Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w26 March laim. 8-13
  • Khuavannuai-ah A Sangpen Thuneipa Muang In

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Khuavannuai-ah A Sangpen Thuneipa Muang In
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2026
  • Thuluneute
  • A Thu Kibang
  • TUATE LAKAH SATAN ZONG HONG KIHEL HI
  • JEHOVAH IN CIANGTAN NA KOIH HI
  • ယေဟောဝါက ယောဘရဲ့ ဆင်းရဲဒုက္ခတွေကို ဖယ်ရှားပေး
  • JEHOVAH IN JOB II HAKSATNATE HEPKHIATSAK
  • JEHOVAH IN AMA TUNGAH A CITAK MITE IT HI
  • ဆင်းရဲ​ခက်ခဲမှု​တွေ​ကို ခံရပ်နိုင်ဖို့ ယောဘ​ကျမ်းက ကူညီပေး
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Pasian’ Lawm Koici Suak Thei Ding Na Hiam?
    Lai Siangtho In Bang Hong Sinsak A Hiam?
  • I Theih Loh Thute Om Ahih Lam Kinuaikoihna Lungsim Tawh Sang In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • အကြံဉာဏ်ကောင်း​ပေးနိုင်ဖို့ ယောဘ​ကျမ်းက ကူညီပေး
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2026
w26 March laim. 8-13

MAY 11-17, 2026

LA 7 ယေဟောဝါ၊ တို့​ခွန်အား

Khuavannuai-ah A Sangpen Thuneipa Muang In

““TOPA [Jehovah], nangmah bek leitung khempeuh ah a Sangpen pa na hi hi.”—LA. 83:18.

အာရုံစိုက်​ရာ

အခုရော အနာဂတ်​မှာပါ အခက်​အခဲတွေ ကြုံရတဲ့​အခါ ယေဟောဝါ ကူညီ​ပေးမယ်​ဆိုတာ အပြည့်အဝ ယုံကြည်​စိတ်ချနိုင်​ကြောင်း ဆွေးနွေးပါမယ်။

1. Job in koi bang siatnate thuakkha a haim?

ယောဘဟာ ပြဿနာ အများကြီးကို တစ်ပြိုင်နက် ကြုံတွေ့​ခဲ့ရတယ်။ သားသမီး​အားလုံး သေဆုံး​သွားတယ်။ သိုး​နွား​တိရစ္ဆာန်​တွေကို ဆုံးရှုံး​လိုက်ရတယ်။ ကျွန်တွေ အသတ်ခံရပြီး ယောဘ​ကိုယ်တိုင် ပြင်းထန်တဲ့ အနာ​ရောဂါ ခံစား​ရတယ်။ သူ့ဂုဏ်သတင်း ပျက်စီး​ညှိုးနွမ်း​သွားတဲ့​အပြင် “မိတ်ဆွေတွေ” ပြစ်တင် ပြောဆိုတာ​ကြောင့်​လည်း စိတ်ထိခိုက်​ရတယ်။ ဒီ့အပြင် ချစ်​ဇနီး​ကလည်း “ဘုရား​သခင်ကို ကျိန်ဆဲပြီး သေလိုက်​ပါတော့” လို့ ပြော​လာတယ်။ (ယောဘ ၂:၉။ ၁၅:၄၊ ၅။ ၁၉:၁-၃) ဒီလို​အဖြစ်ဆိုး​တွေကြောင့် ဘုရား​အပေါ်​ထားတဲ့ ယောဘရဲ့ ယုံကြည်ခြင်း ပျက်စီး​သွားနိုင်​သလို မိမိကို​ချစ်ပြီး ကိုးကွယ်တဲ့​သူတွေကိုတောင် ယေဟောဝါ ကာကွယ်​မပေးဘူးလို့ ခံစား​သွားနိုင်တယ်။

2-3. Haksat hun ciangin koi bang ngaihsutnate hong lutthei a hiam?Job Lai Siangtho bu pan bang sinthei i hiam?

၂ “အလွန် ခက်ခဲ​ကျပ်တည်း” တဲ့ အချိန်​ကာလ​မှာ ကျွန်တော်တို့ အသက်ရှင်​နေ​ရတယ်။ (၂ တိ. ၃:၁) ဒါကြောင့် ယောဘလိုပဲ အခက်​အခဲ​ဒုက္ခတွေ ကြုံရ​နိုင်တယ်။ ဒုက္ခတွေ တစ်ခုပြီး​တစ်ခု ဆက်တိုက်​ကြုံရရင် စိတ်ဓာတ်​ကျပြီး ခံနိုင်ရည်​မရှိတော့ဘူးလို့ စဉ်းစား​လာနိုင်တယ်။ ဒီလို​အခြေ​အနေ ကြုံရလို့ ယေဟောဝါ ငါ့ကို မချစ်ဘူး၊ မကူညီဘူး​လို့ ခံစားရသူ တချို့​ရှိတယ်။

