Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w23 November laim. 14-19
  • Haksat Hun Nangawnah Lungmuanna Kinei Thei

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Haksat Hun Nangawnah Lungmuanna Kinei Thei
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
  • Thuluneute
  • LAMET LOH THUTE HANGIN A HONG CIAHKIK JEW MI TE’N HAKSATNA THUAK
  • PASIAN’ DEIHNA SEP DING MITSUAN IN
  • JEHOVAH I MUAN SEMSEM THEIH DAN
  • A TAWP DONGIN JEHOVAH MUANG IN
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
w23 November laim. 14-19

SIN DING THU 48

Haksat Hun Nangawnah Lungmuanna Kinei Thei

“Tu-in note kuamah lungkia kei un. Note tawh hong omkhawm ka hih manin nasep kipan un.”—HAG. 2:4.

LA 118 ‘ယုံကြည်ခြင်း တိုးများစေပါ’

အကြို​သုံးသပ်ချက်a

1-2. Jerusalem a ciahkik Jew mite le i dinmun a kibatna bang a hiam? (“Haggai, Zekhariah, Ezra hun” cih kiu li bawm en in.)

တစ်ခါတလေ ရှေ့ရေး တွေးပူ​မိ​သ​လား။ အလုပ်ပြုတ်​သွား​လို့ မိသားစုကို ဘယ်လို ရှာကျွေး​ရမလဲ စိုးရိမ်​နေနိုင်တယ်။ နိုင်ငံရေး မတည်ငြိမ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ ဟောပြောခြင်း​လုပ်ငန်း ဆန့်ကျင်​ခံရ​မှု​ကြောင့် မိသားစု ဘေးကင်းရေး စိတ်ပူ​နေနိုင်တယ်။ ဒီလို​အခက်အခဲတွေ ရှေးခေတ် အစ္စရေးလူမျိုး ကြုံရချိန်မှာ ယေဟောဝါ​ဘုရား ဘယ်လို ကူညီပေးကြောင်း သုံးသပ်တဲ့အခါ အားရှိ​လာမယ်။

၂ တစ်သက်လုံး ဗာဗုလုန်​ပြည်မှာ​ပဲ နေ​လာတဲ့ ဂျူး​အများစုဟာ ဂျေရုဆလင်​မြို့​အထာ မသိကြဘူး။ အိုးအိမ်​စည်းစိမ် ထားခဲ့ပြီး အထာ မသိတဲ့ ဒေသ ပြောင်း​လာဖို့ ယုံကြည်ခြင်း တော်တော် လိုတယ်။ ရောက်လာတော့ အလုပ်အကိုင် အခြေ​မကျတာ၊ နိုင်ငံရေး မတည်ငြိမ်​တာ၊ အတိုက်အခံ လုပ်ခံရတာနဲ့ တော်တော် ဒုက္ခရောက်ကြတယ်။ ယေဟောဝါရဲ့ ဗိမာန်တော် ပြန်​ဆောက်တဲ့ လုပ်ငန်းမှာ အာရုံစိုက်ဖို့ တချို့အတွက် ခက်တယ်။ ဒါကြောင့် သူတို့ကို အားသစ်လောင်း​ပေးဖို့ ဘီစီ ၅၂၀ လောက်​မှာ ပရောဖက် ဟဂ္ဂဲနဲ့ ဇာခရိ​ကို ယေဟောဝါ တာဝန်ပေးတယ်။ (ဟဂ္ဂဲ ၁:၁။ ဇာ. ၁:၁) ပရောဖက်တွေ အားပေးတာ တော်တော်လေး အလုပ်​ဖြစ်တယ်။ ဒါပေမဲ့ နောက်​အနှစ် ၅၀ နီးပါး​အကြာမှာ ပြည်တော်ပြန် ဂျူးတွေ အားလျော့​လာကြ​ပြန်​တယ်။ ဒါနဲ့ စစ်မှန်တဲ့ ဝတ်ပြုရေးကို ဦးစားထား​ကြ​ဖို့ ပညတ်​ကျမ်းကူးသူ ဧဇရ ဗာဗုလုန်​ကနေ ဂျေရုဆလင်​ကို ပြန်လာပြီး အားပေးတယ်။—ဧဇ. ၇:၁၊ ၆။

ဟဂ္ဂဲ၊ ဇာခရိ၊ ဧဇရ​တို့​ခေတ်

ဟဂ္ဂဲ၊ ဇာခရိ၊ ဧဇရခေတ် အဓိက ဖြစ်ရပ်များ အချိန်ဇယား (ရက်စွဲအားလုံး ဘီစီ)။ ၅၃၇။ ဗာဗုလုန်ပြည်ကနေ ဂျူးပြည်နှင်ခံတွေ ထွက်လာ။ ၅၂၀။ ဂျေရုဆလင်မြို့က အစ္စရေးတွေကို ပရောဖက် ဟဂ္ဂဲနဲ့ ဇာခရိ စကားပြောနေ။ ၅၁၅။ ဂျေရုဆလင် ဗိမာန်တော်။ ၄၈၄။ ဘုရင် အာရွှေရုဆီ မိဖုရား ဧသတာ အခစားဝင်။ ၄၆၈။ ခရီးသွားတစ်စုနဲ့ ဧဇရ ခရီးနှင်လာ။ ၄၅၅။ ဂျေရုဆလင်မြို့ရိုး။

