Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w23 August laim. 8-13
  • Lai Siangtho Genkholhnate Pan Sin In

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Lai Siangtho Genkholhnate Pan Sin In
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
  • Thuluneute
  • A Thu Kibang
  • LAI SIANGTHO GENKHOLHNATE BANG HANGIN SIN DING KISAM A HIAM?
  • LAI SIANGTHO GENKHOLHNATE KOI BANGIN KISIN THEI A HIAM?
  • TUNGMAN LE SIK KIGAWM KHEPEK LE KHEMETE
  • “LEILU LAM KUMPI” LE “LEITAW LAM KUMPI”
  • GENKHOLHNATE MITSUANSUAK IN
  • Daniel Tung Pan Sin In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
w23 August laim. 8-13

SIN DING THU 34

Lai Siangtho Genkholhnate Pan Sin In

“Mipilte in theihtel theihna a nei ding uh hi.”—DAN. 12:10.

LA 98 စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးတဲ့ ကျမ်းစာ

အကြို​သုံးသပ်ချက်a

1. Lai Siangtho genkholhnate sinna-ah nuam i sak nadingin bang in hong huh thei a hiam?

“ကျမ်းစာ ကြိုဟောချက်​တွေ လေ့လာရတာ ကြိုက်တယ်” လို့ ရှေ့ဆောင်းပါးမှာ ပါတဲ့ ညီအစ်ကို​လေး ဘန် ပြောတယ်။ သင်​ကော ကြိုက်သလား။ နားလည်ဖို့ ခက်တယ်​ဆိုပြီး ခပ်လန့်လန့် ဖြစ်​နေ​သ​လား။ ငြီးငွေ့စရာ ကောင်းတယ်လို့ ခံစားရသလား။ ကျမ်းစာမှာ ကြိုဟောချက်​တွေ ယေဟောဝါ​ဘုရား ဘာကြောင့် မှတ်တမ်းတင်​စေ​တယ်​ဆိုတာ သိရင် သင် နှစ်သက်​တတ်လာမယ်။

2. Hih thulu-ah bang thu kikum ding i hiam?

၂ ကျမ်းစာ ကြိုဟောချက်​တွေ ဘာကြောင့် လေ့လာသင့်သလဲ၊ ဘယ်လို လေ့လာ​နိုင်​သလဲ​ဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ကြိုဟောချက်​တွေ နားလည်​ရင် လောလောဆယ် ဘာအကျိုးရမလဲဆိုတာ သိဖို့ ဒံယေလကျမ်းထဲက ကြိုဟောချက် နှစ်ခုကိုလည်း ဆန်းစစ်​သွားပါမယ်။

LAI SIANGTHO GENKHOLHNATE BANG HANGIN SIN DING KISAM A HIAM?

3. Lai Siangtho genkholhnate i theihtel nadingin bang i sep ding kisam a hiam?

၃ ကိုယ် သိပ်​မကျွမ်းတဲ့ နေရာ သွားလည်တယ်လို့ မြင်ယောင်​ကြည့်ပါ။ ဒါပေမဲ့ ကိုယ်​နဲ့ လိုက်​လာတဲ့ သူငယ်ချင်း​က အဲဒီ​နေရာ ကျွမ်းတယ်။ ဘယ်​ရောက်နေသလဲ၊ ဘယ်​လမ်း​က ဘယ်​ပေါက်သလဲ သိတယ်။ အတူတူ လိုက်​လာလို့ သူ့ကို သင် သိပ်ကျေးဇူးတင်မှာပဲ။ ဒီလိုပဲ ခေတ်​ရေစီးကြောင်း​ရဲ့ ဘယ်နေရာမှာ ကျွန်တော်တို့ ရောက်နေသလဲ၊ ရှေ့မှာ ဘာရှိသလဲ ယေဟောဝါ သိတယ်။ ဒါကြောင့် ကျမ်းစာ ကြိုဟောချက်​တွေ နားလည်ဖို့ ယေဟောဝါဆီ နှိမ့်ချမှုရှိရှိ အကူအညီ တောင်းရမယ်။—ဒံ. ၂:၂၈။ ၂ ပေ. ၁:၁၉၊ ၂၀။

“ဒံယေလ– တစ်သက်တာလုံး ယုံကြည်သူ” ဗီဒီယိုကို မောင်နှံတစ်စုံ ကြည့်နေ။

ကျမ်းစာ ကြိုဟောချက်​တွေ လေ့လာတာက အနာဂတ် ဖြစ်ရပ်တွေ​အတွက် ကြိုတင်​ပြင်ဆင်ဖို့ ကူညီပေးနိုင် (စာပိုဒ် ၄ ကို ကြည့်ပါ)

