUANG KHITUI
  • Jehovah In “Lungsim Kitamte Damsak”
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • လှိုက်လှိုက်လှဲလှဲ ဆုတောင်းပါ
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Haksat Hunah Jehovah In Nang Hong Huh Ding
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Ei Bek I Hi Kei Hi
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
w24 December laim. 20-25

Sin Ding Thu 51

LA 3 တို့​မျှော်လင့်​ကိုးစားရာ

Jehovah In Na Khitui Khempeuh Hong Ciamtehsak Hi

“Ka khitui khempeuh na thawl sungah thun in. Tuate na laibu sungah kiciamteh hi lo a hiam?”—LA. 56:8.

အာရုံစိုက်​ရာ

ကျွန်တော်တို့ရဲ့ သောကတွေကို ယေဟောဝါ အပြည့်အဝ သိပြီး ဘယ်လိုနည်းနဲ့ စိတ်သက်သာ​စေ​ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေး​သွားပါမယ်။

1-2. Bang thute hangin i khitui hong luang thei a hiam?

တစ်ချိန်​မဟုတ် တစ်ချိန် ကျွန်တော်တို့ မျက်ရည်ကျ​ကြတယ်။ တစ်ခါတလေ ဝမ်းသာ​မျက်ရည်ကျ​ကြတယ်။ ဥပမာ၊ ကိုယ့်​ရင်သွေးလေး မွေးလာတဲ့အခါ၊ အမှတ်တရ​ကောင်း​တစ်ခုကို ပြန်တွေး​မိ​တဲ့အခါ ဒါမှမဟုတ် မတွေ့တာ​ကြာပြီ ဖြစ်တဲ့ မိတ်ဆွေကောင်း​တစ်ယောက်နဲ့ ပြန်ဆုံတဲ့အခါ ဝမ်းသာလွန်းလို့ ငို​မိ​နိုင်တယ်။

၂ ဒါပေမဲ့ ဝမ်းနည်း​မျက်ရည်ကျ​တဲ့​အချိန်က ပိုများတယ်။ ဥပမာ၊ တစ်ယောက်ယောက်​ကြောင့် အကြီးအကျယ် စိတ်ပျက်​ရတဲ့အခါ ငို​မိ​နိုင်တယ်။ နာတာရှည်​ရောဂါ ခံစားနေရတဲ့​အခါ ဒါမှမဟုတ် ချစ်ရသူ ဆုံးပါးသွားတဲ့အခါ ငို​မိ​နိုင်တယ်။ ဂျေရုဆလင်​မြို့ကို ဗာဗုလုန်တွေ ဖျက်ဆီး​တုန်းက မျက်ရည်​မဆည်နိုင်​အောင် ဖြစ်ခဲ့တဲ့ ပရောဖက် ယေရမိလို ကျွန်တော်တို့ ခံစားမိနိုင်တယ်။ “ငါ့​မျက်ရည်တွေ ချောင်း​လို စီး​နေတယ်။ မနားတမ်း ဆက်တိုက် ငို​နေတယ်” လို့ ယေရမိ ပြောတယ်။—မြည်. ၃:၄၈၊ ၄၉။

3. A mite’n gentheih haksatna a thuak uh ciang Jehovah’ lungsim bangci om a hiam? (Isaiah 63:9)

၃ ဘဝမှာ စိတ်ညစ်​လွန်းလို့ ကျွန်တော်တို့ ဘယ်နှကြိမ် ဘယ်နှခါ ငိုခဲ့ရတယ်​ဆိုတာ ယေဟောဝါ သိတယ်။ ကျေးကျွန်တွေ နာကျင်​ခံစားရတာ​ကို ယေဟောဝါ မြင်တယ်၊ အော်ဟစ်​အကူအညီတောင်းသံကို ကြားတယ်​လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဆာ. ၃၄:၁၅) ဒါပေမဲ့ ကျေးကျွန်တွေရဲ့ အဖြစ်ကို မြင်ရုံ၊ အကူအညီတောင်းသံကို ကြားရုံ​ပဲ မဟုတ်ဘူး။ မေတ္တာရှင်​ဖခင် ဖြစ်လို့ သားသမီးတွေ မျက်ရည်ကျ​တဲ့အခါ အကြီးအကျယ် စိတ်ထိခိုက်​တယ်၊ ချက်ချင်း ကူညီပေးတယ်။—ဟေရှာယ ၆၃:၉ ကို ဖတ်ပါ။