ရက်စွဲ​အားလုံး ဘီစီ

  1. ၅၃၇။ ပြည်နှင်ခံ ဂျူး ပထမ​တစ်သုတ် ဂျေရုဆလင်​မြို့ ပြန်လာ

  2. ၅၂၀။ ဂျေရုဆလင်​မြို့မှာ ဟဂ္ဂဲနဲ့ ဇာခရိ ပရောဖက်ပြု

  3. ၅၁၅။ ဗိမာန်တော် ပြန်​ဆောက်တာ ပြီးစီး

  4. ၄၈၄။ ဂျူး​အားလုံးကို သုတ်သင်​ပယ်ရှား​ဖို့ ဇားဇိခ် ၁ (အာရွှေရု) အမိန့်​ထုတ်ပြီး​နောက် ဧသတာ ကြားဝင်​ဆောင်ရွက်

  5. ၄၆၈။ ဧဇရ​နဲ့ ပြည်နှင်ခံ ဂျူး ဒုတိယ​တစ်သုတ် ဂျေရုဆလင်​မြို့ ပြန်လာ

  6. ၄၅၅။ ဂျေရုဆလင်​မြို့ရိုး ပြီးစီး

3. Bang dotnate kikum ding i hiam? (Paunak 22:19)

၃ ဟဂ္ဂဲနဲ့ ဇာခရိ​ရဲ့ ကြိုဟောချက်​တွေ​က ခက်ခဲချိန်မှာ ယေဟောဝါကို ဆက်ယုံကြည်​ကိုးစားဖို့ ရှေးခေတ် ဘုရား​လူမျိုးကို ကူညီ​ပေးသလို ကျွန်တော်တို့ကိုလည်း ကူညီပေးနိုင်တယ်။ (ပညာအလိမ္မာ ၂၂:၁၉ ကို ဖတ်ပါ။) ဟဂ္ဂဲနဲ့ ဇာခရိ ပြောတဲ့ ဘုရားရဲ့ သတင်းစကား၊ ဧဇရ​ရဲ့ စံနမူနာကို လေ့လာရင်း ဒီ​မေးခွန်းတွေ ဆွေးနွေး​ကြရအောင်– ထင်မထားတာတွေ ကြုံရလို့ ပြည်တော်ပြန် ဂျူးတွေ ဘယ်လို ဒုက္ခရောက်​ကြ​သလဲ။ ခက်ခဲချိန်မှာတောင် ဘုရား​အ​လို ဆောင်တာကို ကျွန်တော်တို့ ဘာကြောင့် ဆက်​အာရုံစိုက်သင့်​သလဲ။ အကျဉ်း​ထဲ အကျပ်​ထဲ ရောက်ချိန်​မှာ ယေဟောဝါကို ယုံကြည်​ကိုးစား​နေဖို့ ဘယ်လို လုပ်ရမလဲ။

LAMET LOH THUTE HANGIN A HONG CIAHKIK JEW MI TE’N HAKSATNA THUAK

4-5. Biakinn lamkikna-ah Jew mite bang hangin a thalawpna uh kiam hi ding a hiam?

၄ ပြည်တော်ပြန် ဂျူးတွေ ဂျေရုဆလင် ရောက်တော့ လုပ်စရာတွေ​မှ တစ်ပုံကြီး​ပဲ။ မြန်မြန်ဆန်ဆန်​ပဲ ပူဇော်ရာ ပလ္လင် တည်​ကြတယ်။ ဗိမာန်တော် အုတ်မြစ် ချကြတယ်။ (ဧဇ. ၃:၁-၃၊ ၁၀) ဒါပေမဲ့ ခဏလေး​အတွင်းမှာ ဇွဲလျော့​သွားကြတယ်။ ဘာကြောင့်လဲ။ လုပ်စရာ​ဆို​လို့ ဗိမာန်တော် ဆောက်စရာ တစ်ခုတည်း ရှိတာ မဟုတ်ဘူး။ နေ​မယ့် အိမ် ဆောက်ရတယ်။ စိုက်ပျိုး​ရတယ်။ မိသားစုကို ရှာကျွေး​ရတယ်။ (ဧဇ. ၂:၆၈၊ ၇၀) ဒီ​ကြားထဲ ဗိမာန်တော် ပြန်​ဆောက်တဲ့ အလုပ်ကို ရန်သူတွေ က​ဖျက်​ယ​ဖျက် လုပ်ကြတယ်။—ဧဇ. ၄:၁-၅။

