Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w24 November laim. 2-7
  • Thuman Lohna Gualzawh Theih Dan

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Thuman Lohna Gualzawh Theih Dan
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Thuluneute
  • A Thu Kibang
  • HUMAN LOHNA TUNGAH NA THUKKIK DAN KIDAWM IN
  • THUMAN LOHNA TUNGAH JESUH A GUALZAWH DAN SIN IN
  • “PASIAN’ THUKKIK DINGIN KOIH LEL UN”
  • “A PHA GAMTATNA TAWH GITLOHNATE A ZO NA HI TA UN”
  • မတရားမှုတွေ​ကို အကောင်းဆုံး တုံ့ပြန်​နိုင်​ပုံ
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • I Theih Loh Thute Om Ahih Lam Kinuaikoihna Lungsim Tawh Sang In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Jehovah Pen A “Nungta” Pasian Ahihlam Phawk In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Jehovah In “Lungsim Kitamte Damsak”
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
w24 November laim. 2-7

Sin Ding Thu 44

LA 33 သင့်ရဲ့​ဝန်ကို ယေဟောဝါဆီ ပုံအပ်​ပါ

Thuman Lohna Gualzawh Theih Dan

“Gitlohna kizosak kei unla, a pha gamtatna tawh gitlohnate a zo na hi ta un.”—ROM 12:21.

အာရုံစိုက်​ရာ

မတရား​ဆက်ဆံခံရတဲ့အခါ ပြဿနာ ပို​မ​ကြီး​စေ​မယ့်​နည်းနဲ့ ဘယ်လို တုံ့ပြန်​နိုင်​သလဲ။

1-2. Ei’ tungah kuate in thuman lo-a hong gamta thei uh a hiam? Hilhcian in.

တရားသဖြင့် စီရင်​ပေးဖို့ တရားသူကြီးဆီ တစ်ချိန်လုံး သွားပြီး အသနားခံ​တဲ့ မုဆိုးမ ပုံဥပမာ​အကြောင်း ယေရှု ပြောတယ်။ အဲဒီခေတ်မှာ လူများစွာ မတရား​ဆက်ဆံခံရ​လို့ ယေရှုရဲ့ ပုံဥပမာ​မှာ ပါတဲ့ မုဆိုးမရဲ့ ခံစားချက်ကို တပည့်တွေ သဘောပေါက်​ကြ​မှာ​ပဲ။ (လု. ၁၈:၁-၅) ဒီနေ့ခေတ်မှာလည်း တစ်ချိန်​မဟုတ် တစ်ချိန် မတရားမှုတွေ ကြုံရ​တတ်​လို့ မုဆိုးမရဲ့ ခံစားချက်ကို ကျွန်တော်တို့ သဘောပေါက်​ကြ​ပါတယ်။

၂ ဒီနေ့​လောက​မှာ လူတွေဟာ အချင်းချင်း တစ်ဖက်စောင်းနင်း၊ မထောက်မ​ထား၊ ချိုးချိုးနှိမ်နှိမ် ဆက်ဆံ​ကြတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း မတရား​ဆက်ဆံခံရနိုင်တယ်​ဆိုတာ ကြိုတွက်ထားကြ​တယ်။ (ဒေ. ၅:၈) ဒါပေမဲ့ ညီအစ်ကို/မ​တစ်ယောက် ကိုယ့်ကို မတရား​ဆက်ဆံတဲ့အခါ ကြိုတွက်​မထားတဲ့ ကိစ္စ ဖြစ်လို့ တုန်လှုပ်​မိ​နိုင်တယ်။ ညီအစ်ကို/မတွေဟာ အမှန်တရားကို ဆန့်ကျင်သူတွေ​လို ရည်ရွယ်ချက်​ရှိရှိ မတရား​လုပ်ကြ​တာ​တော့ မဟုတ်ဘူး။ မစုံလင်သူတွေ ဖြစ်လို့ မတရား​လုပ်မိ​ကြ​တာ။ ဆန့်ကျင်သူတွေ မတရား​ဆက်ဆံတာကို ယေရှု တုံ့ပြန်ပုံကနေ ကျွန်တော်တို့ အများကြီး သင်ယူနိုင်တယ်။ ဆန့်ကျင်သူတွေကို​တောင် ကျွန်တော်တို့ သည်းခံ​နိုင်တယ်​ဆိုရင် ညီအစ်ကို/မတွေကို ပိုလို့တောင် သည်းခံ​သင့်​တယ်။ လောကက လူတွေ​ဖြစ်ဖြစ်၊ ညီအစ်ကို/မတွေ​ဖြစ်ဖြစ် ကျွန်တော်တို့ကို မတရား​ဆက်ဆံတဲ့အခါ ယေဟောဝါ ဘယ်လို ခံစားရသလဲ။

