Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w24 February laim. 2-7
  • ‘Note Ka Hong Nusia Ngei Kei Ding Hi’!

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • ‘Note Ka Hong Nusia Ngei Kei Ding Hi’!
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Thuluneute
  • A Thu Kibang
  • HONG PIANG LO DING THUTE
  • A SIANGTHO BIAKNA BEIMANG LO DING
  • HONG PIANG DING THUTE
  • A Citak Pasalte’ Kam Vaikhak
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Jehovah In Mailamah Koi Bangin Mite Thukhen Ding A Hiam?
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • I Theih Loh Thute Om Ahih Lam Kinuaikoihna Lungsim Tawh Sang In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Thuman Thutak Kician Takin Na Thei Hiam?
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
w24 February laim. 2-7

SIN DING THU 5

LA 27 ဘုရား​သားများ ပေါ်ထွန်းခြင်း

‘Note Ka Hong Nusia Ngei Kei Ding Hi’!

“‘Note ka hong nusia ngei kei ding a, ka hong tamasak ngei kei ding hi,’ hong ci hi.”—HEB. 13:5b.

အာရုံစိုက်​ရာ

ဘိသိက်ခံ ခရစ်ယာန် အကြွင်းအကျန်​အားလုံး ကောင်းကင် ရောက်သွားတဲ့အခါ မြေကြီးပေါ်က ဘုရား​ကျေးကျွန်တွေ ပစ်ထား​ခံရမှာ မဟုတ်ဘူး။

1. Sathau nilh khempeuh bang hunin vantungah tung khin ding uh a hiam?

‘ဘိသိက်ခံ​အားလုံး ဘယ်အချိန် ကောင်းကင် ရောက်နေ​မလဲ’ ဆိုပြီး လွန်ခဲ့တဲ့ နှစ်များစွာ​က ဘုရား​ကျေးကျွန်တွေ တွေးမိ​ကြတယ်။ အာမဂေဒုန်​စစ်ပွဲ​အပြီး အချိန်အတန်​ကြာ​အထိ မြေကြီး ပရဒိသုမှာ ဘိသိက်ခံ​တချို့ ဆက်​ရှိနိုင်တယ်လို့ ထင်​ခဲ့ကြတယ်။ ဒါပေမဲ့ မြေကြီးပေါ် ရှိနေဆဲ ဘိသိက်ခံ​အားလုံး အာမဂေဒုန် မစခင် ကောင်းကင်ကို စုသိမ်းခံရမယ်​ဆိုတာ ၂၀၁၃၊ ဇူလိုင် ၁၅ ကင်းမျှော်စင် မှာ သိခဲ့​ကြရတယ်။—မ. ၂၄:၃၁။

2. Bang thudotna hong om a hiam? Hih thulu-ah bang thu kikum ding i hiam?

၂ မြေကြီးပေါ်မှာ ယေဟောဝါကို သစ္စာရှိရှိ ကိုးကွယ်​နေတဲ့ ခရစ်တော်ရဲ့ “တခြား​သိုးတွေ” “ကြီးစွာသောဒုက္ခ” အတွင်း ဘာဖြစ်မလဲ​ဆိုတဲ့ မေးခွန်း ပေါ်လာတယ်။ (ယော. ၁၀:၁၆။ မ. ၂၄:၂၁) ချစ်ရတဲ့ ဘိသိက်ခံ ညီအစ်ကို/မတွေ ကောင်းကင် ရောက်သွား​ရင် တခြား​သိုးတွေ ဘာလုပ်လို့ လုပ်ရ​မှန်း မသိ ကျန်နေခဲ့မှာ​ကို တချို့ စိတ်ပူ​မိ​နိုင်တယ်။ ကျမ်းမှတ်တမ်း​နှစ်ခုကြောင့် စိတ်ပူ​ကြ​တာ။ ဘယ်​ကျမ်းမှတ်တမ်းတွေ​လဲ၊ ဘာကြောင့် စိတ်ပူ​စ​ရာ မလိုသလဲ ဆွေးနွေး​ကြ​မယ်။

HONG PIANG LO DING THUTE

3-4. Mi pawlkhat in bang pen lunghimawh khathei uh a hiam? Bang hang hiam?