၅ ငွေကြေး ကျပ်တည်း​လို့၊ နိုင်ငံရေး မတည်ငြိမ်​လို့လည်း ပြည်တော်ပြန် ဂျူးတွေ ဒုက္ခရောက်ကြတယ်။ အဲဒီအချိန်မှာ ဂျေရုဆလင်​ဟာ ပါးရှား အင်ပါယာ​အပိုင်။ ဘီစီ ၅၃၀ မှာ ပါးရှား ဘုရင် ဆိုင်းရပ် ကွယ်လွန်​တော့ နောက်​တက်တဲ့ ဘုရင် ကဲမ်ဘိုင်းဆစ္စက အီဂျစ်​ကို သိမ်းချင်​နေတယ်။ အီဂျစ်​ကို ချီတက်​တဲ့ လမ်းမှာ အစ္စရေး​နယ်မြေ​ကို စစ်သားတွေ ဖြတ်သွား​ကြတယ်။ စစ်သားတွေ အစာရေစာ၊ နေစရာ တောင်း​လို့ ဂျူးတွေ တစ်ပူပေါ် နှစ်ပူ ဆင့်သွား​နိုင်တယ်။ နောက်​တက်တဲ့ ဒါရိ​မင်း ၁ နန်းသက် အစပိုင်းမှာ​လည်း ဆူပူ​အုံကြွမှုတွေ အပြည့်​ပဲ။ ဒီ​အခြေအနေတွေ​ကြားမှာ မိသားစုကို ဘယ်လို ရှာကျွေး​ရမလဲ​ဆိုပြီး ပြည်တော်ပြန် ဂျူးတွေ စိုးရိမ်​မိ​ကြ​မှာ​ပဲ။ ဗိမာန်တော် ပြန်​ဆောက်ဖို့ အချိန်အခါကောင်း မဟုတ်ဘူးလို့ တချို့ ခံစားကြရတယ်။—ဟဂ္ဂဲ ၁:၂။

6. Jew mi te’n adang bang haksatna tuak uh a hiam? Zekhariah in koi bangin tha pia a hiam? (Zekhariah 4:6, 7)

၆ ဇာခရိ ၄:၆၊ ၇ ကို ဖတ်ပါ။ ငွေကြေး အခက်အခဲ၊ နိုင်ငံရေး မတည်ငြိမ်မှု​အပြင် ဆန့်ကျင်မှု​လည်း ဂျူးတွေ ကြုံကြရတယ်။ ဘီစီ ၅၂၂ မှာ ဗိမာန်တော် ပြန်​ဆောက်တဲ့ အလုပ်ကို ပိတ်ပင်​ဖို့ အစိုးရ​ကို ရန်သူတွေ သွေးထိုး​တာ အောင်မြင်​သွားတယ်။ ဒါပေမဲ့ တန်ခိုးကြီး စွမ်းအားတော် သုံးပြီး အခက်အခဲ​မှန်သမျှ ယေဟောဝါ ဖယ်ရှား​မယ်​လို့ ဂျူးတွေကို ဇာခရိ အားပေးတယ်။ တကယ်လည်း ဗိမာန်တော် ပြန်​ဆောက်တဲ့ လုပ်ငန်း ပိတ်ပင်​ထားတာကို ဘီစီ ၅၂၀ မှာ ဒါရိ​မင်း ရုပ်သိမ်းလိုက်တယ်။ ငွေကြေး ထောက်ပံ့​ပေးတယ်။ ဝိုင်းဝန်း​ထောက်မပေးဖို့ ဒေသခံ အာဏာပိုင်တွေကို အမိန့်ပေးတယ်။—ဧဇ. ၆:၁၊ ၆-၁၀။

7. Jerusalem a ciahkik Jew mite in Pasian nasep a masa penin koih uh ahih manin bang thupha ngah uh a hiam?

၇ ဗိမာန်တော် ပြန်​ဆောက်တဲ့ အလုပ်ကို ဦးစားထားရင် ထောက်မ​ပေးမယ်​လို့ ဟဂ္ဂဲနဲ့ ဇာခရိ​ကတစ်ဆင့် ယေဟောဝါ ကတိပေးတယ်။ (ဟဂ္ဂဲ ၁:၈၊ ၁၃၊ ၁၄။ ဇာ. ၁:၃၊ ၁၆) ပရောဖက်တွေရဲ့ အားပေးမှုကြောင့် ဘီစီ ၅၂၀ မှာ ပြည်တော်ပြန် ဂျူးတွေ ဗိမာန်တော် ဆောက်တဲ့ အလုပ် ပြန်စကြတယ်။ ငါးနှစ် မပြည့်ခင်​မှာ​ပဲ ဆောက်ပြီး​သွားတယ်။ အခက်အခဲတွေ ရှိပေမဲ့ ဘုရားရဲ့ လုပ်ငန်းကို ဦးစားထား​တဲ့အတွက် စားဝတ်နေရေး ပြေလည်​ဖို့ ယေဟောဝါ ကူညီပေးတယ်။ ဝတ်ပြုရေးမှာ ထောက်မ​ပေးတယ်။ ဒါကြောင့် ယေဟောဝါကို ရွှင်ရွှင်လန်းလန်း ဝတ်ပြု​လာနိုင်​ကြတယ်။—ဧဇ. ၆:၁၄-၁၆၊ ၂၂။

PASIAN’ DEIHNA SEP DING MITSUAN IN

8. Pasian’ deihna a masa pena i sep nadingin Haggai 2:4 in koi bangin hong huh thei a hiam? (A nuai-a ciaptehna zong en in.)