4. Lai Siangtho sunga kuate’ thu kikum ding i hiam? Jehovah’ thu bang theikhia ding i hiam?

၄ ကျေးကျွန်တွေ မျက်ရည်ကျ​တဲ့အခါ ယေဟောဝါ ဘယ်လို ခံစားရတယ်၊ ဘယ်လို ကူညီပေးတယ်ဆိုတာ ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။ ဟန္န၊ ဒါဝိဒ်၊ ဟေဇကိ​မင်းတို့​အကြောင်း စဉ်းစားကြည့်ပါ။ သူတို့ ဘာကြောင့် မျက်ရည်ကျခဲ့​သလဲ။ သူတို့ရဲ့ အော်ဟစ်​အကူအညီတောင်းသံကို ယေဟောဝါ ဘယ်လို တုံ့ပြန်သလဲ။ စိတ်ဒုက္ခ​ရောက်လို့၊ သစ္စာဖောက်​ခံရလို့၊ မျှော်လင့်ချက်​မဲ့​လို့ ကျွန်တော်တို့ မျက်ရည်ကျ​တဲ့အခါ ယေဟောဝါ ဘယ်လို စိတ်သက်သာ​စေ​မလဲ​ဆိုတာ သူတို့ရဲ့ အဖြစ်ကနေ သိ​လာရမယ်။

LUNGKHAMNA HANGIN A LUANG KHITUI

5. Hannah a lungkhamna a hangte gen in.

၅ ဟန္နဟာ စိတ်ဒုက္ခ​ရောက်​လွန်းလို့ မျက်ရည်ကျခဲ့​တယ်။ အကြောင်းရင်းတစ်ခုက​တော့ ခင်ပွန်း​ဖြစ်သူ​မှာ ပေနိန္န​လို့ ခေါ်တဲ့ နောက်ထပ်​ဇနီး​တစ်ဦး ရှိနေတာပဲ။ ဟန္န​ကို ပေနိန္န ကြည့်​မရဘူး။ ပိုဆိုး​တာက ပေနိန္န​မှာ သားသမီးတွေ ရှိပေမဲ့ ဟန္န​မှာ သားသမီး မရှိဘူး။ (၁ ရှ. ၁:၁၊ ၂) ဟန္န ကလေး​မရနိုင်တာကို မခံချိမခံသာ​ဖြစ်အောင် ပေနိန္န အမြဲ ပြောတယ်။ သင်သာ ဟန္န​နေရာမှာ​ဆိုရင် ဘယ်လို ခံစားရမလဲ။ ဟန္န​ခမျာ “စိတ်​ဆင်းရဲလွန်းလို့” “မစားနိုင် မသောက်နိုင်ဘဲ ငိုနေရရှာတယ်။”—၁ ရှ. ၁:၆၊ ၇၊ ၁၀။

6. Hannah in lungnopna a ngah nadingin bang sem a hiam?

၆ စိတ်သက်သာရာ​ရဖို့ ဟန္န ဘာလုပ်သလဲ။ ယေဟောဝါကို ဝတ်ပြုဖို့ တဲတော်​ကို သွားတယ်။ “ကျွန်မ စိတ်ဆင်းရဲ​နေတာကို မြင်ပြီး ကျွန်မကို မေ့မထား​ဘဲ သတိရ” ပါ​လို့ “ယေဟောဝါဆီ ဆုတောင်းရင်း ရှိုက်ကြီးတငင် ငို​ချလိုက်တယ်။” အဲဒါ တဲတော်ဝင်း ဝင်ပေါက်​နား​မှာ ဖြစ်နိုင်တယ်။ (၁ ရှ. ၁:၁၀၊ ၁၁) ရင်ထဲ​ရှိသမျှ ယေဟောဝါဆီ ဟန္န ဆုတောင်း​ပြောပြ​လိုက်တယ်။ ချစ်​သမီးလေး ရှိုက်ကြီးတငင် ငိုနေတာ​ကို ကြည့်ပြီး ယေဟောဝါ ဘယ်လောက်တောင် စိတ်သက်သာ​စေချင်​လိုက်မလဲ။