၃ ဦးဆောင်​လမ်းပြ​မယ့် အုပ်ချုပ်ရေး အဖွဲ့ဝင် ဘိသိက်ခံ ညီအစ်ကိုတွေ မရှိတော့​ရင် တခြား​သိုးတွေ အမှန်တရားကနေ လမ်းလွဲ​သွားမှာ တချို့ စိတ်ပူ​မိ​နိုင်တယ်။ ကျမ်းမှတ်တမ်း​တချို့ကြောင့် အဲဒီလို စိတ်ပူ​ကြ​တာ။ မှတ်တမ်း​နှစ်ခု စဉ်းစားကြည့်ပါ။ ပထမ၊ ယောရှ​ဆိုတဲ့ ကလေးလေး​ကို သစ္စာရှိ ပုရောဟိတ်မင်း ယောယဒ​နဲ့ ဇနီး ယောရှေဘ ကာကွယ်ပေးခဲ့တယ်။ သစ္စာရှိ မင်းကောင်း​တစ်ပါး ဖြစ်လာဖို့ ပျိုးထောင်​ပေးခဲ့တယ်။ သက်ကြီး ယောယဒ အသက်ရှင်​နေချိန် တစ်လျှောက်လုံး ယောရှ မှန်ရာ လုပ်တယ်။ ယောယဒ ကွယ်လွန်ပြီးနောက်​မှာတော့ ယောရှ ဆိုးလာ​တယ်။ မှူးမတ်​ဆိုး​တွေ​စကား နားယောင်​ပြီး ယေဟောဝါကို ကျောခိုင်း​သွားတယ်။—၂ ရာ. ၂၄:၂၊ ၁၅-၁၉။

၄ နောက်​မှတ်တမ်းကတော့ အေဒီ ဒုတိယ​ရာစု ခရစ်ယာန်တွေ​အကြောင်းပါ။ ယောဟန်ဟာ တမန်တော်တွေ​ထဲ​မှာ နောက်ဆုံး အသက်ရှင်​ကျန်ရစ်သူ ဖြစ်တယ်။ ယေဟောဝါအပေါ် ဆက်သစ္စာရှိဖို့ ခရစ်ယာန်​များစွာ​ကို ကူညီပေးတယ်။ (၃ ယော. ၄) သွန်သင်ချက်​အမှားတွေ၊ အကျင့်​အကြံ​အမှားတွေ အသင်းတော်​ထဲ စိမ့်ဝင်​မ​လာဖို့ သစ္စာရှိ တခြား​တမန်တော်တွေ​လိုပဲ ကြိုးစား​တိုက်ထုတ်​တယ်။ (၁ ယော. ၂:၁၈။ ၂ သက်. ၂:၇) ယောဟန် ဆုံးပြီးနောက်​မှာတော့ တော်တော်​များများ အယူဖောက်ပြန်​လာတယ်။ နှစ်​အနည်းငယ်​အတွင်းမှာပဲ အသင်းတော်ကို အယူဖောက်ပြန်မှု လှိုက်စား​လာတယ်။

5. Lai Siangtho sunga thu nih hangin koi banga ngaihsut ding hi lo a hiam?

၅ ဘိသိက်ခံတွေ ကောင်းကင် ရောက်သွားတဲ့အခါ ခရစ်တော်ရဲ့ တခြား​သိုးတွေ​လည်း ယောရှ​လို အမှန်တရားကနေ လမ်းလွဲ​သွားမယ်၊ အေဒီ ဒုတိယ​ရာစု ခရစ်ယာန်​များစွာ​လို အယူဖောက်ပြန်​သွားမယ်​ဆိုပြီး ဒီကျမ်း​မှတ်တမ်း​နှစ်ခုကြောင့် ကောက်ချက် ချ​သင့်​သ​လား။ လုံးဝ မချသင့်ဘူး။ ဘိသိက်ခံတွေ ကောင်းကင် ရောက်သွား​ရင်တောင် ဘုရားကို တခြား​သိုးတွေ နည်းမှန်လမ်းကျ ဆက်​ဝတ်ပြု​ကြ​မယ်၊ ဘုရား ဆက်​ဂရုစိုက်​မယ်​ဆိုတာ စိတ်ချနိုင်တယ်။ ဘာကြောင့်လဲ။

A SIANGTHO BIAKNA BEIMANG LO DING

6. I kikup ding hun thum in bangteng a hiam?

၆ စင်ကြယ်တဲ့ ဝတ်ပြုရေး တိမ်​ကော​သွားမှာ မဟုတ်ကြောင်း ဘာကြောင့် စိတ်ချနိုင်သလဲ။ ကျွန်တော်တို့​ခေတ်​ဟာ ရှေးအစ္စရေး​ခေတ်​နဲ့​ကော အေဒီ ဒုတိယ​ရာစု​ခေတ်​နဲ့​ပါ ကွာတယ်​လို့ ကျမ်းစာမှာ ဖော်ပြထားလို့​ပါ။ ဒါကြောင့် ခေတ်သုံး​ခေတ်​အကြောင်း အသေးစိတ် သုံးသပ်ကြရအောင်။ (၁) ရှေးအစ္စရေး​ခေတ်၊ (၂) တမန်တော်တွေ သေဆုံးပြီးနောက်​ခေတ်၊ (၃) “အရာအားလုံးကို နဂို​အတိုင်း ဖြစ်အောင် လုပ်ပေးမယ့် အချိန်” လို့ ခေါ်တဲ့ ကျွန်တော်တို့​ခေတ်။—တ. ၃:၂၁။