၈ ကြီးစွာသောဒုက္ခ နီးလာတာနဲ့အမျှ ဟောပြောခြင်း​လုပ်ငန်း ပိုအရေးကြီးလာမှန်း ကျွန်တော်တို့ သိကြတယ်။ (မာ. ၁၃:၁၀) ဒါပေမဲ့ ငွေကြေး ကျပ်တည်းတဲ့အခါ၊ ဟောပြောခြင်း​လုပ်ငန်း ဆန့်ကျင်​ခံရတဲ့အခါ အမှုဆောင်​လုပ်ငန်းကို အာရုံစိုက်ဖို့ ခက်​လာနိုင်တယ်။ အာရုံစိုက်ဖို့ ဘာက ကူညီပေးမလဲ။ “ဗိုလ်ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ”b ကိုယ့်ဘက်မှာ ရှိတယ်ဆိုတာ စိတ်ချ​နေခြင်း​ပါ။ ကိုယ့်​အရေး​ထက် ဘုရား​အ​လို ဆောင်တာကို ဆက်​ဦးစားထားရင် ယေဟောဝါ ထောက်မ​ပေးမယ်။ ဘာမှ ကြောက်စရာ မလိုဘူး။—ဟဂ္ဂဲ ၂:၄ ကို ဖတ်ပါ။

9-10. Matthai 6:33-a Jesuh’ thugente a manlam nupa kop khat in a tuahkhakna uh pan koici theih uh a hiam?

၉ ရှေ့ဆောင် မောင်နှံ အို​လက်နဲ့ အီရီနာc ဟာ တခြား​ဒေသက အသင်းတော်ကို ကူညီပေးဖို့ ပြောင်းသွားတယ်။ နိုင်ငံတွင်း စီးပွားရေး ကျဆင်းလာလို့ သူတို့ အလုပ်အကိုင် အဆင်မပြေ​တော့​ဘူး။ တစ်နှစ်လောက် ကျပန်း​အလုပ်တွေ လုပ်ရတယ်။ ဒါပေမဲ့ ယေဟောဝါ ထောက်မ​ပေးတယ်လို့ အမြဲ ခံစားရတယ်။ တစ်ခါတလေ ညီအစ်ကို/မတွေ​ဆီ​က အကူအညီ ရတယ်။ ဒီလို ခက်ခဲ​ချိန်​ကို ဘယ်လို ကျော်ဖြတ်​သလဲ။ အစပိုင်းမှာ စိတ်ဓာတ်ကျ​မိ​ပေမဲ့ “အမှုဆောင်မှာ အချိန်များများ ပါဝင်တာက ဘဝမှာ အရေးကြီးဆုံး​အရာကို ဦးစားထားဖို့ ကူညီပေးတယ်” လို့ အို​လက် ပြောတယ်။ အို​လက်​တို့ ဇနီးမောင်နှံ တောက်လျှောက် အလုပ်​ရှာတယ်။ တစ်ဖက်​မှာ​လည်း အမှုဆောင်မှာ အချိန်များများ ပါဝင်တယ်။

၁၀ တစ်ရက် အမှုဆောင်​ကနေ ပြန်လာတော့ မိတ်ဆွေ​တစ်ယောက် လာ​သွားတယ်လို့ အိမ်နီးချင်း ပြောပြတယ်။ မိုင် ၁၀၀ (ကီလိုမီတာ ၁၆၀) လောက် ဝေးတဲ့ နေရာမှာ နေတဲ့ သိပ်ခင်ရတဲ့ မိတ်ဆွေ။ သူတို့အတွက် ရိက္ခာ​အိတ် နှစ်​အိတ် လာ​ပေး​သွားတာ။ “ကျွန်တော်တို့ကို ယေဟောဝါနဲ့ အသင်းတော် ဘယ်လောက် ဂရုစိုက်​မှန်း အဲဒီနေ့မှာ ထပ်​ခံစားလိုက်ရတယ်။ ဘယ်လောက်ပဲ မျှော်လင့်ချက် မဲ့​နေ​ပုံ ပေါက်ပါစေ ကျေးကျွန်တွေကို ယေဟောဝါ ဘယ်တော့မှ မမေ့ဘူး​ဆိုတာ စိတ်ချသွားတယ်” လို့ အိုလက် ပြောတယ်။—မ. ၆:၃၃။