၃ အဲဒီလို​ခံစား​နေရတယ်​ဆိုရင် စိတ်ဓာတ်​မကျပါနဲ့။ သစ္စာရှိ​သူတွေကို ယေဟောဝါ ဘယ်တော့မှ မပစ်ထားမှန်း ယောဘ ကိုယ်တွေ့ ကြုံခဲ့တယ်။ ကျွန်တော်​တို့လည်း ယေဟောဝါကို အပြည့်​အဝ ယုံကြည်​ကိုးစား​နိုင်ပါတယ်။ အခု ယောဘ​ကျမ်းကို လေ့လာပြီး အဓိက အချက်​နှစ်ချက်ကို သင်ယူ​ကြရအောင်။ ပထမ၊ ယေဟောဝါဟာ စကြဝဠာ အချုပ်အခြာ အာဏာ​ပိုင်ရှင် ဖြစ်တယ်။ ဒုတိယ၊ အနန္တ​တန်ခိုးရှင် ဘုရား​သခင်ဟာ မိမိ​အလိုတော် ပြည့်စုံ​လာအောင် လုပ်ဆောင်​နိုင်စွမ်း​ရှိပြီး မိမိ​လူမျိုးရဲ့ ကာယပိုင်း၊ ဝတ်ပြုရေးပိုင်း​ကို လုံးဝ​ပျက်စီးသွား​တာမျိုး မဖြစ်အောင်​လည်း ကာကွယ်​ပေးနိုင်တယ်။

TUATE LAKAH SATAN ZONG HONG KIHEL HI

4. Job Lai Siangtho ah Vantung mite Jehovah mai-ah a kilak hunin bang piang a hiam?

၄ “ဘုရားသခင်ရဲ့​သားတွေ ယေဟောဝါ​ရှေ့ အခစားဝင်​ရတဲ့နေ့ ရောက်လာတော့ စာတန်​လည်း သူတို့နဲ့​အတူ ဝင်လာတယ်” လို့ ကျမ်းစာ ဆိုတယ်။ (ယောဘ ၁:၆) ဒါက “စာတန်” ဆိုတဲ့ နာမည်ကို ကျမ်းစာ​ထဲမှာ ဦးဆုံး​အကြိမ်​တွေ့ရတာ ဖြစ်တယ်။ ယေဟောဝါကို ဆန့်ကျင်လို့ “စာတန်” ဆိုတဲ့ နာမည် ရခဲ့တာပါ။ ဒီအချိန်မှာ စာတန်ဟာ ဘုရား​သခင်ရဲ့​သား မဟုတ်တော့ဘူး။ ယေဟောဝါ​ဘုရား၊ သစ္စာရှိ ကောင်းကင်​တမန်တွေနဲ့ သစ္စာရှိ လူသား​အားလုံးရဲ့ ရန်သူ ဖြစ်နေပြီ။ ကမ္ဘာဦး ၃:၁၅ မှာပါတဲ့ စကားတွေ​အရ စာတန်ဟာ ယေဟောဝါရဲ့ ကောင်းကင်​မိသားစုဝင် မဟုတ်​တော့မှန်း သိရတယ်။ “မျိုးနွယ်” ကို​ပေါ်ထွန်း​လာ​စေမယ့် “မိန်းမ၊” တစ်နည်း​အားဖြင့် ယေဟောဝါရဲ့ ကောင်းကင်​မိသားစုဝင် မဟုတ်တော့ဘူး။

5. Satan gen kammal, Jehovah ih a dawng kik dan pan bang theithei i hiam?

၅ ကောင်းကင်မှာ​ပြုလုပ်တဲ့ အစည်းအဝေးမှာ ဘာတွေ​ပြောကြ​သလဲ​ဆိုတာ ယေဟောဝါက ကျွန်တော်တို့ကို သိစေချင်​လို့ ကျမ်းစာမှာ မှတ်တမ်းတင်​စေတယ်။ စာတန်ဟာ ယေဟောဝါရဲ့ ကျေးကျွန်​တွေကို ရှုတ်ချ​ဂုဏ်ဖျက်သူ​ဖြစ်ကြောင်း သူ့ရဲ့​စကားတွေ​အရ သိနိုင်တယ်။ (ယောဘ ၁:၉။ ဗျာဒိတ် ၁၂:၁၀ နဲ့ နှိုင်းယှဉ်ပါ။) ယေဟောဝါ​ကတော့ မိမိရဲ့ အတိုင်း​အဆမဲ့ တန်ခိုးကို မှန်ကန်၊ ဖြောင့်မတ်တဲ့​နည်းနဲ့ပဲ အမြဲ​အသုံးပြုတယ် ဆိုတာ​လည်း ဒီမှတ်တမ်းက သင်ပေးတယ်။ အနန္တ​တန်ခိုးရှင်​အနေနဲ့ တခြားသူတွေ ဘာ​လုပ်ခွင့်​ရှိတယ်၊ ဘာ​လုပ်ခွင့်​မရှိဘူး​ဆိုတာ ကန့်သတ်​ပေးနိုင်တာ​ကိုလည်း တွေ့ရတယ်။