3. Jehovah in i thuak thuman lohnate tungah hong thusim ahihlam koicih theih i hiam?

၃ ယေဟောဝါ​ဘုရားဟာ “တရားမျှတမှုကို မြတ်နိုးတယ်။” ကျွန်တော်တို့ ဘယ်လို ဆက်ဆံခံရ​သလဲ​ဆိုတာ အလေးအနက်ထားတယ်။ (ဆာ. ၃၇:၂၈) မတရားမှု​မှန်သမျှ၊ မတရားမှု​ကြောင့် ပေါ်ပေါက်​လာတဲ့ ဆိုးကျိုး​မှန်သမျှကို မကြာခင် ဖယ်ရှား​ပေးမယ်။ (ဆာ. ၇၂:၁၊ ၂) အချိန်တန်တဲ့အခါ ယေဟောဝါ “တရားသဖြင့် အမြန်ဆုံး စီရင်​ပေးလိမ့်မယ်” လို့ ယေရှု အခိုင်အမာ ပြောထားတယ်။—လု. ၁၈:၇၊ ၈။

4. Thuman lohnate i gualzawh theih nadingin Jehovah in koi bangin hong huh a hiam?

၄ မတရားမှုတွေ ယေဟောဝါ ဖယ်ရှား​ပေးမယ့်​အချိန်ကို ကျွန်တော်တို့ စောင့်မျှော်နေကြတယ်။ အဲဒီအချိန်​မရောက်ခင်​မှာ​လည်း မတရားမှုတွေ​ကို ရင်ဆိုင်နိုင်ဖို့ ယေဟောဝါ ကူညီပေးတယ်။ (၂ ပေ. ၃:၁၃) ဥပမာ၊ မတရား​ဆက်ဆံခံရတဲ့အခါ ပြဿနာ ပို​ကြီး​စေ​မယ့်​နည်းနဲ့ မတုံ့ပြန်​မိ​ဖို့ သင်ပေးတယ်။ ဘယ်လို သင်ပေးသလဲ။ သားတော်ရဲ့ စံနမူနာ​ကတစ်ဆင့်၊ ကျမ်းစာမူတွေက​တစ်ဆင့်​ပါ။

HUMAN LOHNA TUNGAH NA THUKKIK DAN KIDAWM IN

5. Thuman lohna i thuak ciang i thukkik dan i kidop ding bang hang kisam a hiam?

၅ မတရား​ဆက်ဆံခံရတဲ့အခါ အကြီးအကျယ် စိတ်​ထိခိုက်နိုင်တယ်။ (ဒေ. ၇:၇) ယောဘ၊ ဟဗက္ကုတ်​တို့​လို သစ္စာရှိ ကျေးကျွန်​တွေ​တောင် စိတ်ထိခိုက်​ခဲ့တယ်။ (ယောဘ ၆:၂၊ ၃။ ဟဗ. ၁:၁-၃) စိတ်ထိခိုက်တာ သဘာဝ ဆိုပေမဲ့ ကိုယ့်​တုံ့ပြန်ပုံ​ကို သတိထားရမယ်။ သတိမထားရင် မိုက်မိုက်မဲမဲ ပြုမူ​မိ​နိုင်​လို့​ပါ။