4. Jehovah in Lai Siangtho-ah genkholhnate bang hangin ciamtehsak a hiam? (Jeremiah 29:11) (Lim zong en in.)

၄ ယေဟောဝါဟာ မိဘကောင်း​တစ်ယောက်နဲ့ တူတယ်။ သားသမီးတွေကို ပျော်စရာ အနာဂတ် ပိုင်ဆိုင်​စေချင်တယ်။ (ယေရမိ ၂၉:၁၁ ကို ဖတ်ပါ။) လူသား​မိဘတွေ​နဲ့ မတူတာ​ကတော့ အနာဂတ်အကြောင်း မြေကြီး​လက်ခတ် မလွဲ ကြိုပြော​နိုင်​တာ​ပဲ။ ဒါကြောင့် အရေးကြီး ဖြစ်ရပ်တွေ ဖြစ်​မလာခင် ကျွန်တော်တို့ သိနေ​အောင် ကျမ်းစာမှာ ကြိုဟောချက်​တွေ မှတ်တမ်း​တင်​ထား​စေ​တာ။ (ဟေရှာ. ၄၆:၁၀) ကျမ်းစာ ကြိုဟောချက်​တွေ​ဟာ ကောင်းကင်ဘုံစံ ဖခင်ဆီ​က မေတ္တာ​လက်ဆောင်​လို့ ပြော​နိုင်တယ်။ ဒါပေမဲ့ ကျမ်းစာ ကြိုဟောချက်​တွေ တကယ် ပြည့်စုံလာမယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။

5. Max ii tuahkhakna pan khangnote in bang sin thei uh a hiam?

၅ ခရစ်ယာန် လူငယ်တွေဟာ ကျမ်းစာကို သိပ်​မ​လေးမြတ်သူ၊ လုံးဝ မ​လေးမြတ်သူ​တွေ​နဲ့ ကျောင်းမှာ ဆုံ​ကြရတယ်။ တစ်ခါတလေ အတန်းဖော်တွေ​ရဲ့ အပြောအဆို၊ လုပ်ရပ်တွေကြောင့် ကိုယ့်​ယုံကြည်ချက်​နဲ့ပတ်သက်ပြီး သံသယ ဝင်လာ​တတ်​ကြတယ်။ မက်စ်​လို့ ခေါ်တဲ့ ညီအစ်ကို​လေး​အကြောင်း စဉ်းစားကြည့်ပါ။ “မိဘတွေ သင်ပေး​နေတဲ့ ဘာသာတရားဟာ စစ်မှန်တဲ့ ဘာသာတရား ဟုတ်ရဲ့လား၊ ကျမ်းစာဟာ တကယ်ပဲ ဘုရားဆီ​က လာတာ ဟုတ်ရဲ့လား​လို့ ဆယ်ကျော်သက်​အရွယ်မှာ သံသယ စ​ဝင်လာတယ်” လို့ ပြောတယ်။ မက်စ်​ရဲ့ မိဘတွေ ဘယ်လို တုံ့ပြန်သလဲ။ “စိတ်ပူ​သွား​ကြ​ပေမဲ့ တည်တည်ငြိမ်ငြိမ် တုံ့ပြန်​ကြတယ်” လို့ မက်စ် ပြောတယ်။ မေးခွန်းတွေကို ကျမ်းစာကနေ ဖြေပေးကြတယ်။ “ကျွန်တော်​ကိုယ်တိုင်လည်း ကျမ်းစာ ကြိုဟောချက်​တွေ လေ့လာ​တယ်။ လေ့လာ​ထားတာ​တွေ​ကို အသင်းတော်က လူငယ်တွေ​နဲ့ ဆွေးနွေးတယ်” လို့ ပြောတယ်။ ဘာရလဒ် ရသလဲ။ “ကျမ်းစာဟာ ဘုရားဆီ​က လာတာ ဖြစ်မှန်း စိတ်ချသွားတယ်” လို့ ပြောတယ်။

6. Muanlahnate na neih leh bang na sep ding kisam a hiam? Bang hang hiam?

၆ ကျမ်းစာမှာ ပြောတာ​တွေ မှန်ရဲ့လား​လို့ မက်စ်​လိုပဲ သံသယ စဝင်လာပြီဆိုရင် အပြစ်ရှိတယ်လို့ မခံစားပါနဲ့။ ဒါပေမဲ့ တစ်ခုခုတော့ လုပ်ရမယ်။ သံသယဟာ သံချေး​နဲ့ တူတယ်။ ဒီအတိုင်း ထား​လိုက်ရင် တန်ဖိုး​ရှိတာ​တွေ တဖြည်းဖြည်း သံချေး စား​သွားမယ်။ ဒါကြောင့် သင့်ယုံကြည်ခြင်းကို တိုက်စားသွား​နိုင်​တဲ့ သံသယတွေ ဖယ်ပစ်နိုင်ဖို့ ‘အနာဂတ်အကြောင်း ကျမ်းစာအဆိုကို ငါ ယုံသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ယုံ​မယုံ မသဲကွဲ​ဘူး​ဆိုရင် ပြည့်စုံပြီးသား ကျမ်းစာ ကြိုဟောချက်​တွေ လေ့လာ​ပါ။ ဘယ်လို လေ့လာ​နိုင်​သလဲ။

LAI SIANGTHO GENKHOLHNATE KOI BANGIN KISIN THEI A HIAM?