JEHOVAH IN CIANGTAN NA KOIH HI

6. Jehovah pen a Sangpenpa ahihlam koi bangin kitheithei a hiam? (Job 1:7, 8))

၆ ယောဘ ၁:၇၊ ၈ ကို ဖတ်ပါ။ ယေဟောဝါဟာ ကောင်းကင်မှာ​ပြုလုပ်တဲ့ အစည်း​အဝေးကို အပြည့်အဝ ထိန်းချုပ်​ထားတယ်။ “ငါ့ကျွန် ယောဘကို သတိထားမိ​သလား” လို့ စာတန်ကို ယေဟောဝါ မေးလိုက်တယ်။ ယောဘကို စာတန် တိုက်ခိုက်ချင်​နေမှန်း သိထားလို့ မေးလိုက်​တာပါ။ ယောဘကို ကူညီဖို့ မိမိရဲ့​တန်ခိုး​ကို ယေဟောဝါ ဘယ်လို​အသုံးပြု​သလဲ​ဆိုတာ လေ့လာ​ကြရအောင်။

7. Job 1:10, 11 pan Jehovah abia mite tawh kisai Satan in bang gen a hiam?

၇ ယောဘ ၁:၁၀၊ ၁၁ ကို ဖတ်ပါ။ ယေဟောဝါဟာ စကြဝဠာ အချုပ်​အခြာ အာဏာ​ပိုင်ရှင်ပါ။ အလို​ရှိရာ ဘာမဆိုကို လုပ်ဆောင်​နိုင်တဲ့ တန်ခိုး​ရှိတဲ့​အပြင် ဘယ်​နည်းလမ်းနဲ့​လုပ်ဆောင်​တာက အကောင်းဆုံးလဲ​ဆိုတာ​ကိုလည်း သိတယ်။ (ယေ. ၃၂:၁၇။ ဒံ. ၄:၃၅) ဒါတောင် ယေဟောဝါဟာ မိမိရဲ့​တန်ခိုးကို အလွဲ​သုံးစား​လုပ်တယ်လို့ စာတန် စွပ်စွဲတယ်။ ယေဟောဝါက လူတွေကို လာဘ်ထိုး​ပြီး မိမိကို ဝတ်ပြု​ကိုးကွယ်အောင် လုပ်နေတယ်​လို့ စာတန် ပြောတယ်။ လူတွေကလည်း ကောင်းချီး​ရလို့၊ ကိုယ့်အတွက် အကျိုး​ရှိနေလို့ ယေဟောဝါကို ဝတ်ပြု​ကြတာ​လို့ စောင်းချိတ်​ပြောခဲ့တယ်။ ယေဟောဝါ ဘယ်လို တုံ့ပြန်သလဲ။

8-9. Satan in Job ze-et dingin bang ciangdong Jehovah in phal a hiam? (Job 1:12) (Lim zong en in.)

၈ ယောဘ ၁:၁၂ ကို ဖတ်ပါ။ မာရ်နတ်ရဲ့ စွပ်စွဲချက် မမှန်ဘူး​ဆိုတာ သက်သေ​ပြဖို့ ယေဟောဝါ ခွင့်ပြု​လိုက်တယ်။ ဒါပေမဲ့ ယေဟောဝါ ခွင့်ပြု​သလောက်ပဲ စာတန် လုပ်ဆောင်​ရမယ်။ ‘ယောဘကိုတော့ မထိနဲ့’ လို့ ယေဟောဝါ ရှင်းရှင်း​လင်းလင်း သတိပေး​တယ်။ အစည်း​အဝေးမှာ​ရှိနေတဲ့ ကောင်းကင်​တမန် အားလုံး​ရှေ့မှာ စာတန်ကို ယေဟောဝါ အမိန့် ပေးခဲ့​တာပါ။ စာတန်ဟာ ယေဟောဝါရဲ့​အမိန့်ကို မဖြစ်​မနေ နာခံ​ရတယ်။ ကန့်သတ်​ချက်ကို ကျော်လွန်ပြီး လုပ်ပိုင်ခွင့် မရှိဘူး။ သူ့အခြေ​အနေက ဒီနေ့​အချိန်​အထိလည်း အဲဒီလို​ပါပဲ။ ယေဟောဝါက မိမိရဲ့ အခွင့်​အာဏာ၊ တန်ခိုးကို​သုံးပြီး ယောဘကို ကာကွယ်​ပေးခဲ့တယ်။ ဒါ့အပြင် ယေဟောဝါဟာ တရား​မျှတပြီး မေတ္တာရှင် ဖြစ်ကြောင်း​လည်း ပြခဲ့တယ်။

၉ စာတန်ရဲ့ တိုက်ခိုက်မှု မအောင်မြင်​ခဲ့ပါဘူး။ ယောဘဟာ ကောင်းကင်​ဘုံစံ​အဖ​အပေါ် ဆက်​သစ္စာရှိ​ခဲ့တယ်။ (ယောဘ ၁:၂၂) ဒါပေမဲ့ ယောဘကို စာတန် တိုက်ခိုက်တာ မပြီးသေးဘူး။