7. Israel mite le kumpite in lampi man lo a zuih uh ciangin a citak mite bang hangin lungkia lo uh a hiam?

၇ ရှေးအစ္စရေး​ခေတ်။ “ကျွန်တော် သေဆုံးပြီး​နောက်မှာ ခင်ဗျားတို့က မိုက်မိုက်မဲမဲ ပြုမူ​ပြီး မှာထားတဲ့ လမ်းစဉ်​ကနေ လွဲသွား​မယ်​ဆိုတာ ကျွန်တော် ကောင်းကောင်း သိတယ်” လို့ မောရှေ မသေဆုံးခင်လေးမှာ အစ္စရေးတွေ​ကို ပြောတယ်။ (တရား. ၃၁:၂၉) ပုန်ကန်​ရင် ပြည်နှင်ခံ​ရမယ်လို့လည်း သတိပေးတယ်။ (တရား. ၂၈:၃၅၊ ၃၆) အဲဒီစကားတွေ​အတိုင်း တကယ် ဖြစ်လာတယ်။ ရာစုနှစ်တွေ​တစ်လျှောက် ဘုရင်​များစွာ လမ်းမှား လိုက်ကြတယ်။ ဘုရား​လူမျိုးကို လမ်းလွဲစေ​ကြတယ်။ ဒါကြောင့် ဆိုးညစ်တဲ့ အစ္စရေးတွေ​ကို ယေဟောဝါ အပြစ်ပေး​လိုက်တယ်။ အစ္စရေး​မင်းဆက် ဖြတ်လိုက်တယ်။ (ယေဇ. ၂၁:၂၅-၂၇) သစ္စာရှိ အစ္စရေးတွေ​ကတော့ ဘုရား ပြောတဲ့​အတိုင်း တကယ် ဖြစ်လာလို့ အားတက်လာကြတယ်။—ဟေရှာ. ၅၅:၁၀၊ ၁၁။

8. C.E kum zalom nihna-in Khristian pawlpi sunga a langpang mite hong om pen a lamdang hiam? Hilhcian in.

၈ တမန်တော်တွေ သေဆုံးပြီးနောက်​ခေတ်။ အေဒီ ဒုတိယ​ရာစုမှာ ခရစ်ယာန် အသင်းတော်ကို အယူဖောက်ပြန်မှု လှိုက်စား​လာတာ အံ့ဩ​သင့်​သ​လား။ မ​အံ့ဩ​သင့်​ဘူး။ ယေရှု ကြိုပြော​ပြီး​သား​ပဲ။ (မ. ၇:၂၁-၂၃။ ၁၃:၂၄-၃၀၊ ၃၆-၄၃) မိမိတို့​ခေတ် အေဒီ ပထမရာစုမှာ ယေရှု ပြောသလို အယူဖောက်ပြန်သူတွေ စ​ပေါ်​နေပြီ​လို့ တမန်တော် ပေါလု၊ ပေတရု၊ ယောဟန်တို့ ပြောကြတယ်။ (၂ သက်. ၂:၃၊ ၇။ ၂ ပေ. ၂:၁-၃၊ ၁၇-၁၉။ ၁ ယော. ၂:၁၈) အေဒီ ဒုတိယ​ရာစု​မှာတော့ ခရစ်ယာန် အသင်းတော်ကို အယူဖောက်ပြန်မှု လှိုက်စား​လာတယ်။ မှားယွင်းတဲ့ ကမ္ဘာ့ဘာသာရေး အင်ပါယာ မဟာဗာဗုလုန်ရဲ့ အဓိက အစိတ်အပိုင်း ဖြစ်လာတယ်။ ယေရှု ကြိုပြော​သလို တကယ် ဖြစ်လာတာ​ပဲ။