6. Absalom’ thupiang pan bang sin thei i hiam? (Lim zong en in.)

၆ ကိုယ်တိုင် ဒါမှမဟုတ် ကိုယ်​ချစ်ရတဲ့​သူ မတရား​ဆက်ဆံခံရတဲ့အခါ ကျွန်တော်တို့ လက်တုံ့ပြန်​ချင်​တတ်​ကြတယ်။ ဒါပေမဲ့ လက်တုံ့ပြန်​တာက ပြဿနာ ပို​ကြီး​စေနိုင်တယ်။ ဘုရင်​ဒါဝိဒ်ရဲ့ သားတော် အဗရှလုံ​အကြောင်း စဉ်းစားကြည့်ပါ။ နှမ​ဖြစ်​သူ တာမာ​ကို အဖေ​တူ​အမေ​ကွဲ အစ်ကို အာမနုန် စော်ကား​လိုက်လို့ အဗရှလုံ နာကြည်း​နေခဲ့တယ်။ မောရှေ​ပညတ်​အရ အာမနုန် သေဒဏ်​ခံထိုက်တယ်။ (ဝတ်. ၂၀:၁၇) အဗရှလုံ ဒေါသ​ထွက်တာ မမှားပေမဲ့ ကိုယ့်​နည်း​ကိုယ်ဟန်​နဲ့ ပြဿနာ ဖြေရှင်း​လိုက်တာ​တော့ မှားတယ်။—၂ ရှ. ၁၃:၂၀-၂၃၊ ၂၈၊ ၂၉။

ရင်ထဲမှာ ခံ​ရခက်နေတဲ့ တာမာ အင်္ကျီ​ကို ဆုတ်ဖြဲ​ရင်း ငို​နေ။ ဉာဏ်​များတဲ့ အဗရှလုံ​က တိတ်တိတ်​နေဖို့ လက်ရိပ်ပြ​နေ။

နှမ​ဖြစ်​သူ တာမာ စော်ကား​ခံရလို့ အဗရှလုံ နာကြည်း​နေ​ခဲ့ (စာပိုဒ် ၆ ကို ကြည့်ပါ)


7. Thuman lohna a muh ciang Late a atpa’ lungsim a tungin bangci om a hiam?

၇ မတရား​လုပ်​သူ​တွေ အပြစ်ပေး​ခံရ​ပုံ​မ​ပေါက်တဲ့​အခါ မှန်ရာ လုပ်တာ အကျိုး​ရှိရဲ့လား​လို့ ကျွန်တော်တို့ တွေးမိနိုင်တယ်။ လူကောင်းတွေကို ချ​နင်းပြီး လူဆိုးတွေ ကြီးပွား​ကောင်းစား​နေတာကို ဆာလံ​ကျမ်း​ရေးသူ သတိထားမိတယ်။ “အပူအပင် ကင်း​ကင်း​နဲ့ နေ​ရတာ​လည်း အဲဒီ​လူဆိုးတွေ​ပါပဲ” လို့ ပြောတယ်။ (ဆာ. ၇၃:၁၂) မတရားမှုတွေ​ကို မြင်ပြီး စိတ်မချမ်းမသာ ဖြစ်လာတယ်။ ယေဟောဝါကို ဝတ်ပြုတာ အကျိုး​ရှိရဲ့လား​လို့ တွေးမိ​လာတယ်။ “ဒါကို နားလည်ဖို့ ကြိုးစား​ပေမဲ့ စိတ်​အနှောင့်​အယှက်​ပဲ ဖြစ်​ရတယ်” လို့ ပြောတယ်။ (ဆာ. ၇၃:၁၄၊ ၁၆) “ငါ့​မှာတော့ ခြေလှမ်း​တွေ မှား​လု​မတတ်၊ ခြေချော်​လဲ​မတတ် ဖြစ်ခဲ့တယ်” လို့​တောင် ပြောတယ်။ (ဆာ. ၇၃:၂) ညီအစ်ကို အယ်လ်ဘတ်တိုa အဲဒီလို​ဖြစ်ခဲ့တယ်။