7. Lungsim sungkhia-in thu a nget khit teh Hannah koi bangin lungnuamkik a hiam?

၇ ဟန္နရဲ့ ရင်ဖွင့်​ဆုတောင်းသံ​ကို ယေဟောဝါ ဖြေကြား​ပေးမှာ​ပါ​လို့ ပုရောဟိတ်မင်း ဧလိ အားပေးတယ်။ “အဲဒီနောက် [ဟန္န] ထွက်သွားပြီး စားသောက်​တယ်။ မျက်နှာညှိုးငယ်​မနေတော့ဘူး” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ရှ. ၁:၁၇၊ ၁၈) အခက်အခဲတွေ မပြေလည်​သေး​ပေမဲ့ ဟန္န စိတ်သက်သာ​သွားပြီ။ သောက​ဝန်ထုပ်​ကို ယေဟောဝါဆီ ပုံအပ်​လိုက်ပြီ ဖြစ်လို့​ပါ။ ဟန္နရဲ့ သောကတွေကို ယေဟောဝါ မြင်တယ်၊ ရင်ဖွင့်​ဆုတောင်းသံ​ကို ကြားတယ်။ နောက်ပိုင်းမှာ သားသမီးတွေ ထွန်းကား​စေ​တယ်။—၁ ရှ. ၁:၁၉၊ ၂၀။ ၂:၂၁။

8-9. Hebru 10:24, 25-a a gen bangin, Khristian kikhopnate i pelh loh ding ba’hang thupi a hiam? (Lim zong en in.)

၈ ဘာ​သင်ခန်းစာ ရသလဲ။ မျက်ရည်ကျ​လောက်​တဲ့​အထိ သင် စိတ်ဒုက္ခ​ရောက်နေ​သလား။ မိသားစုဝင် ဒါမှမဟုတ် မိတ်ဆွေ​တစ်ယောက် ဆုံးပါး​သွား​လို့ ပူဆွေး​နေတာ ဖြစ်နိုင်တယ်။ ဒီလို​အခြေအနေမှာ တစ်ယောက်တည်း နေချင်​မိ​တာ သဘာဝပါပဲ။ ဒါပေမဲ့ တဲတော် သွား​လို့ ဟန္န စိတ်သက်သာပြီး အားရှိ​သွားတာကို သတိရပါ။ သင်လည်း စိတ်​နွမ်းလျ​နေ​ရင်တောင် အစည်းအဝေး သွား​တက်တဲ့အခါ သင့်ကို ယေဟောဝါ စိတ်သက်သာ​စေနိုင်တယ်၊ အားရှိစေနိုင်တယ်။ (ဟီဘရူး ၁၀:၂၄၊ ၂၅ ကို ဖတ်ပါ။) တစ်နည်းကတော့ အစည်းအဝေးမှာ ကြားရတဲ့ ကျမ်းပိုဒ်တွေ​အားဖြင့်​ပါ။ နှစ်သိမ့်မှု ဖြစ်စေတဲ့ ကျမ်းပိုဒ်တွေ ကြားတဲ့အခါ စိတ်နောက်ကျိ​ရာ​ကနေ စိတ်ကြည်လင်​လာမယ်။ အခြေအနေ ချက်ချင်း ထူးမသွား​ပေမဲ့ ကိုယ့်​စိတ်​ကိုယ် ထိန်း​နိုင်​လာမယ်။

၉ အစည်းအဝေး သွား​တက်တဲ့အခါ ညီအစ်ကို/မတွေရဲ့ နှစ်သိမ့်​အားပေးမှုကြောင့်​လည်း ကျွန်တော်တို့ စိတ်သက်သာရာ​ရကြတယ်။ (၁ သက်. ၅:၁၁၊ ၁၄) အထူးရှေ့ဆောင် ညီအစ်ကို​တစ်ယောက်​အကြောင်း စဉ်းစားကြည့်ပါ။ ဇနီး​ဖြစ်သူ ဆုံးသွားတယ်။ “မျက်ရည်​မထိန်းနိုင်​လို့ တစ်ခါတလေ တစ်ယောက်တည်း နေချင်​မိတယ်။ ဒါပေမဲ့ အစည်းအဝေး ရောက်တဲ့အခါ ညီအစ်ကို/မတွေရဲ့ အားပေးစကားတွေ၊ မှတ်ချက်တွေ​ကြောင့် ကျွန်တော် စိတ်သက်သာသွားတယ်။ အစည်းအဝေး မလာခင်​တုန်းက ဘယ်လောက်ပဲ ပူဆွေး​သောကရောက်​နေပါစေ အစည်းအဝေး ရောက်ရင် အမြဲ စိတ်အေးချမ်း​သွားတယ်” လို့ သူ ပြောတယ်။ ညီအစ်ကို/မတွေကို သုံးပြီး ကျွန်တော်တို့ကို ယေဟောဝါ ကူညီ​ပေးနိုင်တဲ့အတွက် အစည်းအဝေး တက်​ဖြစ်အောင် တက်ပါ။

ပူဆွေး​နေတဲ့ သက်ကြီး​ညီအစ်ကိုကို အစည်းအဝေး​ခန်းမမှာ ညီအစ်ကို/မတွေ နှစ်သိမ့်​ပေးနေ။

