SIN DING THU 27
Bang Hangin Jehovah I Kihtak Ding Kisam A Hiam?
‘Jehovah tawh kilawmtatna pen amah a zahtakte ading ahi hi.’—LA. 25:14.
LA 8 တို့ခိုလှုံရာ ယေဟောဝါ
အကြိုသုံးသပ်ချက်a
1-2. Late 25:14-a a gen bangin, Jehovah tawh i kilawmtat nop leh bang i sep ding kisam a hiam?
တစ်ယောက်ယောက်နဲ့ အခင်အမင် မပျက်ချင်ရင် ဘာအရည်အသွေးတွေ ရှိဖို့ အရေးကြီးသလဲ။ မေတ္တာနဲ့ ထောက်မမှုလို့ ဖြေကြပါလိမ့်မယ်။ ကြောက်ရွံ့ခြင်းဆိုတာကိုတော့ စဉ်းစားမိကြမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီဆောင်းပါးရဲ့ အဓိက ကျမ်းချက်မှာ ဖော်ပြသလို ယေဟောဝါဘုရားနဲ့ ခင်မင်ရင်းနှီးချင်သူတွေဟာ ဘုရားကို “ကြောက်ရွံ့” ရမယ်။—ဆာလံ ၂၅:၁၄ ကို ဖတ်ပါ။
၂ အမှန်တရား သက်တမ်း ဘယ်လောက်ပဲ ရှိနေပါစေ ကျွန်တော်တို့အားလုံး ယေဟောဝါကို အမြဲ ချစ်ကြောက်ရိုသေကြရမယ်။ ဘုရားကို ကြောက်ရွံ့တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ ဘယ်လိုနည်းနဲ့ ကြောက်ရွံ့တတ်လာမလဲ။ နန်းတော်အုပ် ဩဗဒိ၊ ပုရောဟိတ်မင်း ယောယဒ၊ ဘုရင် ယောရှတို့ဆီကနေ ဘာသင်ယူနိုင်သလဲ။
PASIAN KIHTA CIH IN BANG A CIHNOPNA HIAM?
3. Kihtakna in koi bang danin kidalna hisak a hiam? Hilhcian in.
၃ အန္တရာယ် ရှိနိုင်မှန်း သိထားရင် ကျွန်တော်တို့ ကြောက်တတ်ကြတယ်။ အဲဒီလို ကြောက်တတ်တာ ကောင်းတယ်။ ဒါမှ လုပ်စရာ ရှိတာ လုပ်၊ ရှောင်စရာ ရှိတာ ရှောင်နိုင်မှာ။ ဥပမာ၊ အမြင့်ကနေ ပြုတ်ကျမှာ ကြောက်တဲ့ စိတ်က အစွန်အဖျားတွေမှာ ကပ်မလျှောက်ဖို့၊ ဒဏ်ရာ ရမှာ ကြောက်တဲ့ စိတ်က အန္တရာယ် မဖြစ်အောင် ရှောင်ဖို့၊ ချစ်ရသူ တစ်ယောက်ယောက်နဲ့ ဆက်ဆံရေး ပြတ်တောက်သွားမှာ ကြောက်တဲ့ စိတ်က သူ မကြိုက်တာ မပြောမိ၊ မလုပ်မိဖို့ ကူညီပေးတယ်။
4. Mite’n koi banga Jehovah a kihtak ding uh Satan in deih a hiam?
၄ ယေဟောဝါလို့ ပြောလိုက်တာနဲ့ လူတွေ ဖိမ့်ဖိမ့်တုန် ထိတ်လန့်နေတာမျိုး စာတန် ဖြစ်စေချင်တယ်။ တစ်ချိန်လုံး ဒေါသထွက်၊ အပြစ်ရှာ၊ အလိုမကျနိုင်တဲ့ ဘုရားလို့ ထင်စေချင်တယ်။ (ယောဘ ၄:၁၈၊ ၁၉) ကြောက်လွန်းလို့ ဝတ်မပြုရဲတော့တဲ့အထိ ဖြစ်သွားစေချင်တယ်။ ဒီလိုမဖြစ်ဖို့ ဘုရားအပေါ် တော်မှန်တဲ့ ကြောက်ရွံ့ခြင်းမျိုး ရှိရမယ်။