9. Ei hun pen tanglai Israel hun le C.E kum zalom nihna hun tawh koi bangin kilamdang a hiam?

၉ “အရာအားလုံးကို နဂို​အတိုင်း ဖြစ်အောင် လုပ်ပေးမယ့် အချိန်။” ကျွန်တော်တို့​ခေတ်​ဟာ ရှေးအစ္စရေး​ခေတ်​နဲ့​ကော အယူဖောက်ပြန်မှု ခြေကုပ်​ရသွားတဲ့ အေဒီ ဒုတိယ​ရာစု​ခေတ်​နဲ့​ပါ ကွာတယ်။ ကျွန်တော်တို့​ခေတ်​ကာလကို ဘယ်လို ခေါ်​သလဲ။ “နောက်ဆုံး​ကာလ” လို့ ချက်ချင်း စဉ်းစားမိ​မယ်။ (၂ တိ. ၃:၁) ဒါပေမဲ့ နောက်ဆုံး​ကာလ​နဲ့ တစ်ချိန်တည်းမှာ စပြီး နောက်ဆုံး​ကာလ​ထက် ပို​ရှည်ကြာ​မယ့် အချိန်ကာလ​အကြောင်း ကျမ်းစာမှာ ဖော်ပြတယ်။ “အရာအားလုံးကို နဂို​အတိုင်း ဖြစ်အောင် လုပ်ပေးမယ့် အချိန်” လို့ ခေါ်တယ်။ (တ. ၃:၂၁) ၁၉၁၄ မှာ စတယ်။ လူတွေ စုံလင်​လာအောင်၊ ကမ္ဘာမြေ ပရဒိသု ဖြစ်လာအောင် မေရှိယ နိုင်ငံတော် လုပ်​ပေးပြီး​ချိန်​မှာ ဆုံးမယ်။ ဘာတွေကို နဂို​အတိုင်း ဖြစ်အောင် လုပ်ပေးခဲ့​ပြီ​လဲ။ ကောင်းကင်မှာ ယေရှုကို နန်းထိုင်​စေ​ခြင်း​အားဖြင့် သစ္စာရှိ ဘုရင် ဒါဝိဒ်ရဲ့ မင်းဆက်​ကို ယေဟောဝါ ပြန်​ပေါ်လာ​စေ​တယ်။ အုပ်ချုပ်ရေး​ပိုင်း​ကို​ပဲ နဂို​အတိုင်း ဖြစ်အောင် လုပ်ပေးတာ မဟုတ်ဘူး။ သိပ်မကြာခင်​မှာ စင်ကြယ်တဲ့ ဝတ်ပြုရေး ပြန်​ထွန်းကား​လာတယ်။ (ဟေရှာ. ၂:၂-၄။ ယေဇ. ၁၁:၁၇-၂၀) ပြန်​ထွန်းကား​ပြီး​သား စင်ကြယ်တဲ့ ဝတ်ပြုရေး တိမ်​ကော​သွား​ဦး​မ​လား။

10. (a) Ei huna a siangtho biakna tawh kisai-in Lai Siangtho in bang gen khol a hiam? (Isaiah 54:17) (b) Tua genkholhnate in bang hangin hehnepna hong ngahsak a hiam?

၁၀ ဟေရှာယ ၅၄:၁၇ ကို ဖတ်ပါ။ “မင်းကို တိုက်ခိုက်ဖို့ လုပ်တဲ့ လက်နက်​တစ်ခုမှ အောင်မြင်မှာ မဟုတ်ဘူး” ဆိုတဲ့ ကြိုဟောချက် ဒီနေ့ ပြည့်စုံ​နေတယ်။ “မင်းရဲ့ သားသမီး​အားလုံး ယေဟောဝါ သွန်သင်​ပေးတာကို ခံရလိမ့်မယ်။ ငြိမ်သက်ခြင်း​ကောင်းချီးကို သူတို့ အလျှံပယ် ခံစားရလိမ့်မယ်။ မင်းဟာ ဖြောင့်မတ်ခြင်း​တရား​မှာ တည်မြဲ​နေ​လိမ့်မယ်။ . . . ဘာကိုမှ ကြောက်ရမှာ မဟုတ်ဘူး။ ကြောက်စရာအကြောင်း လုံးဝ ရှိမှာ မဟုတ်ဘူး။ ကြောက်လန့်စရာ​တွေ မင်း​အနား ရောက်လာမှာ မဟုတ်ဘူး” ဆိုတဲ့ ကျမ်း​စကား​လည်း ပြည့်စုံ​နေတယ်။ (ဟေရှာ. ၅၄:၁၃၊ ၁၄) ယေဟောဝါ​လူမျိုးရဲ့ ပညာပေး​လုပ်ငန်းကို “ဒီလောကစနစ်ရဲ့ ဘုရား” စာတန်​တောင် မတား​နိုင်​ဘူး။ (၂ ကော. ၄:၄) စင်ကြယ်တဲ့ ဝတ်ပြုရေး ထွန်းကား​နေပြီ။ နောက်တစ်ခါ တိမ်​ကော​သွားမှာ မဟုတ်ဘူး။ ထာဝစဉ် အညွန့် တလူလူ ဖြစ်​နေ​မှာ။ ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ လုပ်တဲ့ လက်နက်​တစ်ခုမှ အောင်မြင်မှာ မဟုတ်ဘူး။