ညီအစ်ကို/မတွေ​ကြောင့် ကျွန်တော်တို့ စိတ်သက်သာရာ​ရနိုင် (စာပိုဒ် ၈-၉ ကို ကြည့်ပါ)


10. I lungkham hun ciang Hannah bangci etteh thei ding i hiam?

၁၀ ယေဟောဝါဆီ ရင်ဖွင့်​ဆုတောင်းတဲ့အတွက် ဟန္န စိတ်သက်သာရာ​ရခဲ့တယ်။ သင်လည်း ဆုတောင်းချက်တွေကို ယေဟောဝါ နားထောင်ပေးမယ်ဆိုတာ စိတ်ချပြီး ‘စိုးရိမ်​ပူပန်​စရာ ရှိသမျှကို ပုံအပ်ထားလိုက်ပါ။’ (၁ ပေ. ၅:၇) ညီအစ်မ​တစ်ယောက်​အကြောင်း စဉ်းစားကြည့်ပါ။ ခင်ပွန်း​ကို ဓားပြ​တွေ သတ်​သွားတယ်။ “ကျွန်မ​နှလုံးသား​တစ်ခုလုံး ပြန်​ဆက်​လို့​မရတော့​တဲ့​အထိ တစ်စစီ ကျိုးပဲ့​ကြေမွ​သွား​သလိုပဲ။ ဒါပေမဲ့ ကျွန်မကို သိပ်ချစ်တဲ့ ကောင်းကင်ဘုံစံ​အဖ ယေဟောဝါဆီ ဆုတောင်း​လိုက်​တိုင်း စိတ်ဒဏ်ရာ သက်သာ​လာတယ်။ ဆုတောင်းတဲ့အခါ တစ်ခါတလေ ကိုယ့်​ခံစားချက်တွေကို ဖြောင့်အောင်​တောင် မပြောနိုင်ပေမဲ့ ယေဟောဝါက နားလည်​ပေးတယ်။ ရင်ထဲ ဗလောင်ဆူ​နေချိန်မှာ စိတ်​တည်ငြိမ်​အောင် ကူညီပေးဖို့ ဆုတောင်းတယ်။ ဆုတောင်း​လိုက်တာနဲ့ ချက်ချင်း စိတ်​တည်ငြိမ်​သွားပြီး တစ်နေ့တာ ရှေ့ဆက်​နိုင်​သွားတယ်” လို့ ညီအစ်မ ပြောတယ်။ သင် စိတ်ဒုက္ခ​ရောက်​လွန်းလို့ မျက်ရည်ကျ​ပြီး ဆုတောင်းတဲ့အခါလည်း ယေဟောဝါ ထပ်တူ​ခံစားရတယ်။ သင့်​ခံစားချက်ကို အပြည့်အဝ နားလည်တယ်။ စိတ်ဒုက္ခ​ရောက်​နေတုန်းပဲ​ဆိုရင်တောင် သင့်ကို စိတ်သက်သာ​စေမယ်၊ စိတ်​ငြိမ်သက်စေ​မယ်။ (ဆာ. ၉၄:၁၉။ ဖိ. ၄:၆၊ ၇) သင် သစ္စာရှိရှိ ခံ​ရပ်နေတာကို ဆုချမယ်။—ဟီ. ၁၁:၆။

LEHHEKNA HANGIN A LUANG KHITUI

11. Midangte’ gamtatna hangin David’ lungsim bangci om a hiam?

၁၁ ဒါဝိဒ်ဟာ ဘဝ​တစ်လျှောက် ငို​ခဲ့​ရတဲ့​အချိန်တွေ တော်တော်​များတယ်။ ဘာကြောင့်လဲ။ ဒါဝိဒ်​ကို ရန်လို​သူ​တွေ များတယ်။ လူရင်း​တွေ​တောင် သစ္စာဖောက်​သွားကြတယ်။ (၁ ရှ. ၁၉:၁၀၊ ၁၁။ ၂ ရှ. ၁၅:၁၀-၁၄၊ ၃၀) “ဒုက္ခပေး​သူ​တွေ​ကြောင့်” ဒါဝိဒ် ဘယ်လို ခံစားခဲ့ရသလဲ။ “ညည်းတွား​ရ​လွန်းလို့ ကျွန်တော် မောပန်းနေပြီ။ တစ်ညလုံး ငိုရ​လွန်းလို့ အိပ်ရာ​ဟာ မျက်ရည်တွေ​နဲ့ စိုရွှဲ​နေပြီ။ ခုတင်​ကလည်း မျက်ရည်​ထဲ​မှာ မျော​နေပြီ” လို့ ပြောတယ်။ (ဆာ. ၆:၆၊ ၇) တခြားသူတွေရဲ့ လုပ်ရပ်ကြောင့် ဒါဝိဒ် မျက်ရည်ဖြိုင်ဖြိုင်ကျ​တဲ့​အထိ ခံစားခဲ့ရတယ်။