တခြား​ကောင်းကင်တမန်တွေ​ရှေ့မှာ စာတန်က ယေဟောဝါကို မခန့်လေးစား ပြောဆို​နေ။

စာတန်က ကောင်းကင်တမန်တွေ​ရှေ့မှာ မဟုတ်မမှန် စွပ်စွဲ​ပြောဆိုခဲ့။ သူ့စွပ်စွဲချက် မှန်မမှန်​သက်သေပြဖို့ ယေဟောဝါ ခွင့်ပြုခဲ့ (စာပိုဒ် ၈ နဲ့ ၉ ကို ကြည့်ပါ)


10. Job ze-et kik dingin Satan pen Jehovah in ba’hang phal a hiam? (Job 2:2-6)

၁၀ ယောဘ ၂:၂-၆ ကို ဖတ်ပါ။ ဒီတစ်ကြိမ်မှာ​တော့ ယောဘရဲ့ သမာဓိကို ချိုးဖျက်ဖို့ စာတန် ပိုပြင်းပြင်း​ထန်ထန် ကြိုးစားတယ်။ ယောဘရဲ့ အရိုးနဲ့​အသားကို ထိခိုက်မယ်​ဆိုရင် ဘုရားကို သူကျိန်းသေ ကျိန်ဆဲ​လိမ့်မယ်​လို့ စာတန် ပြောလာတယ်။ သစ္စာရှိသူ​ယောဘကို စမ်းသပ်ဖို့ ယေဟောဝါ ခွင့်ပြု​လိုက်တယ်။ ဒါပေမဲ့ ယောဘရဲ့ “အသက်​ကိုတော့ မထိနဲ့” လို့ ပြောတယ်။ ယေဟောဝါ ချမှတ်​ပေးတဲ့ ကန့်သတ်​ချက်ကို စာတန် မဖြစ်​မနေ လက်ခံ​ရတယ်။ ယောဘရဲ့​အသက်ကို ထိခိုက်အောင် စာတန် လုပ်ခွင့်​မရှိဘူး။ ယေဟောဝါ ခွင့်ပြု​ထားတဲ့ ကန့်သတ်​ချက်​ဘောင်အတွင်း​မှာဘဲ စာတန် လုပ်ခွင့်​ရတာက ယေဟောဝါဟာ အမြင့်ဆုံး​အရှင် ဖြစ်ကြောင်း သက်သေ​ထူတယ်။

ယေဟောဝါက ယောဘရဲ့ ဆင်းရဲဒုက္ခတွေကို ဖယ်ရှားပေး

11. Jehovah in Job ii haksatnate a hepkhiatsak khit teh bang thuphapia a hiam? (Job 42:10-13)

၁၁ ယောဘ ၄၂:၁၀-၁၃ ကို ဖတ်ပါ။ ယောဘ သစ္စာ​ဖောက်မှာ မဟုတ်ကြောင်း သေချာ​နေပြီ​ဖြစ်လို့ ယေဟောဝါက စာတန်ကို ဆက်ပြီး စမ်းသပ်ခွင့် မပြု​တော့ဘူး။ ယောဘရဲ့ ဆင်းရဲ​ဒုက္ခ​တွေကို ယေဟောဝါ ဖယ်ရှား​ပေးလိုက်တယ်။ အခု​တစ်ခါ​လည်း ယောဘကို ယေဟောဝါ ကာကွယ်​ပေးတာ၊ ကောင်းချီး​ပေးတာ​ကို စာတန် တားဆီး​နိုင်စွမ်း မရှိဘူး။