၂၀၂၂ မေ “ကင်းမျှော်စင်” သုံးပြီး မြောက်ဘုရင်နဲ့ တောင်ဘုရင်အကြောင်း ကြိုဟောချက်ကို ညီအစ်မတစ်ယောက် လေ့လာနေ။

ယေဟောဝါကို ဒံယေလ ယုံသလို ယုံဖို့ ကျမ်းစာ ကြိုဟောချက် တွေကို သဘောထားမှန်နဲ့ နှိမ့်ချမှု ရှိရှိ၊ နှံ့နှံ့စပ်စပ် လေ့လာရမယ် (စာပိုဒ် ၇ ကို ကြည့်ပါ)

7. Lai Siangtho genkholhnate sinnna-ah Daniel koi bang danin etteh huai a hiam? (Daniel 12:10) (Lim zong en in.)

၇ ကျမ်းစာ ကြိုဟောချက်​တွေ လေ့လာ​ရာ​မှာ ဒံယေလဟာ စံနမူနာကောင်းပါပဲ။ အမှန်တရား သိဖို့​ဆိုတဲ့ သဘောထားမှန်​နဲ့ လေ့လာ​တယ်။ နှိမ့်ချမှု​လည်း ရှိတယ်။ ဘုရားကို သိကျွမ်းသူ၊ ဘုရားရဲ့ သန့်ရှင်းတဲ့ စံနှုန်းတွေအတိုင်း နေသူကို ကြိုဟောချက်​တွေ နားလည်ဖို့ ဘုရား ကူညီပေးမယ်​ဆိုတာ ဒံယေလ သိတယ်။ (ဒံ. ၂:၂၇၊ ၂၈။ ဒံယေလ ၁၂:၁၀ ကို ဖတ်ပါ။) အကူအညီ ရဖို့ ယေဟောဝါကို အားကိုးခြင်းအားဖြင့် နှိမ့်ချမှု ရှိကြောင်း ပြတယ်။ (ဒံ. ၂:၁၈) ဒါ့အပြင် နှံ့နှံ့စပ်စပ် လေ့လာ​တယ်။ သူ့​ခေတ်​သူ့​အခါမှာ ရနိုင်တဲ့ ကျမ်းစောင်တွေကနေ ရှာဖွေ​လေ့လာ​တယ်။ (ယေ. ၂၅:၁၁၊ ၁၂။ ဒံ. ၉:၂) ဒံယေလကို ဘယ်လို အတုယူနိုင်သလဲ။

8. Lai Siangtho genkholhnate tangtung ahihlam mi pawlkhat in bang hangin um lo uh a hiam? Bang i sep ding kisam a hiam?

၈ ကိုယ့်​သဘောထားကို ဆန်းစစ်ပါ။ ကျမ်းစာ ကြိုဟောချက်​တွေ သင် ဘာကြောင့် လေ့လာ​သလဲ။ အမှန်တရား တကယ် သိချင်လို့​လား။ ဒါဆိုရင် ယေဟောဝါ ကူညီပေးလိမ့်မယ်။ (ယော. ၄:၂၃၊ ၂၄။ ၁၄:၁၆၊ ၁၇) တချို့ကျတော့ ဘယ်လို သဘောထား​နဲ့ လေ့လာ​ကြ​သလဲ။ ကျမ်းစာဟာ ဘုရားဆီ​က လာတာ မဟုတ်ဘူး​ဆိုပြီး ထောက်ပြ​ချင်လို့ လေ့လာ​ကြ​တာ။ ကျမ်းစာဟာ ဘုရားဆီ​က လာတာ မဟုတ်ဘူး​ဆို​မှ အမှားအမှန် သူတို့​ဘာသာ စိတ်ကြိုက် ဆုံးဖြတ်နိုင်​ကြ​မှာ​ကိုး။ ကျွန်တော်တို့ကတော့ သဘောထားမှန် ရှိရမယ်။ ကျမ်းစာ ကြိုဟောချက်​တွေ နားလည်ဖို့ လိုအပ်တဲ့ အရေးကြီး အရည်အသွေး​တစ်ခု ရှိသေးတယ်။