12. Late 56:8-a a gen bangin, David in bang lungmuang a hiam?

၁၂ ဘဝမှာ အခက်အခဲ အများကြီး ကြုံရပေမဲ့ မိမိကို ယေဟောဝါ ချစ်တယ်ဆိုတာ ဒါဝိဒ် ယုံကြည်စိတ်ချတယ်။ “ငါ့​ငိုကြွေး​သံ​ကို ယေဟောဝါ ကြား​လိမ့်မယ်” လို့ ပြောတယ်။ (ဆာ. ၆:၈) မိမိ​မျက်ရည်တွေ​ကို သားရေဘူး​ထဲ ယေဟောဝါ သိမ်း​ထားပေးတယ်၊ စာအုပ်​ထဲ​မှာ ရေးမှတ်ထား​ပေးတယ်​ဆိုပြီး ဆာလံ ၅၆:၈ မှာ လှလှပပ ဖော်ကျူး​ထားတယ်။ (ဖတ်ပါ။) မိမိ နာကျင်​ခံစားရတာ​ကို ယေဟောဝါ သတိထားမိတယ်၊ မှတ်ထား​ပေးတယ်ဆိုတာ စိတ်ချကြောင်း ဖော်ပြ​လိုက်တာပါပဲ။ အခက်အခဲတွေ​လောက်ကို​သာ မဟုတ်ဘဲ အခက်အခဲတွေကြောင့် ဘယ်လို ခံစားနေရသလဲ​ဆိုတာကို​ပါ ယေဟောဝါ သိကြောင်း ဒါဝိဒ် ယုံကြည်စိတ်ချတယ်။ ကျွန်တော်တို့ကိုလည်း ယေဟောဝါ သိပ်ချစ်တယ်၊ ခံစားချက်တွေကို ဂရုစိုက်တယ်ဆိုတာ ဒါဝိဒ်ရဲ့ စကားတွေက ဖော်ပြနေတယ်။

13. Midangte’n hong lehhek hun ciang bang i phawk ding kisam a hiam? (Lim zong en in.)

၁၃ ဘာ​သင်ခန်းစာ ရသလဲ။ လူ​ရင်း​တစ်ယောက် စိတ်ပျက်အောင် လုပ်​သွား​လို့ ဒါမှမဟုတ် သစ္စာဖောက်​သွား​လို့ သင် စိတ်ထိခိုက်​နေ​သလား။ လက်ထပ်​ဖို့ ရည်ရွယ်​ထား​သူ ဒါမှမဟုတ် အိမ်ထောင်ဖက် ကိုယ့်ကို စွန့်ပစ်​သွား​လို့ ဒါမှမဟုတ် ချစ်ရသူ​တစ်ယောက် ယေဟောဝါကို ကျောခိုင်း​သွား​လို့ နာကျင်​ခံစားနေရတာ ဖြစ်နိုင်တယ်။ ညီအစ်ကို​တစ်ယောက်​အကြောင်း စဉ်းစားကြည့်ပါ။ မိန်းမ​ဖြစ်သူ ဖောက်ပြန်ပြီး သူ့ကို ထား​သွားတယ်။ “ကျွန်တော် လန့်​လည်း လန့်၊ ယုံလည်း မယုံနိုင်​ဘူး။ ဝမ်းနည်း​တယ်၊ ဒေါသ​ထွက်တယ်။ အရှုံးသမား​တစ်ယောက်လို ခံစားရတယ်” လို့ ပြောတယ်။ သင်လည်း သစ္စာဖောက်​ခံရတယ်​ဆိုရင် ဘာကို သတိ​ရနိုင်သလဲ။ သင့်ကို ယေဟောဝါ ဘယ်တော့မှ မစွန့်ပစ်​ဘူး​ဆိုတာ သတိ​ရနိုင်တယ်။ “လူတွေက ပြောင်းလဲ​တတ်တယ်။ ယေဟောဝါကတော့ ကျောက်ဆောင် ဖြစ်လို့ မပြောင်းလဲဘူး။ ဘာတွေ​ပဲ ဖြစ်လာပါစေ သစ္စာစောင့်သိ​သူတွေကို ဘယ်တော့မှ မစွန့်ဘူး” လို့ ညီအစ်ကို ပြောတယ်။ (ဆာ. ၃၇:၂၈) သင့်ကို လူတစ်ယောက် ချစ်​ပေးနိုင်တာ​ထက် ယေဟောဝါ ပို​ချစ်​ပေးနိုင်တယ်ဆိုတာ​ကိုလည်း သတိရပါ။ သင် သစ္စာဖောက်​ခံရပေမဲ့ သင့်ကို ယေဟောဝါ ဂရုစိုက်​တာ၊ တန်ဖိုးထား​တာ ပြောင်း​မသွား​ဘူး။ (ရော. ၈:၃၈၊ ၃၉) လူတွေ ဘယ်လိုပဲ ဆက်ဆံပါ​စေ သင့်ကို ကောင်းကင်ဘုံစံ​အဖ ချစ်တယ်။