8. Thuman lohna hanga unaupa khat bang piang a hiam?

၈ အသင်းတော်​အလှူငွေ ခိုးတယ်​လို့ ညီအစ်ကို အယ်လ်ဘတ်တို မဟုတ်မမှန် စွပ်စွဲခံရတယ်။ ဒါကြောင့် အကြီးအကဲ​တာဝန် ရပ်နား​ခံလိုက်ရတယ်။ ဒီကိစ္စကို သိတဲ့ ညီအစ်ကို/မ တော်တော်​များများ အယ်လ်ဘတ်တို​ကို မလေးစားကြတော့​ဘူး။ “ဒေါသ​ထွက်​မိတယ်၊ ခံပြင်း​မိတယ်” လို့ အယ်လ်ဘတ်တို ပြောတယ်။ အဲဒီ​ခံစားချက်တွေ​ကြောင့် ယေဟောဝါနဲ့ ဆက်ဆံရေး ထိခိုက်လာတယ်။ ငါးနှစ်လောက် မလှုပ်မရှား ဖြစ်သွားတယ်။ မတရား​ဆက်ဆံခံရတဲ့အခါ ခါးသီး​နာကြည်း​နေ​ရင် ဘာဖြစ်​သွား​နိုင်​သလဲ​ဆိုတာ ဒီတွေ့ကြုံမှုက ဖော်ပြတယ်။

THUMAN LOHNA TUNGAH JESUH A GUALZAWH DAN SIN IN

9. Jesuh in koi bang danin thuman lohna na thuakkha a hiam? (Lim zong en in.)

၉ မတရားမှုကို ဘယ်လို ရင်ဆိုင်ရ​မယ်​ဆိုတာနဲ့ပတ်သက်ပြီး ယေရှု အကောင်းဆုံး စံနမူနာ ပြခဲ့တယ်။ မိသားစုဝင်တွေ​ကော အပြင်လူ​တွေ​ပါ ယေရှုကို မတရား​ဆက်ဆံခဲ့​ကြတယ်။ စိတ်ဖောက်​ပြန်သွား​ပြီ​လို့ ဆွေမျိုးတွေ ပြောကြတယ်။ နတ်ဆိုးတွေ​ဆီ​က တန်ခိုး ရထားတယ်​လို့ ဘာသာရေး​ခေါင်းဆောင်တွေ စွပ်စွဲ​ကြတယ်။ ရောမ​စစ်သားတွေ လှောင်ပြောင်ကြတယ်။ ကိုယ်ထိ​လက်ရောက် နှိပ်စက်​ကြတယ်။ နောက်ဆုံးမှာ သတ်တောင် သတ်​လိုက်ကြတယ်။ (မာ. ၃:၂၁၊ ၂၂။ ၁၄:၅၅။ ၁၅:၁၆-၂၀၊ ၃၅-၃၇) ဒီလို​မတရား​ဆက်ဆံခံရ​တာ​တောင် ယေရှု လက်တုံ့မပြန်​ဘူး။ ယေရှု​ဆီကနေ ဘာသင်ယူနိုင်သလဲ။

ရုပ်ပုံ– ယေရှု မတရား​ဆက်ဆံခံရ။ ၁။ ခေါင်း​မှာ ဆူးခက်​သရဖူ ဆောင်းထား​ပြီး သွေး​တွေ ထွက်​နေ။ ၂။ မယုံကြည်သူ ဆွေမျိုးတွေ မေးခွန်း ဝိုင်း​ထုတ်​နေ။ ၃။ ဘာသာရေး ခေါင်းဆောင်တွေ ဒေါသတကြီး ရန်​တွေ့​နေ။ ၄။ ရောမ​စစ်သား အတင်း ထမ်း​ခိုင်းလို့ သစ်တိုင် ထမ်း​ရင်း​ကနေ ယေရှု ခွေကျ​သွား။

မတရားမှုကို ဘယ်လို ရင်ဆိုင်ရ​မယ်​ဆိုတာ ယေရှု အကောင်းဆုံး စံနမူနာ ပြ (စာပိုဒ် ၉-၁၀ ကို ကြည့်ပါ)