9. Lai Siangtho genkholhnate i tel nadingin bang pianzia kisam a hiam? Hilhcian in.

၉ နှိမ့်ချမှု ရှိပါ။ နှိမ့်ချ​သူတွေကို ကူညီ​မယ်​လို့ ယေဟောဝါ ကတိပေးထားတယ်။ (ယာ. ၄:၆) ဒါကြောင့် ကျမ်းစာ ကြိုဟောချက်​တွေ နားလည်ဖို့ ဘုရားဆီ အကူအညီ တောင်းရမယ်။ အချိန်တန်​အစာ ဝေပေးဖို့ ဘုရား သုံးနေတဲ့ သစ္စာရှိကျွန်ရဲ့ အကူအညီကိုလည်း လက်ခံရမယ်။ (လု. ၁၂:၄၂) ယေဟောဝါဟာ စည်းစနစ် ရှိတဲ့ ဘုရား ဖြစ်တယ်။ ဒါကြောင့် ကျမ်းစာ အမှန်တရားတွေ ကျွန်တော်တို့ နားလည်အောင် လမ်းကြောင်း တစ်ခုတည်းကို​ပဲ သုံး​မှာ။—၁ ကော. ၁၄:၃၃။ ဧ. ၄:၄-၆။

10. Esther tung pan bang sin thei i hiam?

၁၀ နှံ့နှံ့စပ်စပ် လေ့လာ​ပါ။ ကိုယ် စိတ်ဝင်စားတဲ့ ကြိုဟောချက်​တစ်ခု ရွေးပြီး ရှာဖွေ​လေ့လာ​ပါ။ ရှေ့ဆောင်းပါးမှာ ပါတဲ့ ညီအစ်မ အက်စတာ အဲဒီလို လေ့လာ​တယ်။ မေရှိယနဲ့ ဆိုင်တဲ့ ကြိုဟောချက်တွေကို အက်စတာ စိတ်ဝင်စားတယ်။ “ဒီ​ကြိုဟောချက်တွေကို ယေရှု မမွေးခင် မှတ်တမ်းတင်​ခဲ့​ပါတယ်​ဆိုတဲ့ အထောက်အထား​တွေ ကျွန်မ ၁၅ နှစ် အရွယ်မှာ စ​ရှာတယ်” လို့ ပြောတယ်။ ပင်လယ်သေ ကျမ်းလိပ်​တွေ​အကြောင်း ဖတ်​မိ​ပြီး အက်စတာ စိတ်ချသွားတယ်။ “ကျမ်းလိပ်​တချို့ဟာ ခရစ်တော် မမွေးခင်​က ကျမ်းလိပ်​တွေ။ ဒါကြောင့် ကျမ်းလိပ်​မှာ ပါတဲ့ ကြိုဟောချက်​တွေ​ဟာ ဘုရားဆီ​က​ပဲ ဖြစ်ရမယ်” လို့ ပြောတယ်။ “ကြိုဟောချက်​တွေ နားလည်ဖို့ အခေါက်ခေါက် အခါခါ ဖတ်ရတယ်” လို့လည်း ဝန်ခံတယ်။ ဒါပေမဲ့ ဖတ်ရကျိုး နပ်တယ်​ဆိုပြီး ဝမ်းသာ​နေတယ်။ ကျမ်းစာ ကြိုဟောချက် တော်တော်​များများ လေ့လာပြီးနောက်​မှာတော့ “ကျမ်းစာမှာ ပါတာ​တွေ တကယ် မှန်တယ်ဆိုတာ စိတ်ချ​သွားပြီ” လို့ ပြောတယ်။

11. Lai Siangtho a manlam ei mahmah in i muan nadinga sep ding bang hang kisam a hiam?

၁၁ ကျမ်းစာ ကြိုဟောချက်​တချို့ ဘယ်လို ပြည့်စုံလာတယ်ဆိုတာ သိတဲ့အခါ ယေဟောဝါ​ဘုရားနဲ့ ဘုရား​ညွှန်ကြားချက်တွေကို အကြွင်းမဲ့ ယုံ​လာမယ်။ လောလောဆယ် ဘာအခက်အခဲ​ပဲ ကြုံရပါစေ အနာဂတ်နဲ့​ပတ်သက်ပြီး မျှော်လင့်ချက် တောက်ပ​နေမယ်။ လက်ရှိ​အချိန်မှာ ပြည့်စုံ​နေတဲ့ ဒံယေလ မှတ်တမ်း​တင်ခဲ့တဲ့ ကြိုဟောချက် နှစ်ခုကို သုံးသပ်​ကြည့်ကြစို့။ အဲဒီ​ကြိုဟောချက်တွေကို နားလည်တာက ပညာရှိ ဆုံးဖြတ်ချက်တွေ ချဖို့ ကူညီပေးနိုင်တယ်။

TUNGMAN LE SIK KIGAWM KHEPEK LE KHEMETE

12. “Tungman le sik kigawm” khepek le khemete in bang etsakna hi a hiam? (Daniel 2:41-43)