5. Pasian kihta cih in bang a cihnopna hiam?
၅ ဘုရားအပေါ် တော်မှန်တဲ့ ကြောက်ရွံ့ခြင်းမျိုး ရှိသူဟာ ဘုရားကို ချစ်တယ်။ ဘုရားနဲ့ ဆက်ဆံရေး ထိခိုက်သွားစေမယ့် ဘယ်အရာကိုမှ မလုပ်ဘူး။ ဥပမာ၊ ယေရှုဟာ “ဘုရားသခင်ကို ကြောက်ရွံ့ရိုသေ” တယ်။ (ဟီ. ၅:၇) လန့်နေတာမျိုး မဟုတ်ဘူး။ (ဟေရှာ. ၁၁:၂၊ ၃) ဘုရားကို ချစ်လို့ကို နာခံချင်နေတာ။ (ယော. ၁၄:၂၁၊ ၃၁) ဒါဆိုရင် ကျွန်တော်တို့ကော ယေဟောဝါကို ဘာကြောင့် ချစ်ကြောက်ရိုသေကြသလဲ။ ယေဟောဝါဟာ မေတ္တာရှင်၊ ဉာဏ်ပညာရှင်၊ တရားမျှတရှင်၊ တန်ခိုးရှင် ဖြစ်နေလို့ပဲ။ ဒါ့အပြင် ကျွန်တော်တို့ကို သိပ်ချစ်တယ်။ လမ်းညွှန်ပေးတဲ့အခါ ကျွန်တော်တို့ ဘယ်လို တုံ့ပြန်မလဲ စိတ်ဝင်စားတယ်။ ကျွန်တော်တို့သာ မနာခံရင် ဘုရား စိတ်ထိခိုက်သွားမှာ။ ဒါကြောင့် ဘုရား စိတ်ထိခိုက်မှာ ကြောက်လို့၊ ဘုရားကို ချစ်လို့ နာခံကြတာ။—ဆာ. ၇၈:၄၁။ ပညာ. ၂၇:၁၁။
KOI BANGIN PASIAN KIHTA THEI DING I HIAM?
6. Pasian i kihtak theih nading thu khat in bang a hiam? (Late 34:11)
၆ ယေဟောဝါကို ကြောက်ရွံ့တဲ့ စိတ်ဟာ မွေးရာပါ မဟုတ်ဘူး။ ကြောက်တတ်လာအောင် သင်ယူရတာမျိုး။ (ဆာလံ ၃၄:၁၁ ကို ဖတ်ပါ။) သင်ယူနိုင်တဲ့ တစ်နည်းကတော့ ဖန်ဆင်းရာတွေအကြောင်း တွေးတောခြင်းပါ။ “ဖန်ဆင်းထားရာတွေ” မှာ ပေါ်လွင်နေတဲ့ ဘုရားရဲ့ ဉာဏ်ပညာ၊ တန်ခိုး၊ မေတ္တာကို မြင်လာလေ ဘုရားကို ပိုချစ်၊ ပိုလေးစားလာလေပဲ။ (ရော. ၁:၂၀) “ဖန်ဆင်းရာတွေမှာ ယေဟောဝါရဲ့ ဉာဏ်ပညာကို တွေ့ရလို့ အံ့ဩမိတယ်။ ကျွန်မအတွက် ဘာအကောင်းဆုံးလဲဆိုတာ ယေဟောဝါ သိကြောင်း စဉ်းစားမိလာတယ်။ အဲဒီလို စဉ်းစားလိုက်တော့ အသက်ပေးရှင် ယေဟောဝါနဲ့ ဆက်ဆံရေး ထိခိုက်စေမယ့် ဘယ်အရာကိုမှ မလုပ်ချင်တော့ဘူး” လို့ ညီအစ်မ အေဒရီယန် ပြောတယ်။ သင်လည်း ဒီအပတ်အတွင်း ဖန်ဆင်းရာ တစ်ခုခုအကြောင်း တွေးတောဖို့ အချိန် ဖယ်ထားနိုင်မလား။ ဒါဆိုရင် ယေဟောဝါကို ပိုချစ်၊ ပိုလေးစားလာမယ်။—ဆာ. ၁၁၁:၂၊ ၃။