စိတ်​ကြေကွဲ​နေတဲ့ ညီအစ်ကို​တစ်ယောက် လက်ထပ်​လက်စွပ် ကိုင်​ရင်း ဘုရင်​ဒါဝိဒ် ကြုံခဲ့ရတာ​တွေ​ကို စဉ်းစား​နေ။

စိတ်ကြေကွဲနေသူတွေရဲ့ အနီးအပါး​မှာ ယေဟောဝါ ရှိတယ်ဆိုတာ ဆာလံ​ကျမ်းက စိတ်ချ​စေ (စာပိုဒ် ၁၃ ကို ကြည့်ပါ)


14. Late 34:18-ah Jehovah in bang hong lungmuangsak a hiam?

၁၄ သစ္စာဖောက်​ခံရတဲ့အခါ ဆာလံ ၃၄:၁၈ မှာ ပါတဲ့ ဒါဝိဒ်ရဲ့ စကားတွေကလည်း စိတ်သက်သာရာ​ရစေတယ်။ (ဖတ်ပါ။) “စိတ်ထောင်းကိုယ်ကြေ ဖြစ်​နေ​သူ​တွေ” ဟာ မျှော်လင့်​စရာ ဘာမှ မရှိတော့ဘူးလို့ ခံစားရနိုင်တယ်။ အဲဒီလိုလူတွေကို ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။ “အနီးအပါး​မှာ” ရှိနေ​ပေးတယ်။ ယေဟောဝါဟာ ကလေး ငို​တဲ့အခါ ထွေးပိုက်​ပြီး အငို​တိတ်​အောင် ချော့ပေး​တဲ့ မိဘ​လို​ပါပဲ။ သစ္စာဖောက်​ခံရလို့၊ စွန့်ပစ်​ခံရလို့ ကျွန်တော်တို့ စိတ်​ကြေကွဲ​ပြီး ငိုကြွေး​တဲ့အခါ မ​ကြည့်​ရက်​ဘူး၊ ချက်ချင်း ကူညီပေးတယ်။ စိတ်သက်သာ​အောင် လုပ်ပေးချင်တယ်။ ဒါ့အပြင် မျှော်လင့်​စရာ အများကြီး ပေးထားတယ်။ ဘုရားပေး​မျှော်လင့်ချက်က လက်ရှိ အခက်အခဲတွေကို ခံရပ်စေနိုင်တယ်။—ဟေရှာ. ၆၅:၁၇။

LAMET BEINA HANGIN A LUANG KHITUI

15. Ba’hang Hezekiah nakpitakin na kap a hiam?

၁၅ ယုဒ​မင်း ဟေဇကိ​ဟာ အသက် ၃၉ နှစ်မှာ သေလုမြောပါး ဖျား​တယ်။ ပြန်နေကောင်းလာမှာ မဟုတ်ဘူး၊ သေ​ရလိမ့်မယ်​ဆိုပြီး ပရောဖက် ဟေရှာယကတစ်ဆင့် ယေဟောဝါ ပြောတယ်။ (၂ ဘု. ၂၀:၁) ဟေဇကိ မျှော်လင့်ချက် မရှိတော့​ပုံ​ပဲ။ ဒါနဲ့ ရှိုက်ကြီးတငင် ငိုပြီး ယေဟောဝါဆီ အသနားခံတယ်။—၂ ဘု. ၂၀:၂၊ ၃။