၁၂ ဒံယေလ ၂:၄၁-၄၃ ကို ဖတ်ပါ။ ဘုရင် နေဗုခဒ်နေဇာ အိပ်မက်​ထဲက ရုပ်တုကြီး​ရဲ့ ခြေဖဝါး​နဲ့ ခြေဖမိုး​ဟာ “သံနဲ့ ရွှံ့စေး ရော​နေ” တယ်။ ဒံယေလ​ကျမ်း၊ ဗျာဒိတ်ကျမ်းထဲက တခြား​ကြိုဟောချက်​တွေ​နဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ ခြေဖဝါး​နဲ့ ခြေဖမိုး​ဟာ ဒီနေ့ခေတ် ဩဇာ​အရှိဆုံး အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ကို ကိုယ်စားပြု​မှန်း သိရတယ်။ “အဲဒီနိုင်ငံဟာ ခိုင်မာ​ခြင်း​တစ်ဝက်၊ ကျိုးပဲ့လွယ်ခြင်း​တစ်ဝက် ရောနှော​နေမယ်” လို့ ဒံယေလ ပြောတယ်။ ဘာကြောင့် ကျိုးပဲ့လွယ်ခြင်း​တစ်ဝက် ရော​နေသလဲ။ ရွှံ့စေး​နဲ့ ခိုင်းနှိုင်းထားတဲ့ သာမန်​ပြည်သူတွေ​ကြောင့် သံနဲ့ တူတဲ့ အာဏာကို သုံးချင်​သ​လောက် သုံးလို့ မရလို့ပဲ။b

13. Hih genkholhna pan bang a thupi thute theikhia i hiam?

၁၃ ရုပ်တုကြီး၊ အထူးသဖြင့် ခြေဖဝါး၊ ခြေဖမိုးနဲ့​ပတ်သက်ပြီး ဒံယေလ အနက်​ဖွင့်ပြတာ​ကနေ အရေးကြီး အချက်တွေ သိရတယ်။ ပထမ၊ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ဟာ မိမိ အင်အားကြီး​ကြောင်း သက်သေထူခဲ့ပြီ။ ဥပမာ၊ ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ် အနိုင်​ရ နိုင်ငံ​တွေ​ထဲ​မှာ အမေရိကန်​နဲ့ ဗြိတိန် ပါတယ်။ ဒါပေမဲ့ နိုင်ငံသားတွေ​က အချင်းချင်း တိုက်​လိုက်၊ အစိုးရ​ကို တိုက်လိုက်နဲ့မို့ ဒီ​ကမ္ဘာ့အာဏာစက်ဟာ အားပျော့​နေတယ်။ ဒီထက်​လည်း အားပျော့​လာ​ဦး​မယ်။ ဒုတိယ၊ လူ့အစိုးရ​အားလုံးကို ဘုရားနိုင်ငံတော် မဖျက်ဆီးခင်​အထိ အာဏာ​ရ​နေ​မယ့် နောက်ဆုံး ကမ္ဘာ့အာဏာစက်ဟာ အင်္ဂလိပ်-အမေရိကန် ဖြစ်တယ်။ တစ်ခါတလေ တခြား​နိုင်ငံ​တွေ လာ​လာ​ယှဉ်ပေမဲ့ နေရာ​လု​နိုင်​ကြ​မှာတော့ မဟုတ်ဘူး။ အင်္ဂလိပ်-အမေရိကန် မဟာမိတ်​ကို ကိုယ်စားပြုတဲ့ ရုပ်တု ခြေထောက်​အပိုင်းကို တိုက်ခိုက်​ခြေမွှပစ်မှာ​ဟာ ဘုရားနိုင်ငံတော်ကို ကိုယ်စားပြုတဲ့ “ကျောက်တုံး” ဖြစ်လို့ပဲ။—ဒံ. ၂:၃၄၊ ၃၅၊ ၄၄၊ ၄၅။

14. Sik le tungman kigawm khepek le khemete thu genkholhna i telna in pilvang taka thukhensat dingin koi bangin hong huh thei a hiam?

၁၄ သံနဲ့ ရွှံ့စေး ရောနေတဲ့ ခြေဖဝါး၊ ခြေဖမိုး​အကြောင်း ဒံယေလ ကြိုဟောချက် မှန်တယ်လို့ သင် ယုံသလား။ ယုံတယ်​ဆိုရင် အသက်ရှင်နေထိုင်ပုံအားဖြင့် သက်သေပြမှာ ဖြစ်တယ်။ မကြာခင် တိုက်ခိုက်​ခြေမွှ​ခံရတော့မယ့် လောက​မှာ ပစ္စည်းဥစ္စာ​တွေ အသည်းအသန် ရှာ​နေ​မှာ မဟုတ်ဘူး။ (လု. ၁၂:၁၆-၂၁။ ၁ ယော. ၂:၁၅-၁၇) ဟောပြော​သွန်သင်ခြင်း လုပ်ငန်း ဘယ်လောက် အရေးကြီးကြောင်း သဘောပေါက်​မှာ ဖြစ်တယ်။ (မ. ၆:၃၃။ ၂၈:၁၈-၂၀) ဒီ​ကြိုဟောချက်ကို လေ့လာပြီးနောက် ‘လူ့အစိုးရ​အားလုံးကို မကြာခင် ဘုရားနိုင်ငံတော် ဖျက်ဆီးပစ်​မယ်​ဆိုတာ ယုံမှန်း ငါ့​ဆုံးဖြတ်ချက်တွေက ပြနေရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ။