10. Jesuh in thuman lohna koi bangin gualzo a hiam? (1 Peter 2:21-23)

၁၀ ၁ ပေတရု ၂:၂၁-၂၃ ကို ဖတ်ပါ။b မတရားမှုကို ယေရှု ဘယ်လို ရင်ဆိုင်​သလဲ။ ဘယ်အချိန် နှုတ်ဆိတ်​နေ​ရမယ်၊ ဘယ်အချိန် စကားပြော​ရမယ်ဆိုတာ ယေရှု သိတယ်။ (မ. ၂၆:၆၂-၆၄) စွပ်စွဲချက်​တိုင်း​ကို လိုက်​မဖြေရှင်း​ဘူး။ (မ. ၁၁:၁၉) ဖြေရှင်း​ပြီ​ဆိုရင်လည်း ဆန့်ကျင်သူတွေကို စော်စော်ကားကား မပြောဘူး၊ မ​ခြိမ်းခြောက်​ဘူး။ “ဖြောင့်မတ်စွာ တရားစီရင်ပေးမယ့်​အရှင်ရဲ့ လက်ထဲ ကိုယ့်ကိုယ်ကိုယ် ပုံအပ်” ထားတဲ့အတွက် ချုပ်တည်း​နိုင်ခဲ့တယ်။ မိမိ မတရား​ဆက်ဆံခံရတာကို ယေဟောဝါ မြင်​မှန်း သိတယ်။ အချိန်တန်တဲ့အခါ မတရားမှု​အားလုံးကို ဖယ်ရှား​ပေးမယ်​ဆိုတာ ယုံတယ်။

11. Koi bang dante tawh kampau kidawm thei i hiam? (Lim zong en in.)

၁၁ မတရား​ဆက်ဆံခံရတဲ့အခါ အပြောအဆို ဂရုစိုက်ခြင်းအားဖြင့် ယေရှုကို အတုယူနိုင်တယ်။ မတရားမှု​တချို့ဟာ မပြောပလောက်ဘူး​ဆိုရင် ဒါမှမဟုတ် ပြောလိုက်လို့ ပြဿနာ ပို​ကြီး​သွားနိုင်တယ်​ဆိုရင် နှုတ်ဆိတ်​နေ​လိုက်​နိုင်တယ်။ (ဒေ. ၃:၇။ ယာ. ၁:၁၉၊ ၂၀) မတရား​ဆက်ဆံခံရ​သူကို ကာကွယ်ဖို့ ဒါမှမဟုတ် ကျမ်းစာ​အမှန်တရား​ဘက် ရပ်တည်ဖို့ တစ်ခုခု ပြော​မှ ရမယ့်​အချိန်​လည်း ရှိနိုင်တယ်။ (တ. ၆:၁၊ ၂) အဲဒီလို​အချိန်​မျိုး​မှာ အတတ်နိုင်ဆုံး အေးအေးဆေးဆေး၊ လေးလေးစားစား ပြော​သင့်​တယ်။—၁ ပေ. ၃:၁၅။c

ရုပ်ပုံ– သက်ကြီး ညီအစ်မ မတရား​ဆက်ဆံခံရ။ ၁။ မျက်နှာဖုံး စွပ်ထားတဲ့ အရာရှိ​တစ်ယောက် ညီအစ်မကို လက်ထိတ်ခတ် ခေါ်သွားပြီး အရာရှိ​နောက်တစ်ယောက် အိမ်ထဲမှာ မွှေနှောက်​ရှာဖွေ​ပေမဲ့ ညီအစ်မ အေးဆေး​တည်ငြိမ်​နေ။ ၂။ တရားရုံးမှာ တရားသူကြီး​ကို ညီအစ်မ လေးလေးစားစား လျှောက်တင်​နေ။ ၃။ အကျဉ်းခန်း​အပြင်ဘက်မှာ အစောင့် ရှိပေမဲ့ ညီအစ်မ ဆုတောင်းနေ။

မတရား​ဆက်ဆံခံရတဲ့အခါ ဘယ်အချိန် စကားပြော​မလဲ၊ ဘယ်လို ပြော​မလဲ​ဆိုတာ သေသေချာချာ ဆုံးဖြတ်ခြင်းအားဖြင့် ယေရှုကို အတုယူ​နိုင် (စာပိုဒ် ၁၁-၁၂ ကို ကြည့်ပါ)