16. Hezekiah kap kawmin a thumna Jehovah in a zak ciang bangci na thukkik a hiam?

၁၆ ဟေဇကိ ငိုယို​အသနားခံတာကို ယေဟောဝါ ကြားတော့ သနား​သွားပြီး “မင်းရဲ့ ဆုတောင်းသံ​ကို ငါ​ကြားတယ်။ မင်းရဲ့ မျက်ရည်​ကိုလည်း ငါ​မြင်တယ်။ အခု မင်းရဲ့ ရောဂါ​ပျောက်ကင်းအောင် လုပ်ပေးမယ်” လို့ ပြောတယ်။ သက်တမ်း တိုး​ပေးမယ်၊ ဂျေရုဆလင်​မြို့ကို အဆီးရီးယား​ဘုရင်​ရဲ့ လက်ကနေ ကယ်တင်မယ်​လို့လည်း ဟေရှာယကတစ်ဆင့် ပြောတယ်။—၂ ဘု. ၂၀:၄-၆။

17. Natna hanga i lungkham hun ciang Jehovah in koi bangin hong kem a hiam? (Late 41:3) (Lim zong en in.)

၁၇ ဘာ​သင်ခန်းစာ ရသလဲ။ ကု​မရတဲ့ ရောဂါ သင် ခံစားနေရသလား။ မျက်ရည်​စက်လက် ဖြစ်နေရင်​တောင် သင့်​ခံစားချက်ကို ယေဟောဝါဆီ ဆုတောင်း​ပြောပြပါ။ ‘ကရုဏာကြီးတဲ့​အဖ၊ နှစ်သိမ့်ခြင်း​အမျိုးမျိုးရဲ့ အရှင်​က ကျွန်တော်တို့ ဆင်းရဲဒုက္ခ​အမျိုးမျိုး ခံရတဲ့အခါ နှစ်သိမ့်ပေးမယ်’ လို့ အာမခံထားတယ်။ (၂ ကော. ၁:၃၊ ၄) ဒီနေ့​အချိန်မှာ ကျွန်တော်တို့ရဲ့ ပြဿနာ​အားလုံးကို ယေဟောဝါ ဖယ်ရှား​ပေးမှာ​တော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို ဖေးမပေးမယ်​ဆိုတာ အမြဲ စိတ်ချနိုင်တယ်။ (ဆာလံ ၄၁:၃ ကို ဖတ်ပါ။) ယေဟောဝါ ဘယ်လို ဖေးမ​ပေးသလဲ။ သန့်ရှင်းသော စွမ်းအားတော်က​တစ်ဆင့် ခွန်အား၊ ဉာဏ်ပညာ၊ စိတ်ငြိမ်သက်မှု ပေးတယ်။ (ပညာ. ၁၈:၁၄။ ဖိ. ၄:၁၃) အနာ​ရောဂါ​အားလုံးကို ပျောက်ကင်းစေ​မယ်​ဆိုတဲ့ ကျမ်းစာ​မျှော်လင့်ချက် ပေးတယ်။—ဟေရှာ. ၃၃:၂၄။

ရုပ်ပုံ– ၁။ ဓာတု​ကုထုံး ခံယူ​နေ​ရတဲ့ ညီအစ်မ​တစ်ယောက် ပြင်းပြင်းပြပြ ဆုတောင်းနေ။ ၂။ သေလုမြောပါး ဖြစ်နေတဲ့ ဟေဇကိ​မင်းဟာ ယေဟောဝါကို အသနားခံ​နေ။

ခွန်အား၊ ဉာဏ်ပညာ၊ စိတ်ငြိမ်သက်မှု ပေးခြင်းအားဖြင့် ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေကြား​ပေး (စာပိုဒ် ၁၇ ကို ကြည့်ပါ)


18. Lamet bei-in na om laitakin bang Lai Siangtho munin hong lungnuamsak a hiam? (“Lungnopna Hong Ngahsak Thei Lai Siangtho Munte,” cih kiu li bawm en in.

၁၈ ယေဟောဝါရဲ့ စကားကြောင့် ဟေဇကိ စိတ်သက်သာရာ​ရခဲ့တယ်။ ကျွန်တော်တို့လည်း ကျမ်းစာမှာ ပါတဲ့ ယေဟောဝါရဲ့ စကားတွေကို ဖတ်မယ်​ဆိုရင် စိတ်သက်သာရာ​ရမယ်၊ စိတ်အားတက်​လာမယ်။ (ရော. ၁၅:၄) အနောက်​အာဖရိကမှာ ရှိတဲ့ ညီအစ်မ​တစ်ယောက်ဟာ ကင်ဆာ​ဖြစ်နေမှန်း သိလိုက်ရတဲ့အခါ ငိုပဲ ငို​နေတော့တယ်။ “ကျွန်မအတွက် နှစ်သိမ့်မှု ဖြစ်စေတဲ့ ကျမ်းပိုဒ်​တစ်ပိုဒ်​ကတော့ ဟေရှာယ ၂၆:၃ ပါ။ အခြေအနေတွေကို မထိန်းချုပ်​နိုင်ပေမဲ့ ယေဟောဝါ ပေးတဲ့ တည်မြဲတဲ့ ငြိမ်သက်မှု​ကြောင့် ခံစားချက်ကို ထိန်းချုပ်​နိုင်မယ်​ဆိုတာ ဒီကျမ်းပိုဒ်က စိတ်ချစေတယ်” လို့ ပြောတယ်။ မျှော်လင့်ချက် မဲ့​နေ​ပုံ​ပေါက်တဲ့​အခါ သင့်ကို စိတ်သက်သာစေတဲ့ ကျမ်းပိုဒ်​တစ်ပိုဒ်​ပိုဒ် ရှိသလား။