7. Thungetna in Jehovah i kihtak nadingin koi bangin hong huh thei a hiam?
၇ ဘုရားကို ကြောက်ရွံ့တတ်လာဖို့ ကူညီပေးမယ့် နောက်တစ်နည်းကတော့ မှန်မှန် ဆုတောင်းခြင်းပါ။ ဆုတောင်းလေ ယေဟောဝါကို တကယ့် ပုဂ္ဂိုလ်အဖြစ် မြင်လာလေပဲ။ ဥပမာ၊ အခက်အခဲတွေ ခံရပ်နိုင်အောင် ခွန်အားပေးပါလို့ ဆုတောင်းတာဟာ ယေဟောဝါ သိပ်တန်ခိုးကြီးကြောင်း ကိုယ့်ကိုယ်ကိုယ် သတိပေးရာ ရောက်တယ်။ ရွေးဖိုး လက်ဆောင်အတွက် ကျေးဇူးတင်ကြောင်း ဆုတောင်းတာက ကိုယ့်ကို ယေဟောဝါ သိပ်ချစ်တယ်ဆိုတာ အမှတ်ရစေတယ်။ ပြဿနာ ဖြေရှင်းနိုင်ဖို့ ကူညီပေးပါလို့ ဆုတောင်းတာဟာ ယေဟောဝါ ဉာဏ်ပညာ ကြီးမားကြောင်း အသိအမှတ်ပြုရာ ရောက်တယ်။ ဒီလိုဆုတောင်းချက်တွေက ယေဟောဝါကို ပိုလေးစားလာစေတယ်။ ဘုရားနဲ့ ဆက်ဆံရေး ထိခိုက်စေမယ့် ဘယ်အရာမဆို ရှောင်ဖို့ ဆုံးဖြတ်ချက် ပိုခိုင်မာလာစေတယ်။
8. Pasian kihtakna lungsim i neihsuak nadingin bang sem thei i hiam?
၈ ကျမ်းစာ လေ့လာခြင်းကလည်း ဘုရားကို ကြောက်ရွံ့တဲ့စိတ် အမြဲ ရှိနေအောင် ကူညီပေးနိုင်တယ်။ လေ့လာတဲ့အခါ စံနမူနာကောင်းသူ၊ မကောင်းသူတွေဆီကနေ သင်ခန်းစာ ယူမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လေ့လာပါ။ အခု၊ စံနမူနာကောင်းသူ နှစ်ယောက် ဖြစ်တဲ့ ဘုရင် အာဟပ်ရဲ့ နန်းတော်အုပ် ဩဗဒိနဲ့ ပုရောဟိတ်မင်း ယောယဒအကြောင်း လေ့လာကြည့်ကြစို့။ အစပိုင်းမှာ ယေဟောဝါကို ဝတ်ပြုပေမဲ့ နောက်ပိုင်း၊ လမ်းလွဲသွားတဲ့ ယုဒဘုရင် ယောရှအကြောင်းလည်း လေ့လာကြပါမယ်။
OBADIAH BANGIN HANGSAN IN
9. Jehovah a kihtakna in Obadiah koici huh a hiam? (1 Kumpi 18:3, 12)
၉ “ဩဗဒိဟာ ယေဟောဝါကို အလွန် ကြောက်ရွံ့ရိုသေတဲ့သူပဲ” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ဘုရင်များ ၁၈:၃၊ ၁၂ ကို ဖတ်ပါ။) ယေဟောဝါကို ကြောက်ရွံ့လို့ ဩဗဒိb ရိုးသားသူ၊ ယုံကြည်စိတ်ချထိုက်သူ ဖြစ်နေတာ။ ဒါကြောင့် ဘုရင်က တော်ဝင်နန်းတော်ရဲ့ ကိစ္စ အဝဝကိုတောင် အပ်ထားတယ်။ (နေဟမိ ၇:၂ နဲ့ နှိုင်းယှဉ်ပါ။) ဒါ့အပြင် ဘုရားကို ကြောက်ရွံ့လို့ ဩဗဒိ ထူးထူးခြားခြား သတ္တိ ရှိခဲ့တယ်။ ‘ယေဟောဝါရှေ့မှာ မကောင်းတာတွေ ဆက်လုပ်တဲ့၊ အရင်က ဘုရင်တွေထက် ပိုဆိုးတဲ့’ မင်းဆိုး အာဟပ် အုပ်ချုပ်ချိန်မှာ အသက်ရှင်ရလို့ အဲဒီလိုသတ္တိမျိုး သိပ်လိုမှာ။ (၁ ဘု. ၁၆:၃၀) အာဟပ်ရဲ့ မိဖုရား၊ ဗာလ ဝတ်ပြုကိုးကွယ်သူ ယေဇဗေလကလည်း ယေဟောဝါကို မုန်းလွန်းလို့ မြောက်ပိုင်းနိုင်ငံကနေ စစ်မှန်တဲ့ ဝတ်ပြုရေးကို ဖယ်ရှားပစ်ချင်နေတယ်။ ယေဟောဝါရဲ့ ပရောဖက်တွေကို သတ်ပစ်တယ်။ (၁ ဘု. ၁၈:၄) သိပ်ခက်ခဲတဲ့အချိန်မှာ ယေဟောဝါကို ဩဗဒိ ဝတ်ပြုခဲ့ရတာ။