11. Pasian’ deihna a masa penin sem leng bang pen muang thei i hiam?

၁၁ တပည့် ဖြစ်စေခြင်း​ဆိုတဲ့ အသက်ကယ်​လုပ်ငန်းမှာ ကျွန်တော်တို့ကို ယေဟောဝါ အာရုံစိုက်​နေ​စေချင်တယ်။ စာပိုဒ် ၇ မှာ ဖော်ပြခဲ့တဲ့​အတိုင်း ဗိမာန်တော် ဆောက်တဲ့ အလုပ်ကို စိတ်​သစ်​လူသစ်​နဲ့ ပြန်စ​ကြ​ဖို့ ဘုရား​လူမျိုးကို ဟဂ္ဂဲ တိုက်တွန်းတယ်။ ပြန်စတာနဲ့ “ကောင်းချီးပေးမယ်” လို့ ယေဟောဝါ ကတိပေးတယ်။ (ဟဂ္ဂဲ ၂:၁၈၊ ၁၉) ကျွန်တော်တို့လည်း ပေးထားတဲ့ တာဝန်ကို ဦးစားထား​မယ်​ဆိုရင် ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။

JEHOVAH I MUAN SEMSEM THEIH DAN

12. Ezra le Jerusalem a ciahkik mite adingin upna bang hangin kisam mahmah a hiam?

၁၂ ဘီစီ ၄၆၈ မှာ ဗာဗုလုန်​ကနေ ဂျေရုဆလင် ပြန်လာတဲ့ ဂျူး​ဒုတိယ​တစ်သုတ်နဲ့ ဧဇရ လိုက်လာတယ်။ ဒီလို ပြန်လာဖို့ သူတို့ ယုံကြည်ခြင်း တော်တော် လိုတယ်။ လမ်းမှာ အန္တရာယ် များ​က များ​နဲ့။ ဗိမာန်တော်​အတွက် လှူလိုက်တဲ့ ရွှေ​ငွေ အများကြီး သယ်လာကြလို့ သူခိုး​ဓားပြ မျက်စိကျ​စ​ရာ ဖြစ်​နေ​မှာ။ (ဧဇ. ၇:၁၂-၁၆။ ၈:၃၁) ဂျေရုဆလင် ရောက်တော့​လည်း လုံခြုံရေး စိတ်ချ​ရတာ မဟုတ်ဘူး။ မြို့​အနှံ့ ဟိုတစ်စု ဒီ​တစ်စု ကျိုးတိုးကျဲတဲ နေ​နေကြတာ။ မြို့ရိုး​တွေ၊ မြို့တံခါး​တွေ ပြင်​ရဦးမယ်။ ယေဟောဝါကို ယုံကြည်​ကိုးစားခြင်း​နဲ့ပတ်သက်ပြီး ဧဇရ​ဆီကနေ ဘာသင်ယူနိုင်သလဲ။

13. Ezra in bang hangin Jehovah muang semsem a hiam? (A nuai-a ciaptehna zong en in.)

၁၃ လူမျိုးတော် အခက်ကြုံချိန်မှာ ယေဟောဝါ ထောက်မ​ပေးတာ ဧဇရ တွေ့ဖူး​တယ်။ ဘီစီ ၄၈၄ မှာ ပါးရှား အင်ပါယာ​တစ်ခွင်​က ဂျူး​အားလုံးကို သုတ်သင်​ပယ်ရှင်း​ဖို့ အာရွှေရု​မင်း အမိန့်​ထုတ်​တုန်းက ဗာဗုလုန်​ပြည်မှာ ဧဇရ ရှိနေနိုင်တယ်။ (ဧသ. ၃:၇၊ ၁၃-၁၅) အသက်​အန္တရာယ် ကြုံ​နေကြပြီ။ ဒါနဲ့ “ခရိုင်​အားလုံး” က ဂျူးတွေ အကြီးအကျယ် ငိုကြွေး​မြည်တမ်း​ပြီး အစာရှောင်​ကြတယ်။ ယေဟောဝါဆီ အကူအညီ တောင်း​ကြတယ်။ (ဧသ. ၄:၃) မကောင်းကြံသူတွေ ကိုယ့်ရှူး​ကိုယ် ပတ်​သွားတာ မြင်တော့ ဧဇရ​နဲ့ ဂျူးတွေ ဘယ်လို ခံစားရမလဲ မြင်ယောင်​ကြည့်ပါ။ (ဧသ. ၉:၁၊ ၂) အဲဒီလို ဘေးကျပ်နံကျပ် ကာလမှာ ကြုံခဲ့ရတာတွေကြောင့် အနာဂတ် စမ်းသပ်မှု​အတွက် ဧဇရ အသင့်​ဖြစ်နေတယ်။ ယေဟောဝါရဲ့ ကာကွယ်​နိုင်စွမ်း​ကို ပိုယုံကြည်စိတ်ချလာတယ်။d