စိတ်သက်သာရာ​ရစေမယ့် ကျမ်းပိုဒ်များ

ကျွန်တော်တို့ရဲ့ မျက်ရည်တွေ​ကို ယေဟောဝါ သတိထားမိကြောင်း၊ ကျွန်တော်တို့ကို ကူညီပေးမှာ ဖြစ်ကြောင်း စိတ်ချ​စေ​တဲ့ ကျမ်းပိုဒ် အများကြီး ရှိပါတယ်။ ကျမ်းပိုဒ်​တချို့ သုံးသပ်ကြည့်ပါ–

  • ထွက်မြောက်ရာ ၃:၇

  • ဆာလံ ၃၉:၁၂

  • ဟေရှာယ ၅၇:၁၅

  • ယေရမိ ၃၁:၁၆

19. Koi bang mailam hunin hong ngak a hiam?

၁၉ နောက်ဆုံး​ကာလရဲ့ အဆုံးပိုင်းမှာ အသက်ရှင်နေ​ရလို့ ဝမ်းနည်း​ငိုကြွေး​စရာ​ကိစ္စတွေ ပိုများလာ​ဖို့​ပဲ ရှိတယ်။ ဒါပေမဲ့ ဟန္န၊ ဒါဝိဒ်၊ ဟေဇကိ​မင်းတို့​အဖြစ်ကနေ သိရတဲ့​အတိုင်း ကျွန်တော်တို့ရဲ့ မျက်ရည်တွေ​ကို ယေဟောဝါ မှတ်​ထားပေးတယ်။ ကျွန်တော်တို့နဲ့ ထပ်တူ​ခံစားပေးတယ်။ မျက်ရည်ကျ​စရာ​ကိစ္စတွေ ရှိတဲ့​ကြား​က သစ္စာရှိတဲ့ ကျွန်တော်တို့ကို ချစ်တယ်။ ဒါကြောင့် စိတ်​ဒုက္ခရောက်နေတဲ့အခါ ယေဟောဝါဆီ ရင်ဖွင့်​ဆုတောင်းပါ။ ညီအစ်ကို/မတွေနဲ့ ရင်းရင်းနှီးနှီး နေပါ။ စိတ်သက်သာရာ​ရဖို့ ကျမ်းစာ​ဖတ်ပါ။ သစ္စာရှိရှိ ခံရပ်​နေ​ရင် ယေဟောဝါ ဆုချမယ်ဆိုတာ စိတ်ချပါ။ ဆု​တစ်ခုကတော့ ကမ္ဘာသစ်​အသက်တာ​ပါ။ ကမ္ဘာသစ်​မှာ မျက်ရည်​ရှိသမျှကို ယေဟောဝါ သုတ်ပေး​မယ်။ ဆိုလိုတာက စိတ်ဒုက္ခ​ရောက်လို့၊ သစ္စာဖောက်​ခံရလို့၊ မျှော်လင့်ချက်​မဲ့​လို့ မျက်ရည်ကျ​ရတာ​မျိုး မရှိအောင် လုပ်ပေးမယ်။ (ဗျာ. ၂၁:၄) သင် မျက်ရည်ကျတယ်​ဆိုရင်တော့ ဝမ်းသာ​မျက်ရည်​ပဲ ဖြစ်မှာ​ပါ။

NANGH BANGCI DAWNG DING?

  • Hannah khitui a luan ciang Jehovah in koi bangin lungnuamsak a hiam?

  • David khitui a luan ciang Jehovah in koi bangin lungnuamsak a hiam?

  • Hezekiah khitui a luan ciang Jehovah in koi bangin lungnuamsak a hiam?

LA 4 “ယေဟောဝါဟာ ငါ့​သိုးထိန်းပါ”

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