10. Koi bang danin Obadiah in hangsanna lakkhia a hiam?
၁၀ ဘယ်လိုနည်းနဲ့ ဩဗဒိ ထူးခြားတဲ့ ရဲစွမ်းသတ္တိ ပြသလဲ။ ဘုရားရဲ့ ပရောဖက်တွေကို သတ်ပစ်ဖို့ ယေဇဗေလ သဲကြီးမဲကြီး လိုက်ရှာနေချိန် ဩဗဒိဟာ ပရောဖက် ၁၀၀ ကို ‘၅၀ စီ ခွဲပြီး လိုဏ်ဂူထဲမှာ ဝှက်ထားပေးတယ်၊ အစာရေစာ ကျွေးမွေးတယ်။’ (၁ ဘု. ၁၈:၁၃၊ ၁၄) ဒီလိုဝှက်ထားတာသာ ယေဇဗေလ သိသွားရင် သတ္တိခဲ ဩဗဒိ အသတ်ခံရမှာ သေချာတယ်။ ဩဗဒိလည်း လူပဲ။ ဘယ်သေချင်ပါ့မလဲ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်တာထက် ယေဟောဝါကို၊ ဝတ်ပြုသူချင်းတွေကို ပိုချစ်တယ်။
လုပ်ငန်း ပိတ်ပင်ခံရတဲ့ ဒေသမှာ ညီအစ်ကို/မတွေဆီ ကျမ်းစာ စာပေတွေကို ညီအစ်ကိုတစ်ယောက် သတ္တိရှိရှိ ဖြန့်ဝေပေးနေ (စာပိုဒ် ၁၁ ကို ကြည့်ပါ)d
11. Tu huna Pasian mite’n Obadaih koici etteh uh a hiam? (Lim zong en in.)
၁၁ ဒီနေ့၊ ပိတ်ပင်ခံထားရတဲ့ ဒေသတွေမှာ ဘုရားကျေးကျွန် တော်တော်များများ ရှိတယ်။ အာဏာပိုင်တွေကို ထိုက်သင့်သလောက် လေးစားပေမဲ့ ဩဗဒိလိုပဲ ယေဟောဝါ ရထိုက်တာကို ယေဟောဝါကိုပဲ ပေးကြတယ်။ အဲဒါကတော့ အကြွင်းမဲ့ ဆည်းကပ်ဝတ်ပြုမှုပါ။ (မ. ၂၂:၂၁) ဘုရားကို ကြောက်ရွံ့လို့ လူ့စကားထက် ဘုရားစကားကို နားထောင်ကြတယ်။ (တ. ၅:၂၉) သတင်းကောင်း ဆက်ဟောကြတယ်။ သိုသိုသိပ်သိပ် အစည်းအဝေး ကျင်းပကြတယ်။ (မ. ၁၀:၁၆၊ ၂၈) လိုအပ်တဲ့ ကျမ်းစာ စာပေတွေ ညီအစ်ကို/မတွေ ရဖို့ စီစဉ်ပေးကြတယ်။ အာဖရိကမှာ နေတဲ့ ညီအစ်ကို ဟင်နရီအကြောင်း စဉ်းစားကြည့်ပါ။ အာဖရိကမှာ အချိန်အတိုင်းအတာ တစ်ခုအထိ အဖွဲ့အစည်းလုပ်ငန်း ပိတ်ပင်ခံရချိန် ညီအစ်ကို/မတွေဆီ ကျမ်းစာ စာပေတွေ ဖြန့်ဝေပေးတယ်။ “ကျွန်တော်က နဂိုက လူကြောက်။ ဒါပေမဲ့ ဘုရားကို ကြောက်လို့ အခုလို သတ္တိ ရှိတာ” လို့ ပြောတယ်။ သင်ကော ဟင်နရီလို သတ္တိ ရှိနိုင်မလား။ ဘုရားကိုသာ ကြောက်ရွံ့မယ်ဆိုရင် သတ္တိ ရှိနိုင်ပါတယ်။
