Sin Ding Thu50
LA 135 ယေဟောဝါရဲ့ မေတ္တာရပ်ခံချက်— ‘ငါ့သား၊ ပညာရှိပါ
Nu le Pate Aw—Na Tate’ Upna A Kip Nadingin Na Huh Un
A hoih nate bang hi a, bangte in amah lungkimsakin, bangte a kicing hiam ci-in thei-in Pasian’ deihna na phawk un.—ROM 12:2.
အာရုံစိုက်ရာ
ဘုရားအကြောင်း၊ ကျမ်းစာအကြောင်း သားသမီးတွေနဲ့ ပြောဆိုခွင့်ရဖို့ မိဘတွေ ဘာလုပ်နိုင်သလဲ၊ သူတို့ ယုံကြည်ခြင်း ခိုင်ခံ့လာအောင် ဘယ်လို ကူညီပေးနိုင်သလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။
1-2. Upna tawh kisai tate’n dotna a neih uh ciang koi bangin i ngaihsut ding kisam a hiam?
သားသမီး ပြုစုပျိုးထောင်ရတာ တာဝန်ကြီးတယ်ဆိုတာ လူတော်တော်များများ သဘောတူကြမှာပါ။ သင်ဟာ သားငယ်သမီးငယ် ရှိတဲ့ မိဘဆိုရင် ဘုရားကို သူတို့ အခိုင်အမာ ယုံကြည်လာအောင် ကြိုးစားကူညီပေးနေမှာပဲ။ (တရား. ၆:၆၊ ၇) ဒါပေမဲ့ သူတို့ အရွယ်ရောက်လာတာနဲ့အမျှ ကျမ်းစာစံနှုန်းတွေ၊ ယုံကြည်ချက်တွေအကြောင်း မေးခွန်းထုတ်လာနိုင်တယ်။
၂ သားသမီးတွေ မေးခွန်းထုတ်လာတဲ့အခါ ယုံကြည်ခြင်း မခိုင်ခံ့လို့များလားဆိုပြီး သင် စိုးရိမ်မိနိုင်တယ်။ တကယ်တော့ မေးခွန်းထုတ်တာ ကောင်းတယ်။ သူတို့ကို ယုံကြည်ခြင်း ပိုခိုင်ခံ့လာစေနိုင်လို့ပဲ။ (၁ ကော. ၁၃:၁၁) ဒါကြောင့် သားသမီးတွေ မေးခွန်းထုတ်လာတဲ့အခါ စိတ်မပူပါနဲ့။ သူတို့ စဉ်းစားတွေးခေါ်တတ်လာအောင် ကူညီပေးနိုင်တဲ့ အခွင့်အရေးလို့ သဘောထားပါ။
3. Hih thulu-ah bang thu kikum ding i hiam?
၃ (၁) ယုံကြည်ခြင်း ခိုင်ခံ့လာအောင်၊ (၂) ကျမ်းစာစံနှုန်းတွေ အကျိုးရှိတယ်ဆိုတာ သဘောပေါက်လာအောင်၊ (၃) ယုံကြည်ချက်အကြောင်း ရှင်းပြတတ်အောင် သားသမီးတွေကို မိဘတွေ ဘယ်လို ကူညီပေးနိုင်ကြောင်း ဒီဆောင်းပါးမှာ သုံးသပ်သွားပါမယ်။ ဒါ့အပြင် သားသမီးတွေ မေးခွန်းမေးတာ ဘာကြောင့် ကောင်းသလဲ၊ ယုံကြည်ချက်အကြောင်း သူတို့နဲ့ ပြောဆိုခွင့်ရဖို့ ဘာတွေ လုပ်နိုင်သလဲဆိုတာကိုလည်း ဆွေးနွေးသွားပါမယ်။