12. Jehovah ii Kha Siangtho huhna tawk kisai gentehna pia-in.

၁၂ ဒီ​နောက်ဆုံး​ကာလမှာ မိမိ​ကျေးကျွန်​တွေကို စွမ်းအားတော်​သုံးပြီး ယေဟောဝါ ကူညီ​ပေးတယ်။ ဥပမာ၊ ၁၉၄၅ ခုနှစ်မှာ နာဇီ​စစ်သား​တွေက ယေဟောဝါ​သက်သေ အယောက် ၂၃၀ ကို သတ်ပစ်ဖို့ ရည်ရွယ်ချက်နဲ့ ချွေးတပ်​စခန်း​ကနေ ခရီးရှည်​နှင်ခိုင်း​တယ်။ ဒါပေမဲ့ သူတို့​အားလုံး အသက်ရှင်​လွတ်မြောက်​ခဲ့ကြတယ်။ အဲဒီ​အတွေ့​အကြုံ​နဲ့ပတ်သက်ပြီး သူတို့ရဲ့ အဓိဋ္ဌာန်​ပြုချက်မှာ ဒီလို ဖော်ပြ​ထားတယ်– “ခက်ခဲ​ရှည်လျားတဲ့ စမ်းသပ်ရာ​ကာလ​တစ်ခု အဆုံးသတ်​သွားပြီး မီးပြင်းဖို​ကနေ ရုတ်တရက် ကယ်နုတ်​ခံရ​သလိုမျိုး ကာကွယ်​စောင့်ရှောက်​ခံလိုက်ရ​သူတွေရဲ့ ကိုယ်ပေါ်မှာ မီးသင်းနံ့​တောင် မရှိဘူး။ . . . သူတို့​တွေဟာ ယေဟောဝါ​ဆီက အစွမ်း​ခွန်အားနဲ့ ပြည့်ခဲ့​ကြတယ်။ . . . ခြင်္သေ့​တွင်းထဲ​ရောက်နေတဲ့ အခြေ​အနေမျိုး​ကနေ လွတ်မြောက်​လာပြီးနောက် ကျွန်တော်တို့ရဲ့ တစ်ခု​တည်းသော ဆန္ဒ​ကတော့ ယေဟောဝါကို ထာဝစဉ် ဝတ်ပြု​သွားမယ် ဆိုတာ​ပါပဲ။ ဒါဟာ ကျွန်တော်တို့​အတွက် အကြီး​မြတ်ဆုံး ကောင်းချီးပါ။”—ဒံယေလ ၃:၂၇။ ၆:၂၂ နဲ့ နှိုင်းယှဉ်ပါ။

13. Haksatna i thuak ciang bang lungmuang thei i hiam? (Lim zong en in.)

၁၃ ကျွန်တော်တို့လည်း ခြင်္သေ့​တွင်းထဲ ပစ်ချ​ခံရ​သလို အခြေ​အနေမျိုး ကြုံတွေ့​ရနိုင်တယ်။ (၁ ပေ. ၅:၈-၁၀) တစ်ချိန်လုံး အခက်​အခဲ ကြုံနေ​ရလို့ အကြီး​အကျယ် စိတ်ဓာတ်ကျ​နေနိုင်တယ်။ ဒီလို​ဖြစ်နေရင် ယောဘ​အကြောင်း စဉ်းစားပါ။ ယေဟောဝါ​မှာ ဆင်းရဲ​ဒုက္ခ​တွေကို ဖယ်ရှား​ပေးနိုင်တဲ့ တန်ခိုး ရှိတယ်။ အခု မဟုတ်ရင်တောင် ကမ္ဘာသစ်​မှာ ဖယ်ရှား​ပေးမယ်​ဆိုတာ အပြည့်​အဝ ယုံကြည်​စိတ်ချပါ။ ဒီအစီ​အစဉ်​စနစ် အဆုံး​တိုင်မယ့်​အချိန်ကို ယေဟောဝါ သတ်မှတ်ထား​ပြီးပါပြီ။ တစ်ရက်​လေးတောင် ပိုခွင့်ပြုမှာ မဟုတ်ဘူး။

ရုပ်ပုံများ– ယေဟောဝါရဲ့​ကျေးကျွန်တွေ နည်းအမျိုးမျိုးနဲ့ ဒုက္ခ​ခံစားနေကြရ။ ၁။ ညီအစ်ကို​နှစ်ယောက် သင်္ချိုင်း​အုတ်ဂူ​တစ်ခု​ရှေ့မှာ ရပ်နေ​ကြ။ ဝမ်းနည်း​နေတဲ့ သက်ကြီး ညီအစ်ကိုကို အသက်ငယ်တဲ့ ညီအစ်ကို နှစ်သိမ့်​ပေးနေ။ ၂။ ဆေးရုံ​ခုတင်​ပေါ် က သမီး​ငယ်​လေး​ကို​ကြည့်ပြီး မိဘ​နှစ်ပါး ဝမ်းနည်း​ကြေကွဲ​နေ။ ၃။ ထောင်ကျ​နေတဲ့ ညီအစ်ကို​တစ်ယောက် နေပူကျဲကျဲ​မှာ မြေ​တူး​နေတာကို လက်နက်ကိုင် အစောင့်​စစ်သား စောင့်ကြည့်​နေ။

ယောဘ​ကိစ္စမှာ​လိုပဲ ယေဟောဝါက သစ္စာရှိ​ကျေးကျွန်တွေရဲ့ ဆင်းရဲဒုက္ခကို အဆုံးတိုင်စေ​ပါလိမ့်မယ် (စာပိုဒ် ၁၃ ကို ကြည့်ပါ)


JEHOVAH IN JOB II HAKSATNATE HEPKHIATSAK

14-15. Jehovah in a citak mite bang hihsak nuam a hiam? Bang hang hiam? (Job 14:15) (Lim zong en in.)