“LEILU LAM KUMPI” LE “LEITAW LAM KUMPI”

15. Tu hunah “leilu lam kumpi” le “leitaw lam kumpi” kuate ahi uh hiam? (Daniel 11:40)

၁၅ ဒံယေလ ၁၁:၄၀ ကို ဖတ်ပါ။ ကမ္ဘာ့ အင်အား အကြီးဆုံး ဖြစ်ဖို့ အပြန်အလှန် တွန်းထိုး​နေ​ကြ​တဲ့ ဘုရင် နှစ်ပါး ဒါမှမဟုတ် နိုင်ငံရေး အင်အားစု နှစ်ခု​အကြောင်း ဒံယေလ အခန်းကြီး ၁၁ မှာ ဖော်ပြထားတယ်။ ကျမ်းစာထဲက တခြား​ကြိုဟောချက်​တွေ​နဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ “မြောက်ဘုရင်” ဟာ ရုရှား​နဲ့ မဟာမိတ်​တွေ ဖြစ်မှန်း၊ “တောင်ဘုရင်” ဟာ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက် ဖြစ်မှန်း သိရတယ်။c

ရုပ်ပုံ– ၁။ အစောပိုင်း ပုံမှာ ပါတဲ့ မောင်နှံ လက်ထိတ်ခတ်ခံထားရပေမဲ့ ယုံကြည်စိတ်ချမှု အပြည့်နဲ့ ရပ်နေ။ နောက်ခံမှာ ရုရှား အိမ်ဖြူတော်နဲ့ ရုရှား မြေပုံ တွေ့နေရ။ စစ်လေယာဉ်၊ စက်သေနတ်၊ တင့်ကားတွေ သုံးပြီး စစ်သားတွေ တိုက်ခိုက်နေ။ ၂။ အစောပိုင်း ပုံမှာ ပါတဲ့ ညီအစ်မ ယုံကြည်စိတ်ချမှု အပြည့်နဲ့ ရပ်နေ။ နောက်ခံမှာ အမေရိကန် ပြည်ထောင်စု ညီလာခံ အဆောက်အအုံ၊ ဗြိတိန်နဲ့ အမေရိကန် ပြည်ထောင်စု မြေပုံ တွေ့နေရ။ ဒေါသတကြီး ဆန္ဒပြနေသူတွေကို တင့်ကား၊ စစ်သင်္ဘော၊ စစ်လေယာဉ်တွေနဲ့ အင်အားသုံး ဖြိုခွင်းနေ။

ဘုရား​လူမျိုးကို “မြောက်ဘုရင်” နဲ့ “တောင်ဘုရင်” ဆန့်ကျင်​နေတာဟာ ကျမ်းစာ ကြိုဟောချက် ပြည့်စုံတာ ဖြစ်မှန်း သဘောပေါက်ရင် ယုံကြည်ခြင်း ပိုခိုင်ခံ့လာ​နိုင်တယ်၊ စိုးရိမ်​စိတ် လျော့နိုင်တယ် (စာပိုဒ် ၁၆-၁၈ ကို ကြည့်ပါ)

16. “Leilu lam kumpi” ukna gam sunga om Pasian mite in bang haksatnate tuak uh a hiam?

၁၆ ပိုင်နက်​ထဲက ဘုရား​လူမျိုးကို “မြောက်ဘုရင်” ပြောင်ပြောင်တင်းတင်း နှိပ်စက်ညှဉ်းပန်းတယ်။ ယုံကြည်ချက်ကြောင့် တချို့ကို ရိုက်နှက်​တယ်။ ထောင်ချတယ်။ ဒါပေမဲ့ “မြောက်ဘုရင်” ဒီလို နှိပ်စက်​လို့ ညီအစ်ကိုတွေ ကြောက်​မသွားတဲ့​အပြင် ယုံကြည်ခြင်း ပိုခိုင်ခံ့လာ​ကြတယ်။ ဘာကြောင့်လဲ။ ဘုရား​လူမျိုး နှိပ်စက်​ညှဉ်းပန်း​ခံရတာဟာ ဒံယေလ ကြိုဟောချက် ပြည့်စုံတာ ဖြစ်မှန်း သိ​ကြလို့ပဲ။d (ဒံ. ၁၁:၄၁) ဒီအချက်ကို သဘောပေါက်တာက ကျွန်တော်တို့ကိုလည်း မျှော်လင့်ချက် ရှင်သန်စေ​နိုင်တယ်။ ဘုရားအပေါ် သစ္စာရှိဖို့ ကူညီပေးနိုင်တယ်။

17. “Leitaw lam kumpi” ukna gam sunga om Pasian mite in bang haksatnate tuak uh a hiam?