UPNA KIP A NEIH NADINGUN NA HUH UN
4. Tate’n koi bangin ngaihsun khathei a hiam? Ba’hang hiam?
၄ ယုံကြည်ခြင်းဆိုတာ လက်ဆင့်ကမ်းအမွေပေးလို့ ရတဲ့အရာ မဟုတ်မှန်း ခရစ်ယာန်မိဘတွေ အသိအမှတ်ပြုကြတယ်။ မွေးကတည်းက ယေဟောဝါကို သင် ယုံကြည်နေတာ မဟုတ်ဘူး။ သင့်သားသမီးလည်း ယေဟောဝါကို အလိုလို ယုံကြည်နေမှာ မဟုတ်ဘူး။ ဒါကြောင့် ‘ဘုရား ရှိတယ်ဆိုတာ ငါ ဘယ်လိုလုပ်ပြီး သိသလဲ။ ကျမ်းစာအဆိုကို ငါ တကယ် ယုံလို့ရသလား’ စသဖြင့် စဉ်းစားလာနိုင်တယ်။ အဲဒီလိုစဉ်းစားတာ ကောင်းတယ်။ “စဉ်းစားဆင်ခြင်နိုင်စွမ်းကို သုံး” ဖို့၊ “အရာရာကို မှန်မမှန် အသေအချာ စစ်ဆေး” ဖို့ ကျမ်းစာမှာ အားပေးထားလို့ပဲ။ (ရော. ၁၂:၁။ ၁ သက်. ၅:၂၁) ဒါဆိုရင် သင့်သားသမီး ယုံကြည်ခြင်း ခိုင်ခံ့လာအောင် ဘယ်လို ကူညီပေးနိုင်သလဲ။
5. Nu le pate’n a tate uh Lai Siangtho a muan semsem theih nadingun koi bangin huh thei a hiam? (Rom 12:2)
၅ ကျမ်းစာအဆို မှန်ကန်ကြောင်း အထောက်အထားတွေ ရှာဖို့ သားသမီးတွေကို အားပေးပါ။ (ရောမ ၁၂:၂ ကို ဖတ်ပါ။) သင့်သားသမီး မေးခွန်းမေးလာတဲ့အခါ ယေဟောဝါသက်သေတွေအတွက် ကျမ်းစာလေ့လာမှုလမ်းညွှန် လိုမျိုး လေ့လာမှု ကိရိယာတွေ သုံးပြီး အဖြေရှာနိုင်ပုံကို ပြပေးပါ။ ကျမ်းစာလေ့လာမှုလမ်းညွှန် ရဲ့ “သမ္မာကျမ်းစာ” ဆိုတဲ့ အကြောင်းအရာအောက်မှာ “စွမ်းအားတော်လမ်းညွှန်မှုနဲ့ ရေးထား” ဆိုတဲ့ အပိုင်း ရှိတယ်။ ကျမ်းစာဟာ လူတွေ ရေးထားတဲ့ စာကောင်းပေကောင်းသက်သက် မဟုတ်ကြောင်း၊ “ဘုရားသခင်ရဲ့ တရားစကား” ဖြစ်ကြောင်း အထောက်အထားတွေကို အဲဒီမှာ ရှာခိုင်းပါ။ (၁ သက်. ၂:၁၃) ဥပမာ၊ နိနဝေဆိုတဲ့ ရှေးအဆီးရီးယားမြို့အကြောင်း လေ့လာခိုင်းနိုင်တယ်။ နိနဝေမြို့ မရှိခဲ့ပါဘူးလို့ ကျမ်းစာဝေဖန်ရေးသမားတချို့ ပြောကြတယ်။ ဒါပေမဲ့ ၁၈၅၀ ခုနှစ်လောက်မှာ နိနဝေမြို့ အပျက်အယွင်းတွေ တူးဖော်တွေ့ရှိခဲ့တယ်။ ကျမ်းစာအဆို မှန်ကန်ကြောင်း အထောက်အထားပါပဲ။ (ဇေ. ၂:၁၃-၁၅) နိနဝေမြို့ ပျက်စီးတာဟာ ကျမ်းစာကြိုဟောချက် ပြည့်စုံတာ ဖြစ်ကြောင်း သိဖို့ ၂၀၂၁၊ နိုဝင်ဘာ ကင်းမျှော်စင် မှာ ပါတဲ့ “သင် သိပါသလား” ဆောင်းပါးကို ကြည့်ခိုင်းနိုင်တယ်။ အဖွဲ့အစည်းစာပေတွေမှာ ဖော်ပြထားတာနဲ့ စွယ်စုံကျမ်းတွေ၊ စိတ်ချရတဲ့ သမိုင်းစာပေတွေမှာ ဖော်ပြထားတာကို နှိုင်းယှဉ်ကြည့်ခိုင်းပါ။ ဒါဆိုရင် ကျမ်းစာအဆို မှန်ကန်တယ်ဆိုတာ သင့်သားသမီး ပိုယုံကြည်စိတ်ချလာမယ်။
6. Tate’n thu ngaihsut siamna a neih theih nadingun nu le pate’n koi bangin huh thei a hiam? Gentehna pia in. (Lim zong en in.)