14. Haksat hun sungin Jehovah in huh ahih manin unaunu khat in bang pen muang a hiam?

၁၄ အကျပ်အတည်း​ကာလအတွင်း ယေဟောဝါ​ဘုရား ဂရုစိုက်​ပေးတာ ခံရတဲ့အခါ ဘုရားကို ပိုယုံကြည်စိတ်ချလာတယ်။ အရှေ့ ဥရောပ​မှာ နေတဲ့ ညီအစ်မ အနာစတာစီယာ​အကြောင်း စဉ်းစားကြည့်ပါ။ နိုင်ငံရေး​မှာ ပါ​ဖို့ အလုပ်ဖော်​တွေ ဖိအားပေး​လွန်းလို့ အလုပ်​ထွက်​လိုက်တယ်။ “ဒီလို လက်ထဲ ငွေ​ပြတ်သွားတာမျိုး တစ်ခါမှ မကြုံဖူးဘူး။ ဒါနဲ့ ဆုတောင်းတယ်။ ဘုရား မေတ္တာပါပါ ဂရုစိုက်​တာ မြင်ရတယ်။ နောက်တစ်ခေါက် အလုပ်ပြုတ်​လည်း လုံးဝ မ​မှု​ဘူး။ ကောင်းကင်ဘုံစံ အဖ ဒီနေ့ ဂရုစိုက်ရင် မနက်ဖြန်​လည်း ဂရုစိုက်​မှာ​ပဲ” လို့ ညီအစ်မ ပြောတယ်။

15. Ezra in Jehovah a muansuak nadingin bang in huh a hiam? (Ezra 7:27, 28)

၁၅ ယေဟောဝါ ထောက်မ​ပေးတာ ဧဇရ ကိုယ်တွေ့ ကြုံဖူး​တယ်။ ကိုယ့်ကို ယေဟောဝါ​ဘုရား ထောက်မ​ပေး​ချိန်​တွေ ပြန်စဉ်းစားလိုက်တော့ ဘုရားကို ဧဇရ ပိုယုံကြည်​ကိုးစား​လာတယ်။ “ယေဟောဝါ​ဘုရား ထောက်မနေ” ဆိုတဲ့ အသုံးအနှုန်း​ကို သတိပြုပါ။ (ဧဇရ ၇:၂၇၊ ၂၈ ကို ဖတ်ပါ။) အဓိပ္ပာယ် ဆင်​တဲ့ အသုံးအနှုန်း ဧဇရ​ကျမ်းမှာ နောက်ထပ် ငါးကြိမ် သုံးထားတယ်။—ဧဇ. ၇:၆၊ ၉။ ၈:၁၈၊ ၂၂၊ ၃၁။

ဘုရား ထောက်မ​ပေးတာကို ဘယ်လို အခြေအနေမှာ မျက်ဝါးထင်ထင် မြင်​ရနိုင်သလဲ (စာပိုဒ် ၁၆ ကို ကြည့်ပါ)e

16. Jehovah in hong huhlam koi bang dinmunah kician takin mu thei i hiam? (Lim zong en in.)

၁၆ အခက်အခဲ ကြုံရချိန်မှာ ကျွန်တော်တို့ကို ယေဟောဝါ ထောက်မ​ပေးနိုင်တယ်။ ဥပမာ၊ အစည်းအဝေးကြီး တက်နိုင်အောင် အလုပ်ရှင်​ဆီ ခွင့်​တောင်းတဲ့အခါ၊ အသင်းတော် အစည်းအဝေး​အားလုံး တက်နိုင်အောင် အလုပ်ချိန် ညှိ​ပေးဖို့ တောင်းဆိုတဲ့အခါ ယေဟောဝါ ဘယ်လို ထောက်မ​ပေးမယ်​ဆိုတာ မြင်ရနိုင်တယ်။ အံ့ဩ​ရ​လောက်အောင် အခြေအနေတွေ အဆင်ပြေ​သွားနိုင်တယ်။ ဒီလိုနဲ့ ယေဟောဝါကို ပိုယုံကြည်​ကိုးစား​လာမယ်။

ဧဇရနဲ့ အစ္စရေးတွေ ဗိမာန်တော်မှာ ပျပ်ဝပ်ပြီး ငိုကြွေးနေ။ ဧဇရကို ရှေခနိ အားပေး။

လူတွေ အပြစ် များလွန်းလို့ ဧဇရ သောကရောက်ပြီး ဗိမာန်တော်မှာ ငိုကြွေး၊ ဆုတောင်း။ လူအုပ်​လည်း ငို။ “အစ္စရေးတွေ​အတွက် မျှော်လင့်ချက် ရှိပါသေးတယ်။ . . . ကျွန်တော်တို့လည်း ခင်ဗျား​နဲ့​အတူ ရှိနေပါတယ်” ဆိုပြီး ဧဇရ​ကို ရှေခနိ နှစ်သိမ့်။—ဧဇရ ၁၀:၂၊ ၄ (စာပိုဒ် ၁၇ ကို ကြည့်ပါ)