HONG PIANG DING THUTE

11. Sathau nilhte vantung a tun uh ciangin mihonpi te’n nusiat thuak lo ding uh ahihlam bang in hong muangsak a hiam?

၁၁ ဘိသိက်ခံတွေ ကောင်းကင် ရောက်သွားတဲ့အခါ ဘာဖြစ်မလဲ။ ယေရှုဟာ ကျွန်တော်တို့ရဲ့ သိုးထိန်း၊ ခရစ်ယာန် အသင်းတော်ရဲ့ ဦး​ခေါင်း​ဆိုတာ သတိရပါ။ “ခင်ဗျားတို့မှာ ခရစ်တော်​ဆိုတဲ့ ခေါင်းဆောင် တစ်ယောက်ပဲ ရှိတယ်” လို့ ယေရှု ရှင်းရှင်းလင်းလင်း ပြောတယ်။ (မ. ၂၃:၁၀) နန်းထိုင် ဘုရင် တာဝန်ကျေ​ပါ​လိမ့်မယ်။ ခရစ်တော်​ကိုယ်တိုင် ဦးဆောင်​လမ်းပြ​နေတာမို့ မြေကြီးပေါ်က နောက်လိုက်တွေ ကြောက်စရာအကြောင်း လုံးဝ မရှိဘူး။ အဲဒီအချိန် ခရစ်တော် ဘယ်လို ဦးဆောင်​လမ်းပြ​မလဲ အသေးစိတ်​တော့ မသိဘူး။ ဒါပေမဲ့ နှစ်သိမ့်မှု ဖြစ်စေနိုင်တဲ့ ကျမ်းမှတ်တမ်း​တချို့ သုံးသပ်ကြည့်​ရအောင်။

12. (a) Moses a sih khit ciangin Jehovah in a mite koi bangin don a hiam? (b) Elijah ii tavuan a kilaih khit ciangin Jehovah in a mite koi bangin don a hiam? (Lim zong en in.)

၁၂ အစ္စရေးလူမျိုး ကတိထားရာပြည် မဝင်​ခင်လေး​မှာ မောရှေ ဆုံးသွား​တယ်။ အစ္စရေးတွေ ဘာဖြစ်သွားသလဲ။ သစ္စာရှိ မောရှေ မရှိတော့တာ​နဲ့​ပဲ ပစ်ထား​ခံ​လိုက်ရ​သ​လား။ မခံရဘူး။ သူတို့ သစ္စာရှိ​နေသရွေ့ ယေဟောဝါ ထောက်မ​တယ်။ သူတို့ကို ဦးဆောင်​မယ့် တာဝန် ယောရှု​ကို လွှဲပေး​ဖို့ မောရှေ မသေဆုံးခင် ယေဟောဝါ ညွှန်ကြားတယ်။ အဲဒီအချိန်မှာ ယောရှု​ကို မောရှေ လေ့ကျင့်​ပေးထားတာ နှစ်ဆယ်ချီ​နေပြီ။ (ထွ. ၃၃:၁၁။ တရား. ၃၄:၉) ဒါ့အပြင် လူ​တစ်ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါးဆယ်​အုပ်၊ တစ်ဆယ်​အုပ် စသဖြင့် အရည်အချင်း​ရှိ ခေါင်းဆောင် အများကြီး ရှိတယ်။ (တရား. ၁:၁၅) ဘုရား​လူမျိုး ပစ်ထား​မခံရဘူး။ ဧလိယ​အကြောင်းလည်း စဉ်းစားကြည့်ပါ။ စင်ကြယ်တဲ့ ဝတ်ပြုရေးမှာ ဘုရား​လူမျိုးကို နှစ်ဆယ်ချီ ရှေ့​ကနေ ဦးဆောင်တယ်။ ဒါပေမဲ့ ယုဒပြည် တောင်ပိုင်း​မှာ ယေဟောဝါ ပြောင်း​အမှုဆောင်​ခိုင်းတယ်။ (၂ ဘု. ၂:၁။ ၂ ရာ. ၂၁:၁၂) အစ္စရေး ဆယ်နွယ်​နိုင်ငံက သစ္စာရှိသူတွေ ပစ်ထား​ခံ​လိုက်ရ​သ​လား။ မခံရဘူး။ ဧလိရှဲ​ကို ဧလိယ နှစ်နဲ့ချီ လေ့ကျင့်ပေး​ထားတယ်။ နောက်ကနေ လိုက်ပြီး ပညာ​သင်​ထားတဲ့ “ပရောဖက်” တွေ​လည်း ရှိတယ်။ (၂ ဘု. ၂:၇) ဘုရား​လူမျိုးကို ဒီသစ္စာရှိ အမျိုးသားတွေ ဆက်ကူညီပေးကြတယ်။ မိမိ​ရည်ရွယ်ချက်ကို ယေဟောဝါ ဆက်​ပြည့်စုံစေ​တယ်။ သစ္စာရှိ ဝတ်ပြု​သူတွေကို ဆက်​ဂရုစိုက်​တယ်။