၆ သားသမီးတွေ စဉ်းစားဆင်ခြင်တတ်လာဖို့ ကူညီပေးပါ။ ဘုရားအကြောင်း၊ ကျမ်းစာအကြောင်း သင့်သားသမီးနဲ့ ပြောဆိုဖို့ အခွင့်အရေး ရှာပါ။ ပြတိုက်၊ ပန်းခြံ ဒါမှမဟုတ် ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးကို သွားလည်ပတ်တဲ့အခါ အဲဒီလိုပြောဆိုဖို့ အခွင့်အရေး ရလာနိုင်တယ်။ ကျမ်းစာအဆို မှန်ကန်တယ်ဆိုတာ ပိုယုံကြည်စိတ်ချလာစေနိုင်တဲ့ ရှေးဟောင်းပစ္စည်းတွေအကြောင်း စာအုပ်စာပေတွေ၊ ဗီဒီယိုတွေ ပြနိုင်တယ်။ နှစ် ၃,၀၀၀ သက်တမ်း ရှိတဲ့ မောဘကျောက်စာမှာ ဘုရားနာမည် ပါတယ်ဆိုတာ သူ သိသလား။ ပြင်သစ်နိုင်ငံ၊ ပါရီမြို့၊ လူဗားပြတိုက်မှာ မူရင်းမောဘကျောက်စာ ပြသထားတယ်။ နယူးယောက်၊ ဝေါဝစ်မှာ ရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်ကို သွားလည်နိုင်တယ်ဆိုရင် “ကျမ်းစာနဲ့ မြင့်မြတ်သောနာမတော်” ဆိုတဲ့ ပြခန်းမှာ မောဘကျောက်စာပုံတူ တွေ့နိုင်တယ်။ အစ္စရေးဘုရင်ကို မောဘဘုရင် မေရှာ ပုန်ကန်တဲ့အကြောင်း အဲဒီကျောက်စာမှာ ဖော်ပြထားတယ်။ ဒါ ကျမ်းစာဖော်ပြချက်နဲ့ ကိုက်ညီတယ်။ (၂ ဘု. ၃:၄၊ ၅) ကျမ်းစာအဆို မှန်ကန်ကြောင်း အထောက်အထားတွေကို သင့်သားသမီး ကိုယ်တိုင် မြင်တဲ့အခါ ယုံကြည်ခြင်း ပိုခိုင်ခံ့လာမယ်။—၂ ရာဇဝင်ချုပ် ၉:၆ နဲ့ နှိုင်းယှဉ်ပါ။
ရှေးဟောင်းပစ္စည်းတွေအကြောင်း လေ့လာခြင်းအားဖြင့် သားသမီးတွေ စဉ်းစားတွေးခေါ်တတ်လာအောင် ကူညီပေးပါ (စာပိုဒ် ၆ ကို ကြည့်ပါ)
7-8. (a) A piangsa nate laka a kimu thei a lamdang mahmah design-te pan bang theikhia i hiam? Gentehna pia in. (Lim zong en in.) (b) Na tate’n Piangsak pa a up semsem theih nadingun koi bang dotnate dong thei na hiam?
၇ သဘာဝတရားအကြောင်း စဉ်းစားကြည့်ဖို့ သားသမီးတွေကို အားပေးပါ။ သင့်သားသမီးနဲ့ ကျေးလက်ဒေသ ဒါမှမဟုတ် ပန်းခြံ သွားလည်တဲ့အခါ သဘာဝတရားမှာ တွေ့ရတဲ့ ဆန်းကြယ်တဲ့ ဒီဇိုင်းပုံစံတွေကို အာရုံစိုက်ခိုင်းပါ။ ဆန်းကြယ်လှတဲ့ ဒီဇိုင်းပုံစံတွေဟာ ဉာဏ်ပညာ ကြီးမားတဲ့ ပုံစံပြုရှင် ရှိကြောင်း သက်သေပါပဲ။ ဥပမာ၊ သိပ္ပံပညာရှင်တွေ လေ့လာတာ နှစ်တော်တော် ကြာပြီ ဖြစ်တဲ့ ခရုပတ်ပုံစံအကြောင်း စဉ်းစားကြည့်ပါ။ သဘာဝတရားမှာ တွေ့ရတဲ့ သက်ရှိသက်မဲ့ တစ်မျိုးမျိုးရဲ့ ခရုပတ်အရေအတွက်ကို ရေတွက်ကြည့်တဲ့အခါ ဖီဘိုနာချီလို့ ခေါ်တဲ့ ကိန်းစဉ်တန်းထဲက ကိန်းဂဏန်းတစ်ခုခုနဲ့ အမြဲ ကိုက်တယ်လို့ သိပ္ပံပညာရှင် နီကိုလာ ဖာမယ်လီ ရှင်းပြတယ်။ ဂလက်ဆီတချို့၊ ပင်လယ်ခရု၊ သစ်ရွက်၊ နေကြာအူတိုင်ဟာလည်း ခရုပတ်ပုံစံ ရှိတယ်။a