12. Koi bang danin “a manin thu a khen Pasian muanin” nei i hiam?

၁၂ “ဖြောင့်မတ်စွာ တရားစီရင်ပေးမယ့်​အရှင်ရဲ့ လက်ထဲ ကိုယ့်ကိုယ်ကိုယ် ပုံအပ်” ထားခြင်း​အားဖြင့်​လည်း ယေရှု​ကို အတုယူနိုင်တယ်။ ကိုယ့်ကို တစ်ယောက်ယောက် ဆက်ဆံပုံ မှားနေတာ​ဖြစ်ဖြစ်၊ အထင်အမြင် မှားနေတာ​ဖြစ်ဖြစ် အခြေအနေမှန်​ကို ယေဟောဝါ သိကြောင်း ကျွန်တော်တို့ စိတ်ချကြတယ်။ အချိန်တန်ရင် ကိစ္စရပ်တွေကို ယေဟောဝါ အမှန်အတိုင်း ဖြစ်စေမယ်​ဆိုတာ စိတ်ချတာ​က မတရားမှုတွေ​ကို ခံရပ်စေနိုင်တယ်။ ကိစ္စရပ်တွေကို ယေဟောဝါ​လက်ထဲ ပုံအပ်​ထား​ရင် တခြားသူတွေကို ကျွန်တော်တို့ ခါးသီး​နာကြည်း​မနေတော့ဘူး။ ခါးသီး​နာကြည်း​နေ​ရင် အလွန်အကျွံ တုံ့ပြန်​မိ​နိုင်တယ်။ မ​ပြုံး​နိုင်​မ​ပျော်​နိုင် ဖြစ်နိုင်တယ်။ ယေဟောဝါနဲ့ ကိုယ့်​ဆက်ဆံရေး ထိခိုက်နိုင်တယ်။—ဆာ. ၃၇:၈။

13. Thuman lohna a thuakkha na hih leh bang pen lungmuang thei na hiam?

၁၃ ယေရှုရဲ့ စံနမူနာကို တစ်ထပ်တည်း လိုက်လျှောက်​နိုင်​မှာတော့ မဟုတ်ဘူး။ ဘာကြောင့်လဲ။ ကျွန်တော်တို့ မစုံလင်တဲ့အတွက် နောက်မှ နောင်တရမယ့်​အရာတွေ ပြောမိ​လုပ်မိ​တတ်တယ်။ (ယာ. ၃:၂) ဒါ့အပြင် မတရားမှု​တချို့ကြောင့် သေ​ရာ​ပါ စိတ်ဒဏ်ရာ၊ ကိုယ်​ဒဏ်ရာ ရသွားတာ ဖြစ်နိုင်တယ်။ သင် ကြုံ​ရတာတွေကို ယေဟောဝါ သိတယ်ဆိုတာ စိတ်ချပါ။ ယေရှုလည်း မတရား​ဆက်ဆံ​ခံခဲ့ရလို့ သင့်ကို စာနာ​ပေးနိုင်တယ်။ (ဟီ. ၄:၁၅၊ ၁၆) မတရားမှုတွေ​ကို ကျွန်တော်တို့ ရင်ဆိုင်နိုင်ဖို့ သားတော်ရဲ့ စံနမူနာ​အပြင် ကျမ်းစာမူတွေကို​လည်း ယေဟောဝါ ပေးထားတယ်။ ရောမ​ကျမ်း​ထဲက ကျမ်းပိုဒ်​နှစ်ပိုဒ်​ကို သုံးသပ်ကြည့်​ရအောင်။

“PASIAN’ THUKKIK DINGIN KOIH LEL UN”

14. “Pasian’ thukkik dingin koih lel un,” cih in bang a cihnopna a hiam? (Rom 12:19)

၁၄ ရောမ ၁၂:၁၉ ကို ဖတ်ပါ။ “အမျက်တော်ကို​သာ အ​ခွင့်​ပေး​လိုက်ပါ” လို့ ခရစ်ယာန်တွေကို တမန်တော် ပေါလု တိုက်တွန်းတယ်။ အမျက်တော်ကို အ​ခွင့်​ပေးတယ်ဆိုတာ ဘုရား သတ်မှတ်ထားချိန်​မှာ ဘုရား​နည်းလမ်းနဲ့ ဖြေရှင်း​ပေးမှာ​ကို စောင့်ဆိုင်း​တာ ဖြစ်တယ်။ “မှားနေတာ​တွေ တွေ့ရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အမှန်​လိုက်​ပြင်​ချင်စိတ်​ကို မနည်း ထိန်းရ​တယ်။ ယေဟောဝါကို စောင့်ဆိုင်း​တတ်​ဖို့ ရောမ ၁၂:၁၉ က ကူညီပေးတယ်” လို့ မတရား​ဆက်ဆံ​ခံခဲ့ရ​တဲ့ ညီအစ်ကို ဂျွန် ပြောတယ်။