SIAMPI LIAN JEHOIADA BANGIN CITAK IN
12. Siampi Lian Jehoiada le a zi in Jehovah tung a cihtaklam uh koici lakkhia uh a hiam?
၁၂ ယေဟောဝါဘုရားကို ကြောက်ရွံ့ခြင်းက ဘုရားအပေါ် သစ္စာရှိဖို့၊ စစ်မှန်တဲ့ ဝတ်ပြုရေး ထွန်းကားအောင် လုပ်ဖို့ ပုရောဟိတ်မင်း ယောယဒကို လှုံ့ဆော်ပေးတယ်။ ယုဒပြည်မှာ ယေဇဗေလရဲ့ သမီးတော် အာသလိ ထီးနန်း မတရား သိမ်းပိုက်ချိန် ဘုရားအပေါ် ယောယဒရဲ့ သစ္စာရှိမှု ပိုထင်ရှားလာတယ်။ အာသလိကို လူတွေ သိပ်ကြောက်ကြတယ်။ အာဏာမက်လွန်းလို့ တော်ဝင်မျိုးဆက် မြေးအားလုံးကို သတ်ပစ်တဲ့အထိ ရက်စက်ကြမ်းကြုတ်သူ ဖြစ်လို့ပဲ။ (၂ ရာ. ၂၂:၁၀၊ ၁၁) မြေးတစ်ယောက် ဖြစ်တဲ့ ယောရှကတော့ လွတ်သွားတယ်။ ယောယဒနဲ့ ဇနီး ယောရှေဘတ်တို့ ဝှက်ထားပြီး ပြုစုစောင့်ရှောက်ပေးလို့ပါ။ ဒါကြောင့်လည်း ဒါဝိဒ်မင်းဆက် ပြတ်မသွားတာ။ တကယ်ဆိုရင် အဲဒီအချိန်မှာ ယောယဒ အသက် တော်တော် ကြီးနေပြီ။ ဒါပေမဲ့ ယေဟောဝါအပေါ် သစ္စာရှိလို့ အာသလိကို မကြောက်ဘဲ မှန်ရာ လုပ်နိုင်ခဲ့တာ။—ပညာ. ၂၉:၂၅။
13. Joash kum sagih a phak lai-in Jehoiada in cihtaklam koi bangin lakkhia a hiam?
၁၃ ယေဟောဝါအပေါ် သစ္စာရှိကြောင်း ယောရှ ခုနစ်နှစ် အရွယ်မှာ ယောယဒ ထပ်ပြတယ်။ ယောယဒ အစီအစဉ်တစ်ခု ဆွဲတယ်။ အစီအစဉ်သာ အောင်မြင်ရင် ဒါဝိဒ်မင်းဆက် ဆက်ခံသူအနေနဲ့ ယောရှ ဘုရင် ဖြစ်လာမယ်။ မအောင်မြင်ရင်တော့ ယောယဒ အသက်အန္တရာယ်တောင် ရှိနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ အကူအညီကြောင့် အစီအစဉ် အောင်မြင်သွားတယ်။ လေဝိအမျိုးသားတွေ၊ ဆွေမျိုးစု ခေါင်းဆောင်တွေလည်း ကူညီကြလို့ ယောရှကို ဘုရင် မြှောက်နိုင်ခဲ့တယ်။ အာသလိကို ကွပ်မျက်နိုင်ခဲ့တယ်။ (၂ ရာ. ၂၃:၁-၅၊ ၁၁၊ ၁၂၊ ၁၅။ ၂၄:၁) အဲဒီနောက် ယောယဒက “ဘုရင်နဲ့ လူတွေကို ယေဟောဝါရဲ့ လူမျိုး အမြဲ ဖြစ်နေစေဖို့ ယေဟောဝါနဲ့ ကတိသစ္စာပြုခိုင်းတယ်။” (၂ ဘု. ၁၁:၁၇) “တစ်ခုခုကြောင့် မသန့်မရှင်း ဖြစ်နေသူတွေ ယေဟောဝါရဲ့ အိမ်တော်ထဲ မဝင်နိုင်အောင် တံခါးစောင့်တွေကိုလည်း ချထားတယ်။”—၂ ရာ. ၂၃:၁၉။