၈ သဘာဝတရားမှာ တွေ့ရတဲ့ ဒီဇိုင်းပုံစံတွေကို ဖြစ်ပေါ်စေတဲ့ နိယာမတွေအကြောင်းလည်း သင့်သားသမီး ကျောင်းမှာ သင်ယူရနိုင်တယ်။ ဥပမာ၊ ပုံစံတူ အရွယ်အစားမျိုးစုံ ဆင့်ကာဆင့်ကာ ထွက်လာတဲ့ နိယာမ (fractal) ကို သဘာဝတရားမှာ အများကြီး တွေ့ရတယ်။ အပင်အများစုမှာဆိုရင် ပင်စည်ကနေ အကိုင်း၊ အကိုင်းကနေ အခက်အလက် ဖြစ်လာတယ်။ ဒီလိုစည်းစနစ်ကျတဲ့ နိယာမကို ဘယ်သူ ပုံစံပြုထားသလဲ။ ဒီလိုမေးခွန်းတွေကို သင့်သားသမီး စဉ်းစားလေ အရာအားလုံးကို ဘုရားသခင် ဖန်ဆင်းထားတယ်ဆိုတာ ပိုယုံကြည်စိတ်ချလေ ဖြစ်လာနိုင်တယ်။ (ဟီ. ၃:၄) သင့်သားသမီး ကြီးပြင်းလာတာနဲ့အမျှ ဘုရားစံနှုန်းတွေ လိုက်နာဖို့ ဘာကြောင့် အရေးကြီးသလဲဆိုတာလည်း သင်ပေးရနိုင်တယ်။ “အမေတို့ အဖေတို့ကို ဘုရား ဖန်ဆင်းထားတာဆိုတော့ ဘယ်လို နေထိုင်ပြုမူရင် ပျော်မယ်ဆိုတာလည်း ဘုရား အသိဆုံး ဖြစ်မယ် မဟုတ်လား” လို့ မေးနိုင်တယ်။ အဲဒီနောက် ဘယ်လို နေထိုင်ရင် ပျော်ရွှင်မယ်ဆိုတာ ကျမ်းစာမှာ ဘုရား ဖော်ပြထားကြောင်း ရှင်းပြနိုင်တယ်။
NASA, ESA, and the Hubble Heritage (STScl/AURA)-ESA/Hubble Collaboration
သဘာဝတရားမှာ တွေ့ရတဲ့ ဆန်းကြယ်တဲ့ ဒီဇိုင်းပုံစံတွေကို ဘယ်သူ ပုံစံပြုထားသလဲ (စာပိုဒ် ၇-၈ ကို ကြည့်ပါ)
LAI SIANGTHO TEHNATE IN HAMPHATNA NGAHSAK AHIHLAM A TEL NADINGUN HUH IN
9. Lai Siangtho tehnate tawh kisai-in Tate’n dotnate ba’hang hong dong khathei a hiam?
၉ ကျမ်းစာစံနှုန်းတွေနဲ့ပတ်သက်ပြီး သားသမီးတွေ မေးခွန်းထုတ်လာနိုင်တယ်။ ဘာကြောင့် မေးခွန်းမေးတယ်ဆိုတာ သိအောင် လုပ်ပါ။ ကျမ်းစာစံနှုန်းတွေ အကျိုးရှိမရှိ မယုံလို့ မေးတာလား ဒါမှမဟုတ် တခြားသူတွေကို ရှင်းမပြတတ်လို့ မေးတာလား။ ဘာကြောင့်မေးမေး ကျမ်းစာစံနှုန်းတွေ အကျိုးရှိတယ်ဆိုတာ သဘောပေါက်လာအောင် ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် သုံးပြီး သင်ပေးပါ။b