၁၄ ယောဘ ၁၄:၁၅ ကို ဖတ်ပါ။ ကျွန်တော်တို့ရဲ့ ကောင်းကင်​ဘုံစံ​အဖဟာ မိမိ​အပေါ် သစ္စာ​စောင့်သိ​သူတွေကို အထူး ချစ်မြတ်နိုး​တယ်။ သူတို့ကို ယေဟောဝါ တန်ဖိုးထား​လွန်းလို့ သူတို့​သေဆုံး​သွားရင်တောင် အသက်​ပြန်ရှင်အောင် လုပ်ပေးမယ်။ သေခြင်း​ကြောင့် ဖြစ်ပေါ်တဲ့ နာကျင်မှု​တွေကို ဖယ်ရှား​ပေးပါ​လိမ့်မယ်။—ဟေရှာ. ၆၅:၁၇။

၁၅ စမ်းသပ်ခံရ​ပြီးနောက် ယောဘဟာ စာတန့်​စနစ်ဆိုး​မှာ ဆက်အသက်​ရှင်​ရပေမဲ့ ယေဟောဝါက ယောဘရဲ့ အနာ​ရောဂါကို ကုသ​ပေးပြီး အရင်​ကထက် ပိုများတဲ့ ကောင်းချီးတွေ ပေးခဲ့တယ်။ အနာဂတ်မှာ အဲဒါထက်​ပိုကောင်းတဲ့ ကောင်းချီး​တွေကို ယောဘ ခံစား​ရဦးမယ်။ သစ္စာရှိသူ​တွေကို ပျော်ရွှင်​သာယာတဲ့​ဘဝ ပိုင်ဆိုင်​စေ​ချင်ကြောင်း ယေဟောဝါ ဖော်ပြ​ခဲ့တာပါ။ တကယ်တော့၊ ယေဟောဝါက မိမိ​အပေါ် သစ္စာ​ရှိသူ ယောက်တိုင်းကို သာယာ​လှပတဲ့ ပရဒိသု ကမ္ဘာ့​စံအိမ်မှာ စုံလင်တဲ့​အသက် ပေးမှာ​ဖြစ်မယ်။ (ဗျာ. ၂၁:၃၊ ၄) ယေဟောဝါဟာ စကြဝဠာ အချုပ်​အခြာ အာဏာ​ပိုင်ရှင်​ဖြစ်လို့ အလိုရှိရာ​မှန်သမျှ လုပ်ဆောင်​နိုင်စွမ်း​ရှိတယ်။ ဘယ်သူမှ မတားဆီး​နိုင်ဘူး။ ယေဟောဝါ​ပေးမယ့် ကောင်းချီး​တွေကို စဉ်းစား​လိုက်တဲ့​အခါ အခက်​အခဲ​တွေကို ခံရပ်ဖို့ ကျွန်တော်တို့ ခွန်အား​ရှိလာ​တယ်။

ကျန်းကျန်းမာမာ​ရှိပြီး ဝတ်​ကောင်းစား​လှ​ဝတ်ထားတဲ့ ယောဘတို့ ဇနီးမောင်နှံ​က အိမ်ကို လာလည်ပတ်တဲ့ မိတ်ဆွေတွေကို ဧည့်ခံ​စကားပြော​နေ။

စမ်းသပ်ခံရ​ပြီးနောက် ယောဘတို့ ဇနီးမောင်နှံ ယေဟောဝါရဲ့​ကောင်းချီး အလျှံပယ် ခံစားရ (စာပိုဒ် ၁၄-၁၅ ကို ကြည့်ပါ)


16. A Sangpen thuneipa ahi Jehovah i muang theina adang bang thu om a hiam?

၁၆ ယောဘဟာ အသက်ရှည်ရှည် နေရပြီးနောက် ကွယ်လွန်​သွားတယ်။ ဒါပေမဲ့ အချုပ်​အခြာ အာဏာ​ပိုင်ရှင်၊ အနန္တ​တန်ခိုးရှင် ယေဟောဝါဆီ​မှာ အသက်​ပြန်ရှင်​စေနိုင်တဲ့ တန်ခိုး​ရှိတယ်။ (တရား. ၃၂:၃၉) ဒါကြောင့် မိမိ​ချစ်ရသူ​တွေကို အသက်​ပြန်ရှင်အောင် ယေဟောဝါ လုပ်ပေး​တာကို ဘယ်သူမှ မတားဆီးနိုင်​ပါဘူး။ ဘုရား​သတ်မှတ်​ထားတဲ့​အချိန်မှာ သူတို့​တွေကို ရှင်ပြန်​ထမြောက်​ပေးမယ်။—ရော. ၈:၃၈၊ ၃၉။