14. Jehovah a pahtawi manin Jehoiada koi bangin kipahtawi a hiam?
၁၄ “ငါ့ကို ချီးမြှောက်သူတွေကို ငါ ချီးမြှောက်မယ်” လို့ ယေဟောဝါ ပြောထားတယ်။ တကယ်လည်း ယောယဒကို ယေဟောဝါ ချီးမြှောက်တယ်။ (၁ ရှ. ၂:၃၀) ကျွန်တော်တို့ သင်ယူနိုင်ဖို့ ယောယဒရဲ့ လုပ်ရပ်တွေအကြောင်း ကျမ်းစာမှာ မှတ်တမ်းတင်စေတယ်။ (ရော. ၁၅:၄) ယောယဒ သေဆုံးတော့ “ဒါဝိဒ်မြို့မှာ ဘုရင်တွေနဲ့အတူ သင်္ဂြိုဟ်” ခံခွင့် ပေးတယ်။ “အစ္စရေးပြည်မှာ ဘုရားသခင်အတွက်၊ ဘုရားသခင့်အိမ်တော်အတွက် ကောင်းမှုတွေ လုပ်” ခဲ့လို့ ဒီလိုချီးမြှောက်ခံရတာ။—၂ ရာ. ၂၄:၁၅၊ ၁၆။
ပုရောဟိတ်မင်း ယောယဒလိုပဲ ယေဟောဝါကို ကြောက်ရွံ့ခြင်းက ညီအစ်ကို/မတွေကို သစ္စာရှိရှိ ထောက်မဖို့ ကျွန်တော်တို့ကို လှုံ့ဆော် (စာပိုဒ် ၁၅ ကို ကြည့်ပါ)e
15. Jehoiada tungtang pan bang sin thei i hiam? (Lim zong en in.)
၁၅ ဘုရားကို ကြောက်ရွံ့တတ်လာဖို့ ယောယဒ မှတ်တမ်းက ကျွန်တော်တို့အားလုံးကို ကူညီပေးနိုင်တယ်။ ယောယဒလိုပဲ အကြီးအကဲတွေဟာ သိုးတော်စုကို ကာကွယ်ရာမှာ လိမ္မာပါးနပ်မှု ရှိရမယ်၊ သစ္စာရှိရမယ်။ (တ. ၂၀:၂၈) အသက်ကြီးသူတွေလည်း ယောယဒဆီကနေ သင်ယူနိုင်တယ်။ အသက်ကြီးသွားပေမဲ့ ယေဟောဝါဘုရားကို ကြောက်ရွံ့မယ်၊ သစ္စာရှိမယ်ဆိုရင် အလိုတော် ပြီးမြောက်ဖို့ ဘုရား အသုံးပြုပါလိမ့်မယ်။ ချောင်ထိုးထားမှာ မဟုတ်ဘူး။ ယောယဒကို ယေဟောဝါ ဆက်ဆံပုံကနေ လူငယ်တွေ သင်ယူနိုင်တယ်။ အထူးသဖြင့်၊ ဘုရားကို နှစ်ပေါင်းများစွာ သစ္စာရှိရှိ ဝတ်ပြုနေတဲ့ ညီအစ်ကို/မကြီးတွေကို ရိုရိုသေသေ၊ လေးလေးစားစား ဆက်ဆံနိုင်တယ်။ (ပညာ. ၁၆:၃၁) ကျွန်တော်တို့အားလုံး “ဦးဆောင်တဲ့သူတွေ” ကို နာခံခြင်းအားဖြင့် ယောယဒကို သစ္စာရှိရှိ ထောက်မခဲ့ကြတဲ့ ဆွေမျိုးစု ခေါင်းဆောင်တွေ၊ လေဝိအမျိုးသားတွေကို အတုယူနိုင်တယ်။—ဟီ. ၁၃:၁၇။