ရုပ်ပုံ– ၁။ အစ္စရေးအမျိုးသားစုရှေ့ ယောရှုကို မောရှေ တာဝန် ပေးနေ။ ၂။ ဂျော်ဒန်မြစ်ကို ဝတ်ရုံနဲ့ ဧလိယ ရိုက်ဟန်ပြင်နေတာ ဧလိရှဲ ကြည့်နေ။ တခြားပရောဖက်တွေ ဘေးမှာ ရပ်နေကြ။

တာဝန် ဆက်ခံမယ့်​သူ အသီးသီးကို မောရှေ (ဘယ်ဘက် ရုပ်ပုံ) နဲ့ ဧလိယ (ညာဘက် ရုပ်ပုံ) လေ့ကျင့်ပေးနေ (စာပိုဒ် ၁၂ ကို ကြည့်ပါ)


13. Hebru 13:5 ah Jehovah in bang hong kamciam a hiam? (Lim zong en in.)

၁၃ နောက်ဆုံး​ဘိသိက်ခံ ကောင်းကင် ရောက်သွားတဲ့အခါ​ကော ဘာဖြစ်​လာမယ်​လို့ ထင်သလဲ။ မြေကြီးပေါ်က ကျေးကျွန်တွေကို ယေဟောဝါ ဘယ်တော့မှ ပစ်ထား​မှာ မဟုတ်ဘူး​လို့ ကျမ်းစာမှာ အာမခံထားတယ်။ (ဟီဘရူး ၁၃:၅ ကို ဖတ်ပါ။) မောရှေ၊ ဧလိယတို့​လိုပဲ ဒီနေ့​အချိန်မှာ ဘုရား​လူမျိုးကို ဦးဆောင်နေတဲ့ ဘိသိက်ခံ ခရစ်ယာန် အုပ်စု​လေး​ဟာ လေ့ကျင့်ပေးခြင်း​ရဲ့ အရေးကြီးမှုကို သဘောပေါက်တယ်။ ဒါကြောင့် တခြား​သိုး​ထဲက အမျိုးသားတွေကို လေ့ကျင့်​ပေးနေတာ နှစ်ချီ​နေပြီ။ အကြီးအကဲ၊ နယ်လှည့်ကြီးကြပ်မှူး၊ ဌာနခွဲ ကော်မတီဝင်၊ ဗေသလ ကြီးကြပ်မှူး၊ သာသနာပြုတွေ၊ တခြားသူတွေကို လေ့ကျင့်​ဖို့ သင်တန်း အများကြီး စီစဉ်ပေးတယ်။ အုပ်ချုပ်ရေးအဖွဲ့ ကော်မတီ အသီးသီးရဲ့ အကူ​တွေ​ကို လက်ထပ် သင်ကြား​ပေးတယ်။ အုပ်ချုပ်ရေးအဖွဲ့ ကော်မတီ အကူ​တွေ​ဟာ တာဝန်ကြီးတွေ သစ္စာရှိရှိ ထမ်းဆောင်နေကြတယ်။ ခရစ်တော်ရဲ့ သိုးတွေကို ဆက်​စောင့်ရှောက်​ပေးဖို့ ကောင်းကောင်း လေ့ကျင့်​ခံ​ထား​ကြ​ရတာပဲ။

ရုပ်ပုံ– ၁။ သင်တန်းမှာ ညီအစ်ကို/မတွေကို အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ယောက် ပို့ချနေ။ ၂။ ညီအစ်ကို/မတွေ မှတ်စု ယူနေ။ ၃။ သင်တန်းသားတွေရှေ့မှာ သင်တန်းပို့ချသူနဲ့ သင်သားတစ်ယောက် ဟီဘရူး အခန်းကြီး ၈ နဲ့ ၉ ကို ဆွေးနွေးနေ။ သူတို့နှစ်ယောက် အနောက်မှာ ဗိမာန်တော်ပုံ ပြထား။ အရှေ့မှာ ဗိမာန်တော်ပုံစံငယ် ရှိ။