၁၇ “တောင်ဘုရင်” လည်း ပိုင်နက်​ထဲက ဘုရား​လူမျိုးကို ပြောင်ပြောင်တင်းတင်း နှိပ်စက်​ညှဉ်းပန်း​ခဲ့တယ်။ ဥပမာ၊ ပထမ ကမ္ဘာစစ်​နဲ့ ဒုတိယ ကမ္ဘာစစ်အတွင်း ခရစ်ယာန် ကြားနေမှုကြောင့် ညီအစ်ကို တော်တော်​များများ ထောင်ချခံရတယ်။ သက်သေခံ ကလေး​တချို့ ကျောင်းထုတ်​ခံရတယ်။ ဒါပေမဲ့ မကြာသေးခင် နှစ်တွေ​အတွင်း ခရစ်ယာန် သစ္စာစောင့်သိမှု မသိမသာ နည်း​ပြောင်း​ပြီး စမ်းသပ်ခံ​လာ​ရတယ်။ ဥပမာ၊ ခရစ်ယာန်တွေဟာ ရွေးကောက်​ပွဲ ကာလမှာ နိုင်ငံရေး ပါတီ​တစ်ခု၊ နိုင်ငံရေးသမား​တစ်ယောက်ကို ထောက်ခံ​ချင်စိတ် ပေါ်လာနိုင်တယ်။ မဲ​မထည့်​ပေမဲ့ ဘယ်သူ မဲ​နိုင်ရင် ကောင်းမယ်​ဆိုပြီး တွေးမိနိုင်တယ်။ ဒါပေမဲ့ လုံးဝ ကြားနေ​ပါတယ်ဆိုတာ လုပ်ရပ်နဲ့​ပဲ ပြ​ရမှာ မဟုတ်ဘူး။ အတွေးအခေါ်​က​အစ နိုင်ငံရေး​နဲ့ ကင်းရှင်း​နေ​ရမှာ။—ယော. ၁၅:၁၈၊ ၁၉။ ၁၈:၃၆။

18. “Leilu lam kumpi” le “leitaw lam kumpi” kidona tungtangah bangci thukkik i hiam? (Lim zong en in.)

၁၈ ကျမ်းစာ ကြိုဟောချက်တွေကို အယုံအကြည် မရှိသူတွေဟာ “မြောက်ဘုရင်” နဲ့ “တောင်ဘုရင်” “တွန်းထိုး” တာ မြင်တဲ့အခါ ရင်​တ​မ​မ ဖြစ်လာနိုင်တယ်။ (ဒံ. ၁၁:၄၀) တစ်ကမ္ဘာလုံး ပြာကျ​သွား​စေနိုင်​တဲ့ နျူကလီးယား လက်နက်တွေ နှစ်ဖက်စလုံး​မှာ ရှိနေလို့ပဲ။ ဒါပေမဲ့ ကမ္ဘာကြီး ပျက်စီး​သွားမှာကို ယေဟောဝါ ခွင့်ပြုမှာ မဟုတ်မှန်း ကျွန်တော်တို့ သိကြတယ်။ (ဟေရှာ. ၄၅:၁၈) ဒါကြောင့် “မြောက်ဘုရင်” နဲ့ “တောင်ဘုရင်” “တွန်းထိုး” တာ မြင်တဲ့အခါ အနာဂတ်ကို တွေးပြီး စိတ်ပူ​နေ​မယ့်​အစား ယုံကြည်ခြင်း ခိုင်ခံ့လာ​ကြတယ်။ ဒီ​စနစ် အဆုံး နီးပြီ​ဆိုတာ ဖော်ပြ​နေလို့ပဲ။