17. Ezra in a haksat hunah kiniamkhiatna bangci lak a hiam? (Laibu mai-a lim en in.)

၁၇ ယေဟောဝါဆီ ဧဇရ နှိမ့်ချမှုရှိရှိ အကူအညီ တောင်းတယ်။ တာဝန်ကြီးတယ်လို့ ခံစားရချိန်တိုင်း ယေဟောဝါဆီ ဧဇရ နှိမ့်ချမှုရှိရှိ ဆုတောင်းတယ်။ (ဧဇ. ၈:၂၁-၂၃။ ၉:၃-၅) ယေဟောဝါကို ဧဇရ အားကိုး​တာ ကြည့်ပြီး တခြားသူတွေ ကူညီပေးချင်လာတယ်။ အတုယူချင်​လာတယ်။ (ဧဇ. ၁၀:၁-၄) ကျွန်တော်တို့လည်း စားဝတ်နေရေး၊ မိသားစု ဘေးကင်းရေး​အတွက် ခေါင်း​နား​ပန်း ကြီးလာတဲ့အခါ ယေဟောဝါဆီ စိတ်ချလက်ချ အကူအညီ တောင်းရမယ်။

18. Jehovah i muanna a khan semsem nadingin bang in hong huh thei a hiam?

၁၈ ယေဟောဝါဆီ နှိမ့်ချမှုရှိရှိ အကူအညီ တောင်းတဲ့အခါ၊ ညီအစ်ကို/မတွေရဲ့ အကူအညီ လက်ခံတဲ့အခါ ဘုရားကို ယုံကြည်​ကိုးစား​စိတ် တိုးလာမယ်။ သားသမီး သုံးယောက် မိခင် အဲရစ်ကာ အကြောင်း စဉ်းစားကြည့်ပါ။ ကိုယ်ဝန် ပျက်​ကျသွားတယ်။ သိပ်မကြာခင်​မှာ ခင်ပွန်း ဆုံးသွား​တယ်။ အဖြစ်ဆိုးတွေ ကြုံရချိန်မှာ ယေဟောဝါကို ယုံကြည်​ကိုးစား​မြဲ ကိုးစားတယ်။ “ယေဟောဝါ ဘယ်လို ထောက်မ​ပေး​မလဲ ကြို​မသိနိုင်ဘူး။ အံ့ဩစရာ​ကောင်း​လောက်အောင် နည်းအမျိုးမျိုးနဲ့ ထောက်မတာ။ ညီအစ်ကို/မတွေ​ကတစ်ဆင့် ကျွန်မ ဆုတောင်းချက် တော်တော်​များများ ဖြေပေးတယ်။ ညီအစ်ကို/မတွေ ကူညီပေး​ရ ပို​လွယ်အောင်​တော့ ကိုယ့်ဘက်က ရင်ဖွင့်​ရတာပေါ့” လို့ ပြောတယ်။

A TAWP DONGIN JEHOVAH MUANG IN

19-20. Jerusalem a ciahkik zo lo Jew mite tung pan bang sin thei i hiam?

၁၉ ဂျေရုဆလင် မပြန်​နိုင်​တဲ့ ဂျူးတွေ​ဆီ​ကလည်း သင်ခန်းစာ ယူနိုင်တယ်။ အသက်အရွယ်၊ ကျန်းမာရေး၊ မိသားစု တာဝန်​ကြောင့် တချို့ မပြန်​နိုင်​ကြ​ဘူး။ ဒါပေမဲ့ ဗိမာန်တော် ဆောက်ဖို့ ပြန်​မယ့်​သူ​တွေ​နဲ့ အလှူ​ပစ္စည်းတွေ ရက်ရက်ရောရော ထည့်​ပေး​လိုက်ကြတယ်။ (ဧဇ. ၁:၅၊ ၆) ပြည်တော်ပြန် ပထမ​တစ်သုတ် ရောက်ပြီးနောက် ၁၉ နှစ်လောက် ကြာတဲ့​အထိ အလှူ​ပစ္စည်းတွေ ပို့​နေကြတုန်းပဲ။—ဇာ. ၆:၁၀။

၂၀ ဘုရားအမှုတော်မှာ လုပ်နိုင်တာ သိပ်မရှိဘူးလို့ ခံစားနေရရင်​တောင် စိတ်ရင်းမှန်နဲ့ ကျွန်တော်တို့ လုပ်သမျှ ယေဟောဝါ တန်ဖိုးထားတယ်ဆိုတာ သိရတယ်။ ဘယ်လို သိရသလဲ။ ဇာခရိ​ခေတ်​တုန်းက ဗာဗုလုန်​က ပြည်နှင်ခံ​တွေ ပို့လိုက်တဲ့ ရွှေ​ငွေတွေ ယူပြီး ယေဟောဝါ သရဖူ လုပ်​ခိုင်းတယ်။ (ဇာ. ၆:၁၁) အဲဒီ “သရဖူ” ဟာ ပြည်နှင်ခံ​တွေ​ရဲ့ ရက်ရောတဲ့ အလှူ​ကို “ပြန်​အောက်မေ့​စေ​တဲ့​အရာ” ဖြစ်တယ်။ (ဇာ. ၆:၁၄) ခက်ခဲချိန်မှာ ဘုရား​အမှု ဆောင်ဖို့ တတ်နိုင်တဲ့​ဘက်​က ကြိုးစားတာ ယေဟောဝါ ဘယ်တော့မှ မမေ့ဘူး။—ဟီ. ၆:၁၀။