JUDAH KUMPI JOASH TAWH KIBANG KEI IN
16. Kumpi Joash a lungsim gina lo ahihlam bang in lakkhia a hiam?
၁၆ ယောယဒ ကောင်းကောင်း လေ့ကျင့်သွန်သင်ပေးလို့ ဘုရင် ယောရှ လူကောင်းသူကောင်းလေး ဖြစ်လာတယ်။ (၂ ဘု. ၁၂:၂) ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရင် ဖြစ်လာချိန် ယေဟောဝါ နှစ်သက်တာတွေ လုပ်တယ်။ ဒါပေမဲ့ ယောယဒ သေဆုံးပြီးနောက် အယူဖောက်ပြန်တဲ့ ယုဒမှူးမတ်တွေရဲ့ စကား နားယောင်သွားတယ်။ ဘာဆက်ဖြစ်သလဲ။ ယောရှနဲ့ ပြည်သူပြည်သားအားလုံး “ကိုးကွယ်ရာသစ်တိုင်တွေ၊ ရုပ်တုတွေကို ဝတ်ပြုလာကြတယ်။” (၂ ရာ. ၂၄:၄၊ ၁၇၊ ၁၈) ယေဟောဝါ သိပ်စိတ်ထိခိုက်တယ်။ ‘သူတို့ကို မိမိဆီ ပြန်လှည့်လာအောင် ပရောဖက်တွေ စေလွှတ်မြဲ စေလွှတ်ပေမဲ့ သူတို့ နားမထောင်ကြဘူး။’ ယေဟောဝါရဲ့ ပရောဖက်လည်း ဖြစ်၊ ပုရောဟိတ်လည်း ဖြစ်တဲ့ ဇာခရိရဲ့ စကားကိုတောင် နားမထောင်ကြဘူး။ တကယ်ဆိုရင် ဇာခရိဟာ ယောယဒရဲ့သား။c ယောရှနဲ့ တစ်ဝမ်းကွဲ တော်တယ်။ ဇာခရိတို့ မိသားစုအပေါ် တင်နေတဲ့ ကျေးဇူးကိုမှ မထောက် ဇာခရိကို ယောရှ သတ်လိုက်တယ်။—၂ ရာ. ၂၂:၁၁။ ၂၄:၁၉-၂၂။
17. Joash tungah bang hong piang a hiam?
၁၇ နောက်ပိုင်း၊ ယေဟောဝါကို ယောရှ မကြောက်တော့ဘူး။ ဒါကြောင့် အဖြစ်ဆိုးတွေ ကြုံရတယ်။ ‘ငါ့ကို မထီလေးစား လုပ်သူတွေ မထီလေးစား ဆက်ဆံခံရလိမ့်မယ်’ လို့ ယေဟောဝါ ပြောထားတယ်။ (၁ ရှ. ၂:၃၀) အင်အားနည်းတဲ့ ဆီးရီးယားတပ်လေး လာတိုက်လို့ ယောရှရဲ့ “အင်အားကြီးမားတဲ့ ယုဒတပ်” ရှုံးသွားတယ်။ ယောရှ “အကြီးအကျယ် ဒဏ်ရာ ရ” သွားတယ်။ ဆီးရီးယားတွေ ထွက်ခွာပြီးနောက် ယောရှကို သူ့အမှုထမ်းတွေ လုပ်ကြံသတ်ဖြတ်လိုက်တယ်။ ဇာခရိကို သတ်တဲ့ အပြစ်ကြောင့် အဲဒီလို ခံရတာ။ မင်းကောင်း မဟုတ်လို့ဆိုပြီး “ဘုရင့်သင်္ချိုင်းမှာ” တောင် သင်္ဂြိုဟ်မပေးကြဘူး။—၂ ရာ. ၂၄:၂၃-၂၅။
18. Jeremiah 17:7, 8-a a gen bangin, Joash tawh kibat loh nadingin bang i sep ding kisam a hiam?
၁၈ ယောရှဆီကနေ ဘာသင်ယူနိုင်သလဲ။ ယောရှဟာ အမြစ် မစွဲလို့ ဒေါက်တိုင်ကို မှီနေရတဲ့ အပင်နဲ့ တူတယ်။ ဒေါက်တိုင် ယောယဒ သေဆုံးပြီးနောက် အယူမှားလေ တိုက်ခတ်တဲ့အခါ ယောရှ ပြိုလဲသွားတော့တယ်။ သင်ခန်းစာက ဘာလဲ။ မိသားစုဝင်တွေ၊ ညီအစ်ကို/မတွေ စံနမူနာကောင်း ပြတာ တစ်ခုတည်းကြောင့် ဘုရားကို ကြောက်ရွံ့တာမျိုး မဖြစ်သင့်ဘူး။ ဘုရားကို ချစ်ကြောက်ရိုသေစိတ် အမြဲ ရှိနေအောင် မှန်မှန် ကျမ်းစာ လေ့လာ၊ တွေးတောဆင်ခြင်၊ ဆုတောင်းရမယ်။ ဒါမှ ဘုရားနဲ့ နှစ်ကိုယ်ကြား ဆက်ဆံရေး ခိုင်မြဲနေမှာ။—ယေရမိ ၁၇:၇၊ ၈ ကို ဖတ်ပါ။ ကော. ၂:၆၊ ၇။