15. Jehovah in buainate a siansak ding hun i ngak ding bang hang hoih pen a hiam?

၁၅ ကိစ္စရပ်တွေနဲ့​ပတ်သက်ပြီး ယေဟောဝါ ဖြေရှင်း​ပေးမယ့်​အချိန်ကို စောင့်ဆိုင်း​တာ အကျိုးရှိတယ်။ ဘာကြောင့်လဲ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေ​ရှင်းရင် ကြုံရမယ့် စိတ်ဖိစီး​စရာ​တွေ၊ စိတ်ပျက်​စ​ရာ​တွေ မကြုံရတော့ဘူး။ ကျွန်တော်တို့ကို ကူညီပေးမယ်​လို့ ယေဟောဝါ ကတိ​ပေးထားတယ်။ ‘မတရားမှုတွေ​ကို ငါ့​လက်ထဲ အပ်​ထား​လိုက်။ ကြည့်ရှင်း​ပေးမယ်’ လို့ ပြော​နေ​သလို​ပါပဲ။ “မတရားမှု​အတွက် ငါ လက်တုံ့ပြန်​ပေးမှာ​ပါ” ဆိုတဲ့ ယေဟောဝါရဲ့ ကတိကို ယုံတယ်၊ ယေဟောဝါ အကောင်းဆုံး ဖြေရှင်းပေးမယ်ဆိုတာ စိတ်ချတယ်​ဆိုရင် ပြဿနာထုပ်​ကြီး​ကို ကျွန်တော်တို့ ပိုက်​ထား​မှာ မဟုတ်ဘူး။ “ယေဟောဝါ ဖြေရှင်း​ပေးတာကို​သာ စောင့်ဆိုင်း​ရင် ကိုယ်​ဖြေရှင်းတာ​ထက် ပိုကောင်းတဲ့ ရလဒ် ရလာ​မှာ” လို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ညီအစ်ကို ဂျွန် ပြောတယ်။

“A PHA GAMTATNA TAWH GITLOHNATE A ZO NA HI TA UN”

16-17. Thungetna in “a pha gamtatna tawh gitlohnate a zo“ dingin koi bangin hong huh a hiam? (Rom 12:21)

၁၆ ရောမ ၁၂:၂၁ ကို ဖတ်ပါ။ “အကောင်း​နဲ့ တုံ့ပြန်ပြီး အဆိုးကို အမြဲ အနိုင်ယူ​လိုက်ပါ” လို့လည်း ခရစ်ယာန်တွေကို ပေါလု တိုက်တွန်းတယ်။ “ရန်သူကို ချစ်မြဲ ချစ်ပါ။ ကိုယ့်ကို နှိပ်စက်​သူ​တွေ​အတွက် အမြဲ ဆုတောင်းပေးပါ” လို့ တောင်ပေါ်​တရားတော်​မှာ ယေရှု ပြောတယ်။ (မ. ၅:၄၄) ပြောတဲ့​အတိုင်း​လည်း လုပ်တယ်။ ရောမ​စစ်သားတွေ သစ်တိုင်​ပေါ် တင်ပြီး သံနဲ့ ရိုက်​တုန်းက ယေရှု ဘယ်လောက် နာကျင်​မလဲ​ဆိုပြီး ကျွန်တော်တို့ တွေးမိ​ကြ​မယ်။ ဒါပေမဲ့ ယေရှု ဘယ်လောက် နာကျင်​ခဲ့​ရတယ်၊ အရှက်ခွဲ​ခံခဲ့ရတယ်၊ မတရား​ဆက်ဆံ​ခံခဲ့ရတယ်ဆိုတာ အပြည့်အဝ နားလည်နိုင်​မှာ မဟုတ်ဘူး။

၁၇ မတရားမှုကို ယေရှု အနိုင်ယူ​ခဲ့တယ်။ စစ်သားတွေကို အပြစ်ပေးဖို့ ယေဟောဝါဆီ ဆု​မ​တောင်း​ဘူး။ “အဖ၊ သူတို့ကို ခွင့်လွှတ်​ပါ။ သူတို့ ဘာ​လုပ်နေမှန်း သူတို့ မသိကြဘူး” လို့ ဆုတောင်းတယ်။ (လု. ၂၃:၃၄) ကျွန်တော်တို့လည်း ကိုယ့်ကို မတရား​ဆက်ဆံ​သူ​တွေ​အတွက် ဆုတောင်းပေးတဲ့အခါ ခါးသီး​နာကြည်း​စိတ် လျော့​လာနိုင်တယ်။ သူတို့​အပေါ် အမြင်​ပြောင်း​လာနိုင်တယ်။