10. Jehovah’ lawm a suah theihna uh na tate’n manpha a sak theih nadingun koi bangin huh thei na hiam?
၁၀ ယေဟောဝါနဲ့ မိတ်ဆွေဖြစ်ခွင့်ကို သားသမီးတွေ တန်ဖိုးထားတတ်ဖို့ ကူညီပေးပါ။ သင့်သားသမီးကို ကျမ်းစာသင်ပေးတဲ့အခါ သဘောထား သိရအောင် ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်ထဲက မေးခွန်းတွေ မေးပါ။ ပုံဥပမာတွေ သုံးပါ။ (ပညာ. ၂၀:၅) ဥပမာ၊ ကျွန်တော်တို့ရဲ့ ဘေးကင်းရေးအတွက်၊ ကောင်းကျိုးအတွက် သတိပေးတတ်တဲ့ မိတ်ဆွေကောင်းနဲ့ ယေဟောဝါကို သင်ခန်းစာ ၈ မှာ ခိုင်းနှိုင်းထားတယ်။ ၁ ယောဟန် ၅:၃ ကို ဆွေးနွေးပြီးနောက် “ယေဟောဝါဟာ မိတ်ဆွေကောင်း ဖြစ်တယ်ဆိုတာ သိပြီဆိုတော့ ယေဟောဝါရဲ့ သတိပေးချက်တွေကို ဘယ်လို သဘောထားသင့်သလဲ” လို့ မေးနိုင်တယ်။ မေးခွန်းက ရိုးရိုးလေး ဆိုပေမဲ့ ကျွန်တော်တို့ကို ချစ်လို့ ယေဟောဝါ ပညတ်တွေ ပေးထားတယ်ဆိုတာ သင့်သားသမီး သဘောပေါက်လာနိုင်တယ်။—ဟေရှာ. ၄၈:၁၇၊ ၁၈။
11. Lai Siangtho thubulte hamphatna om ahihlam na tate’n a tel nadingun koi bangin huh thei na hiam? (Paunak 2:10,11)
၁၁ ကျမ်းစာမူတွေ လိုက်နာရင် ဘာအကျိုးရတယ်ဆိုတာ ဆွေးနွေးပါ။ သင့်သားသမီးနဲ့ ကျမ်းစာ ဒါမှမဟုတ် နေ့စဉ်ကျမ်းချက် အတူတူဖတ်တဲ့အခါ ကျမ်းစာမူတွေကြောင့် ကိုယ့်မိသားစု ဘယ်လို အကျိုးရခဲ့တယ်ဆိုတာ ဆွေးနွေးပါ။ ဥပမာ၊ ရိုးသားကြိုးစားတဲ့အခါ ဘာအကျိုးရတယ်ဆိုတာ သူ သဘောပေါက်သလား။ (ဟီ. ၁၃:၁၈) ကျမ်းစာမူတွေ လိုက်နာတဲ့အခါ ဘယ်လိုနည်းနဲ့ စိတ်ချမ်းသာရတယ်၊ ကိုယ်ကျန်းမာရတယ်ဆိုတာလည်း ရှင်းပြနိုင်တယ်။ (ပညာ. ၁၄:၂၉၊ ၃၀) ဒီလိုဆွေးနွေးတဲ့အခါ ကျမ်းစာမူတွေ အကျိုးရှိတယ်ဆိုတာ သူ သဘောပေါက်ပြီး လိုက်နာချင်လာမယ်။—ပညာအလိမ္မာ ၂:၁၀၊ ၁၁ ကို ဖတ်ပါ။
12. Lai Siangtho thubulte hamphatna om ahihlam a tatpa’n a theih nadingin Steve-te nupa in koi bangin na huh a hiam?
၁၂ ပြင်သစ်နိုင်ငံက စတိဗ်တို့မောင်နှံမှာ အီသန်လို့ ခေါ်တဲ့ ဆယ်ကျော်သက် သားတစ်ယောက် ရှိတယ်။ လူတွေကို ချစ်လို့ ယေဟောဝါ ပညတ်တွေ ပေးထားတယ်ဆိုတာ အီသန် နားလည်လာအောင် စတိဗ်တို့ ကူညီပေးကြတယ်။ “‘ဒီကျမ်းစာမူကို ယေဟောဝါ ဘာကြောင့် လိုက်နာစေချင်သလဲ၊ အဖေတို့ကို ယေဟောဝါ ချစ်တယ်ဆိုတာ ဒီကနေ ဘယ်လို သိရသလဲ၊ ဒီကျမ်းစာမူကိုသာ သား မလိုက်နာခဲ့ရင် ဘာဖြစ်သွားနိုင်သလဲ’ စသဖြင့် သူ့ကို မေးတယ်” လို့ စတိဗ် ပြောတယ်။ ဒီလိုနဲ့ ယေဟောဝါရဲ့ စံနှုန်းတွေ မှန်ကန်တယ်ဆိုတာ အီသန် အခိုင်အမာ ယုံကြည်စိတ်ချလာတယ်။ “ကျမ်းစာမှာ ပါတဲ့ ဉာဏ်ပညာဟာ လူ့ဉာဏ်ပညာထက် အဆမတန် သာလွန်တယ်ဆိုတာ အီသန် သဘောပေါက်လာဖို့က ကျွန်တော်တို့ပန်းတိုင်ပဲ” လို့လည်း စတိဗ် ပြောတယ်။