21. Mailam hun lungmuang taka nawkzawh nadingin bang in hong huh ding a hiam?

၂၁ နောက်ဆုံး​ကာလမှာ အခက်အခဲတွေ ကြုံနေ​ရဦးမယ်။ အနာဂတ်မှာ အခြေအနေတွေ ပို​တောင် ဆိုးလာ​နိုင်တယ်။ (၂ တိ. ၃:၁၊ ၁၃) ဒါပေမဲ့ အစိုးရိမ်လွန်​ဖို့ မလိုပါဘူး။ “မင်းတို့နဲ့​အတူ ငါ ရှိနေတယ်။ . . . မကြောက်​ကြ​နဲ့” ဆိုပြီး ဟဂ္ဂဲ​ခေတ်​တုန်းက မိမိလူမျိုးကို ယေဟောဝါ ပြောတဲ့ စကားတွေ သတိရပါ။ (ဟဂ္ဂဲ ၂:၄၊ ၅) အတတ်နိုင်ဆုံး ဘုရား​အ​လို ဆောင်​နေသရွေ့ ယေဟောဝါ အတူ ရှိမယ်​ဆိုတာ စိတ်ချနိုင်တယ်။ ဟဂ္ဂဲနဲ့ ဇာခရိ​ရဲ့ ကြိုဟောချက်၊ ဧဇရ​ရဲ့ စံနမူနာကနေ ရလာတဲ့ သင်ခန်းစာ​တွေ​အတိုင်း လက်တွေ့​ကျင့်​ကြရအောင်။ ဒါဆိုရင် အနာဂတ်မှာ ဘာအခက်အခဲ​ပဲ ကြုံရပါစေ ယေဟောဝါကို ဆက်ယုံကြည်​ကိုးစား​နိုင်​ပါလိမ့်မယ်။

NANGH BANGCI DAWNG DING?

  • Koi bang haksatnate in Pasian nasepna-ah thalawpna kiamsak thei a hiam?

  • Haksatnate a om hang, Pasian’ deihna sep ding bang hang mitsuan ding kisam a hiam?

  • Haksat hun sungah Jehovah i muansuak nadingin bang sem thei i hiam?

LA 122 မယိမ်းမယိုင် ကြံ့ကြံ့ခံ ရပ်တည်​နေ​ကြ

a ငွေကြေး ကျပ်တည်းတဲ့အခါ၊ နိုင်ငံရေး မတည်ငြိမ်​တဲ့အခါ၊ ဟောပြောခြင်း​လုပ်ငန်း ဆန့်ကျင်​ခံရတဲ့အခါ ယေဟောဝါကို ယုံကြည်​ကိုးစား​စိတ် တိုးများ​နေ​စေဖို့ ဒီဆောင်းပါး​က ရည်ရွယ်ပါတယ်။

b “ဗိုလ်ခြေ​တို့​ရဲ့ အရှင် ယေဟောဝါ” ဆိုတဲ့ အသုံးအနှုန်း ဟဂ္ဂဲ​ကျမ်းမှာ ၁၄ ကြိမ် ပါတယ်။ ယေဟောဝါဟာ တန်ခိုး အကန့်အသတ် မရှိကြောင်း၊ ကောင်းကင်တမန်​တပ်​ကြီး​ကို ထိန်းချုပ်ထား​ကြောင်း ဂျူးတွေ​အတွက်​ကော ကျွန်တော်တို့အတွက်ပါ သတိပေးချက်​ပါပဲ။—ဆာ. ၁၀၃:၂၀၊ ၂၁။

c အမည်လွှဲများ။

d ဧဇရ​ဟာ ပညတ်​ကျမ်းကူးသူ ဖြစ်လို့ ယေဟောဝါရဲ့ ပရောဖက်ပြု​စကားတွေကို ဂျေရုဆလင်​မြို့ မသွားခင်​ကတည်းက အခိုင်အမာ ယုံကြည်တယ်။—၂ ရာ. ၃၆:၂၂၊ ၂၃။ ဧဇ. ၇:၆၊ ၉၊ ၁၀။ ယေ. ၂၉:၁၄။

e ပုံအညွှန်း– အစည်းအဝေးကြီး တက်ဖို့ ညီအစ်ကို ခွင့်​တောင်းတာကို အလုပ်ရှင် မ​ပေး။ ဘုရားဆီ​က အကူအညီ၊ လမ်းညွှန်မှု တောင်းပြီး အလုပ်ရှင်​ဆီ ခွင့်​ထပ်​တောင်းဖို့ ပြင်။ အလုပ်ရှင်ကို အစည်းအဝေးကြီး ဖိတ်စာ ပြပြီး ကျမ်းစာ သွန်သင်ချက်တွေ​ရဲ့ တန်ဖိုးကို ပြောပြ။ အလုပ်ရှင် လေးစားပြီး စိတ်ပြောင်းသွား။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