18. Thuman lohna a gualzawh nadingun thungetna in unau Alberto le John bangci na huh a hiam?

၁၈ ဒီဆောင်းပါးမှာ ပါတဲ့ ညီအစ်ကို အယ်လ်ဘတ်တို​နဲ့ ဂျွန် မတရားမှုကို ရင်ဆိုင်နိုင်ဖို့ ဆုတောင်းခြင်းက ကူညီပေးခဲ့တယ်။ “ကျွန်တော့်ကို မတရား​ဆက်ဆံခဲ့​တဲ့ ညီအစ်ကိုတွေအတွက် ဆုတောင်းပေးတယ်။ ပြီး​ခဲ့​တာ​တွေ​ကို အတိတ်မှာ ထားခဲ့​နိုင်ဖို့ အကြိမ်ကြိမ် ဆုတောင်းတယ်” လို့ အယ်လ်ဘတ်တို ပြောတယ်။ ဝမ်းသာစရာက ယေဟောဝါကို အယ်လ်ဘတ်တို သစ္စာရှိရှိ ပြန်​ဝတ်ပြု​နေပြီ။ “ကျွန်တော့်ကို ထိခိုက်အောင် လုပ်ခဲ့တဲ့ ညီအစ်ကို​အတွက် အကြိမ်ကြိမ် ဆုတောင်းပေးတယ်။ အဲဒီလို​ဆုတောင်းလိုက်တော့ သူ့အပေါ် အမြင်​ကြည်​လာတယ်။ ကိုယ်တိုင်လည်း စိတ်​ငြိမ်သက်​လာတယ်” လို့ ဂျွန် ပြောတယ်။

19. Satan’ leitung a bei hun hong tun matengin bang semkha ding i hiam? (1 Peter 3:8, 9)

၁၉ ဒီလောကစနစ်​အဆုံး မ​ရောက်​သေး​သရွေ့ ဘယ်လို​မတရားမှု​မျိုး ကျွန်တော်တို့ ကြုံရ​ဦး​မလဲ မပြောနိုင်ဘူး။ ဘာပဲ ကြုံရ​ကြုံရ အကူအညီ ရဖို့ ယေဟောဝါဆီ အမြဲ ဆုတောင်းကြ​ရအောင်။ ယေရှုရဲ့ စံနမူနာကို အတုယူ​ကြရအောင်။ ကျမ်းစာမူတွေကို လက်တွေ့​ကျင့်သုံး​ကြရအောင်။ ဒါဆိုရင် ယေဟောဝါ ပေးတဲ့ ကောင်းချီး ရမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။—၁ ပေတရု ၃:၈၊ ၉ ကို ဖတ်ပါ။

NANGH BANGCI DAWNG DING?

  • Thuman lohna tungah Jesuh a gualzawh dan pan bang sin thei i hiam?

  • “Pasian’ thukkik dingin koih lel un,” cih in bang a cihnopna a hiam?

  • “Pasian’ thukkik dingin koih lel un,” cih in bang a cihnopna a hiam?

LA 38 ကိုယ်တော် သင်တို့ကို ခွန်အားရှိစေမယ်

a အမည်လွှဲများ။

b ပထမရာစုမှာ သခင်​ဆိုး​တချို့၊ မယုံကြည်သူ ခင်ပွန်း​တချို့က ခရစ်ယာန်တွေကို မတရား​ဆက်ဆံခဲ့​ကြတယ်။ ဒီအကြောင်း ပေတရု ပထမစောင် အခန်းကြီး ၂ နဲ့ ၃ မှာ ပေတရု ဖော်ပြထားတယ်။—၁ ပေ. ၂:၁၈-၂၀။ ၃:၁-၆၊ ၈၊ ၉။

c မေတ္တာက စစ်မှန်တဲ့ ငြိမ်သက်ခြင်း ရှိစေ​ပုံ ဗီဒီယိုကို jw.org မှာ ကြည့်ပါ။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