အကူ​တွေ​ကို အုပ်ချုပ်ရေးအဖွဲ့ လေ့ကျင့်ပေးနေ။ ကမ္ဘာတစ်ဝန်းက အကြီးအကဲ၊ နယ်လှည့်ကြီးကြပ်မှူး၊ ဌာနခွဲ ကော်မတီဝင်၊ ဗေသလ ကြီးကြပ်မှူး၊ သာသနာပြုတွေကို လေ့ကျင့်ဖို့ သင်တန်းတွေ စီစဉ်​ပေးနေ (စာပိုဒ် ၁၃ ကို ကြည့်ပါ)


14. Kikupkhitsate a tomin gen in?

၁၄ ဆွေးနွေး​ခဲ့​သမျှ အနှစ်ချုပ်​က ဘာလဲ။ ကြီးစွာသောဒုက္ခ အဆုံးပိုင်းမှာ နောက်ဆုံး​ဘိသိက်ခံ ကောင်းကင် ရောက်သွားတဲ့အခါ မြေကြီးပေါ်က ဘုရား​ကျေးကျွန်တွေ ဘုရားကို သစ္စာရှိရှိ ဆက်​ဝတ်ပြု​နေ​ကြ​မယ်။ ယေရှုခရစ် ဦးဆောင်နေတဲ့​အတွက် အိုးနင်းခွက်နင်း ဖြစ်နေကြ​မှာ မဟုတ်ဘူး။ မာဂေါဂပြည်က ဂေါဂ​မင်း​လို့ ခေါ်တဲ့ နိုင်ငံပေါင်းစုံ မဟာမိတ် တိုက်ခိုက်တာတော့ ခံရမှာ​ပေါ့။ (ယေဇ. ၃၈:၁၈-၂၀) ဒါပေမဲ့ အဲဒီ​တိုက်ခိုက်မှု တို​မယ်၊ အရေး​နိမ့်​မယ်။ ယေဟောဝါကို လူမျိုးတော် ဆက်ဝတ်မပြုအောင် နှောင့်ယှက်​နိုင်​မှာ မဟုတ်ဘူး။ မိမိလူမျိုးကို ဘုရား သေချာပေါက် ကယ်​မယ်။ တခြားသိုးအဝင် “လူအုပ်ကြီး” “ကြီးစွာသောဒုက္ခကနေ လွတ်မြောက်​လာ” တာကို စိတ်အာရုံမှာ တမန်တော် ယောဟန် မြင်တယ်။ (ဗျာ. ၇:၉၊ ၁၄) ဘေးကင်း​ကြ​မယ်​ဆိုတဲ့ သဘောပါပဲ။

15-16. Maangmuhna 17:14-a a gen bangin, Armageddon galdona-ah Khrih ii sathau nilhte in bang sem ding uh a hiam? Bang hangin thangah huai a hiam?

၁၅ ဘိသိက်ခံတွေ ကောင်းကင် ရောက်သွား​ပြီးနောက် ဘာလုပ်ကြမလဲ​လို့ တချို့ စဉ်းစားမိ​မယ်။ ကျမ်းစာမှာ တိုက်ရိုက် အဖြေပေးထားတယ်။ လောက​အစိုးရတွေ “သိုးသငယ်​နဲ့ စစ်တိုက်​လိမ့်မယ်။” ဒါပေမဲ့ “သိုးသငယ်ဟာ . . . သူတို့ကို အောင်မြင်လိမ့်မယ်။” သိုးသငယ်​ကို ဘယ်သူတွေ ကူညီ​မလဲ။ “ခေါ်ယူ​ရွေးချယ်ခံရတဲ့ သစ္စာရှိသူတွေ” ပါ။ (ဗျာဒိတ် ၁၇:၁၄ ကို ဖတ်ပါ။) အဲဒါ ဘယ်သူတွေလဲ။ ရှင်ပြန်​ထမြောက်​သွားတဲ့ ဘိသိက်ခံတွေ။ ဒီတော့ ကြီးစွာသောဒုက္ခ အဆုံးပိုင်းမှာ နောက်ဆုံး ဘိသိက်ခံ ကောင်းကင်ကို စုသိမ်း​ခံရပြီးနောက် ဘိသိက်ခံတွေ ဦးဆုံး ရမယ့် တာဝန်က စစ်တိုက်ဖို့​ပါ။ သိပ်​ထူးခြားတဲ့ တာဝန်​ပဲ။ ဘိသိက်ခံ​တချို့ဟာ ယေဟောဝါ​သက်သေ ဖြစ်​မလာခင်​က ထိုး​မယ် ကြိတ်မယ်​ဆို​သူ​တွေ။ တချို့ဆိုရင် စစ်သားတွေ။ ခရစ်ယာန်​စစ် ဖြစ်​လာတော့ ငြိမ်သက်ခြင်း​လမ်းမှာ လျှောက်​ကြတယ်။ (ဂလ. ၅:၂၂။ ၂ သက်. ၃:၁၆) တိုက်ချင်ခိုက်ချင်​စိတ် ဖျောက်​လိုက်ကြတယ်။ ကောင်းကင်ကို ရှင်ပြန်ထမြောက်ပြီးနောက်​မှာတော့ ဘုရား​ရန်သူတွေကို အပြီးသတ် တိုက်မယ့် စစ်ပွဲ​မှာ ခရစ်တော်၊ ကောင်းကင်တမန်တွေနဲ့​အတူ တိုက်ပွဲဝင်​ကြရမယ်။