GENKHOLHNATE MITSUANSUAK IN

19. Lai Siangtho genkholhnate tawh kisai-in bang i theih ding kisam a hiam?

၁၉ ကျမ်းစာ ကြိုဟောချက်​တချို့ ဘယ်လို ပြည့်စုံလာမယ်ဆိုတာ ကျွန်တော်တို့ မသိကြဘူး။ ပရောဖက် ဒံယေလ​တောင် သူ မှတ်တမ်း​တင်ခဲ့သမျှ အဓိပ္ပာယ် နားမလည်ခဲ့ဘူး။ (ဒံ. ၁၂:၈၊ ၉) ဒါပေမဲ့ ကြိုဟောချက် ဘယ်လို ပြည့်စုံလာမယ်ဆိုတာ အတိအကျ မသိတာနဲ့ပဲ ပြည့်စုံ​လာမှာ မဟုတ်ပါဘူးလို့ ပြော​လို့ မရဘူး။ ကျွန်တော်တို့ သိဖို့ လိုတာကို သိဖို့ လိုတဲ့ အချိန် အတိအကျ​မှာ ယေဟောဝါ ဖွင့်​ပြမယ်​ဆိုတာ စိတ်ချနိုင်တယ်။ အတိတ်​တုန်းက​လည်း အဲဒီလို အမြဲ ဖွင့်​ပြခဲ့လို့ပဲ။—အာ. ၃:၇။

20. A thalawphuai bang Lai Siangtho genkholhnate a sawt loin hong tangtung ding a hiam? Bang i sepsuak ding kisam a hiam?

၂၀ မကြာခင် “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ တိုင်းနိုင်ငံ​တွေ ကြေညာ​ကြ​မယ်။ (၁ သက်. ၅:၃) မှားယွင်းတဲ့ ဘာသာရေး​ကို ကမ္ဘာ့​နိုင်ငံရေး အင်အားစု​တွေ တိုက်ခိုက်​ဖျက်ဆီး​ကြ​မယ်။ (ဗျာ. ၁၇:၁၆၊ ၁၇) အဲဒီနောက် ဘုရား​လူမျိုးကို တိုက်ခိုက်​ကြ​မယ်။ (ယေဇ. ၃၈:၁၈၊ ၁၉) ဒီလိုနဲ့ နောက်ဆုံး စစ်ပွဲ အာမဂေဒုန် စ​လာမယ်။ (ဗျာ. ၁၆:၁၄၊ ၁၆) ဒီ​ဖြစ်ရပ်တွေ မကြာခင် ဖြစ်လာမယ်​ဆိုတာ ကျွန်တော်တို့ စိတ်ချနိုင်တယ်။ ဒီအတောအတွင်းတော့ ကျမ်းစာ ကြိုဟောချက်တွေကို အာရုံစိုက်ခြင်း၊ တခြားသူတွေ​လည်း အာရုံစိုက်​နိုင်အောင် ကူညီပေးခြင်းအားဖြင့် ကောင်းကင်ဘုံစံ မေတ္တာရှင် အဖ​ကို ကျေးဇူးတင်ကြောင်း ဆက်​ပြ​ကြရအောင်။

NANGH BANGCI DAWNG DING?

  • Lai Siangtho genkholhnate bang hangin sin ding kisam a hiam?

  • Lai Siangtho genkholhnate koi banga i sin ding kisam a hiam?

  • Leitung Thunei Anglo-American, Russia le a kipawlpihte’ thu a tangtung khinsa genkholhna pawlkhat in bang a hiam?

LA 95 လင်း​သည်ထက်​လင်းလာ

a ကမ္ဘာ့​အခြေအနေ ဘယ်လောက်ပဲ ဆိုး​လာပါစေ မကြာခင် အခြေအနေတွေ ပြန်ကောင်း​လာမယ်​ဆိုတာ ကျွန်တော်တို့ စိတ်ချနိုင်တယ်။ ကျမ်းစာ ကြိုဟောချက်​တွေ​ကြောင့် ဒီလို စိတ်​ချကြတာ။ ကျမ်းစာ ကြိုဟောချက်​တွေ လေ့လာ​သင့်​တဲ့ အကြောင်းရင်း၊ ဒံယေလ မှတ်တမ်း​တင်ခဲ့တဲ့ ကြိုဟောချက် နှစ်ခု၊ ကြိုဟောချက်​တွေ နားလည်​ရင် ရမယ့် အကျိုးကျေးဇူးတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

b ၂၀၁၂၊ ဇွန် ၁၅ ကင်းမျှော်စင် “‘မကြာမီ​ဖြစ်ပျက်​ရမည့်’ အရာများ​ကို ယေဟောဝါ ဖော်ပြ” ဆောင်းပါး၊ ပိုဒ်. ၇-၉ ကို ကြည့်ပါ။

c ၂၀၂၀၊ မေ ကင်းမျှော်စင် “ဒီနေ့ခေတ်မှာ ‘မြောက်ဘုရင်’ ဘယ်သူလဲ” ဆောင်းပါး၊ ပိုဒ်. ၃-၄ ကို ကြည့်ပါ။

d ၂၀၂၀၊ မေ ကင်းမျှော်စင် “ဒီနေ့ခေတ်မှာ ‘မြောက်ဘုရင်’ ဘယ်သူလဲ” ဆောင်းပါး၊ ပိုဒ်. ၇-၉ ကို ကြည့်ပါ။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