13. Tate’n Lai Siangtho thubulte a zuih nadingun nu le pate’n koi bangin sinsak thei a hiam? Gentehna pia in.
၁၃ ကျမ်းစာမူတွေ လိုက်နာဖို့ သားသမီးတွေကို လေ့ကျင့်ပေးပါ။ တချို့ကျောင်းတွေမှာ ကျောင်းသားတစ်ယောက် အတန်းရှေ့ ထွက်ပြီး စာအုပ် ဖတ်ပြရတတ်တယ်။ သင့်သားသမီး အဲဒီလိုတာဝန် ရလာပြီး ဖတ်ပြရမယ့် စာအုပ်မှာ အကျင့်ပျက်သူတွေ၊ ဒေါသကြီးသူတွေအကြောင်း အကောင်းဘက်ကနေ ပုံဖော်ထားတယ်ဆိုပါစို့။ ဒါ သူ့ကို လေ့ကျင့်ပေးဖို့ အခွင့်အရေးပဲ။ စာအုပ်မှာ ပုံဖော်ထားတဲ့ လူတွေရဲ့ အပြုအမူနဲ့ပတ်သက်ပြီး ယေဟောဝါ ဘယ်လို ခံစားရမယ်ဆိုတာ သူ့ကို စဉ်းစားကြည့်ခိုင်းနိုင်တယ်။ (ပညာ. ၂၂:၂၄၊ ၂၅။ ၁ ကော. ၁၅:၃၃။ ဖိ. ၄:၈) ဒီလိုလေ့ကျင့်ပေးတဲ့အခါ ယေဟောဝါကို နာခံတာ အကျိုးရှိမှန်း သူ သိလာမယ်။ စာအုပ်နဲ့ပတ်သက်ပြီး အတန်းမှာ ဆွေးနွေးကြတဲ့အခါ ဆရာ/မ၊ အတန်းဖော်တွေကို ကောင်းကောင်း သက်သေခံနိုင်မယ်။
UPNA THU A HILHCIAN SIAM NADINGUN NA HUH UN
14. Koi bang thute mite kiangah hilhcian dingin tate ading haksa khathei a hiam? Ba’hang hiam?
၁၄ ယုံကြည်ချက်အကြောင်း တခြားသူတွေကို ရှင်းပြဖို့ သားသမီးတွေ တစ်ခါတလေ ကြောက်နိုင်တယ်။ ဥပမာ၊ ဆင့်ကဲအယူဝါဒကို ဘာကြောင့် မယုံသလဲဆိုတာ အတန်းထဲမှာ ရှင်းမပြရဲတာ ဖြစ်နိုင်တယ်။ ဘာကြောင့်လဲ။ ဆင့်ကဲအယူဝါဒဟာ ထင်ကြေး မဟုတ်ဘဲ အမှန်တရားဆိုပြီး ဆရာ/မတွေ သင်ပေးလို့ ဖြစ်နိုင်တယ်။ ဒါဆိုရင် ကိုယ့်ယုံကြည်ချက် မှန်ကန်တယ်ဆိုတာ သားသမီးတွေ အခိုင်အမာ စိတ်ချနေဖို့ မိဘတွေ ဘယ်လို ကူညီပေးနိုင်သလဲ။