၁၆ စဉ်းစားကြည့်ပါ–မြေကြီးပေါ်မှာ​တုန်းက ဘိသိက်ခံ ခရစ်ယာန်​တချို့ဆိုရင် အသက်ကြီးကြီး၊ တုန်ချည့်​တုန်ချည့်​တွေ။ ဒါပေမဲ့ ကောင်းကင်ကို ရှင်ပြန်​ထမြောက်​ပြီးတာနဲ့ မသေနိုင်တဲ့ တန်ခိုးကြီး နာမ်ဝိညာဉ်​သားတွေ ဖြစ်လာကြ​မယ်။ ဘုရင် ယေရှုခရစ်နဲ့​အတူ တိုက်ပွဲဝင်​ကြ​မယ်။ အာမဂေဒုန်​စစ်ပွဲ ပြီးသွား​ရင် လူတွေ စုံလင်​လာအောင် ကူညီပေးကြ​မယ်။ ချစ်ရတဲ့ ညီအစ်ကို/မတွေကို မြေကြီးပေါ်မှာ​တုန်းက မစုံလင်တဲ့ လူသားတွေ​အဖြစ် ကူညီပေးနိုင်​ခဲ့​တာ​ထက် အများကြီး ပိုကူညီ​ပေးနိုင်​ကြ​မယ်။

17. Armageddon galdo hun sungin Pasian nasemte khempeuh adingin lauhuaina om lo ding ahihlam koici theih i hiam?

၁၇ သင်​ဟာ တခြားသိုးအဝင်​ဆိုရင် အာမဂေဒုန်​စစ်ပွဲ စတဲ့အခါ ဘာလုပ်ရမလဲ။ ယေဟောဝါကို ယုံကြည်​ကိုးစားပါ။ ညွှန်ကြားချက် လိုက်နာပါ။ ညွှန်ကြားချက်​ထဲ​မှာ ဘာ​ပါ​နိုင်​သလဲ။ “အတွင်းခန်း​တွေ​ထဲ ဝင်​သွားပြီး တံခါးပိတ်​ထား​ကြ။ ငါ့အမျက် ပြေသွားချိန်အထိ ခဏလေး ပုန်းရှောင်​နေကြပါ” လို့ ကျမ်းစာမှာ ဆိုတယ်။ (ဟေရှာ. ၂၆:၂၀) ကောင်းကင်၊ မြေကြီးပေါ်က သစ္စာရှိ ဘုရား​ကျေးကျွန်​အားလုံး အဲဒီအချိန်မှာ ဘေးကင်း​ကြ​မယ်။ “အစိုးရ​အာဏာ​ဖြစ်စေ၊ လက်ရှိ​အရာ​ဖြစ်စေ၊ နောင်လာမယ့်​အရာ​ဖြစ်စေ . . . ဘုရားသခင် ပြတဲ့ မေတ္တာကို ကျွန်တော်တို့ မခံစားရအောင် ဘယ်အရာက​မှ မတားဆီးနိုင်မှန်း” တမန်တော် ပေါလု ယုံသလို တထစ်ချ ယုံ​နိုင်တယ်။ (ရော. ၈:၃၈၊ ၃၉) သင့်ကို ယေဟောဝါ ချစ်တယ်၊ ဘယ်တော့မှ ပစ်ထား​မှာ မဟုတ်ဘူးဆိုတာ အမြဲ သတိရပါ။

NANGH BANGCI DAWNG DING?

  • A nunungpen sathau nilh Khristiante vantung a tun khit ciangun bang thu hong piang lo ding a hiam?

  • A nunungpen sathau nilh Khristiante vantung a tun khit ciangun a siangtho biakna beimang lo ding ahihlam bang hanign muang thei i hiam?

  • A nunungpen sathau nilh Khristiante vantung a tun khit ciangun Jehovah in a mite don ding ahihlam bang hangin muang thei i hiam?

LA 8 တို့​ခိုလှုံရာ ယေဟောဝါ

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