JEHOVAH IN AMA TUNGAH A CITAK MITE IT HI

17. Jehovah mite a siat nading Satan in a hihzawh loh lam bangci kitheithei a hiam?

၁၇ ယေဟောဝါကို အပြည့်အဝ ယုံကြည်​ကိုးစား​နိုင်တဲ့ အကြောင်းရင်း​တွေကို ယောဘ​ကျမ်း​ကနေ သိရတယ်။ ယေဟောဝါရဲ့​လူမျိုးကို လုံးလုံး​ပျက်စီး​သွား​အောင်​လုပ်ဖို့ စာတန်ကို ယေဟောဝါ ခွင့်မပြုတဲ့​အတွက် ကျေးဇူးတင်​စရာ​ပါပဲ။ ဒီနေ့​အချိန်မှာ၊ ယေဟောဝါကို အချုပ်​အခြာ အာဏာ​ပိုင်ရှင်​အဖြစ် လက်ခံပြီး သစ္စာ​ရှိရှိ ဝတ်ပြု​နေ​ကြသူ ကိုးသန်း​နီးပါး​ရှိတယ်။ အာဏာ​ကြီးမားတဲ့ အစိုးရတွေ၊ ဘာသာရေး ခေါင်းဆောင်​တွေက ကျွန်တော်တို့ ယေဟောဝါကို ဝတ်မပြု​နိုင်အောင်၊ သတင်းကောင်း မဟောပြော​နိုင်အောင် ကြိုးစား​ပိတ်ပင်​ခဲ့ကြတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ ကျေးကျွန်​တွေကို တိုက်ခိုက်ဖို့​လုပ်တဲ့ လက်နက်​တစ်ခုမှ မအောင်မြင်​မှန်း အကြိမ်ကြိမ် တွေ့ခဲ့​ရပြီ။ (ဟေရှာ. ၅၄:၁၇) ယေဟောဝါဟာ စစ်မှန်တဲ့ ဘုရား​ဖြစ်ကြောင်း၊ စာတန်ဟာ မုသာကောင်​ဖြစ်ကြောင်း လူတွေကို ကျွန်တော်တို့ ပြောပြ​ကြတယ်။ ဒါကို ဘာကမှ မတားဆီး​နိုင်ဘူး။ ကျွန်တော်တို့ အသက်​သေဆုံး​သွားရင်တောင် သစ္စာ​ရှိသူ​အားလုံးကို ယေဟောဝါ ရှင်ပြန်​ထမြောက် ပေးနိုင်​လို့ပါ။—ဟော. ၁၃:၁၄။

18. Ba’hangin mailam hun lungmuang takin nawk thei i hiam?

၁၈ ယောဘရဲ့ ဖြစ်ရပ်မှန်​ဇာတ်လမ်းကို တွေးတော​ဆင်ခြင်​တဲ့အခါ ယုံကြည်ခြင်း ခိုင်မာ​လာပြီး အနာဂတ်ကို ယုံကြည်​စိတ်ချမှု​အပြည့်နဲ့ ရင်ဆိုင်​လာနိုင်တယ်။ ကြီးစွာသော​ဒုက္ခ​အတွင်း စာတန်နဲ့ သူ့နောက်လိုက်​တွေက ဘုရား​လူမျိုးကို လွယ်လွယ်နဲ့ တိုက်ခိုက်​နိုင်မယ်လို့ ထင်ကြ​မယ်။ ဒါပေမဲ့ ယောဘ​အတွက် မိမိ​တန်ခိုးကို ယေဟောဝါ အသုံးပြု​ခဲ့​သလို ကျွန်တော်တို့​အတွက်လည်း အသုံးပြု​ပါလိမ့်မယ်။ မိမိ​လူမျိုး လုံးလုံး​ပျက်စီး​သွားတာ​မျိုး ခွင့်ပြုမှာ​မဟုတ်ဘူး။ ယေဟောဝါက စာတန်ကြောင့် ဖြစ်ပေါ်​လာတဲ့ ဆင်းရဲ​ဒုက္ခ​အားလုံးကို မကြာခင် အဆုံးတိုင်စေ​ပါတော့မယ်။ မာရ်နတ်နဲ့ နတ်ဆိုး​တွေဟာ တွင်းနက်​ကြီးထဲမှာ အနှစ် ၁,၀၀၀ ချည်နှောင်​ခံရမယ်။ (လု. ၈:၃၁။ ဗျာ. ၂၀:၁-၃) နောက်ဆုံးမှာ စာတန်နဲ့ သူ့နောက်လိုက်​အားလုံး ဖျက်ဆီး​ခံရမယ်။ (ဗျာ. ၂၀:၁၀) ယေဟောဝါ ကြိုပြော​ထားတဲ့​အတိုင်း စာတန်ရဲ့​ခေါင်း အကြိတ်​ခံရမယ်။ စာတန်ကို အပြီး​အပိုင် ဖျက်ဆီး​ပစ်မယ်။ —က. ၃:၁၅။ ရော. ၁၆:၂၀။