15. Tate’n a upna uh man takpi ahihlam kip taka a muan theih nadingun koi bangin huh thei i hiam?
၁၅ ကိုယ့်ယုံကြည်ချက် မှန်ကန်တယ်ဆိုတာ သားသမီးတွေ အခိုင်အမာ စိတ်ချနေဖို့ ကူညီပေးပါ။ ဖန်ဆင်းရှင်ကို ယုံတာ ရှက်စရာ မဟုတ်ဘူး။ (၂ တိ. ၁:၈) ဘာကြောင့်လဲ။ အသက်ဟာ အလိုလို ဖြစ်လာတာ မဟုတ်မှန်း သိပ္ပံပညာရှင် တော်တော်များများ လက်ခံကြတယ်။ ရှုပ်ထွေးဆန်းကြယ်တဲ့ သက်ရှိတွေကို ကြည့်လိုက်ရင် ဉာဏ်ကြီးရှင်တစ်ပါး ပုံစံပြုထားတာပဲ ဖြစ်ရမယ်ဆိုပြီး ကောက်ချက်ချကြတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝန်းက ကျောင်းတွေမှာ သင်ပေးနေတဲ့ ဆင့်ကဲအယူဝါဒကို လက်မခံကြဘူး။ ယုံကြည်ခြင်း ခိုင်ခံ့ဖို့ သင့်သားသမီး ဘာလုပ်နိုင်သေးသလဲ။ သက်ရှိတွေ ဖန်ဆင်းခံရတယ်ဆိုတာ ညီအစ်ကို/မတွေ ယုံသွားရတဲ့ အကြောင်းရင်းကို အဖြေရှာနိုင်တယ်။c
16. Tate’n Piangsak pa a upna uh a hang mite kiangah a hilhcian siam nadingun nu le pate’n koi bangin huh thei a hiam? (1 Peter 3:15) (Lim zong en in.)
၁၆ ဖန်ဆင်းရှင်ကို ယုံရတဲ့ အကြောင်းရင်း သားသမီးတွေ ရှင်းပြတတ်ဖို့ ကူညီပေးပါ။ (၁ ပေတရု ၃:၁၅ ကို ဖတ်ပါ။) jw.org မှာ ရှိတဲ့ “လူငယ်များအမေး—ဖန်ဆင်းခြင်းလား၊ ဆင့်ကဲဖြစ်စဉ်လား” ဆိုတဲ့ ဆောင်းပါးတွေကို အတူတူလေ့လာနိုင်တယ်။ ဖန်ဆင်းရှင် ရှိတယ်ဆိုတာ ရှင်းပြဖို့ ဆောင်းပါးထဲက ဘယ်အချက်ကို သုံးချင်သလဲ ရွေးခိုင်းပါ။ အစမ်းလေ့ကျင့်ခိုင်းပါ။ အတန်းဖော်တွေနဲ့ မငြင်းခုံဖို့ မှာထားပါ။ သဘောရိုးနဲ့ မေးသူတွေကိုတော့ ရိုးရိုးရှင်းရှင်း ကျိုးကြောင်းဆင်ခြင်ပြဖို့ ပြောပါ။ “ငါက မြင်ရတာကိုမှ ယုံတာ။ ဘုရားကို တစ်ခါမှ မမြင်ဖူးလို့ မယုံဘူး” ဆိုပြီး အတန်းဖော် ပြောလာတယ်ဆိုပါစို့။ “လူသူကင်းဝေးတဲ့ တောနက်ကြီးထဲ လမ်းလျှောက်နေတုန်း ရေတွင်းတစ်တွင်း တွေ့တယ်ဆိုရင် ဘယ်လို ကောက်ချက်ချမလဲ။ တစ်ယောက်ယောက် တူးထားတာ ဖြစ်ရမယ်လို့ ကောက်ချက်ချမယ် မဟုတ်လား။ ကမ္ဘာနဲ့ သက်ရှိအားလုံး ရှိလာတာလည်း တစ်ယောက်ယောက် ဖန်ဆင်းထားလို့ပဲပေါ့” ဆိုပြီး သင့်သားသမီး ပြောနိုင်တယ်။
ယုံကြည်ချက်အကြောင်း အတန်းဖော်တွေကို ရှင်းပြတဲ့အခါ ရိုးရှင်းလွယ်ကူတဲ့နည်းတွေ သုံးပါ (စာပိုဒ် ၁၆-၁၇ ကို ကြည့်ပါ)d