19. Jehovah in bang hong ngen a hiam?
၁၉ ကျွန်တော်တို့ဆီက ယေဟောဝါ များများစားစား မတောင်းဆိုဘူး။ တောင်းဆိုထားတာကို ဒေသနာ ၁၂:၁၃ မှာ ဒီလို အနှစ်ချုပ် ဖော်ပြထားတယ်– “စစ်မှန်တဲ့ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး ပညတ်ချက်တွေကို လိုက်နာပါ။ ဒါဟာ လူတွေ မပျက်မကွက် လိုက်နာရမယ့် တာဝန်ပဲ။” မှန်ပါတယ်၊ ဘုရားကိုသာ ကြောက်ရွံ့မယ်ဆိုရင် အနာဂတ်မှာ ဘာတွေပဲ ရင်ဆိုင်ရပါစေ ဩဗဒိနဲ့ ယောယဒလိုပဲ ဆက်ခံရပ်နိုင်မယ်၊ ဆက်သစ္စာရှိနိုင်မယ်။ ဘာအကြောင်းကြောင့်မှ ယေဟောဝါနဲ့ ဆက်ဆံရေး ပျက်စီးမှာ မဟုတ်ဘူး။
LA 3 တို့မျှော်လင့်ကိုးစားရာ
a ကျမ်းစာမှာ ပါတဲ့ “ကြောက်ရွံ့” ဆိုတဲ့ စကားလုံးဟာ အဓိပ္ပာယ် ကျယ်ပြန့်တယ်။ အကြောင်းအရာပေါ် မူတည်ပြီး ထိတ်လန့်ကြောက်ရွံ့၊ လေးစား၊ အံ့ဩမိန်းမောတာကို ဆိုလိုနိုင်တယ်။ ကောင်းကင်ဘုံစံ ဖခင်အတွက် သတ္တိရှိရှိ၊ သစ္စာရှိရှိ အမှုဆောင်ဖို့ ကူညီပေးနိုင်တဲ့ ကြောက်ရွံ့ခြင်းမျိုး ရှိလာအောင် ဒီဆောင်းပါးက ကူညီပေးပါလိမ့်မယ်။
b ဒီမှာ ဖော်ပြထားတာ ရာစုနှစ်ချီ ကြာပြီးမှ ပေါ်လာတဲ့ ကျမ်းရေးသူ ပရောဖက် ဩဗဒိ မဟုတ်ပါဘူး။
c ဇာခရိဟာ ဗာခရိရဲ့ သား ဖြစ်တယ်လို့ မဿဲ ၂၃:၃၅ မှာ ဖော်ပြထားတယ်။ ကျမ်းစာဇာတ်ကောင် တချို့လိုပဲ ယောယဒမှာ နာမည်နှစ်ခု ရှိတာ ဖြစ်နိုင်တယ်။ (မ ၉:၉ နဲ့ မာ ၂:၁၄ ကို နှိုင်းယှဉ်ပါ။) ဗာခရိဆိုတာ ဇာခရိရဲ့ အဘိုး ဒါမှမဟုတ် ဘေး ဖြစ်နေတာလည်း ဖြစ်နိုင်တယ်။
d ပုံအညွှန်း– ပြန်လည်သရုပ်ဖော်ထားတဲ့ ပုံမှာ အဖွဲ့အစည်းလုပ်ငန်း ပိတ်ပင်ခံရတဲ့ ဒေသက ညီအစ်ကိုတစ်ယောက် စာပေတွေ ဖြန့်ဝေပေးနေ။
e ပုံအညွှန်း– ဖုန်းသက်သေခံခြင်းနဲ့ပတ်သက်ပြီး သက်ကြီး ညီအစ်မဆီကနေ ညီအစ်မငယ် သင်ယူနေ။ သက်ကြီး ညီအစ်ကိုတစ်ယောက် အများရှေ့ သက်သေခံခြင်းအားဖြင့် ရဲစွမ်းသတ္တိ စံနမူနာ ပြနေ။ ဝါရင့် ညီအစ်ကိုတစ်ယောက် နိုင်ငံတော်ခန်းမ ပြုပြင်ထိန်းသိမ်းပုံနဲ့ပတ်သက်ပြီး တခြားသူတွေကို လေ့ကျင့်ပေးနေ။