19. A tawntungin Jehovah a muang mite a’ding bang thuphate’n hong ngak a hiam? (Lim zong en in.)

၁၉ စုံလင်တဲ့​အသက်၊ ပျော်ရွှင်တဲ့​ဘဝနဲ့ နေရမယ့် ကမ္ဘာသစ်ကို ကျွန်တော်တို့ မျှော်လင့်​စောင့်စား​နေကြ​ပါတယ်။ စိတ်ကူးမိ​တာထက် အများကြီး ပိုကောင်းတဲ့​အသက်တာ ဖြစ်ပါ​လိမ့်မယ်။ “အရာ​ခပ်သိမ်းကို ငါ အသစ်​ဖန်ဆင်း​နေတယ်” လို့ ယေဟောဝါ ကတိပြု​ထားတယ်။ (ဗျာ. ၂၁:၅) ဘာကို ဆိုလို​သလဲ။ လူသား​တွေဟာ စာတန်နဲ့ နတ်ဆိုး​တွေရဲ့ မကောင်းတဲ့ ဩဇာ​အောက်​ကနေ လွတ်မြောက်​ကြမယ်။ လွတ်လပ်မှု အစစ်​အမှန် ပါပဲ။ စိုးရိမ်​ပူပန်​စရာတွေ မရှိတော့လို့ အိပ်ပျက်တဲ့​ညတွေ ရှိတော့မှာ မဟုတ်ဘူး။ အာမဂေဒုန်ကို ကပ်ကျော်​သူတွေဟာ အံ့ဖွယ်​အမှု အများကြီး မြင်တွေ့​ကြရမယ်။ မကျန်း​မမာ​ဖြစ်နေ​သူတွေ ကျန်းမာ​လာကြမယ်။ သေဆုံး​သွားတဲ့ ချစ်ရသူ​တွေနဲ့ ပြန်ဆုံ​တွေ့ခွင့်​ရမယ်။ ကမ္ဘာဦး​ကတည်းက ကောင်းကင်​ဘုံစံ​ဖခင် ရည်ရွယ်​ထားတဲ့ အသက်တာ​မျိုးနဲ့ နေထိုင်ကြ​ရမယ်။

ရှေ့​ပုံ​တွေ​မှာပါတဲ့ ညီအစ်ကို/မတွေ မြေကြီး​ပရဒိသုမှာ ပျော်ရွှင်​နေ​ကြ။ သက်ကြီး​ညီအစ်ကိုက အခု​လူငယ်​အရွယ် ဖြစ်နေ​ပြီး ဇနီး​နဲ့​အတူ လမ်းလျှောက်နေ။ မိဘ​နှစ်ပါး​က ကျန်းမာရေး ကောင်း​နေပြီ​ဖြစ်တဲ့ သမီး​ငယ်​နဲ့​အတူ လမ်းလျှောက်နေ​ကြ။ ထောင်ကျတဲ့ ညီအစ်ကိုက ခြင်္သေ့​ပေါက်​လေး​နဲ့​အတူ သစ်ပင်​အောက်မှာ​ထိုင်ပြီး ကျမ်းစာဖတ်​နေ။

အခက်အခဲတွေကို ခံရပ်ခဲ့ကြတဲ့ သစ္စာရှိသူ အားလုံး ယေဟောဝါရဲ့​ကောင်းချီး ကြွယ်ဝစွာ ခံစားကြရမယ် (စာပိုဒ် ၁၉ ကို ကြည့်ပါ)


20. Bang sem dingin khensat na hiam?

၂၀ ဒီ​နောက်ဆုံးကာလ​မှာ စမ်းသပ်​မှုတွေ ကြုံရနိုင်​သေးတဲ့​အတွက် သတ္တိ​ရှိရှိ ရင်ဆိုင်​ကြ​ရအောင်။ ယေဟောဝါကို အပြည့်​အဝ ယုံကြည်​ကိုးစားပြီး ကိုယ်တော့်​အုပ်စိုးမှုကို သစ္စာ​ရှိရှိ နာခံ​ကြရအောင်။ ကောင်းကင်​ဘုံစံ​အဖ ယေဟောဝါကို ကျွန်တော်တို့ ချစ်မြတ်နိုး​ကြောင်း၊ စာတန်ဟာ မုသာကောင်​ဖြစ်ကြောင်း ဆက်တင်ပြ​ကြရအောင်။ အချုပ်​အခြာ အာဏာ​ပိုင်ရှင် ယေဟောဝါဟာ သစ္စာ​ရှိသူ​တွေကို ကောင်းချီး​ပေးချင်စိတ် ပြင်းပြတဲ့​ဘုရား​ဖြစ်လို့ ကျွန်တော်​တို့သာ သစ္စာ​ရှိမယ်​ဆိုရင် သိပ်ကောင်းတဲ့ အနာဂတ်ကို ယုံကြည်​စိတ်ချမှု​အပြည့်​နဲ့ စောင့်မျှော်​နိုင်ကြ​ပါတယ်။

NANGH BANGCI DAWNG DING . . .

  • Jehovah pen a Sangpenpa ahihlam Job Lai Siangtho bu pan bangci kithei a hiam?

  • Jehovah in a citak silate thupha pianuam ahihlam Job Lai Siangtho bu pan bangci kithei a hiam?

  • A Sangpen thuneipa ahi Jehovah tungah a tawntungin i lungmuan theihlam Job Lai Siangtho bu pan bangci kithei a hiam?

LA 153 ရဲစွမ်းသတ္တိ ပေးသနားပါ

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