17. Tate’n hunpha zonga teci a pan siam nadingun nu le pate’n koi bangin tha pia thei a hiam? Gentehna pia in.
၁၇ အခွင့်အရေး ရှာပြီး သက်သေခံဖို့ သားသမီးတွေကို အားပေးပါ။ (ရော. ၁၀:၁၀) သက်သေခံဖို့ ကြိုးစားတာဟာ တူရိယာတစ်မျိုး တီးတတ်ဖို့ ကြိုးစားတာနဲ့ တူတယ်။ စစချင်းမှာတော့ လွယ်တဲ့ သီချင်းတွေနဲ့ လေ့ကျင့်မှာ ဖြစ်တယ်။ အချိန်ကြာတာနဲ့အမျှ တီးခတ်ရတာ စိတ်ပေါ့ပါးလာမယ်။ အဲဒီလိုပဲ တခြားသူတွေကို သင့်သားသမီး သက်သေခံတဲ့အခါ အစပိုင်းမှာ ရိုးရှင်းလွယ်ကူတဲ့နည်းတွေ သုံးနိုင်တယ်။ ဥပမာ၊ “သဘာဝတရားမှာ တွေ့ရတဲ့အရာတွေကို အတုခိုးပြီး လူတွေ တီထွင်လေ့ရှိတယ်ဆိုတာ သိသလား။ စိတ်ဝင်စားစရာ ဗီဒီယိုတစ်ခု ပြမယ်နော်” ဆိုပြီး အတန်းဖော်ကို ပြောနိုင်တယ်။ အလိုလို ဖြစ်လာတာလား ကဏ္ဍထဲက ဗီဒီယိုတစ်ခု ပြပြီးနောက် “သဘာဝတရားမှာ ရှိပြီးသားအရာတွေကို တုပြီး ဖန်တီးလို့ လူတွေ ချီးမွမ်းခံရတယ်ဆိုရင် သဘာဝတရားကြီးအတွက် ဘယ်သူ့ကို ချီးမွမ်းသင့်သလဲ” လို့ မေးနိုင်တယ်။ ရိုးရိုးလေး မေးလိုက်တာ ဖြစ်ပေမဲ့ ယေဟောဝါအကြောင်း အတန်းဖော် ပိုသိချင်လာနိုင်တယ်။
NA TATE’ UPNA A KIP SEMSEM NADINGIN HUHSUAK UN
18. Tate’n Pasian a upna uh a kip semsem nadingin nu le pate’n koi bangin huhsuak thei a hiam?
၁၈ လောကမှာ ယေဟောဝါကို မယုံကြည်သူတွေ ပြည့်နေတယ်။ (၂ ပေ. ၃:၃) ဒါကြောင့် မိဘတို့၊ သင့်သားသမီးကို ကျမ်းစာသင်ပေးတဲ့အခါ ကျမ်းစာကို၊ ဘုရားစံနှုန်းတွေကို ပိုလေးမြတ်လာစေမယ့် အကြောင်းအရာတွေ ရှာဖွေခိုင်းပါ။ စဉ်းစားဆင်ခြင်တတ်လာစေဖို့ ဖန်ဆင်းခြင်းလက်ရာတွေကို ထောက်ပြပါ။ ပြည့်စုံပြီးသား ကျမ်းစာကြိုဟောချက်တွေကို သဘောပေါက်ဖို့ ကူညီပေးပါ။ အရေးကြီးဆုံးကတော့ သူနဲ့အတူ ဆုတောင်းပါ။ သူ့အတွက် ဆုတောင်းပေးပါ။ ဒါဆိုရင် သင့်သားသမီး ယုံကြည်ခြင်း ခိုင်ခံ့နေဖို့ သင် ကြိုးစားသမျှအတွက် ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။—၂ ရာ. ၁၅:၇။
LA 133 လူငယ်ဘဝမှာ ယေဟောဝါကို ကိုးကွယ်ကြ
a ထပ်ဆင့် သိချင်ရင် jw.org မှာ ရှိတဲ့ အံ့ဖွယ်ဖန်ဆင်းရာများက ဘုရားဘုန်းတော် ထင်ရှားစေကြ ဗီဒီယိုကို ကြည့်ပါ။
b သင့်သားသမီးဟာ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်နဲ့ လေ့လာပြီးသွားပြီဆိုရင် ကိုယ်ကျင့်တရားဆိုင်ရာ ကျမ်းစာစံနှုန်းတွေအကြောင်း ဆွေးနွေးထားတဲ့ အပိုင်း ၃ နဲ့ ၄ မှာ ပါတဲ့ သင်ခန်းစာတချို့ကို သူနဲ့ ပြန်သုံးသပ်နိုင်တယ်။
c ၂၀၀၆၊ စက်တင်ဘာ နိုးလော့! မှာ ပါတဲ့ “ဖန်ဆင်းရှင်ကို ကျွန်ုပ်တို့ အဘယ်ကြောင့်ယုံကြည်ရ” ဆောင်းပါးကို ကြည့်ပါ။ ထပ်ဆင့် ဥပမာတွေ လေ့လာချင်ရင် အသက်ရဲ့ မူလအစအပေါ် ရှုမြင်ချက်များ ဗီဒီယိုတွေကို jw.org မှာ ကြည့်ပါ။
d ပုံအညွှန်း– အလိုလို ဖြစ်လာတာလား ကဏ္ဍထဲက ဗီဒီယိုတစ်ခုကို ညီအစ်ကိုလေးတစ်ယောက် အတန်းဖော်ကို ပြနေ။